03/01/2026
ရင်ထဲက ဆန္ဒတစ်စုံဟာ
မင်းရဲ့ အပြုံးမှာတင် လမ်းဆုံးခဲ့တယ်...။
ပိုင်ဆိုင်ခြင်းဆိုတဲ့ စကားလုံးထက်
တန်ဖိုးထားခြင်းဆိုတဲ့ စိတ်နဲ့
မင်းရှိရာ အရပ်မျက်နှာကို
ငါ့ကမ္ဘာရဲ့ ဗဟိုပြုခဲ့တာ ကြာပြီ။
နှင်းဆီမှာ ဆူးရှိသလို
အချစ်မှာလည်း အနာကျင်ရှိမယ်ဆိုရင်တောင်
မင်းပေးတဲ့ ဒဏ်ရာဟာ
ငါ့အတွက်တော့ အမှတ်တရ ပန်းချီတစ်ခုပေါ့။
လေပြည်တွေ တိုက်ခတ်တိုင်း
မင်းသတင်းလေး ပါလာရင်ပဲ
ငါ့နှလုံးသားဟာ ငြိမ်းအေးခဲ့ရပါတယ်...။