M M K G ဓာတ်ပုံလှလှလေးတွေရိုက်ဖို့စိတ်ကူးရှိသူတိုင်းMMKGဆီမှာဖန်တီးပုံဖော်ဖို့ Page လေးမှဖိတ်ခေါ်ပါတယ်ဗျာ 😊

သင်္ကြန်….📸
19/04/2026

သင်္ကြန်….📸

15/03/2026

💦မင်္ဂလာပါ💦
နှစ်စဉ်နှစ်တိုင်းကျင်းပနေတဲ့ Federal တန်ခူးkyushuသင်္ကြန်ကိုလာမဲ့ (၄)လပိုင်း(၁၂)ရက်နေ့တွင် Sagaမြို့Tosuပန်းခြံမှာကျင်းပသွားမှာဖြစ်ပါတယ်။

💦အဆိုပါပွဲလေးတွင် မြန်မာ့ရိုးရာယိမ်းအကများ ခေတ်ပေါ်အဆိုအကများအပြင် အနုပညာရှင်များကလည်းပါဝင်ဖျော်ဖြေပေးသွားမှာဖြစ်ပါတယ်

💦နှစ်စဉ်နှစ်တိုင်းရောင်းမလောက်အောင်အားပေးကြသောမြန်မာအစားအစာများ၊မြန်မာရိုးရာအစားအစာများ၊ မြန်မာ့ရိုးရာအမှတ်တရပစ္စည်းများကိုလည်း ရောင်းချသွားမှာဖြစ်ပါတယ်။

💦ဒါ့အပြင်ပျော်ရွှင်စိတ်ဝင်စားစရာကောင်းသောမြန်မာ့ရိုးရာကစားနည်းများလည်းထည့်သွင်းပေးသွားမှာဖြစ်ပါတယ်

💦online လက်မှတ်ဝယ်ယူသူတွေအတွက်ရင်ခုန်စရာကောင်းတဲ့ကံစမ်းမဲများအပြင်

💦တစ်မူထူးခြားတဲ့အစီအစဉ်လေးကတော့ ပွဲလာသူတွေအတွက်ရေကစားစရာနေရာလေးပါရှိမှာဖြစ်ပါတယ်။

💦ထို့အပြင် (3)လပိုင်း(28)ရက်နေ့ဟာ (2025)ခုနှစ် မြန်မာနိုင်ငံတွင်ဖြစ်ပွါးခဲ့သော မြေငလျင်တွင် အသက်ဆုံးရှုံးသွားခဲ့သောပြည်သူများနှင့် မြန်မာ့အရေးကိစ္စများ၌အသက်ပေးသွားခဲ့ရသော ပြည်သူများအတွက် အေးချမ်းပါစေရန် ဆုတောင်းမေတ္တာပို့သ​သောအစီအစဉ်တစ်ရပ်ကိုလည်းပြုလုပ်သွားမည်ဖြစ်ပါသည်။

💦အမိမြေနှင့်ဝေးကွာနေသောပြည်ပရောက်မြန်မာလူငယ်များအတွက် ယခုပွဲလေးမှ တစ်နေ့တာဖြစ် ဖြစ်၊တစ်ခဏတာဖြစ်ဖြစ် နွေးထွေးသောမိသားစု ပတ်ဝန်းကျင်လေးကို ရရှိခံစားခွင့်ရသွားမည်ဆိုလျှင် ကျွန်တော်တို့အားလုံး၏ကြိုးစားလုပ်ကိုင်ထားရသည့် စိတ်နှင့်ခန္ဓာပင်ပန်းခဲ့မှုများရှိခဲ့လျှငိတောင် ပင်ပန်းရကျိုးတကယ်နပ်ပါသည်။

💦ဒါကြောင့်အားလုံးဘဲလာရောက်ပါဝင်ဆင်နွှဲဖို့ဖိတ်ခေါ်လိုက်ပါသည်။ Federal Myanmar - Japan@topfans

Thailand 🇹🇭 ကျနော်ရဲ့အမြင်လေး ထိုင်းမြေက
09/03/2026

Thailand 🇹🇭
ကျနော်ရဲ့အမြင်လေး ထိုင်းမြေက

Miyazaki🇯🇵 မဟုတ်တဲ့ Thailand 🇹🇭 ပါ
09/03/2026

Miyazaki🇯🇵 မဟုတ်တဲ့ Thailand 🇹🇭 ပါ

Kyushu-Tosu သင်္ကြန် ပွဲမှာရင်ခုန်စွာဖြင့်စောင့်မျှော်အားပေးကြရမဲ့အနုပညာရှင်ကြယ်တစ်ပွင့်!!!သူ့နာမည်က John Derek!!! တော်လ...
07/03/2026

Kyushu-Tosu သင်္ကြန် ပွဲမှာရင်ခုန်စွာဖြင့်စောင့်မျှော်အားပေးကြရမဲ့အနုပညာရှင်ကြယ်တစ်ပွင့်!!!

သူ့နာမည်က John Derek!!! တော်လှန်ရေးစဖြစ်စဉ်ကတည်းကမြန်မာ့အရေးမှာလူငယ်တစ်ဦးအနေနဲ့အနုပညာဖြင့်ကျရာနေရာမှာတက်ကြွစွာလှုပ်ရှားခဲ့သူ!!!

ကိုယ်ပိုင်ဂီတသံစဉ်တွေဖန်တီးတီထွင်နိုင်ယုံမကပင်ကိုယ်ရုပ်ရည်နှင့်ဆွဲဆောင်မှုရှိသော တက်သစ်စလူငယ်အနုပညာရှင်အဆိုတော်!!!

(၂၀၂၁)ခုနှစ်စစ်အာဏာသိမ်းခံရတဲ့အချိန် မတရားသဖြင့်ဖိနှိပ်ချုပ်ချယ်မှုအောက်မှာရှိသောဘဝများစွာအတွက်တွန်းလှန်တိုက်ခိုက်ရင်း အနာဂတ်အိပ်မက်တွေအတွက်လက်လွှတ်ခဲ့ရသောမျိုးဆက်သစ်လူငယ်—-John Derek!!!

လှပတဲ့အနုပညာစစ်ဆိုတာပြည်သူမှပြည်သူသို့ပိုမိုသိမြင်ခံစားနိုင်ရန်John Derek ၏ အနုပညာတီထွင်ဖန်တီးမှုတွေကို Kyushuလူငယ်ပရိတ်သတ်တွေအတွက် Tosu သင်္ကြန် ပွဲမှာဂုဏ်ယူစွာဖြင့်တင်ဆက်ပေးသွားမှာဖြစ်ပါသည်။

သို့ဖြစ်ပါ၍ John Derek၏ ပထမဆုံးပွဲဦးထွက်ဖျော်ဖြေမှုမှာ အနုပညာစစ်ကိုချစ်မြတ်နိုးအားပေးသောပြည်ပရောက်လူငယ်များမှအင်အားအပြည့်ဖြင့်လာရောက်ဝန်းရံအားပေးဖို့ဖိတ်ခေါ်လိုက်ပါသည်။

(၄)လပိုင်း(၁၂)ရက်နေ့ Kyushuရဲ့Tosuသင်္ကြန် ပွဲကိုပါဝင်ဆင်နွှဲမည့် အနုပညာတေးသံရှင်က အမျိုးသားတေးသံရှင် (သို့) အမျိုးသမီးတ...
06/03/2026

(၄)လပိုင်း(၁၂)ရက်နေ့ Kyushuရဲ့Tosuသင်္ကြန် ပွဲကိုပါဝင်ဆင်နွှဲမည့် အနုပညာတေးသံရှင်က အမျိုးသားတေးသံရှင် (သို့) အမျိုးသမီးတေးသံရှင် ဘယ်သူလေးများဖြစ်မလဲ???💦💦💦🥰
သေချာတာကတော့အရမ်းကိုသဘောကောင်းပြီးခပ်မိုက်မိုက်စတိုင်လ် အသံအရမ်းကောင်းသောလေးမို့ Kyushuပရိတ်သတ်တွေအရမ်းသဘောကျပြီး ကျေနပ်အားရမဲ့သင်္ကြန်ပွဲလေးနော်💦💦💦🥰
အဲ့တော့ ဒီနှစ်သင်္ကြန် Kyushu-Tosuမြို့မှာအပြီကဲဖို့ခွင့်ရက်လေးတွေယူထားဖို့မမေ့နဲ့နော်💦💦💦🥰
်ခူးKyushyသင်္ကြန်

"မြန်မာဆန်ဆန် ယဉ်ယဉ်လေးနဲ့ တည်ဆောက်မယ့် နှစ်ယောက်တစ်ဘဝ... ✨🇲🇲ရိုးရာဝတ်စုံလေးတွေနဲ့ တင့်တယ်နေတဲ့ မောင်နှံတို့ရဲ့ အပြုံးတွ...
03/03/2026

"မြန်မာဆန်ဆန် ယဉ်ယဉ်လေးနဲ့ တည်ဆောက်မယ့် နှစ်ယောက်တစ်ဘဝ... ✨🇲🇲

ရိုးရာဝတ်စုံလေးတွေနဲ့ တင့်တယ်နေတဲ့ မောင်နှံတို့ရဲ့ အပြုံးတွေဟာ ကြည့်ရသူတိုင်းကို အေးချမ်းစေပါတယ်။ ထာဝရလက်တွဲခိုင်မြဲစေဖို့ ဒီပုံရိပ်လွှာလေးတွေနဲ့ သက်သေထူလိုက်ပါတယ်... ❤️📸"

"ဂျပန်ရိုးရာ ကီမိုနိုဝတ်စုံနဲ့အတူ ထာဝရတည်မြဲမယ့် အချစ်ရဲ့ သက်သေများ... ✨🇯🇵ယဉ်ကျေးမှု ရိုးရာအလှတရားတွေ ကြားမှာ ပုံဖော်ထား...
02/03/2026

"ဂျပန်ရိုးရာ ကီမိုနိုဝတ်စုံနဲ့အတူ ထာဝရတည်မြဲမယ့် အချစ်ရဲ့ သက်သေများ... ✨🇯🇵

ယဉ်ကျေးမှု ရိုးရာအလှတရားတွေ ကြားမှာ ပုံဖော်ထားတဲ့ မောင်နှံတို့ရဲ့ မင်္ဂလာဦး အမှတ်တရပုံရိပ်လွှာတွေဟာ ကြည့်လိုက်တိုင်း စိတ်ချမ်းမြေ့စရာ ကောင်းနေမှာပါ။ 📸❤️"

"ရွှေရောင်အလင်းတန်းတွေကြားက နွေးထွေးတဲ့ အမှတ်တရ... ✨❤️အချစ်ရဲ့ အရောင်အသွေးတွေကို အနုပညာမြောက်တဲ့ Color Grading လေးတွေနဲ့...
28/02/2026

"ရွှေရောင်အလင်းတန်းတွေကြားက နွေးထွေးတဲ့ အမှတ်တရ... ✨❤️

အချစ်ရဲ့ အရောင်အသွေးတွေကို အနုပညာမြောက်တဲ့ Color Grading လေးတွေနဲ့ ပေါင်းစပ်ပြီး တစ်သက်တာ အမှတ်တရဖြစ်အောင် ဖန်တီးပေးထားပါတယ်။ ပုံလေးတွေကို ကြည့်လိုက်တာနဲ့ အဲ့ဒီနေ့က ပျော်ရွှင်မှုတွေကို ပြန်လည် ခံစားရစေမှာပါ..."

"အချစ်က လှပတဲ့ အရာတွေကို ဖန်တီးပေးနိုင်တယ်ဆိုတာ ဒီပုံရိပ်လေးတွေက သက်သေပါပဲ။ ❤️"📸
27/02/2026

"အချစ်က လှပတဲ့ အရာတွေကို ဖန်တီးပေးနိုင်တယ်ဆိုတာ

ဒီပုံရိပ်လေးတွေက သက်သေပါပဲ။ ❤️"

📸

06/11/2025

住所

Kurume-shi, Fukuoka

アラート

M M K Gがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する

カテゴリー