a wallpaper a week from Han

a wallpaper a week from Han started with a simple wish — when my parents asked their amateur photographer son for a good photo.

“Don’t cry because it’s over. Smile because it happened.”They say adjectives are all relative and I agree.Two months pas...
25/01/2026

“Don’t cry because it’s over. Smile because it happened.”

They say adjectives are all relative and I agree.

Two months passed faster than ever.

I always wanted to shoot the backs of two people in cinematic scenes. I couldn’t have asked for a better couple to model for me.

These moments and these shots are the memories I will cherish forever.

လူတွေ၊ လမ်းတွေ။
03/01/2026

လူတွေ၊ လမ်းတွေ။

Sydney ထိ တကူးတက ကားမောင်းပြီး သွားရိုက်ခဲ့ခြင်း ပုံများ
26/12/2025

Sydney ထိ တကူးတက ကားမောင်းပြီး သွားရိုက်ခဲ့ခြင်း ပုံများ

ဓာတ်ပုံရိုက်တာကို ကြိုက်ရတာတချက်က​ Ed Sheeran ရေးခဲ့သလိုပဲ Time’s forever frozen still. ရာသီ​တွေ အချိန်​တွေ၊ လူ​တွေ ဘယ်လ...
30/09/2025

ဓာတ်ပုံရိုက်တာကို ကြိုက်ရတာတချက်က​ Ed Sheeran ရေးခဲ့သလိုပဲ Time’s forever frozen still. ရာသီ​တွေ အချိန်​တွေ၊ လူ​တွေ ဘယ်လိုပဲ ပြောင်းလဲ ပြောင်းလဲ၊ ဓာတ်ပုံ​တွေထဲက အမှတ်တရ​တွေ၊ ခံစားချက်တွေက​တော့ ပြောင်းလဲလို့ မရနိုင်တော့ပါဘူး။

တနေ့စာ တနေ့ ကျော်ဖြတ်ရင်း၊ အနာဂတ်ကို ရှာဖွေရင်း၊ လမ်းလျှောက်ရင်း၊ ဘဝတွေကို မှတ်တမ်းတင်ရင်းနဲ့ ၂၀၂၅ ရဲ့ ၉ လမြောက်လည်း ကုန်တော့မယ်။

အချိန်​ကုန်တာ မြန်ချက်က ရပ်ပါဦးလို့​တောင် ပြောယူရမလို။

Ps. Prahran ရပ်ကွက်က​တော့ အ​တော်သဘာကျဖို့ ကောင်းပြီး သွားလည်လို့​ကောင်းတဲ့ ရပ်ကွက်တခုပါပဲ။

Skyline closest to home…အိမ်နဲ့ အနီးဆုံး လွတ်လပ်ခွင့်ရတဲ့ညများ။ တခါတရံတော့လည်း တွေးမိတယ်၊ what could have been ပေါ့။
28/08/2025

Skyline closest to home…

အိမ်နဲ့ အနီးဆုံး လွတ်လပ်ခွင့်ရတဲ့ညများ။ တခါတရံတော့လည်း တွေးမိတယ်၊ what could have been ပေါ့။

“အိမ်၊ ကျောင်း၊ ဈေး၊ ကားဂိတ်အနီး”ငယ်ငယ်က သတင်းစာပဲ ဖတ်စရာရှိတော့ တစောင်လုံး အကုန်ဖတ်တာ။ ကြော်ငြာလေတွလည်း မလွတ်ဘူး။ အဲဒီမ...
06/07/2025

“အိမ်၊ ကျောင်း၊ ဈေး၊ ကားဂိတ်အနီး”

ငယ်ငယ်က သတင်းစာပဲ ဖတ်စရာရှိတော့ တစောင်လုံး အကုန်ဖတ်တာ။ ကြော်ငြာလေတွလည်း မလွတ်ဘူး။ အဲဒီမှာ “အိမ်ငှါးမည်။ အိမ်၊ ကျောင်း၊ ဈေး၊ ကားဂိတ်အနီး” ဆိုတာက ကြော်ငြာတိုင်းလိုလိုကို ပါတယ်။

ငယ်တုန်းကတော့ ဘာလဲပေါ့။ နားမလည်ခဲ့ဘူး။ ခုတော့ မနားလည်ချင်လည်း နားလည်နေရပါပြီ။ ကြီးလာရင်​တော့ ပင်လယ်နားမှာ နေမယ်။

အာလုံးပဲ မနက်ဖြန်တိုင်း ပိုင်ဆိုင်နေထိုင်ခွင့် ရကြပါစေ။

The Office ထဲက Andy ပြောသလိုပဲ “I wish there was a way to know you're in the good old days, before you've actually left them” လို့ ဆုတောင်းပေးပါတယ်။

ပြန်လာပါပြီ။ Consistency ကတော့ အခက်ဆုံးအရာပဲဆိုတာ ဟာသတော့ မဟုတ်။ဘန်​ကောက်​ ပြန်​ရောက်ဖြစ်တုန်းက သူငယ်ချင်း​တွေနဲ့ တက္ကဆီ...
29/06/2025

ပြန်လာပါပြီ။ Consistency ကတော့ အခက်ဆုံးအရာပဲဆိုတာ ဟာသတော့ မဟုတ်။

ဘန်​ကောက်​ ပြန်​ရောက်ဖြစ်တုန်းက သူငယ်ချင်း​တွေနဲ့ တက္ကဆီစီး​တော့ ညည်းဖြစ်ခဲ့တာ​လေး သတိရလို့။ ဪ ခုမှပဲ မြို့မြင်ကွင်း​တွေကို ကား​ပေါ်က​နေ ကြည့်ရတာ ဘယ်လိုလဲဆိုတာ မှတ်မိတယ်ဆိုပြီး။ ဒီ​ရောက်ပြီးကတည်းက ရထားပဲ စီးရတာဆို​တော့ ရထားလမ်း​ဘေးက အိမ်​တွေပဲ ကြည့်​နေရတာပါပဲ။

တခါတ​လေ​တော့လည်း ရယ်ရပါတယ်။ ကိုယ်​တွေက ကိုယ်​နေ​နေတဲ့ ဘဝရဲ့ အပြင်မှာ ဘာ​တွေ ရှိလဲဆိုတာကို အမြဲတ​စေ မေ့​နေကြတာ။ မေ့​နေတာကိုလည်း မေ့​နေမှန်း မသိ။

ဒီအပတ်တော့ တိုက်တွေ ကြည့်ချင်ရင် မြို့လယ်သွားရတဲ့ မဲလ်ဘုန်းမြို့ရဲ့ မြို့လည်ခေါင် တည့်တည့်မှာ အင်စတာဂရမ်ကြည့်နေတုန်း အသိထဲက တယောက်တင်ထားတဲ့ပုံကနေ စိတ်ကူးရရင်း လှမ်းရိုက်မိလိုက်တဲ့ ပုံ တင်​ပေးချင်ပါတယ်။ အချိန် widget တွေ ပေါ်နေဖို့ အလယ်မှာ ကွက်လပ်လေး ကွက်တိ ဖြစ်နေတော့ မိုက်လား​ပေါ့။

စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေခင်ဗျာ။ Whatsoever ပျော်အောင်သာ နေကြ။ 🤘

ခေါင်းစဉ်ကတော့ နည်းနည်းကြောင်တယ်နော်။ မရောက်ဖူးလည်း ဆိုသေး၊ ဓာတ်ပုံလည်း ရိုက်ထားသေးတယ်ဆိုတော့။ပြောချင်တာကတော့ ဒီလိုပါ။ ခ...
18/05/2025

ခေါင်းစဉ်ကတော့ နည်းနည်းကြောင်တယ်နော်။ မရောက်ဖူးလည်း ဆိုသေး၊ ဓာတ်ပုံလည်း ရိုက်ထားသေးတယ်ဆိုတော့။

ပြောချင်တာကတော့ ဒီလိုပါ။ ခင်ဗျားတို့တွေနေတဲ့မြို့မှာ ကမ္ဘာကျော် ဒါမှမဟုတ်လည်း နာမည်ကြီးတဲ့ နေရာတွေ ရှိမှာပေါ့။ တခြားမှာ နေတဲ့လူတွေက အရမ်းရောက်ဖူးချင်၊ တကယ်လည်း ရောက်အောင် လာလည်ကြပေမယ့် ကိုယ်တိုင်ကျ မရောက်ဖူးတဲ့နေရာမျိုးပေါ့။

ဒါပေမယ့် တမင်သက်သက် မသွားတာမျိုးတော့လည်း မဟုတ်ဘူး။ နေ့စဉ်ဘဝအမောတွေကြောင့် ဖြစ်ဖြစ်၊ သွားရင်တောင် တခြားနိုင်ငံ၊ တခြားမြို့ကို တကူးတကသွားပြီး ကိုယ့်မြို့က ခြင်းထဲက ကြက်လို သဘောထားကြလေ့ရှိတတ်ကြပါတယ်။

ဒီပုံထဲက နေရာကလည်း အဲလိုပါပဲ။ ကိုယ်တိုင်က လှမှန်းလည်း သိတယ်၊ သွားလည်း သွားချင်တယ်။ ဒါပေမယ့် နီးနီးလေးဆိုတော့ ဘယ်ချိန်သွားသွားဆိုပြီး သဘောထားရင်းနဲ့ပဲ ဒီမြို့ရောက်ပြီး နှစ်တွေကြာမှ ရောက်ခဲ့တဲ့အချိန် ရိုက်ထားတာ။

အဲတော့ ပြောချင်တာက ကိုယ့်နားမှာ ရှိတဲ့လူတွေ၊ အမှတ်တရတွေကို တန်ဖိုးထားကြပါဗျာ။ အဝေးက မြက်ကတော့ အမြဲပိုစိမ်းတယ်လို့ ထင်ရတာပါပဲ။

အားလုံးပဲ have a good week ahead 🫰

ခရီးသွားရင် ကမ်းခြေကြိုက်လား၊ တောင်တက်ရတာကြိုက်လား။ ကျွန်တော်ကတော့ ၂ မျိုးလုံး ကြိုက်တယ်။ ဒါပေမယ့် တောင်တက်ရတာတော့ ပိုအဓ...
11/05/2025

ခရီးသွားရင် ကမ်းခြေကြိုက်လား၊ တောင်တက်ရတာကြိုက်လား။

ကျွန်တော်ကတော့ ၂ မျိုးလုံး ကြိုက်တယ်။ ဒါပေမယ့် တောင်တက်ရတာတော့ ပိုအဓိပ္ပာယ်ရှိတယ်လို့ ခံစားရတယ်။ ခက်ခက်ခဲခဲနဲ့ မတူညီတဲ့ ပထဝီရှုခင်းတွေကို တစိမ့်စိမ့်ကြည့်ရလို့ပါ။

ကမ်းခြေကကျ vibe အပေါ် မူတည်သေးတာလည်း ပါမှာပေါ့။

ဒီအပတ် ထိုင်ဝမ်က နာမည်ကြီး Alishan တောင်ပေါ်ကနေ တိမ်ပင်လယ်ကြည့်ခဲ့တုန်းက ရိုက်ထားတဲ့ ပုံလေး ပေးချင်ပါတယ်။ သူကတော့ တောင်ထိပ်ပေါ်ကို ရထားနဲ့ တက်ခဲ့တာပေါ့နော် 😆။ ဒါပေမယ့် တောင်ခြေစခန်းမြို့ရောက်ဖို့ ကားစီးရတာရယ်၊ viewpoint ရောက်ဖို့ ၅ မိနစ်နဲ့ မတ်စောက်ကြီးကို ပြေးတက်ရတာရယ်က​တော့ ပြဲ​နေတာပဲ။ ဒါ​ပေမယ့် တန်ပါတယ်။

I hope you guys enjoy. Have a good week ahead everyone 🫰

Wallpaper ထားတဲ့အချိန် ဘယ်လို ရွေးထားမလဲ။ လူ အယောက် ၁၀၀ မေးရင်တော့ အဖြေ ၁၀၀ ထွက်မှာပါပဲ။ ကျွန်တော့်တကိုယ်ရည်စာအတွက်ဆိုရင...
04/05/2025

Wallpaper ထားတဲ့အချိန် ဘယ်လို ရွေးထားမလဲ။

လူ အယောက် ၁၀၀ မေးရင်တော့ အဖြေ ၁၀၀ ထွက်မှာပါပဲ။ ကျွန်တော့်တကိုယ်ရည်စာအတွက်ဆိုရင်တော့ အေးချမ်းပြီး လှတဲ့ သဘာဝပုံလေးတွေ ထားဖြစ်တာ များပါတယ်။

မဲလ်ဘုန်းမှာ အပေါဆုံးက ကော်ဖီဆိုင်ပြီးရင် ကမ်းခြေလို့ ပြောလို့ရတယ်။ ဒီအပတ်မှာတော့ တရက် ညနေစောင်း နေဝင်ချိန်လေး ကမ်းခြေသွားခဲ့တုန်းက အမှတ်တမဲ့ရိုက်ထားလိုက်တဲ့ ပုံလေး တင်ပေးချင်ပါတယ်။ အားလုံးပဲ happy Sunday ပါ။ Hope you all had a good week.

Address

Melbourne, VIC

Website

Alerts

Be the first to know and let us send you an email when a wallpaper a week from Han posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share