Tokyo Myanmar Homies

Tokyo Myanmar Homies "Unlock Tokyo's potential & transform your lifestyle. Join TMH!"

လွန်ခဲ့တဲ့ တစ်ရက်က Saitama Kawaguchi ဘက်မှာ နေတဲ့ ညီတော်မောင်အိမ်ကို ခဏအလည်သွားခဲ့တာခဝဂုချိဘူတာရုံမှာ မမျှော်ထားတဲ့ ဖြစ်...
04/04/2026

လွန်ခဲ့တဲ့ တစ်ရက်က Saitama Kawaguchi ဘက်မှာ
နေတဲ့ ညီတော်မောင်အိမ်ကို ခဏအလည်သွားခဲ့တာ
ခဝဂုချိဘူတာရုံမှာ မမျှော်ထားတဲ့ ဖြစ်ရပ်တစ်ခုကို 
ကြုံခဲ့ရပါတယ်။

အဲဒီနေ့က အလုပ်ပြီးပြီးချင်း ထွက်လာတော့
ဘူတာကို သူတို့ထက် စောစော ရောက်သွားတယ်။
ဘူတာမှာ ဒီတိုင်းစောင့်နေရမှာ ပျင်းတာနဲ့ ဟိုဟိုဒီဒီ လျှောက်ကြည့်ရင်း ဘူတာထွက်ပေါက်နားက 
အခမဲ့ဖျော်ဖြေပွဲတစ်ခု ရှိနေတာ မြင်လိုက်ရတယ်။

"ခဏလောက် ရပ်ကြည့်ကြည့်မယ်ကွာ" ဆိုပြီး ချဉ်းကပ်သွားမိတယ်။ ရပ်ကြည့်နေရင်း 
သီချင်းတစ်ပုဒ်ပြီးသွားတာနဲ့တစ်ပြိုင်နက်ပဲ၊
ဆိုနေတဲ့
အဖွဲ့ထဲက ဂျပန် idol ပုံစံ ယောကျာ်းလေးနှစ်
ယောက်က အနားရောက်လာကာ "こんばんは!"
ဆိုပြီး တကူးတက နှုတ်ဆက်လာတယ်။ ပြီးတော့ သူတို့အဖွဲ့ရဲ့ "Instagram ကို follow လုပ်ပေးပါ၊ share လုပ်ပေးပါ" လို့ တောင်းဆိုလာတယ်။ ဘာမှသိပ်အပန်း မကြီးတာကြောင့် သူတို့ပြောတဲ့အတိုင်း လုပ်ပေးလိုက်တယ်။ အဲဒီနောက် ဘာသီချင်းကြိုက်လဲဆိုတာကနေစပြီး
သီချင်းလည်းတောင်းဆိုလို့ရတယ် ပြောလာတယ်။ ကိုယ်က Hip-hop လောက်ပဲ နားထောင်ဖြစ်ပြီး၊
J-pop ကို သိပ်မနားထောင်ဖြစ်ပါဘူးဆိုပြီး ရိုးရိုးသားသား ပြန်ဖြေလိုက်တယ်။ သူတို့ ခဏတာ မျက်နှာငယ်လေးဖြစ်သွားပုံရပေမယ့် အားမလျှော့ဘဲ ဂျပန်က နာမည်ကြီး Arashi အဖွဲ့ ကို သိလား ဆိုပြီး ထပ်မေးလာပြန်တော့ ကြားတော့ကြားဖူးတယ်လို့ ပြောလိုက်တာနဲ့ ကိုယ့်ဆရာနှစ်ယောက်က အရမ်းတက်ကြွပျော်ရွှင်သွားတယ်။ ကိုယ်လည်း "ဘာလဲဟ" ပေါ့နော်။ သူတို့ဘာသာရွေးထားတဲ့ Arashi ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ကို ဆိုပြလာတယ်။

အသံကာလာ ဘာညာ မဆိုးဘူးပြောရမယ်ဆိုပေမယ့် ကိုယ့်ကိုတော့ ဘယ်မှီနိုင်ပါ့မလဲ။ ကိုယ်လည်း "မအလ"ကြောင့်သာ မဟုတ်ရင် တနေရာရာမှာ
စမ်းသီးတော့ စမ်းသီး ဖြစ်နေလောက်ပြီ။
သီဆိုဖျော်ဖြေမှု ပြီးဆုံးသွားတဲ့အခါ ဒုက္ခတွင်းဆုံးရောက်နေတဲ့နိုင်ငံကလာတဲ့ နိုင်ငံကြီးသားတယောက် ပီပီ ယဉ်ယဉ်ကျေးကျေး ပြုံးပြုံးကြီးနဲ့ရပ်ပြီး
တခြားသူတွေထက် ပိုကျယ်လောင်စွာ လက်ခုပ်တီးကာ "いいね! すごい ファンタスティック!(ကောင်းတယ်၊ အရမ်းမိုက်တယ် )" ဆိုပြီး ဂျပန်လိုရော ဘိုလိုပါ ရောပြီး အော်ဟစ် အားပေးပစ်လိုက်တယ်။

အဲဒီကနေ စပြီး ဆရာသမားတွေရဲ့ စစ်မှန်တဲ့ ရည်ရွယ်ချက်က ပေါ်လာတော့တာပဲ။ သီချင်းဆိုပြီးတဲ့နောက် အနားကိုထပ်ရောက်လာကာ "ငါတို့ သီချင်းဆိုတာကောင်းလား၊ နောက်ပြီး ငါတို့အယ်လ်ဘမ် သီချင်းတွေကို ဒီ qr code ကနေတဆင့် အွန်လိုင်းကနေ နားထောင်လို့ရတဲ့ ကတ်ကို အားပေးပါလား" ဆိုပြီး
သူတို့အဖွဲ့ပုံပါတဲ့ကတ် တစ်ချပ် ထုတ်ပြလာတယ်။

တကယ့်မူရင်းဈေးက ၃,၀၀၀ ယန်းဖြစ်ပေမယ့်၊
မင်းက နိုင်ငံခြားသားမို့ ၂,၀၀၀ ယန်းပဲ ပေးပါဆိုပြီး အားငယ်နေတဲ့မျက်နှာနဲ့ ပြောလာပါတယ်။
နှစ်ခေါက်လောက် ငြင်းလိုက်ပေမယ့်
ကိုယ်မှမဝယ်တော့ရင် ဒုက္ခပဲရောက်တော့မလိုပုံစံဖြစ်လာတော့ အားနာပြီး ဝယ်ယူပေးဖြစ်သွားတယ်။

တဘက်မှာလည်း ဂျပန်လိုအစစ အရာရာဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံကြီးမှာ ဒီလိုလူငယ်တွေလည်း အနုပညာလမ်းမှာ ကြိုးစားရုန်းကန်ရင်း ဒီလိုအသက်မွေးဝမ်းကျောင်းနေကြတာကြောင့် သူတို့ဘဝကလည်း နာမည်မရခင်၊ စပွန်ဆာကောင်းကောင်း မရသေးခင်စပ်ကြား ခက်ခဲနေကြပုံပဲ" ဆိုပြီး စိတ်ထဲ တွေးမိတယ်။

အဲဒါနဲ့ပဲ ပိုက်ဆံအိတ်ထဲက ၂,၀၀၀ ယန်း ထုတ်ပေးလိုက်တော့ သူတို့က ကတ်ပေါ်မှာ လက်မှတ်ကို သေချာရေးထိုးပြီး ပြန်ပေးတယ်။ ကိုယ်လည်း ကုန်လက်စနဲ့ အမှတ်တရဖြစ်အောင် "Selfie တစ်ပုံလောက်
ရိုက်ရအောင်" ဆိုပြီး ပြောတော့ လိုလိုလားလားပဲ
အတူအရိုက်ခဲ့တယ်။ ပြီးတော့ "じゃあね! ありがとうございました(ဒါပဲနော်၊ ကျေးဇူးတင်ပါတယ်)!"
ဆိုပြီး လက်ဝှေ့ကာ ထွက်သွားကြတယ်။

နောက်တစ်နေ့ အပြန် ရထားမှာ ပြန်တွေးမိတော့
ဂျပန်မှာ နေခဲ့တဲ့ ၁၀ နှစ်ကျော်ကြာ ဒီလို ကြုံဖူးတာ
ဒါပထမဆုံးပဲဆိုတာ သတိထားမိသွားတယ်။ မနေ့က
ရခဲ့တဲ့ လက်ထဲက ကတ်ကို ကြည့်ကြည့်တော့ KRXET ဆိုတဲ့ အဖွဲ့အမည်၊ လူငယ်လေး လေးယောက်ပုံ၊
ဘားကုဒ်နဲ့ သူတို့လက်မှတ်တွေ ပါတယ်။ "ဘာပဲဖြစ်ဖြစ်... ကူညီအားပေးဖြစ်သွားတယ်ပဲပေါ့" ဆိုပြီး သဘောထားလိုက်ပါတယ်။

ဒါပေမဲ့ တစ်ခုတော့ သေချာတယ်။ ဒီလိုမျိုး နောက်ထပ်
မကြုံရအောင်ဆိုရင် အဝေးကနေပဲ ကြည့်ပြီးနားထောင်တာ ပိုကောင်းမယ်ဆိုတဲ့ သင်ခန်းစာတော့
ရခဲ့တယ်။ အထူးသဖြင့် ကိုယ့်လိုမျိုး အားနာတတ်တဲ့သူမျိုးဆိုရင်ပေါ့။

အားလုံးအဆင်ပြေ လွတ်မြောက်နိုင်ကြပါစေ။
zin myo@eric
2026/4/4(Sat)

04/04/2026
31/03/2026

4 လပိုင်း 1 ရက်နေ့ကနေစပြီး
စက်ဘီးစီးသူများ သတိထားရမယ့်
Blue Ticket စည်းကမ်းသစ်များ

29/03/2026

NISA ရင်းနှီးမြှုပ်နှံမှုကို အခုမှ စမယ့်သူတွေအတွက် မဖြစ်မနေ သိထားသင့်တဲ့ အချက် ၇ ချက်

NISA ရင်းနှီးမြှုပ်နှံမှုကို အခုမှ စတင်မယ့်သူတွေအတွက် လမ်းညွှန်ချက်အနေနဲ့ မဖြစ်မနေ သိထားသင့်တဲ့ အချက် ၇ ချက်ကို မျှဝေလို...
18/02/2026

NISA ရင်းနှီးမြှုပ်နှံမှုကို အခုမှ စတင်မယ့်သူတွေအတွက် လမ်းညွှန်ချက်အနေနဲ့ မဖြစ်မနေ သိထားသင့်တဲ့ အချက် ၇ ချက်ကို မျှဝေလိုက်ပါတယ်။

NISA (Nippon Individual Savings Account) ဆိုတာ ဂျပန်အစိုးရက လူတစ်ဦးတစ်ယောက်ချင်းအနေဖြင့် ရင်းနှီးမြှုပ်နှံမှုကနေတဆင့် ဝင်ငွေတိုးပွားလာစေနိုင်ဖို့အတွက် ဖန်တီးပေးထားတဲ့ အခွန်ကင်းလွတ်ခွင့်ပါတဲ့ ရင်းနှီးမြှုပ်နှံမှုအကောင့် ဖြစ်ပါတယ်။

အခုမှ စတင်မယ့်သူတွေအတွက် နားလည်လွယ်စေဖို့နဲ့ အမှားအယွင်းနည်းစေဖို့အပြင် ဒါတွေက ရင်းနှီး မြှုပ်နှံမှု မစတင်ခင် လူတိုင်းသိထားသင့်တဲ့ "အရေးကြီးဆုံး လျှို့ဝှက်ချက်" တွေလို့
ပြောလို့ရပါတယ်။

ပထမဆုံး အဓိကသတိပေးချင်တာကတော့
ရင်းနှီးမြှုပ်နှံမယ့်ငွေဟာ ငွေပူလုံးဝ ဖြစ်မနေဖို့
လိုပါတယ်။ ဒါကြောင့် သေရေးရှင်ရေးငွေ (Emergency Money)ကို သုံးလစာလောက် အနည်းဆုံး ကိုင်ဆောင်ထားပြီးမှ စတင်ပါ။
အကြွေးရှိရင် အရင် ဆပ်ပြီးမှ စပါ။ မေ့ပစ်လို့ရမယ့် တနည်း ပိုလျှံနေတဲ့ငွေ (Spare Money) နဲ့ပဲ စလုပ်ပါ။

၁။ NISA ရင်းနှီးမြှုပ်နှံမှုအမျိုးအစားများ
၂၀၂၄ ခုနှစ် January မှာ Shin NISA စနစ်သစ် စတင်ခဲ့ပြီး နှစ်မျိုးလုံးကို တစ်ပြိုင်တည်း
သုံးနိုင်ပါပြီ။ Tsumitate NISA က လစဉ်
သတ်မှတ်ပမာဏတခုဖြင့် စုဆောင်းနိုင်ပြီး
တစ်နှစ်ကို ယန်းသောင်း ၁၂၀ အထိ ထည့်နိုင်ပါတယ်။ ရေရှည် ရင်းနှီးမြှုပ်နှံသူများအတွက် အထူးသင့်လျော်ပြီး အနည်းဆုံး လစဉ် ယန်း ၁၀၀ ကနေ
စနိုင်ပါတယ်။
Seochō NISA ကတော့ တစ်ခါတည်းပမာဏများများဖြင့် ရင်းနှီးမြှုပ်နှံနိုင်ပြီး၊ တစ်နှစ်အတွင်း ယန်းသောင်း ၂၄၀ အထိ ထည့်နိုင်ပါတယ်။ စတော့ရှယ်ယာအမျိုးအစားများစွာ ပါဝင်ပြီး ပိုမို လွတ်လပ်စွာ
ရွေးချယ်နိုင်ပါတယ်။

၂။ ဂျပန်နိုင်ငံကနေအပြီးအပိုင် ထွက်ခွာခြင်း၊ ခေတ္တထွက်ခွာခြင်းနှင့် အကောင့်ပိတ်ခြင်း
NISA ဆိုတာ ဂျပန်မှာ နေထိုင်နေတဲ့သူတွေအတွက်ပဲ ဖြစ်ပါတယ်။ ဒါက ကျနော်တို့လို နိုင်ငံခြားသားတွေအတွက် အလွန်အရေးကြီးပါတယ်။ အကယ်၍ ဂျပန်ကနေ အပြီး ပြန်တော့မယ်ဆိုရင် ရင်းနှီးထားတဲ့ ရှယ်ယာများကို ရောင်းချပြီးနောက်
NISA အကောင့်ကို ပိတ်သိမ်းခြင်း (Kaiyaku) ကို
မဖြစ်မနေလုပ်ရပါမယ်။

အကယ်၍ ယာယီ ထွက်ခွာပြီးနောက် ဂျပန်ပြန်လာမယ်ဆိုရင် ဘဏ်/Securities ကုမ္ပဏီနဲ့ ကြိုတင်ညှိနှိုင်းပြီး ကိုယ့်အကောင့်ကို ထိန်းထားလို့ရပါတယ်။ အဲဒီလိုလုပ်ထားပါက ဂျပန်ပြန်လာတဲ့အခါ
ကိုယ့်အကောင့်ကို ဆက်လက်သုံးစွဲနိုင်ပါတယ်။ သက်တမ်းရှိ ဗီဇာ ရှိနေဖို့ကိုတော့ သတိပြုဖို့
လိုပါမယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံမစတင်ခင်မှာ ဂျပန်မှာ ဘယ်လောက်ကြာကြာ နေမှာလဲဆိုတာကို ကြိုတင်တွက်ဆထားဖို့ အရေးကြီးပါတယ်။

၃။ "Compound Interest" ရဲ့ စွမ်းအားကြီးမားမှု
NISA ဟာ တစ်နှစ်၊ နှစ်နှစ်နဲ့ အမြတ်များများရနိုင်ဖို့
ရည်ရွယ်တာ မဟုတ်ဘဲ ၁၀ နှစ်၊ ၂၀ နှစ် ကြာတဲ့အခါ နှစ်စဉ်ရရှိတဲ့အကျိုးအမြတ်အပေါ် "အတိုးပေါ် အတိုးဆင့်" စွမ်းအားကို သုံးတဲ့ ရေရှည် ရင်းနှီးမြှုပ်နှံမှုပုံစံတမျိုးပါ။

ဥပမာ၊ လစဉ် စုဆောင်းငွေအဖြစ် ယန်း ၃၀,၀၀၀ ကို ၂၀ နှစ်ကာလအတွင်း ရင်းနှီးမြှုပ်နှံမည်ဆိုပါက နှစ်စဉ် ပျမ်းမျှ အမြတ်နှုန်း ၅% ဖြင့်
တွက်ချက်သောအခါ နှစ် ၂၀ အတွင်း
မိမိကိုယ်တိုင် ထည့်ဝင်သော ငွေစုစုပေါင်းမှာ
ယန်း ၇,၂၀၀,၀၀၀ ဖြစ်ပါတယ်။

ကိုယ်ရည်ရွယ်ထားတဲ့ သတ်မှတ်ကာလ
ကုန်ဆုံးချိန်တွင် ခန့်မှန်းရရှိမည့် ငွေစုစုပေါင်းမှာ
ယန်း ၁၂,၃၀၀,၀၀၀ ရှိမယ်လို့ မျှော်လင့်ရပါတယ်။ အဲဒီငွေရဲ့ အတိုးအမြတ်က ယန်း ၅,၁၀၀,၀၀၀ ခန့် ပါဝင်နေပါတယ်။

ဒီတွက်ချက်မှုက ခန့်မှန်းတန်ဖိုးသာဖြစ်ပြီး ၅% အမြတ်နှုန်းဟာ ဘယ်သူမှ အာမ မခံထားပါဘူး။ အမှန်တကယ် ရရှိနိုင်မယ့်ငွေက
ဈေးကွက်အခြေအနေအပေါ် မူတည်ပြီး
ကွဲပြားနိုင်ပါတယ်။ သမိုင်းအချက်အလက်အရ
S&P 500 မှာ ပျမ်းမျှ ၇-၁၀% ရရှိခဲ့ပေမယ့်၊
ဆုံးရှုံးသွားနိုင်ခြေ ရှိသလို မထင်မှတ်ပဲ ပိုပြီးလည်း အမြတ်များသွားနိုင်ခြေလည်း ရှိနေပါတယ်။

၄။ ရင်းနှီးမြှုပ်နှံမှု၏ အန္တရာယ်များကို နားလည်ခြင်း
NISA က ဘဏ်စုငွေ မဟုတ်တဲ့အတွက်
စတော့ဈေးကွက် အခြေအနေပေါ်မူတည်ပြီး
မိမိရင်းနှီးထားတဲ့ ငွေပမာဏအောက် လျော့နည်းသွားနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။ ဒီကာလတိုလေးအတွင်းမှာ ဈေးနှုန်းအတက်အကျ ကြီးကြီးမားမားလည်း ဖြစ်သွားနိုင်တာကြောင့် ထိတ်လန့်စရာ
မလိုပါဘူး။ အတိတ်ကာလ ကလို စီးပွားရေး ကပ်ဘေးဆိုးကို ကြုံတွေ့ရနိုင်ပေမယ့်
ရေရှည် ၁၀-၂၀ နှစ်ထိ ကြည့်မယ်ဆိုရင် အတိတ်ကာလ ရလဒ်တွေအရ အမြဲတမ်း ပြန်လည် ကောင်းမွန်လာခဲ့တာကို တွေ့ရပါတယ်။

ဒီလိုအန္တရာယ်တွေကို မဖြစ်မနေ လျော့ချဖို့အတွက်ဆိုရင် အနည်းဆုံး ၁၀ နှစ် ရေရှည် (Long-term) ရင်းနှီးမြှုပ်နှံဖို့၊ နေ့စဉ်သုံးငွေ မဟုတ်တဲ့ ပိုလျှံတဲ့ငွေ (Spare Money) နဲ့ပဲ စတင်ဖို့ လိုပါတယ်။ တစ်နေ့ချင်း
ဈေးကွက်အတက်အကျတွေကိုလည်း ဂရုစိုက်နေဖို့
မလိုပါဘူး။ နောက်ပြီး Dollar Cost Averaging (DCA) နည်းလမ်းဖြစ်တဲ့ စျေးနှုန်းမြင့်နေတဲ့အခါမှာလည်း ပုံမှန်ဆက်ဝယ်တာက ရေရှည်မှာ အကျိုးရှိပါတယ်။ ကိုယ့်ပန်းတိုင်နဲ့ အချိန်ကာလကို အငြိမ်းစားအတွက်၊ အိမ်ဝယ်ရန်အတွက်ဆိုပြီး သေချာသတ်မှတ်ထားတာ အကောင်းဆုံးပါ။ ဘာကြောင့်လဲဆိုတော့ ရှင်းလင်းတဲ့ ပန်းတိုင်ရှိရင် စိတ်ရှည်
လက်ရှည် ရင်းနှီးမြှုပ်နှံနိုင်တယ်လို့ ဆိုပါတယ်။

၅။ အွန်လိုင်း Securities ကုမ္ပဏီ အသုံးပြုခြင်း
ဘဏ်ကြီးများဖြစ်တဲ့ (MUFG, SMBC) သို့မဟုတ် စာတိုက်ဘဏ် (Yucho) တွေမှာ အကောင့်သွားဖွင့်တာထက် အွန်လိုင်းကုမ္ပဏီတွေကို သုံးဖို့ အထူး အကြံပြုလိုပါတယ်။ SBI Securities (SBI証券) နဲ့ Rakuten Securities (楽天証券) ကို အကြံပြုချင်ပါတယ်။ အကြောင်းရင်းကတော့ ဝယ်ယူခ (Purchase Fee) လုံးဝ မရှိတာနဲ့ TER (Total Expense Ratio) သက်သာတဲ့ Index Fund တွေ ဝယ်ယူရရှိနိုင်တာပါ။ TER က ၀.၁% အောက် ရှိတဲ့ Fund တွေကို
ရွေးချယ်နိုင်သလို၊ တခြားကိုယ်ကြိုက်တဲ့ Share ကုမ္ပဏီပေါင်းများစွာ ရှိပါတယ်။ နောက်ပြီး အွန်လိုင်းမှတစ်ဆင့် လွယ်ကူစွာ စီမံခန့်ခွဲနိုင်ပြီး၊ မိုဘိုင်း App ဖြင့် အချိန်မရွေး ကြည့်ရှု စစ်ဆေးနိုင်ပါတယ်။

၆။ "အကုန်လုံးဝယ်ပါ"( Diversification ) ဗျူဟာ
ကုမ္ပဏီတစ်ခုတည်းကိုပဲ ရွေးဝယ်တာထက် ကမ္ဘာတစ်ဝှမ်းက ကုမ္ပဏီပေါင်းစုံမှာ ခွဲဝေရင်းနှီးမြှုပ်နှံတာက အန္တရာယ်အနည်းဆုံးနဲ့ အခြေခံအကျဆုံး နည်းလမ်း ဖြစ်ပါတယ်။ All Country (オルカン ), eMAXIS Slim (全世界株式) က ကမ္ဘာတစ်ဝှမ်းက
အမေရိကန်၊ ဂျပန်၊ ဥရောပ၊ အာရှ အစရှိတဲ့ ကုမ္ပဏီ ၃,၀၀၀ ကျော် ပါဝင်ပါတယ်။ TER က ၀.၁ % အောက်ပဲရှိတာကြောင့် အလွန်သက်သာတဲ့အပြင်
အခုမှစမယ့် Beginner အတွက် အကောင်းဆုံး
ဖြစ်ပါတယ်။

၇။ စတင်ရန် လက်တွေ့ ခြေလှမ်းများ
NISA ကို စတင်ဖို့အတွက် ပထမဆုံး SBI သို့မဟုတ် Rakuten website သို့ သွားပြီး My Number Card နဲ့ အွန်လိုင်းမှ လျှောက်ထားနိုင်ပါတယ်။ ၁-၂ ပတ်အတွင်း အကောင့်ဖွင့်ပြီးစီးပါမယ်။ Securities အကောင့်ထဲက NISA application ဖြည့်ပါ။ အခုမှစမယ့်သူတွေဆိုရင် Tsumitate NISA ကို ရွေးချယ်ပါ။ "eMAXIS Slim 全世界株式" (All Country)
သို့မဟုတ် "eMAXIS Slim 米国株式 S&P500"
ကို ရွေးပါ။

လစဉ်ပမာဏ သတ်မှတ်တဲ့အခါ ယန်း ၁၀,၀၀၀ - ၅၀,၀၀၀ ပျမ်းမျှ ထည့်သွင်းနိုင်ရင် ကောင်းပါတယ်။ အခြားသူတွေနဲ့ မနှိုင်းယှဉ်ဘဲ ကိုယ့်နိုင်သလောက်
ပမာဏအတိုင်း သတ်မှတ်ပါ။ လစဉ် အော်တို
ဝယ်ယူမှု သတ်မှတ်ပြီး ဘဏ်အကောင့် သို့မဟုတ်
ခရက်ဒစ်ကတ် ချိတ်ဆက်ပြီးပါက
အော်တိုဝယ်ယူမှုက အလိုလိုစတင်သွားမှာ
ဖြစ်ပါတယ်။

အားလုံးကို အချုပ်ပြောရရင် NISA ဟာ ရေရှည်
ကိုယ်ပိုင်အရင်းအနှီးကို ပွားများလာအောင် တည်ဆောက်ဖို့အတွက် အကောင်းဆုံး
နည်းလမ်းတစ်ခုလို့ ပြောရင် မမှားပါဘူး။
Compound Interest က အချိန်ကြာလေ စွမ်းအားကြီးလေ ဖြစ်တာကြောင့် စောစောစတင်လေ
ကောင်းလေပါပဲ။ အနည်းဆုံး ၁၀ နှစ်လောက် ရေရှည် အမြင်ဖြင့် ရင်းနှီးမြှုပ်နှံပါ။ လစဉ် နိုင်သလောက် စုဆောင်းတာက စိတ်ဖိစီးမှု အနည်းဆုံးဖြစ်တာကြောင့် အော်တို ဝယ်ယူမှု သတ်မှတ်ပြီးတဲ့ခါ မေ့ထားလိုက်ပါ။ TER (၀.၁% အောက်) နည်းတဲ့ Index Fund တွေကိုပဲ ရွေးပါ။ မိမိရဲ့ ပန်းတိုင်နဲ့ အချိန်ကာလကို ရှင်းလင်းစွာ သတ်မှတ်ပြီး ပိုလျှံတဲ့ငွေနဲ့ပဲ စတင်ပါလို့ နောက်ဆုံး အကြံပြုလိုက်ပါတယ်။

#ဂျပန်ရောက်မြန်မာများ #ငွေစုနည်း

အာလုံး အဆင်ပြေ လွတ်မြောက်နိုင်ကြပါစေ;)
zin myo @ eric
2026/2/18(Wed)

14/01/2026

NISA...ဘယ်လို စမလဲ....

ဂျပန်မှာ အခွန် ဆောင်စရာမလိုတဲ့ ငွေစုနည်းကို သိပြီးပြီလား? 💰ဂျပန်မှာ နေတဲ့သူဆိုရင် NISA ဆိုစကားလုံးက်ို အနည်းဆုံးတော့ ကြာ...
08/01/2026

ဂျပန်မှာ အခွန် ဆောင်စရာမလိုတဲ့ ငွေစုနည်းကို သိပြီးပြီလား? 💰

ဂျပန်မှာ နေတဲ့သူဆိုရင် NISA ဆိုစကားလုံးက်ို အနည်းဆုံးတော့ ကြားဖူးကြလိမ့်မယ်ထင်ပါတယ်။ NISA (Nippon Individual Savings Account)
ဆိုတာက ဂျပန်တစ်ဦးချင်း ငွေစုအကောင့်ကနေ အခွန်ကင်းလွတ်ခွင့်ပါတဲ့ နှီးမြှုပ်နှံမှုစနစ်ပဲတစ်ခုပဲ ဖြစ်ပါတယ်။

ဂျပန်မှာ အလုပ်လုပ်နေကြတဲ့ ကျနော်တို့ မြန်မာတွေအတွက် ပိုက်ဆံကို ဘဏ်ထဲမှာပဲ ထားထားမယ့်အစား 'ငွေကနေ ငွေပွားလာအောင်' လုပ်နိုင်မယ့် NISA ရင်းနှီးမြုပ်နှံမှုစနစ်အကြောင်းကို မျှဝေပေးလိုက်ပါတယ်။

✅ NISA ဆိုတာ ဘာလဲ?
ဂျပန်နိုင်ငံတွင် ပုံမှန်အားဖြင့် ရင်းနှီးမြှုပ်နှံမှုမှ
အမြတ်ရရှိပါက အဲဒီအမြတ်၏ ၂၀% ဝန်းကျင်ကို အခွန် (税金) အဖြစ် ပေးဆောင်ရပါတယ်။ ဒါပေမယ့် NISA စနစ်ကို အသုံးချပြီး အစိုးရမှ သတ်မှတ်
ထားသော ငွေပမာဏဘောင်အတွင်း ရင်းနှီးမြှုပ်နှံပါက ရရှိလာသော အမြတ်အစွန်းများအပေါ် အခွန်ပေးဆောင်ရန် မလိုတဲ့ အခွင့်အရေးစနစ် (非課税制度 - Hikazei Seido) တစ်ခုဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမှုကနေ ရလာတဲ့ အမြတ်အစွန်းတွေကို အခွန်ပေးစရာမလိုဘဲ အပြည့်အဝခံစားခွင့်ရတဲ့
ဒီစနစ်ကို ဂျပန်နိုင်ငံတွင် နေထိုင်သော အသက် ၁၈ နှစ်နှင့်အထက် လူတိုင်း ပြုလုပ်နိုင်ပြီး၊ အထူးသဖြင့် နောင်ရေးအတွက် ငွေစုချင်သူများ၊ ဘဏ်တိုးထက်ပိုသော အမြတ်ကို လိုချင်သူများအတွက် ရည်ရွယ်ထားကြောင်း သိရပါတယ်။

✅ NISA ၏ ရင်းနှီးမြှုပ်နှံမှု ပုံစံနှစ်မျိုး (Tsumitate  နှင့် Seichō)
၂၀၂၄ ခုနှစ်မှာ စတင်ခဲ့တဲ့ NISA (Shin NISA)စနစ်မှာ ရင်းနှီးမြှုပ်နှံမှုပုံစံနှစ်မျိုး ပါဝင်ပါတယ်။

၁။ စုဆောင်းရင်းနှီးမြှုပ်နှံမှုအပိုင်း (つみたて投資枠 - Tsumitate Tōshi Waku)
• ရင်းနှီးမြှုပ်နှံမှု ပမာဏကို တစ်နှစ်လျှင် အများဆုံး ယန်း ၁.၂ သန်း (သောင်း၁၂၀) အထိ အခွန်လွတ် နှီးမြှုပ်နှံမှုပြုလုပ်နိုင်ပါတယ်။ ။
• လစဉ် ကိုယ်သတ်မှတ်ထားတဲ့ ပုံမှန်ငွေပမာဏတစ်ခုကို ချိတ်ဆက်ထားတဲ့ ဘဏ်ကနေတဆင့် အလိုအလျောက် ထည့်သွင်းပြီး စုဆောင်းရင်းနှီးမြှုပ်နှံသည့်စနစ် (Monthly accumulation) ပုံစံဖြစ်ပါတယ်။
• အန္တရာယ်နည်းပြီး ရေရှည်အတွက် စိတ်ချရသော အစိုးရသတ်မှတ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့အစည်း (Investment Trusts)များ၊ ကုမ္ပဏီများထဲမှသာ ရွေးချယ်ပြီး  နှီးမြှုပ်နှံမှုကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ 

၂။ တိုးတက်မှုမြှင့်တင်ရေး ရင်းနှီးမြှုပ်နှံမှုအပိုင်း (成長投資枠 - Seichō Tōshi Waku)
• ရင်းနှီးမြှုပ်နှံမှု ပမာဏကို တစ်နှစ်လျှင် အများဆုံး ယန်း ၂.၄ သန်း (သောင်း၂၄၀) အထိ အခွန်လွတ် ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်ပါတယ်။
• မိမိကြိုက်နှစ်သက်သည့် အချိန်တွင် ဝယ်ယူနိုင်တဲ့ ပုံစံဖြစ်ပါတယ်။
• ဂျပန်စတော့ရှယ်ယာများအပြင် နိုင်ငံခြားစတော့ရှယ်ယာများ၊ ETFs နှင့် အခြားရင်းနှီးမြှုပ်နှံမှု အမျိုးအစားစုံလင်စွာထဲမှ ရွေးချယ်ပြီး နှီးမြှုပ်နှံမှုကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ 

ဂျပန်မှာ အလုပ်လုပ်နေတဲ့ ကျနော်တို့လို နိုင်ငံခြားသားတွေအပါအဝင်၊ ဂျပန်မှာရေရှည်
နေထိုင်ပြီး အလုပ်လုပ်ကိုင်နေသူဖြစ်ပါက
နောင်တစ်ချိန် အငြိမ်းစားယူချိန်၊ ဒါမှမဟုတ် အကြောင်းအမျိုးမျိုးအတွက် လိုအပ်လာမယ့်
အပိုစုဆောင်းငွေအတွက် အသုံးချနိုင်တဲ့ နှီးမြှုပ်နှံမှုစနစ်တစ်ခုဖြစ်ပါတယ်။

NISA ရင်းနှီးမြှုပ်နှံမှု (投資)ကို စတင်ရန်အတွက် အောက်ပါအတိုင်း အဆင့် ၃ ဆင့်သာ လိုအပ်ပါတယ်။

1. အကောင့်ဖွင့်ခြင်း (口座開設) - အွန်လိုင်းစတော့ရှယ်ယာကုမ္ပဏီတွေဖြစ်တဲ့ (ဥပမာ- SBI Securities၊ Rakuten Securities၊ PayPay Securities) သို့မဟုတ် မိမိအသုံးပြုနေသော ဘဏ်တွင် NISA အကောင့်ဖွင့်ပါ။ (Online Securities များက ဝန်တောင်ခ ပိုသက်သာတတ်ပါတယ်)။

2. စတော့ရှယ်ယာကုမ္ပဏီရွေးခြင်းနှင့် ငွေလွှဲခြင်း - မိမိ၏ ဘဏ်အကောင့်နှင့် ချိတ်ဆက်ပြီး လစဉ် မည်မျှရင်းနှီးမြှုပ်နှံမည်ကို သတ်မှတ်ပါ။ (ဥပမာ- လစဉ် ယန်း ၃၀,၀၀၀ စုမည်ဟု သတ်မှတ်ခြင်း)။

3. စောင့်ကြည့်ခြင်း - ရင်းနှီးမြှုပ်နှံမှုသည် ရေရှည်ဖြစ်သောကြောင့် ချက်ချင်းအမြတ်မရသော်လည်း၊ နှစ်ရှည်လများ စုဆောင်းသွားပါက အမြတ်အစွန်းအပြင် အခွန်ကင်းလွတ်ခွင့်လည်း ရရှိနိုင်ပါတယ်။

အခုမှ စလုပ်မယ့်သူတွေအနေနဲ့ "All Country" (オルカン) ဒါမှမဟုတ် "S&P 500" လိုမျိုး တစ်ကမ္ဘာလုံးကို ဖြန့်ကျက်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နေတဲ့ Index Fund တွေကို လေ့လာကြည့်ဖို့ အကြံပြုလိုပါတယ်။

Tsumitate (စုဆောင်းခြင်း)နည်းဖြင့်ဆိုရင် လစဉ် အနည်းဆုံး ယန်း ၁၀၀ ကနေ စတင်ပြီး ပုံမှန်လေး စုသွားရုံပါပဲ။ ရေရှည်အတွက် အကောင်းဆုံး စုဆောင်းတဲ့နည်းလမ်းတစ်ခုဆိုရင်လည်း မမှားပါဘူး။

Seichō (တိုးတက်မှု) နည်းဖြင့် ဆိုရင် မိမိကြိုက်
နှစ်သက်တဲ့ ကုမ္ပဏီရှယ်ယာတွေကို ဝယ်ယူရင်းနှီးမြှုပ်နှံနိုင်ပါတယ်။ ဒီစနစ်ရဲ့ ရင်းနှီးမြှုပ်နှံတဲ့ ပုံစံနှစ်မျိုး ရည်ရွယ်ချက်က ရေရှည် (၁၀ နှစ်၊ ၂၀ နှစ်) တည်ငြိမ်စွာ စုဆောင်းရန်နှင့် ရွေးချယ်မှု အများအပြားထဲမှ အမြတ်အစွန်း ပိုမိုရရှိနိုင်ရန်ပဲ ဖြစ်ပါတယ်။

သတိပြုသင့်တာက အကယ်၍ ကျနော်တို့မြန်မာတွေ ဂျပန်ကနေ အပြီးပြန်ရင် NISA
အကောင့်ကို ပိတ်သိမ်းပြီး ရင်းနှီးမြှုပ်နှံထားသည်များကို ရောင်းချရမှာဖြစ်သောကြောင့် ကိုယ်ဂျပန်မှာ နေထိုင်နိုင်မယ့် ကာလပေါ်မူတည်ပြီး သေချာစဉ်းစား လုပ်ဆောင်သင့်ပါတယ်။

#ဂျပန်ရောက်မြန်မာများ #ငွေစုနည်း

အာလုံး အဆင်ပြေ လွတ်မြောက်နိုင်ကြပါစေ;)
zin myo @ eric
2026/1/8(Thurs)

26/12/2025

ふるさと納税(Hometown Tax Donation)

ကျနော်ဒီနေ့ ဂျပန်မှာနေတဲ့သူတွေအတွက် အခွန်ချည်းသက်သက် အလကား မဆောင်ဘဲ လက်ဆောင်ပြန်ယူနိုင်မယ့်နည်းလမ်းကို ပြောပြသွားပါမယ်။အ...
23/12/2025

ကျနော်ဒီနေ့ ဂျပန်မှာနေတဲ့သူတွေအတွက်
အခွန်ချည်းသက်သက် အလကား မဆောင်ဘဲ လက်ဆောင်ပြန်ယူနိုင်မယ့်နည်းလမ်းကို
ပြောပြသွားပါမယ်။

အဲဒါက ふるさと納税(Furusato Nozei) ပဲဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်း ပြောရရင် "မိမိ နှစ်သက်ရာ မြို့နယ်ဒေသကို အလှူငွေထည့်ပြီး၊ အပြန်အလှန်အနေနဲ့ လက်ဆောင်ပစ္စည်းရယူကာ အခွန်လျော့ပေါ့ခွင့်ရတဲ့ စနစ်" တခုပဲ
ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် ကျနော်တို့နေထိုင်တဲ့ မြို့နယ်ကိုပဲ
နေထိုင်ခွန် (住民税) ပေးဆောင်ရပါတယ်။
ဒါပေမဲ့ ဒီစနစ်အရ အခြားမြို့နယ်တွေကို
အလှူငွေထည့်လိုက်ရင်၊ အဲဒီပမာဏကို ကိုယ့်ရဲ့
လာမယ့်နှစ် ဆောင်ရမယ့်အခွန်ကနေ
ပြန်လည်နှုတ်ယူပေးမှာ ဖြစ်ပါတယ်။

အခွန်ကနေ ပြန်နှုတ်ပေးတဲ့အပြင် တန်ဖိုးရှိတဲ့ ဒေသထွက် လက်ဆောင်ပစ္စည်းတွေ (အသား၊ ဆန်၊ သစ်သီး၊ အဖျော်ယမကာ စတာတွေ) ကို ရရှိမှာ ဖြစ်ပါတယ်။ ယန်း ၂,၀၀၀ ကတော့ ပစ္စည်းဖိုး အနေနဲ့ ကျသင့်မှာဖြစ်ပါပြီး၊ ကျန်တဲ့ငွေကို အခွန်အနေနဲ့ နှုတ်ယူပေးမှာဖြစ်ပါတယ်။

လူတွေက အလုပ်လုပ်ဖို့ တိုကျိုနဲ့ မြို့ကြီးတွေကို ပြောင်းရွှေ့လာကြတဲ့အတွက်၊ နယ်ဘက်ဒေသတွေမှာ အခွန်ရငွေ နည်းပါးလာတာကြောင့် ဒေသ ဖွံ့ဖြိုးရေးအတွက်နှင့် မျှတမှု ရှိစေရန် မြို့ကြီးတွေကပဲ အခွန်တွေ အများကြီးရနေတာကို လျှော့ချပြီး၊ နယ်ဘက်ဒေသတွေကို ငွေကြေးစီးဆင်းမှု ရှိစေဖို့ ဒီစနစ်ကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ နေထိုင်ပြီး ဝင်ငွေခွန် (所得税) နဲ့ နေထိုင်ခွန် (住民税) ပေးဆောင်နေရတဲ့ နိုင်ငံခြားသား မည်သူမဆို ဒီအခွင့်အရေးကို ရယူနိုင်ပါတယ်။ (ကျောင်းသားများ သို့မဟုတ် ဝင်ငွေနည်းသူများ၊ မှီခို(扶養者)ထည့်ထားသူများ ဆောင်ရမယ့်အခွန်ကို သေချာတွက်ချက်ပြီးမှ လှူဒါန်းသင့်ပါတယ်။

ဒီစနစ်ရဲ့ အားသာချက်တွေကတော့ အသားအမျိုးမျိုး၊ ပင်လယ်စာ၊ ဆန်၊ သစ်သီးဝလံ စတဲ့ ဒေသထွက်ကုန်တွေကို လက်ဆောင်အနေနဲ့ ပြန်ရပါတယ်။ (ယန်း ၂,၀၀၀ သာ ကုန်ကျပြီး ယန်း၂၀၀၀ထက် တန်ဖိုးများတဲ့ ပစ္စည်းတွေ ရနိုင်ပါတယ်)။ 

လှူဒါန်းလိုက်တဲ့ ငွေပမာဏ (ယန်း ၂,၀၀၀ အပ) ကို လာမယ့်နှစ် နေထိုင်ခွန် ပေးဆောင်တဲ့အခါ ပြန်လည်နှုတ်ယူပေးတာကြောင့် တနည်းအားဖြင့်  အခွန်ဆောင်ပြီးသား ဖြစ်သွားပါတယ်။ မိမိ သဘောကျတဲ့ ဒေသမှ မိမိ လိုချင်တဲ့ ပစ္စည်းရှိတဲ့ မြို့ကို ရွေးချယ် လှူဒါန်းနိုင်ပါတယ်။

ဒါပေမယ့် တဖက်မှာ အလှူငွေကို ယခုနှစ်မှာ အရင် ကြိုပေးထားရပါတယ်။ အခွန်လျော့ပေါ့ခွင့်က နောက်နှစ်ကျမှ ရမှာဖြစ်ပြီး၊ ကိုယ့်ရဲ့ လစာဝင်ငွေနှင့် မိသားစု အခြေအနေပေါ် မူတည်ပြီး လှူဒါန်းနိုင်တဲ့ "အများဆုံး ပမာဏ" (Limit) ရှိပါတယ်။ အဲဒီပမာဏထက် ကျော်သွားရင် ကိုယ့်စရိတ် ဖြစ်သွားမယ့် ကန့်သတ်ချက် ရှိပါတယ်။  အခွန်သက်သာခွင့်ရဖို့ လျှောက်လွှာတင်ရတဲ့  စာရွက်စာတမ်း ကိစ္စတွေလည်းရှိပါသေးတယ်။
(ဒါပေမဲ့ ကုမ္ပဏီဝန်ထမ်းတွေအတွက်
"One-Stop System" ဆိုတာ ရှိပြီး အလွန်လွယ်ကူပါတယ်)။ 

လူသုံးများပြီးအသုံးပြုရလွယ်သော Furusato Nozei
App များနှင့် ဝဘ်ဆိုက်များကို ပြောပြသွားပါမယ်။
ဂျပန်လူမျိုးတွေရော နိုင်ငံခြားသားတွေပါ အသုံးများတဲ့ App/Website တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

• Rakuten Furusato Nozei (楽天ふるさと納税): Rakuten Point တွေ ရနိုင်တဲ့အတွက် အလွန်တန်ပါတယ်။ Rakuten ကတ် သုံးသူတွေအတွက် အထူးသင့်လျော်ပါတယ်။

• Satofull (さとふる): အသုံးပြုရ လွယ်ကူပြီး
ပစ္စည်းပို့ဆောင်မှု မြန်ဆန်ပါတယ်။ App ကနေတဆင့် အလွယ်တကူ လုပ်ဆောင်နိုင်ပါတယ်။

• Furunavi (ふるなび): Amazon Gift Card သို့မဟုတ် Furunavi Coin တွေ ပြန်အမ်းပေးလေ့ရှိတဲ့အတွက် နာမည်ကြီးပါတယ်။

Furusato Nozei ဟာ ဂျပန်မှာ နေထိုင်အခွန်ဆောင်နေသူတွေအတွက် "အခွန်ကို လက်ဆောင်ပစ္စည်းအဖြစ် ပြောင်းလဲလိုက်တဲ့ နည်းလမ်း" ဖြစ်တာကြောင့်
ပထမဆုံးအကြိမ်မှာ နည်းနည်း ရှုပ်ထွေးတယ်လို့
ထင်ရပေမမယ့်၊ တကယ်တမ်း လုပ်ကြည့်ရင်
သိပ်မခက်ခဲပါဘူး။

တစ်နှစ်ဝင်ငွေ ယန်း ၃ သန်း (ယန်းသောင်း၃၀၀) ဝန်းကျင်ရှိသူတစ်ယောက်အတွက် Furusato Nozei လုပ်နိုင်မယ့် အများဆုံးပမာဏ (寄付限度額) ခန့်မှန်းခြေကို တွက်ချက်ပေးလိုက်ပါတယ်။

ဒီပမာဏဟာ အိမ်ထောင်ရေးအခြေအနေ (လူလွတ်လား၊ အိမ်ထောင်သည်လား၊ မှီခိုသူရှိလား) ဆိုတဲ့အပေါ် မူတည်ပြီး ကွာခြားသွားပါလိမ့်မယ်။

အိမ်ထောင်မရှိ လူပျိုလူလွတ်တယောက် 
တစ်နှစ်ဝင်ငွေ သောင်း ၃၀၀ ယန်း ဝန်းကျင် 
ရှိတဲ့ သူတယောက်အနေနဲ့ အများဆုံး Furusato Nozei လှူဒါန်းပြုလုပ်နိုင်မည့် အများဆုံးပမာဏ မှာ ၂၈,၀၀၀ ယန်း (28,000 JPY)ဖြစ်ပါတယ်။ 

ထိုပမာဏထဲတွင် လင်ဆောင်ပစ္စည်းဖိုးအတွက် အမှန်တကယ် ကုန်ကျစရိတ်(自己負担額) ယန်း (2,000 ယန်း)နှင့်  အခွန်သက်သာခွင့်ရရှိမည့်ပမာဏ (控除額) (26,000 ယန်း) တို့ ဖြစ်ပါတယ်။

ယန်း2,000 လောက်ကိုပဲ စိုက်ထုတ်ရပြီး
ကျန်တဲ့ငွေက အခွန်ထဲက ပြန်နှုတ်ပေးမှာဆိုတော့ အတော်လေး မဆိုးဘူးလို့ ပြောလို့ရပါတယ်။
အကယ်၍ အခြားသော အခွန်လျှော့ပေါ့ခွင့်များ (ဥပမာ - အိမ်ရာချေးငွေ Life Insurance သို့မဟုတ် ဆေးဖိုးဝါးခလျှော့ပေါ့ခွင့်များ) ရှိနေပါက အခုတွက်ချက်ပြထားသော ပမာဏသည် အနည်းငယ် ပြောင်းလဲနိုင်ပါတယ်။

အာလုံး အဆင်ပြေ လွတ်မြောက်နိုင်ကြပါစေ:)
zin myo @ eric
2025/12/23(Tues)

21/12/2025

Tokyo App ဖြင့် "ယန်း 11,000"ပွိုင့်ရယူနည်း

Tokyo App ဖြင့် "ယန်း ၁၁,၀၀၀" တန်ဖိုးရှိ ပွိုင့်များ ရယူနည်းညီအစ်ကိုမောင်နှမများအားလုံး မင်္ဂလာပါ။ တိုကျိုမြို့တော်အစိုး...
17/12/2025

Tokyo App ဖြင့် "ယန်း ၁၁,၀၀၀" တန်ဖိုးရှိ
ပွိုင့်များ ရယူနည်း

ညီအစ်ကိုမောင်နှမများအားလုံး မင်္ဂလာပါ။

တိုကျိုမြို့တော်အစိုးရသည် ကုန်ဈေးနှုန်းကြီးမြင့်မှုကို ကုစားရန်အတွက် တိုကျိုတွင်နေထိုင်သူ
အသက် ၁၅ နှစ်နှင့်အထက် လူတိုင်းကို
"ယန်း ၁၁,၀၀၀" တန်ဖိုးရှိ ပွိုင့်များ
ပေးအပ်မည်ဟု ကြေညာထားပါတယ်။
(ကနဦး သတ်မှတ်ထားသော ၇,၀၀၀ ပွိုင့်အပြင်၊
မြို့နေလူထုနေထိုင်မှုကိုအားပေးပံ့ပိုးမှု
အနေဖြင့် ထပ်တိုး ၄,၀၀၀ ပွိုင့်
ပေးဦိးမှာဖြစ်ပါတယ်။)

ပွိုင့်များကို ရယူရန်အတွက် "Tokyo App" ကို အမြန်ဆုံး မဖြစ်မနေ ထည့်သွင်းထားလဖို့ လိုပါတယ်။ နောက်အပတ်မှာ စတင်မယ့် စမ်းသပ်ကာလတွင် ကနဦးပါဝင်ခြင်းဖြင့် နောက်ထပ် ပွိုင့် ၅၀၀ ကိုလည်း ရယူနိုင်ပါလိမ့်မယ်။

ရလာမယ့် ပွိုင့်များ (Tokyo Point) ကို - d Point, auPAY, Mercari Point, Rakuten Pay, V Point တို့နှင့် လဲလှယ်အသုံးပြုနိုင်ပါတယ်။

အရင်ဆုံး ပွိုင့် ၅၀၀ ရယူနိုင်မည့် နောက်ဆုံးအဆင့်
စိစစ်ခြင်း အစီအစဉ်ကို ၂၀၂၅ ခုနှစ်၊
ဒီဇင်ဘာလ ၁၅ ရက် (တနင်္လာ) ၁၃:၀၀ မှ
၂၆ ရက် (သောကြာ) ၁၈:၀၀ အထိ
သတ်မှတ်ထားပါတယ်။

စနစ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်း ရည်ရွယ်ချက်တွင်
ပူးပေါင်းပါဝင်သူများကို ၅၀၀ ပွိုင့် ပေးအပ်သွားမယ် ပြောပါတယ်။ တိုကျိုတွင် နေထိုင်ကြောင်း စာရင်းသွင်းထားသူ (အသက် ၁၅ နှစ်နှင့်အထက်)တိုင်း ပါဝင်နိုင်ပါတယ်။

လူဦးရေ ကန့်သတ်ချက် ပြည့်သွားပါက အစီအစဉ်
စောစီးစွာ ပြီးဆုံးသွားနိုင်သဖြင့် အမြန်ဆုံး
ပြင်ဆင်ထားဖို့ သတိပြုပါ။

ဒီကမ်ပိန်းမှာ ပါဝင်ရန် လိုအပ်သောအရာများ
1. စမတ်ဖုန်း (iPhone iOS 16 နှင့်အထက် / Android 11 နှင့်အထက်)
2. Tokyo App (တိုကျိုအက်ပ်)
3. Digital Authentication App (ဒီဂျစ်တယ်အေဂျင်စီ၏ အက်ပ်)
4. My Number Card (သက်တမ်းရှိ မိုင်နံပါတ်ကဒ်)
5. လျှို့ဝှက်နံပါတ် ၂ ခု (ဂဏန်း ၄ လုံးစီ)
စတဲ့အချက်များကို ကြိုတင်ပြင်ဆင်ထားပြီး
အောက်ပါအတိုင်း အဆင့်အဆင့်လိုက်ပါ
လုပ်ဆောင်ကြည့်ပါ။

အဆင့် (၁) Tokyo App ကို အကောင့်ဖွင့်ပါ
1. Tokyo App ကို ဒေါင်းလုဒ်လုပ်ပြီး ဖွင့်ပါ။
2. "New Registration (新規登録)" ကို နှိပ်ပါ။
3. အီးမေးလ်နှင့် စကားဝှက် (Password) ထည့်ပြီး "Send" နှိပ်ပါ။
4. အီးမေးလ်တွင် ရောက်လာသော ကုဒ်ကို ထည့်သွင်းပြီး အတည်ပြုပါ။
5. ဖုန်းနံပါတ်ဖြင့် SMS အတည်ပြုခြင်း (SMS authentication) ပြုလုပ်ပါ။
6. အမည်၊ ဖို/မ နှင့် အချက်အလက်များကို
ဖြည့်သွင်းပြီး မှတ်ပုံတင်ခြင်း ပြီးဆုံးပါမည်။

အဆင့် (၂) Digital Authentication App (デジタル認証アプリ) နှင့် မိုင်နံပါတ်ကဒ် ချိတ်ဆက်ပါ
1. "Digital Authentication App (デジタル認証アプリ)" ကို ဒေါင်းလုဒ်လုပ်ပါ။
2. အက်ပ်ကို ဖွင့်ပြီး "Start" ကို နှိပ်ပါ၊ စည်းကမ်းချက်များကို သဘောတူပါ။
3. ဖုန်း၏ Face ID သို့မဟုတ် လက်ဗွေစနစ် အသုံးပြုခွင့် ပေးပါ။
4. မိုင်နံပါတ်ကဒ်ကို ပြင်ဆင်ပြီး လျှို့ဝှက်နံပါတ် (ဂဏန်း ၄ လုံး) ရိုက်ထည့်ပါ။
5. စမတ်ဖုန်းဖြင့် မိုင်နံပါတ်ကဒ်ကို ဖတ်ပြီး (Scan) မှတ်ပုံတင်ခြင်း အဆုံးသတ်ပါ။
၁၂ လပိုင်း ၁၅ ရက်နေ့တွင် စတင်မည့် စိစစ်ခြင်း
အခုကမ်ပိန်းအစီအစဉ်အတွက် Tokyo App မှတစ်ဆင့် Digital Authentication App ဖြင့် ကာယကံရှင်
ကိုယ်တိုင်ဖြစ်ကြောင်းကို သေချာချိတ်ဆက်
အတည်ပြုထားရပါမယ်။

ကဲ.... အခွန်တွေ၊ အာမခံတွေလည်း မဖြစ်မနေဆောင်နေရသလို ရစရာရှိတာတွေကိုလည်း ရယူနိုင်အောင် အခုကတည်းက ကြိုတင်ပြင်ဆင်
လုပ်ဆောင်ထားကြဖို့ အသိပေးပြောပြလိုက်ပါတယ်။

အာလုံး အဆင်ပြေ လွတ်မြောက်နိုင်ကြပါစေ:)
zin myo @ eric
2025/12/17(Wed)

住所

大谷田1
Adachi-ku, Tokyo
1200001

電話番号

+818078943021

ウェブサイト

アラート

Tokyo Myanmar Homiesがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

Tokyo Myanmar Homiesにメッセージを送信:

共有する