DigitalOffice360

  • Home
  • DigitalOffice360

DigitalOffice360 Digital Learning Hub! Multimedia Online Class
(3)

ဒီဂျစ်တယ်နယ်ပယ်ထဲမှာ အလုပ်လုပ်ကိုင်နေကြသူများ၊ ဖျော်ဖြေရေးနဲ့ အွန်လိုင်းစီးပွားရေးကို စတင်အခြေချလိုသူများရဲ့ အခက်အခဲများနဲ့ လိုအပ်တဲ့ ကွန်ပြူတာဆိုင်ရာ Software နည်းပညာများကို အကူညီပေးရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ထားခြင်းဖြစ်ပါတယ်။

အမေ့အိမ်ရောက်တုန်း ဖွမိခဲ့တဲ့ အဖေ့ရဲ့စာအုပ်စင်..
16/07/2026

အမေ့အိမ်ရောက်တုန်း ဖွမိခဲ့တဲ့ အဖေ့ရဲ့စာအုပ်စင်..

ဒီဇိုင်းတခုကို Cutter နဲ့ ဖြတ်လိုက်တာ အတွင်းစာသားတွေ ပြတ်ပါသွားတယ်ဆိုရင်..❗️အမှားသေးသေးလေးအတွက် အရင်းနှီးကြီးကြီး ပေးလို...
11/07/2026

ဒီဇိုင်းတခုကို Cutter နဲ့ ဖြတ်လိုက်တာ အတွင်းစာသားတွေ ပြတ်ပါသွားတယ်ဆိုရင်..❗️
အမှားသေးသေးလေးအတွက် အရင်းနှီးကြီးကြီး ပေးလိုက်ရတာပါပဲ..

ပုံနှိပ်ဖို့ရည်ရွယ်ပြီး စာအုပ်ဒီဇိုင်းတွေ ဖန်တီးတဲ့အခါ၊ ဒီလိုအမှားမျိုး မဖြစ်အောင် Adobe InDesign ထဲမှာ "Bleed" နဲ့ "Margin" ကို သုံးပြီး ကြိုတင်ကာကွယ်နိုင်ပါတယ်။

✅ Bleed

ဒီဇိုင်းမှာ စာမျက်နှာအပြည့် သုံးထားတဲ့ နောက်ခံအရောင်တွေ၊ ဂရပ်ဖစ်တွေကို စာမျက်နှာရဲ့ အပြင်ဘက်ထိ ကျော်လွန်ရေးဆွဲဖို့ အပိုဆောင်း သတ်မှတ်တာကို Bleed လို့ ခေါ်ပါတယ်။ Bleed သတ်မှတ်ထားခြင်းကြောင့် စာရွက်တွေကို Cutter နဲ့ တညီထဲဖြစ်အောင် ဖြတ်တဲ့အခါ၊ သတ်မှတ် marker ထက် အနည်းငယ် ပိုဖြတ်မိသွားခဲ့မယ်ဆိုရင်တောင် စာရွက်ရဲ့မူလအဖြူသားက ပေါ်လာတာမျိုး မဖြစ်တော့ပါဘူး။
အထူးသဖြင့် ကာဗာစာမျက်နှာတွေလို စာမျက်နှာအပြည့် အရောင်တွေ ပုံတွေ သုံးထားတယ်ဆိုရင် Bleed ထားပေးရပါမယ်။

▸ ပုံမှန်အားဖြင့် Bleed ကို 3mm (ဒါမှမဟုတ် 0.125 inch) အမြဲ ချန်ပေးရပါတယ်။
▸ InDesign မှာ Document အသစ်ယူကတည်းက Bleed Setting မှာ 3mm ထည့်ပေးထားရုံပါပဲ။ နောက်ခံအရောင်နဲ့ ပုံတွေကိုတော့ Bleed line အထိရောက်အောင် ဆွဲပေးထားရပါမယ်။

✅ Margin

စာအုပ်ထဲက စာသားတွေ၊ ပုံတွေဖော်ပြ ရေးသားဖို့ နယ်နိမိတ် သတ်မှတ်ထားတာကို Margin လို့ခေါ်ပါတယ်။ အရေးကြီးတဲ့ စာသားတွေ၊ Logo တွေနဲ့ Graphic တွေအားလုံးကို Margin အတွင်းထဲမှာပဲ ရှိနေခြင်းအားဖြင့် ဖြတ်တောက်တဲ့အခါ မတော်တဆ ပြတ်ပါသွားတာမျိုး မဖြစ်တော့ပါဘူး။ တနည်းအားဖြင့် Safe zone လို့လဲ ခေါ်ပါတယ်။

▸ Margin သတ်မှတ်တဲ့အခါ စာမျက်နှာအနားစွန်းနဲ့ အရမ်းကပ်ပြီး မထားပါနဲ့။
▸ Margin ကို အနည်းဆုံး 12.7mm (0.5 inch) လောက် ခွာထားပေးရပါမယ်။

💡 မှတ်မိလွယ်အောင်

▸ Bleed က ပုံနှိပ်စက္ကူရဲ့ အပြင်ဘက်ကို ကျော်ပြီး ဆွဲရမှာဖြစ်ပြီး၊
▸ Margin ကတော့ စာသားတွေ အန္တရာယ်ကင်းဖို့ စာမျက်နှာရဲ့ အတွင်းဘက်မှာ ရှိနေရမှာဖြစ်ပါတယ်။

InDesign မှာ ပရောဂျက် စလုပ်ကတည်းက ဒီအချက်နှစ်ချက်ကို စနစ်တကျ ချိန်ထားခဲ့မယ်ဆိုရင် Cutter ကြောင့် ကိုယ့်ဒီဇိုင်းပျက်စီးနိုင်မလားဆိုတာကို လုံးဝ စိတ်ပူနေစရာမလိုတော့ပါဘူး။

InDesign မှာ အခုလိုမျိုး အမှားအယွင်းတွေ မဖြစ်အောင် အခြေခံကနေ အသေးစိတ် စနစ်တကျလေ့လာနိုင်မယ့် "𝗜𝗻𝗗𝗲𝘀𝗶𝗴𝗻 𝗠𝗔𝗦𝗧𝗘𝗥 𝗖𝗹𝗮𝘀𝘀" အွန်လိုင်း သင်တန်းကို အခုပဲ JOIN လို့ရပါပြီ။

မိတ်ဆွေတို့ကော Printing အပ်တဲ့အခါ ဘယ်လိုမျိုး အမှားအယွင်းတွေ ကြုံဖူးကြသေးလဲ..?

ဒီဇိုင်းလဲပြီးသွားရော ဒီဇိုင်းထဲကပုံတွေ ဝါးနေတယ်ဆိုတာ..💡 ‎ Design တခု လှလှပပ ထွက်လာဖို့ ဓါတ်ပုံတွေအပြင် အခြားသော Element...
10/07/2026

ဒီဇိုင်းလဲပြီးသွားရော ဒီဇိုင်းထဲကပုံတွေ ဝါးနေတယ်ဆိုတာ..💡

Design တခု လှလှပပ ထွက်လာဖို့ ဓါတ်ပုံတွေအပြင် အခြားသော Elements တွေ Text(စာသား) တွေကိုပါ ပေါင်းစပ်ဖန်တီးရပါတယ်။

ဒါတွေကို Photoshop ရဲ့ Canvas ပေါ်မှာ အကြိမ်ကြိမ် ချုံ့လိုက် ချဲ့လိုက်နဲ့ ကြည့်ကောင်းအောင်၊ နေရာတကျဖြစ်အောင် ချိန်ညှိရင်း ပုံတွေ ကွာလတီကျပြီး ဝါးလာတယ်ဆိုရင်တော့ မိတ်ဆွေက Layers တွေကို ကိုင်တွယ်တာ နည်းစနစ်မကျသေးလို့ဖြစ်ပါတယ်။

ဒီပြဿနာကို Photoshop ရဲ့ "𝗦𝗺𝗮𝗿𝘁 𝗢𝗯𝗷𝗲𝗰𝘁" လုပ်ဆောင်ချက်က လုံးဝဖြေရှင်းပေးပါလိမ့်မယ်။

✅ 𝗦𝗺𝗮𝗿𝘁 𝗢𝗯𝗷𝗲𝗰𝘁 ဆိုတာ ဘာလဲ..?

ရိုးရိုးရှင်းရှင်း ပြောရရင်တော့ Smart Object ဆိုတာ သာမန် Layer တစ်ခုကို "အကာအကွယ်ဗူးလေး" တစ်ခုထဲ ထည့်ပေးလိုက်သလိုပါပဲ။ ဒီဗူးလေးထဲမှာ မူရင်းပုံရဲ့ Quality နဲ့ Data တွေ အကုန်လုံးကို သိမ်းထားပေးထားပါတယ်။

ဒါကြောင့် ရိုးရိုး Layer ကို Smart Object ပြောင်းလိုက်တာနဲ့ Photoshop ထဲမှာ ဘယ်လိုပဲ ချုံ့ချုံ့၊ ချဲ့ချဲ့ မူရင်း Quality လုံးဝ မထိခိုက်အောင် ကာကွယ်ပေးထားပါတယ်။

✅ 𝗦𝗺𝗮𝗿𝘁 𝗢𝗯𝗷𝗲𝗰𝘁 ကို ဘာကြောင့် အမြဲတမ်းသုံးသင့်လဲ..?

🔹 ကွာလတီမပျက်ပဲ ချုံ့/ချဲ့နိုင်ခြင်း (Non-destructive Scaling)

ရိုးရိုး Layer တစ်ခုကို သေးသေးလေးဖြစ်အောင် ချုံ့လိုက်ပြီးမှ စိတ်ကူးပြောင်းလို့ ပြန်ချဲ့ရင် ပုံက ဝါးပြီး မူရင်း ကွာလတီ ပျက်သွားတတ်ပါတယ်။ Smart Object ပြောင်းထားရင်တော့ ပုံကို သေးသေးလေးဖြစ်အောင် ချုံ့ပြီးမှ လိုအပ်သလို ပြန်ချဲ့ရင်တောင် မူလ Quality အတိုင်း လုံးဝမပြောင်းလဲဘဲ ကြည်လင်နေမှာပါ။

🔹 Filter တွေကို စိတ်ကြိုက်ပြန်ပြင်နိုင်ခြင်း (Smart Filters)

ရိုးရိုး Layer မှာ Filter တစ်ခုကို တင်လိုက်ရင် အဲဒီ Layer နဲ့အတူ Filter က ပေါင်းသွားပါတယ်။ မူရင်း layer ကို ပြန်လိုချင်တာပဲဖြစ်ဖြစ် Filter ကို ပြင်ချင်တာပဲဖြစ်ဖြစ် ပြန်ပြင်လို့ မရနိုင်တော့ပါဘူး။
ဒီနေရာမှာ Smart Object ကို သုံးထားရင်တော့ Filter တွေ Effect တွေကို အချိန်မရွေး ပြန်ပြင်နိုင်သလို၊ မကြိုက်ရင်လဲ ပြန်ဖြုတ်နိုင်တဲ့အတွက် မူရင်း Layer မထိခိုက်တော့ပါဘူး။
ပရော်ဖက်ရှင်နယ်တွေကတော့ Smart Object ကို အမြဲသုံးကြပါတယ်။

🔹 အလုပ်ရှုပ်သက်သာပြီး အချိန်ကုန်သက်သာခြင်း

ပုံတစ်ပုံထဲကိုပဲ မတူညီတဲ့ အခြား Design တွေမှာပါ သုံးရတဲ့အခါ၊ မူရင်းပုံရဲ့ Smart Object ထဲမှာ သွားပြင်လိုက်တာနဲ့ ကျန်တဲ့ Layer တွေမှာပါ Auto လိုက်ပြောင်းသွားပါတယ်။
ဒါကြောင့် တခုခြင်းစီကို လိုက်ပြင်နေစရာမလိုတော့တဲ့အတွက် အလုပ်အရမ်းမြန်စေပါတယ်။

✅ 𝗦𝗺𝗮𝗿𝘁 𝗢𝗯𝗷𝗲𝗰𝘁 ဘယ်လိုပြောင်းရမလဲ..?

အရမ်းကိုလွယ်ပါတယ်..။
ပြောင်းချင်တဲ့ Layer ပေါ်မှာ "Right Click" ထောက်ပြီး "Convert to Smart Object" ဆိုတာလေးကို နှိပ်ပေးရုံပါပဲ။ Layer ပုံလေးရဲ့ ညာဘက်အောက်ထောင့်မှာ Icon လေး ပေါ်လာရင် ရပါပြီ။

ကဲ... ဒါဆိုရင်တော့ Smart Object ရဲ့ အသုံးဝင်ပုံတွေကို သိလောက်ပြီလို့ ထင်ပါတယ်။
ရောင်းရင်းတို့ရော Photoshop မှာ Smart Object ကို သုံးဖြစ်ကြလား..?

❗️Photoshop ကို အခြေခံကနေစပြီး စနစ်တကျ တတ်မြောက်ချင်တယ်ဆိုရင်တော့ "𝗣𝗛𝗢𝗧𝗢𝗦𝗛𝗢𝗣 𝗠𝗔𝗦𝗧𝗘𝗥 𝗖𝗟𝗔𝗦𝗦" online class လေးကို JOIN လို့ရနေပါပြီ❗️

▶️ Photoshop နမူနာသင်ခန်းစာများ ▸ https://tinyurl.com/4jxy4e8c

ဓါတ်ပုံပြင်ရင် Beginners တွေ အများဆုံးလုပ်မိတတ်တဲ့ အမှားများ ဖုန်း App တွေနဲ့ပဲဖြစ်ဖြစ်၊ Photoshop နဲ့ပဲဖြစ်ဖြစ် ဓာတ်ပုံ...
08/07/2026

ဓါတ်ပုံပြင်ရင် Beginners တွေ အများဆုံးလုပ်မိတတ်တဲ့ အမှားများ

ဖုန်း App တွေနဲ့ပဲဖြစ်ဖြစ်၊ Photoshop နဲ့ပဲဖြစ်ဖြစ် ဓာတ်ပုံတွေကို ပြင်ကာစမှာ အတွေ့အကြုံနုသေးတဲ့အတွက် ကိုယ်တိုင်တောင် မသိလိုက်ဘဲ၊ လုပ်မိတတ်တဲ့ အမှားလေးတွေ ရှိပါတယ်။

ဒီနေ့မှာတော့ အဲဒီအမှားလေးတွေကို ရှောင်ပြီး Next Level ကို မြန်မြန်ရောက်အောင် ရှောင်ကျဉ်သင့်တဲ့ အချက်လေး (၅)ချက်ကို ဝေမျှပေးသွားပါမယ်။

✅ အရောင်တွေ အလွန်အကျွံ တင်တာ (Over-saturation)

ဓါတ်ပုံရဲ့ အရောင်တွေ စိုတောက်နေရင် လှတယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် အဲဒါက သဘာဝကျမှုကို ကျော်လွန်နေတဲ့အတွက် တနည်းအားဖြင့် (တောဆန်) တယ်လို့ အားမနာတမ်း ပြောရမှာပါပဲ။
ဥပမာ ဓာတ်ပုံထဲက ပန်းတွေရဲ့အရောင်၊ ကောင်းကင် အပြာရောင်တွေကို ပိုထင်းအောင် Saturation သို့မဟုတ် Vibrance ကို အလွန်အကျွံ တင်လိုက်တာမျိုးပါ။ ရလဒ်ကတော့ သဘာဝကျမနေဘဲနဲ့ မျက်စိကျိန်းစရာ ဖြစ်သွားတတ်ပါတယ်။
ဒါကြောင့်မို့ အရောင်တင်တော့မယ်ဆိုရင် slider လေးတွေကို ဖြည်းဖြည်းချင်းစီ တွန်းရွေ့ပြီး သဘာဝကျကျလေးပဲ တင်ပေးဖို့ လိုပါတယ်။

✅ အသားချော လက်လွန်ခြင်း (Over-smoothing)

ဝက်ခြံတွေ၊ အမည်းစက်တွေ ဖျောက်ချင်တာနဲ့ Skin Smoothing (သို့) Blur tool တွေကို အလွန်အကျွံ သုံးလိုက်တဲ့အခါ နှာတံတွေ၊ ပါးရိုးတွေ စတဲ့ သဘာဝကျကျ ကောက်ကြောင်းတွေ ပျက်စီးသွားပြီး ပြောင်ချောနေတဲ့ ပလပ်စတစ်အရုပ်လို ဖြစ်သွားတတ်ပါတယ်။
မျက်နှာအရေပြားရဲ့ သဘာဝ Texture (အသားအရေအကြမ်းအနု) လေးတွေ ကျန်နေသေးမှ ပုံက ပိုပြီး သဘာဝကျကျ လှပမှာပါ။

✅ Contrast နဲ့ Clarity အလွန်အကျွံ တင်တာ (Heavy Contrast)

ပုံကို ပိုပြီး ထင်ရှားပြတ်သားစေချင်လို့ Contrast နဲ့ Clarity/Dehaze တွေကို အများကြီး ဆွဲတင်လိုက်တာမျိုးပါ။ ဒါက ပုံကို အရမ်း ကြမ်းတမ်းသွားစေရုံတင်မကဘဲ အမှောင်ပိုင်းတွေမှာ Noise တွေ ထွက်လာပြီး ပုံရဲ့အရည်အသွေးကို ထိခိုက်စေပါတယ်။

✅ Original ပုံကို Copy မကူးဘဲ တိုက်ရိုက်ပြင်တာ (Destructive Editing)

ပုံတွေပြင်တဲ့အခါ Beginners တွေအများဆုံး မှားလေ့ရှိကြတာကတော့ မူရင်းပုံပေါ်မှာ တိုက်ရိုက် ပြင်တာပါပဲ။ ဒါက တကယ့် အမှားကြီးပါ။
မူရင်းပုံကို Copy မပွားဘဲ တန်းပြင်လိုက်တဲ့အတွက် တနေရာရာမှာ စိတ်ကြိုက်မဖြစ်လို့ ပြန်ပြင်ချင်ရင် ပြင်ဖို့ မလွယ်တော့ပါဘူး။ ဒါကြောင့် ပုံတွေ ပြင်တော့မယ်ဆိုရင် အရင်ဆုံးလုပ်ရမယ့် အဆင့်က မူရင်းပုံကို Layer ပွားယူရမှာဖြစ်ပါတယ်။ ဒီအလေ့အကျင့်ကောင်းကို မွေးမြူပါ။

✅ ပုံတွေ ဆွေစောင်းနေခြင်း (Bad Composition & Cropping)

နောက်တခုကတော့ ဓာတ်ပုံထဲမှာ (မိုးကုပ်စက်ဝိုင်း) သို့မဟုတ် နောက်ခံမျဉ်းတွေက စောင်းနေတာကို မညှိဘဲနဲ့ ဒီအတိုင်း တင်လိုက်တာမျိုးပါ။ ပြီးတော့ အဓိက Subject ကို ထင်သာမြင်သာရှိအောင် မချန်ဘဲ Crop ကို အလွန်ကျွံ ဖြတ်လိုက်မိတာကလည်း ပုံရဲ့ အလှကို ပျက်စီးစေပါတယ်။

ပုံတစ်ပုံကို ပြင်တဲ့အခါ ‘Less is More’ (နည်းလေ ပိုကောင်းလေ) ဆိုတဲ့ စကားလေးကို အမြဲသတိရပါ။ တွေ့သမျှအရာတွေကို အကုန်လျှောက်ပြင်မယ့်အစား လိုအပ်တာလောက်လေးကိုပဲ သဘာဝကျကျလေးနဲ့ ပြင်ဆင်တာက အကောင်းဆုံးပါပဲ။

အထူးသဖြင့်တော့ Slider တွေကို ကိုင်တွယ်တဲ့အခါ ဟိုဘက် သည်ဘက် အစအဆုံးကို တောက်လျောက် ဆွဲတင်၊ ဆွဲချ မလုပ်ပဲနဲ့ ဖြည်းဖြည်းခြင်း တွန်းရွေ့သွားတာက အလွန်အကျွံ အသုံးပြုမိခြင်းကို ရှောင်ရှားနိုင်ပါလိမ့်မယ်။

မနှေးအမြန် Next Level ရောက်နိုင်ကြပါစေ..

Premiere Pro မှာ Cinematic Look ဖြစ်အောင် ဘယ်လိုချိန်မလဲ..? သူများတင်တဲ့ ဗီဒီယိုတွေ က အရောင်တွေစိုပြီး ရုပ်ရှင်ဆန်ဆန် ဖြ...
07/07/2026

Premiere Pro မှာ Cinematic Look ဖြစ်အောင် ဘယ်လိုချိန်မလဲ..?

သူများတင်တဲ့ ဗီဒီယိုတွေ က အရောင်တွေစိုပြီး ရုပ်ရှင်ဆန်ဆန် ဖြစ်နေတဲ့အချိန်၊ ကိုယ့် ဗီဒီယိုတွေက မွဲခြောက်ခြောက်နဲ့ စွဲဆောင်မှု မရှိလို့ စိတ်မညစ်ပါနဲ့..
ဖုန်းနဲ့ပဲဖြစ်ဖြစ်၊ ကင်မရာနဲ့ပဲဖြစ်ဖြစ် ရိုက်ထားတဲ့ ဗီဒီယိုတွေ ဖြူဖတ်ဖြူရော် ဖြစ်နေတာ၊ အလင်းအမှောင် မမှန်တာတွေက သဘာဝပါပဲ။
ဒါတွေကို Adobe Premiere Pro ရဲ့ Settings လေး (၃)ခုနဲ့ ဖြေရှင်းနိုင်ပါတယ်။

Premiere Pro ထဲက Lumetri Color Panel ကိုဖွင့်ပါ၊ Basic Correction အောက်မှာ အခုပြောမယ့် (၃) ခုကိုချိန်ပေးလိုက်ပါ။

✅ 𝗖𝗼𝗻𝘁𝗿𝗮𝘀𝘁 (အလင်းအမှောင် ကွာခြားချက်)
ဗီဒီယိုတစ်ခုလုံး ဖြူဖျော့ဖျော့ကြီး ဖြစ်နေရင် Contrast ကို နည်းနည်းလေး တင်ပေးလိုက်ပါ။
အလင်းနဲ့အမှောင်ကို သိသိသာသာလေး ကွဲပြားသွားစေတဲ့အတွက် ရုပ်ထွက်က ပိုကျစ်ပြီး ထင်ရှားလာပါလိမ့်မယ်။ သတိထားရမှာတော့ အလင်းအမှောင်တွေ အရောင်တွေကို ကစားတဲ့အခါ ဖြည်းဖြည်းခြင်း ချိန်ညှိပါ။ Contrast ကို အရမ်းတင်မိရင် မှောင်တဲ့အပိုင်းတွေမှာ လုံးဝအမှောင် ပိတ်ပိတ်ကြီးဖြစ်သွားပြီး အသေးစိတ်အချက်အလက်တွေ ပျောက်သွားတတ်ပါတယ်။ ဒါကြောင့် ချင့်ချိန်ပြီး တင်ပေးဖို့ လိုပါတယ်။

✅ 𝗛𝗶𝗴𝗵𝗹𝗶𝗴𝗵𝘁𝘀 (အလင်းအလင်းဆုံး နေရာများ)
ဗီဒီယိုထဲမှာ ကောင်းကင်ကြီးက ဖြူဖွေးလွန်းနေတာမျိုး၊ ဒါမှမဟုတ် လူရဲ့မျက်နှာပေါ်မှာ အလင်းတွေ အရမ်းပြန်နေတာမျိုး ရှိရင် Highlights ကို နည်းနည်း ပြန်လျှော့ချပေးပါ။ ဒါဆိုရင် အလင်းလွန်နေတဲ့နေရာတွေက အသေးစိတ်အချက်အလက် (Details) တွေ ပြန်ပေါ်လာပြီး ကြည့်ရတာ မျက်စိအေးသွားပါလိမ့်မယ်။

✅ 𝗦𝗵𝗮𝗱𝗼𝘄𝘀 (အရိပ်ကျနေတဲ့ နေရာများ)
ဗီဒီယိုထဲက အရိပ်ကျနေတဲ့ အပိုင်းတွေမှာ ပိုပြီး အသေးစိတ် မြင်ရချင်တယ်ဆိုရင် Shadows ကို ဖွင့်ပေးပါ။
ဒါမဟုတ် အရိပ်ပိုင်းကို Cinematic ဆန်တဲ့ အမှောင်ရိပ်မျိုး လိုချင်ရင်တော့ Shadows ကို နည်းနည်းလေး ပြန်လျှော့ပေးလို့ ရပါတယ်။

ဗီဒီယိုရဲ့ မူလအလင်း အခြေအနေအပေါ် မူတည်ပြီး ဒီ Settings (၃)ခုကို လိုအပ်သလို အတင်အလျှော့ လုပ်ပေးလိုက်ရုံနဲ့ ဗီဒီယိုရဲ့ Quality က ရိုက်ထားပြီးကာစထက် သိသိသာသာကြီး ကွာခြားသွားမှာ သေချာပါတယ်။

Adobe Premiere Pro အသုံးပြုပြီး Video Editing, Color Grading နဲ့ Motion Graphic တို့ကို တနေရာထဲမှာ စနစ်တကျလေ့လာချင်တယ်ဆိုရင် “𝗣𝗿𝗲𝗺𝗶𝗲𝗿 𝗣𝗿𝗼 𝗠𝗮𝘀𝘁𝗲𝗿 𝗖𝗹𝗮𝘀𝘀” အွန်လိုင်းသင်တန်းလေးကို Join လို့ ရနေပါပြီ။

စာအုပ်တစ်အုပ်လုံး ပြီးခါနီးမှ "Header ဖောင့်ပြောင်းချင်လို့၊ စာမျက်နှာနံပါတ်တွေ နေရာရွှေ့ချင်လို့ပါ" လို့ အလုပ်အပ်သူက ပြ...
07/07/2026

စာအုပ်တစ်အုပ်လုံး ပြီးခါနီးမှ "Header ဖောင့်ပြောင်းချင်လို့၊ စာမျက်နှာနံပါတ်တွေ နေရာရွှေ့ချင်လို့ပါ" လို့ အလုပ်အပ်သူက ပြောလာရင်..

တကယ်ကို စိတ်ပျက်စရာကောင်းတဲ့ အခိုက်အတန့်ပါပဲ..
စာမျက်နှာ ရာနဲ့ချီတဲ့ စာအုပ်အတွက် Layout Design တခုဆွဲရင် အချိန်ဘယ်လောက် ပေးရတယ်ဆိုတာ Designer တိုင်း သိကြပါတယ်။ အားလုံးပြီးစီးနေတဲ့ အချိန်ရောက်ကာမှာ စာမျက်နှာတွေ အားလုံးကို တပြေးညီဖြစ်အောင် လိုက်ပြင်ဖို့ဆိုတာ တွေးကြည့်တာနဲ့တင် ရူးချင်ပါတယ်။

ဒါပေမဲ့ စိတ်မပူပါနဲ့..
Adobe InDesign မှာ ဒီလိုပြဿနာမျိုးတွေကို တစ်နေရာထဲမှာ ပြင်ပေးလိုက်တာနဲ့ အားလုံးအဆင်ပြေသွားမယ့် သော့လေးတချောင်း ရှိပါတယ်။
အဲဒါကတော့ "Parent Pages" ပါ၊ အရင်ကတော့ Master Pages လို့ ခေါ်ကြပါတယ်။
ဒါကို စနစ်တကျ အသုံးချတတ်ရင် စာမျက်နှာ ဘယ်လောက်များများ စိတ်ပူစရာမလိုတော့ပါဘူး။
"Parent Pages" က ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာ လေ့လာကြည့်လိုက်ရအောင်။

✅ 𝗔𝘂𝘁𝗼𝗺𝗮𝘁𝗶𝗰 𝗣𝗮𝗴𝗲 𝗡𝘂𝗺𝗯𝗲𝗿𝗶𝗻𝗴

စာမျက်နှာနံပါတ်တွေ အလိုအလျောက်တပ်ဖို့ အရမ်းအသုံးဝင်ပါတယ်။ ဒါကိုမသုံးပဲ တမျက်နှာချင်းစီကို လိုက်ရိုက်နေရင် အချိန်ကုန်သလို၊ မှားဖို့ ရာခိုင်နှုန်း အရမ်းများပါတယ်။

Parent Page ပေါ်မှာ Text Box တစ်ခုယူ၊ စာမျက်နှာ နံပါတ်တပ်ချင်တဲ့နေရာမှာ နေရာချပြီးရင် [ 𝙏𝙮𝙥𝙚 > 𝙄𝙣𝙨𝙚𝙧𝙩 𝙎𝙥𝙚𝙘𝙞𝙖𝙡 𝘾𝙝𝙖𝙧𝙖𝙘𝙩𝙚𝙧 > 𝙈𝙖𝙧𝙠𝙚𝙧𝙨 > 𝘾𝙪𝙧𝙧𝙚𝙣𝙩 𝙋𝙖𝙜𝙚 𝙉𝙪𝙢𝙗𝙚𝙧 ]ကို နှိပ်ပြီး တစ်ခါတည်း သတ်မှတ်ထားလိုက်ပါ။ စာအုပ်တစ်အုပ်လုံးမှာ စာမျက်နှာနံပါတ်တွေ အလိုအလျောက် အစီအစဉ်တကျ တပ်သွားပါလိမ့်မယ်။ လိုအပ်လို့ စာမျက်နှာတိုးရင်လဲ စာမျက်နှာနံပါတ်က အလိုလိုပါလာပြီးသား ဖြစ်ပါလိမ့်မယ်။

✅ 𝗛𝗲𝗮𝗱𝗲𝗿 & 𝗙𝗼𝗼𝘁𝗲𝗿 ကို ထိန်းချုပ်ခြင်း

စာအုပ်ရဲ့ အပေါ်ဆုံးနဲ့ အောက်ဆုံးမှာပါလေ့ရှိတဲ့ စာအုပ်အမည်၊ အခန်းခေါင်းစဉ်တွေကို Parent Page ပေါ်မှာပဲ သေချာလေး နေရာချထားလိုက်ပါ။ နောက်ပိုင်းမှာ ဖောင့်ပြောင်းချင်တာဖြစ်ဖြစ်၊ အရွယ်အစား ညှိချင်တာဖြစ်ဖြစ်၊ စာသားပြင်ချင်တာပဲဖြစ်ဖြစ် Parent Page ထဲမှာ ဝင်ပြင်လိုက်ရုံနဲ့ ရှိသမျှ စာမျက်နှာ အားလုံးမှာ စက္ကန့်ပိုင်းအတွင်း တညီထဲ လိုက်ပြောင်းသွားပါလိမ့်မယ်။

✅ 𝗟𝗮𝘆𝗼𝘂𝘁 မျိုးစုံအတွက် အသုံးပြုခြင်း

စာအုပ်တစ်အုပ်ထဲမှာပဲ တချို့စာမျက်နှာတွေက သီးသန့် အနေနဲ့ Layout design မတူတာမျိုး ရှိတတ်ပါတယ်။ ဒီလိုမျိုး ဒီဇိုင်းမတူတဲ့ သီးခြား စာမျက်နှာတွေအတွက် Parent Page (A), Parent Page (B) ဆိုပြီး Multiple Layout ပုံစံမျိုးစုံ ခွဲဆောက်ထားလို့ ရပါတယ်။
ပြီးရင်တော့ ဒီဇိုင်းခွဲချင်တဲ့ စာမျက်နှာပေါ်ကို Drag and Drop ဆွဲချလိုက်ရုံပါပဲ။

✅ သပ်သပ်ရပ်ရပ် ဖြစ်စေမယ့် 𝗚𝗿𝗶𝗱 𝗟𝗶𝗻𝗲 များ

စာမျက်နှာတိုင်းမှာ ပုံတွေ၊ စာတွေက တညီတညာထဲ သပ်သပ်ရပ်ရပ်ရှိဖို့ကလဲ အရမ်းအရေးကြီးပါတယ်။ အဲဒီအတွက် Margin တွေ၊ Column Guideline တွေကို အသုံးပြုပြီး ချိန်ရပါတယ်။
ဒါတွေအားလုံးကို Parent Page ထဲမှာ ကြိုတင်ဆွဲထားလိုက်တယ်ဆိုရင် ကိုယ် layout ဆွဲတဲ့ စာမျက်နှာတိုင်းမှာ ဘောင်ကျော်တာ၊ စာသားတွေ မညီမညာဖြစ်တာမျိုး၊ လုံးဝရှိတော့မှာ မဟုတ်ပါဘူး။

💡 𝗣𝗿𝗼 𝗧𝗶𝗽 💡
Parent Page သုံးထားတဲ့ စာမျက်နှာပေါ်မှာ၊ Parent Page ထဲမှာ ကြိုတင်စီစဉ်ထားတဲ့ စာသား (သို့မဟုတ်)တစ်ခုခုကို ပြင်ချင်၊ ဖျက်ချင်တယ်ဆိုရင်တော့ ကီးဘုတ်ကနေ "Ctrl + Shift" (Mac မှာဆိုရင် "Command + Shift") ကို ဖိပြီး ကလစ်နှိပ်လိုက်ပါ။ Unlock ဖြစ်သွားပြီး မိမိစိတ်ကြိုက် ပြင်ဆင်နိုင်ပါတယ်။

အခုလိုမျိုး စနစ်ကျတဲ့နည်းလမ်းတွေနဲ့ Indesign ကို လေ့လာချင်တယ်ဆိုရင်တော့ ကျနော့ရဲ့ "𝗜𝗻𝗗𝗲𝘀𝗶𝗴𝗻 𝗠𝗔𝗦𝗧𝗘𝗥 𝗖𝗟𝗔𝗦𝗦" online class ကို JOIN လို့ရပါပြီ။
‎ ⠀
ဒီ post လေးကနေ တခုခုသင်ယူလိုက်နိုင်တယ်ဆိုရင် ထပ်ဆင့်ပြန်လည် မျှဝေပေးပါဦး။

▶️ 𝗜𝗻𝗗𝗲𝘀𝗶𝗴𝗻 နမူနာသင်ခန်းစာများ ▸ https://tinyurl.com/2kp5vwvk

Photo Retouch ဆိုတာ စီလီကွန်ရုပ်ပေါက်အောင်လုပ်တာလား..?‎ Photo Retouch လုပ်တဲ့အချိန် မျက်နှာပေါ်က ဝက်ခြံတွေ၊ အစက်ပျောက်တွ...
06/07/2026

Photo Retouch ဆိုတာ စီလီကွန်ရုပ်ပေါက်အောင်လုပ်တာလား..?

Photo Retouch လုပ်တဲ့အချိန် မျက်နှာပေါ်က ဝက်ခြံတွေ၊ အစက်ပျောက်တွေ အဖျောက်လွန်ပြီး အသားတွေ မဟားဒရားချောသွားတဲ့အခါ လူစင်စစ်ကနေ ဆီလီကွန် အရုပ်မလေးတွေ ဖြစ်သွားတတ်ပါတယ်။

နုဖတ် ဥအက်နေတာမှ ကြိုက်တဲ့ ပရိသတ်တွေက သဘောကျကောင်း ကျပေမယ့် တကယ်တော့ Professional ကျကျ Retouch လုပ်တယ်ဆိုတာ အသားအရေရဲ့ သဘာဝအရေးအကြောင်းတွေ၊ ချွေးပေါက် (Skin Texture) တွေကို မပျက်စီးစေဘဲ မလိုအပ်တဲ့ အပြစ်အနာအဆာ (Blemish) တွေကိုပဲ သဘာဝကျကျ ဖျောက်တာကို ပြောတာပါ။

ဒီနေ့မှာတော့ Retouch လုပ်တဲ့အခါမှာ Skin Texture တွေကို မထိခိုက်စေပဲနဲ့ သဘာဝအတိုင်း အလှဆုံးဖြစ်သွားစေမယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးသွားပါမယ်။

✅ Healing Brush Tool ကို နေရာတကျသုံးပါ
အစက်အပျောက်တွေ ဖျောက်ဖို့ Spot Healing Brush တစ်ခုထဲကို အားပြုပြီး သုံးနေတာ အမြဲတမ်းတော့ အဆင်မပြေနိုင်ပါဘူး။ လိုအပ်ရင် ရိုးရိုး Healing Brush ကို ပြောင်းသုံးသင့်ပါတယ်။
Healing Brush နဲ့ အနီးနားက အသားအရေကောင်းတဲ့ Texture ကို (Alt ခလုတ်နှိပ်ပြီး) Source ယူပါ။ ပြီးမှ ဝက်ခြံ၊ အစက်ပြောက် ရှိတဲ့နေရာကို ဖြည်းဖြည်းချင်း ဖျောက်ပေးပါ။ ဒါက Texture မပျက်စေတဲ့ အခြေခံအကျဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းပါ။

✅ Frequency Separation နည်းလမ်းသုံးပါ
Professional Retoucher တိုင်း လုံးဝကျော်သွားလို့မရတဲ့ High-end နည်းလမ်းဖြစ်ပါတယ်။ ပုံရဲ့ အရောင် (Color/Tone) နဲ့ အသားအရေ (Texture) တို့ကို သီးသန့်စီခွဲထုတ်ပြီး Retouch လုပ်တာဖြစ်ပါတယ်။
အသားအရောင် Color tone တွေကို ညက်ညောနေအောင် ညှိပေးပြီး တဖက်မှာလည်း Texture ကို ထိန်းသိမ်းထားတဲ့အတွက် အသားအရေက လုံးဝ သဘာဝအတိုင်း ကျန်နေမှာဖြစ်ပါတယ်။

✅ Clone Stamp ကို Opacity လျှော့ပါ
တစ်ခါတလေ Healing Brush နဲ့ အဆင်မပြေတဲ့ နေရာတွေမှာ Clone Stamp ကို သုံးရတတ်ပါတယ်။ အဲဒီအခါ Brush ရဲ့ Opacity နဲ့ Flow ကို 100% အပြည့်မထားပဲ (20% ကနေ 30% ဝန်းကျင်အထိ) လျှော့ပြီး ခပ်ဖွဖွလေး ပွတ်ပေးပါ။ ဒါမှသာ အောက်ဘက်က သဘာဝ Skin Texture နဲ့ တစ်သားတည်းကျပြီး ရောနှောသွားမှာပါ။

ဒီနည်းလမ်းလေးတွေကို Retouch လုပ်တဲ့အခါ သတိတရနဲ့ အသုံးချမယ်ဆိုရင်တော့ မိတ်ဆွေတို့ရဲ့ Photo Editing Skill က အရင်ကထက် အများကြီး ပိုပြီး Professional ကျလာမှာ သေချာပါတယ်။

Photo Retouch ကို စနစ်တကျနဲ့ လေ့လာသင်ယူချင်တယ်ဆိုရင် "𝗛𝗶𝗴𝗵-𝗘𝗻𝗱 𝗣𝗵𝗼𝘁𝗼 𝗥𝗲𝘁𝗼𝘂𝗰𝗵" Online Class လေးကို ဈေးနှုန်းချိုသာစွာနဲ့ အခုပဲ JOIN လို့ရပါပြီ။
အသေးစိတ်ကို CB ကနေ ဆက်သွယ်စုံစမ်းနိုင်ပါပြီ။

Video တွေ Facebook ပေါ် တင်လိုက်ရင် မှုန်ဝါးဝါးဖြစ်သွားတာ ကြုံဖူးလား..?‎ Premiere Pro ထဲမှာ Edit လုပ်ထားတုန်းက အကောင်းကြ...
05/07/2026

Video တွေ Facebook ပေါ် တင်လိုက်ရင် မှုန်ဝါးဝါးဖြစ်သွားတာ ကြုံဖူးလား..?

Premiere Pro ထဲမှာ Edit လုပ်ထားတုန်းက အကောင်းကြီး၊ ဖုန်းထဲမှာ ပြန်ကြည့်တော့လဲ ကြည်တောက်နေတာပဲ... ဒါပေမဲ့ Facebook ပေါ် လဲတင်လိုက်ရော ကွာလတီက စိတ်ပျက်စရာကြီး..

အခုလိုဖြစ်ရတဲ့ လက်သည်ကတော့ Facebook ရဲ့ Compression Algorithm ပါ။ သူက ကျနော်တို့ရဲ့ ဗီဒီယို Quality ကို အတင်းချုံ့ပစ်လိုက်လို့ဖြစ်ပါတယ်။
ဒီလိုပြဿနာတွေမဖြစ်အောင် Video ကို Export ထုတ်တဲ့ အချိန်မှာ Facebook နဲ့ ကိုက်ညီတဲ့၊ လိုက်ဖက်တဲ့ Settings တွေကို ချိန်ထားရမှာဖြစ်ပါတယ်။

ဒါဆိုရင် Adobe Premiere Pro မှာ Facebook video အတွက် ကြည်တောက်ရှင်း ကွာလတီ Export ထုတ်နည်းကို ဝေမျှပေးလိုက်ပါတယ်။

✅ Format & Resolution
▸Format မှာ အမြဲတမ်း "H.264"(MP4) ကိုပဲ ရွေးချယ်ပေးပါ။
▸Resolution က Reels (Vertical) အတွက်ဆိုရင် :1080 x 1920 (9:16)
▸ပုံမှန်ဗီဒီယို (Landscape) အတွက်: 1920 x 1080 (16:9)

(မှတ်ချက် - Facebook ပေါ် 4K ဗီဒီယိုတွေတင်လည်း Facebook က 1080p အထိ ချပစ်တာမို့ Export ထုတ်ကတည်းက 1080p နဲ့ပဲ ထုတ်တာ အကောင်းဆုံးပါပဲ)

✅ Frame Rate ကို သတ်မှတ်ပါ
Frame Rate ကို 30 FPS (သို့) ဗီဒီယိုရိုက်ကူးထားတဲ့ မူရင်း FPS အတိုင်းပဲ ထားပေးပါ။ (60 FPS က ကြည့်ရတာ ချောမွေ့ပေမဲ့ Facebook ပေါ်တင်လိုက်ရင် ပိုပြီး Compression မိတတ်လို့ 30 FPS က အသင့်တော်ဆုံး ဖြစ်ပါတယ်)

✅ Bitrate Settings
ကွာလတီကိုထိန်းတဲ့ အသက်က Bitrate ဖြစ်ပါတယ်။
Bitrate Encoding မှာ 'VBR, 1-Pass' (သို့) ပိုပြီး သေသပ်တိကျချင်ရင် 'VBR, 2-Pass' ကို ရွေးပါ။
Target Bitrate ကို '12 to 15 Mbps' ကြားမှာပဲ ထားပေးပါ။
Maximum Bitrate ကို '15 to 20 Mbps' ကြားမှာ ထားပါ။

✅ Quality ပိုကောင်းစေမယ့် Checkbox များ
Export panel အောက်နားက 'Render at Maximum Depth' နဲ့ 'Use Maximum Render Quality' ဆိုတဲ့ Box လေးနှစ်ခုကို အမှန်ခြစ် (Tick) ပေးခဲ့ဖို့ မမေ့ပါနဲ့ဦး။ ဒါက ဗီဒီယိုထဲက အရောင်တွေနဲ့ Details တွေကို အကောင်းဆုံး ပုံဖော်ပေးမှာပါ။

💡နောက်ဆုံးပိတ် မဖြစ်မနေ လုပ်ရမယ့်အဆင့်💡
ဗီဒီယိုတွေကို ဖုန်းကနေ တင်မယ်ဆိုရင်တော့ Facebook App ထဲက Settings & Privacy > Media ထဲမှာ 'Optimized' (သို့) 'Upload HD' ကို On ထားပေးဖို့ မမေ့ပါနဲ့။
ဒီ Settings လေးတွေအတိုင်း သေချာချိန်ပြီးသွားရင်တော့ မိတ်ဆွေရဲ့ ဗီဒီယိုတွေ Facebook ပေါ်မှာ ဘယ်တော့မှ မှုန်ဝါးဝါးဖြစ်မှာ မဟုတ်တော့ပါဘူး။

Video Editing ကို အခြေခံကနေ လုပ်ငန်းခွင်ဝင်နိုင်တဲ့အထိ စနစ်တကျသင်ကြားပေးနေတဲ့ "𝗣𝗥𝗘𝗠𝗜𝗘𝗥 𝗣𝗿𝗼 𝗠𝗔𝗦𝗧𝗘𝗥 𝗖𝗟𝗔𝗦𝗦" အတန်းလေးကို CB ကနေ ဆက်သွယ်ပြီး JOIN လို့ရပါပြီ။
အားလုံးပဲ အဆင်ပြေကြပါစေ..🙏

▶️ Video Editing နမူနာသင်ခန်းစာများ ▸ https://tinyurl.com/3k662jju

ကြည့်လိုက်တာနဲ့ ရင်ထဲတန်းရောက်သွားတဲ့ ဒီဇိုင်းမျိုးဆိုတာ..အဲဒီ ဒီဇိုင်းမှာ သုံးထားတဲ့ အရောင်တွေက၊ ၈၀% လောက် စကားပြောတယ်ဆ...
05/07/2026

ကြည့်လိုက်တာနဲ့ ရင်ထဲတန်းရောက်သွားတဲ့ ဒီဇိုင်းမျိုးဆိုတာ..
အဲဒီ ဒီဇိုင်းမှာ သုံးထားတဲ့ အရောင်တွေက၊ ၈၀% လောက် စကားပြောတယ်ဆိုရင် ယုံမလား.?

တကယ်တော့ Graphic Design ဆိုတာ ပုံတွေ၊ စာတွေကို လှလှပပ နေရာချရုံတင်မကပါဘူး။ လူတွေရဲ့ စိတ်ခံစားချက် (Emotion)၊ သိစေချင်တဲ့အဓိပ္ပါယ်ကို အရောင်တွေနဲ့ ဖော်ပြပြီး ဆွဲဆောင်ရတာပါ။ ဒါကြောင့် Designer လောကထဲကို ခြေချတော့မယ့် အသစ်တစ်ယောက်အနေနဲ့ "ကာလာသီအိုရီ (Color Theory)" ဆိုတာက သေချာလေး နားလည်ထားရမယ့် အရာဖြစ်ပါတယ်။

ဒီနေ့တော့ အရောင်တွေရွေးတိုင်း.. ခေါင်းကိုက်တတ်တဲ့ Designer တွေအတွက် အသုံးဝင်မယ့် အဓိကအချက် (၃) ချက်ကို ဖော်ပြပေးပါမယ်။

✅ အရောင်တွေရဲ့ စိတ်ပညာ (Color Psychology)

အရောင်တိုင်းမှာ စိတ်ခံစားမှုကို သက်ရောက်စေတဲ့ အဓိပ္ပါယ်တွေ ရှိပါတယ်။ ဥပမာ -
"အနီရောင်" ကို စိတ်လှုပ်ရှားတက်ကြွမှုနဲ့ အရေးကြီးမှုကို ပြချင်တဲ့အခါ သုံးပါတယ်။
"အပြာရောင်" ကတော့ ယုံကြည်စိတ်ချရမှုနဲ့ တည်ငြိမ်မှုကို ပေးစွမ်းနိုင်လို့ လုပ်ငန်းသုံး (Corporate) ဒီဇိုင်းတွေမှာ အသုံးများကြပါတယ်။
ဒါကြောင့် ဒီဇိုင်းရေးဆွဲတော့မယ်ဆိုရင် ကိုယ်ဆွဲပေးရမယ့် Brand ရဲ့ Mood နဲ့ ကိုက်ညီတဲ့ ကာလာကို အရင်ဆုံး စနစ်တကျ ရွေးချယ်တတ်ဖို့ အရေးကြီးပါတယ်။

✅ ကာလာအတွဲအစပ် (Color Harmonies)

အရောင်တွေ တွဲစပ်ဖို့ လိုလာတဲ့အခါ၊ စိတ်ကူးတည့်ရာ အရောင်တွေကို လျှောက်စမ်းနေတာက နည်းလမ်းမမှန်ပါဘူး။
အဲဒီအစား Color Wheel ကို အသုံးပြုပြီးတော့ အတွဲညီမယ့် အရောင်တွေကို အလွယ်တကူ ရွေးချယ်နိုင်ပါတယ်။ ရွေးရတာလဲလွယ်ကူ၊ ဟန်ချက်လဲညီပြီး တွဲဖက်လို့ကောင်းတဲ့ Color Harmonies အချို့ကို ဖော်ပြလိုက်ပါတယ်။

🔹 Complementary (ဆန့်ကျင်ဘက်အရောင်များ)

Color Wheel ပေါ်မှာ ကိုယ်စိတ်ကြိုက် အရောင်တခုကို ရွေးချယ်လိုက်ပါ၊ နောက်တခါ အဲဒီအရောင်ရဲ့ ဆန့်ကျင်ဘက်မှာ ရှိနေတဲ့ အရောင်နဲ့ တွဲပြီးသုံးမယ်ဆိုရင် လိုက်ဖက်တဲ့ အရောင်တွေရရှိပါပြီ။
ဥပမာ - အဝါနဲ့ ခရမ်း။ (ဒီဇိုင်းကို ပေါ်လွင်ထင်ရှား (Contrast) ဖြစ်စေချင်တဲ့အခါ သုံးပါတယ်)

🔹 Analogous (ဘေးချင်းကပ်အရောင်များ)

နောက်တနည်းကတော့ ဘေးချင်းကပ်အရောင်တွေကို အချင်းချင်းတွဲဖက်ပြီးသုံးရင်လဲ မျက်စိအေးပြီး သဘာဝကျတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်ပါတယ်။

✅ 60-30-10 Rule

ဒီဇိုင်းအတွက် အရောင်တွေရောစပ်တဲ့အခါမှာ "60-30-10 Rule" ကို လိုက်နာရင် ဘယ်တော့မှ မမှားပါဘူး။ ဒါကတော့ ဒီဇိုင်းမှာ ပါဝင်မယ့်အရောင်တွေရဲ့ အချိုးကို သတ်မှတ်ထားတာပါ။
အရောင်တွေ ရှုပ်ပွမသွားဘဲ Balance ညီနေစေဖို့ ဒီအချိုးလေးကို အမြဲသုံးကြည့်ပါ။

▪️၆၀% ကို Base Color (အဓိက နောက်ခံအရောင်) အဖြစ် သုံးပါ။
▪️၃၀% ကိုတော့ Secondary Color (ဒီဇိုင်းရဲ့ ဒုတိယအရေးကြီးဆုံးအရောင်) အဖြစ် သုံးပါ။
▪️၁၀% ကိုတော့ Accent Color (လူတွေ ချက်ချင်းသတိထားမိစေချင်တဲ့ စာသားတွေ သို့မဟုတ် Button တွေ) အတွက် Highlight အဖြစ် သုံးပါ။

ကာလာသီအိုရီကို သေချာနားလည်ထားရင် client ကို ဒီဇိုင်း ပြန်အပ်တဲ့အခါမှာလည်း ဘယ်အရောင်ကို ဘာကြောင့်သုံးထားရတယ် ဆိုတာ Professional ကျကျ ယုံကြည်မှုရှိရှိနဲ့ ရှင်းပြနိုင်သွားပါပြီ။

ရောင်းရင်းတို့ရော.. ဒီဇိုင်းဆွဲရင် ဘယ်လိုအရောင်လေးတွေ တွဲစပ်ပြီး Color Combination ဖော်ရတာ သဘောကျကြလဲဗျ..?

Photoshop software ကို ဖွင့်လိုက်တယ်... ကွန်ပြူတာစခရင်ကြီးကို ထိုင်ကြည့်ပြီး ဘာကစလုပ်ရမှန်းမသိလို့ ပြန်ပိတ်လိုက်ရတာ ဘယ်န...
04/07/2026

Photoshop software ကို ဖွင့်လိုက်တယ်...
ကွန်ပြူတာစခရင်ကြီးကို ထိုင်ကြည့်ပြီး ဘာကစလုပ်ရမှန်းမသိလို့ ပြန်ပိတ်လိုက်ရတာ ဘယ်နှစ်ခေါက်လောက်ရှိပြီလဲ?

ဆရာမပါပဲနဲ့ ကိုယ်ဟာကိုယ် လေ့လာဖို့ ကြိုးစားနေတဲ့ သူတိုင်း ဒီလိုမျိုးဖြစ်တတ်ပါတယ်။
Photoshop က Tool တွေ၊ လုပ်ဆောင်ချက် (Function) တွေ အရမ်းများလွန်းလို့ အစပိုင်းမှာ ဘယ်ကစလို့ စရမှန်း မသိတာ သဘာဝပါပဲ။

ဒါကြောင့်မို့ Photoshop ကို လေ့လာတဲ့အခါ လမ်းမပျောက်ဘဲနဲ့ အချိန်တိုအတွင်း၊ ထိထိရောက်ရောက် တတ်မြောက်သွားစေမယ့် အကြံပြုချက် ၃ ချက်ကို မျှဝေပေးလိုက်ပါတယ်။

✅ Keyboard Shortcuts တွေနဲ့ သုံးတတ်အောင် လေ့ကျင့်ပါ
Photoshop မှာ Tool Bar က ပိန်ပိန်ပါးပါးလေးပေမယ့် Tools တွေကတော့ အများကြီး ပါရှိပါတယ်။ တချို့ Tool တွေကိုတော့ နေရာမဆံ့တဲ့အတွက် Hide ထားရပါတယ်။ အဲလို Tool တွေကို မောက်စ်နဲ့ တခုခြင်းစီ လိုက်နှိပ်ပြီး ရှာနေရင် အချိန်အပိုကုန်ပါတယ်။

ဒါကြောင့်မို့ စပြီးလေ့လာကတည်းက အသုံးများတဲ့ Tool တွေရဲ့ shortcut ကိုပါ တခါထဲကျက်မှတ်ထားသင့်ပါတယ်။
[ Undo လုပ်ဖို့ (Ctrl + Z)၊ ပုံရွှေ့ဖို့ (Spacebar)၊ Move Tool (V)၊ Brush (B) ] စတဲ့ အခြေခံ Keyboard Shortcut လေးတွေကို ကျင့်သုံးပေးပါ။ ဒါက အလုပ် လုပ်တဲ့အခါ မြန်ရုံတင်မကပဲ ပရော်ဖက်ရှင်နယ်လဲ ဆန်သွားစေပါတယ်။

✅ Layers နဲ့ Masks တွေ အကြောင်းကို သေသေချာချာ နားလည်အောင်လုပ်ပါ
Photoshop က Layers ‌တွေနဲ့ အလုပ်လုပ်ရတာဖြစ်ပါတယ်။ သူတို့ရဲ့ သဘောသဘာဝကို ပိုင်ပိုင်နိုင်နိုင် သိထားတယ်ဆိုရင်၊ ဒီဇိုင်းဆွဲတဲ့အခါ ဓါတ်ပုံတွေပြင်တဲ့အခါမှာ ကိုယ်လိုသလို ပုံဖော်နိုင်ပါလိမ့်မယ်။

ပုံပေါ်မှာ တိုက်ရိုက် ပြင်ဆင်တာမျိုး (Destructive Editing) မလုပ်ဘဲ Layer အသစ်တွေ ခွဲပြီး လုပ်တတ်အောင် လေ့ကျင့်ပါ။ အထူးသဖြင့် Layer Mask အသုံးပြုပုံကို သေချာနားလည်ထားရင် မှားသွားတဲ့အခါ မူရင်းပုံ မပျက်စီးစေဘဲ စိတ်ကြိုက် ပြန်ပြင်လို့ရတဲ့အတွက် တအားအသုံးဝင်ပါတယ်။

✅ အကုန်လုံးကို တစ်ခါတည်း လိုက်မသင်ပါနဲ့
Photoshop ထဲမှာ ရှိသမျှ အရာအားလုံးကို တစ်ခါတည်း အကုန်တတ်အောင် လုပ်ဖို့ မကြိုးစားပါနဲ့။ ကိုယ်လုပ်ချင်တဲ့ ပရောဂျက်တစ်ခုခု (ဥပမာ - လိပ်စာကတ် ဒီဇိုင်းဆွဲမလား၊ ဓာတ်ပုံပြင်မလား) စတဲ့ တစ်ခုကိုပဲ အရင်ရွေးချယ်ပြီး အဲဒီအတွက် လိုအပ်တဲ့ Tool တွေကိုပဲ အာရုံစိုက် လေ့လာပါ။ တဖြည်းဖြည်းချင်း လေ့လာသွားတာက ပိုပြီး ထိရောက်ပါတယ်။

အခုခေတ်မှာတော့ Photoshop ဟာ ဒစ်ဂျစ်တယ် လုပ်ငန်းခွင်တိုင်းအတွက် မတတ်လို့ မဖြစ်တော့တဲ့ အခြေခံ software တခုလိုဖြစ်နေပါပြီ။ ဓါတ်ပုံဆရာ၊ ဂရပ်ဖစ်ဒီဇိုင်နာ၊ Video Editor၊ Animator စတဲ့ အမြင်အာရုံဖမ်းစားတဲ့ အလုပ်မှန်သမျှ Photoshop နဲ့ ကင်းကွာလို့မရပါဘူး။

Photoshop တတ်ထားရင် အကျိုးအများကြီးရှိပါတယ်။ ကိုယ်တိုင်လေ့လာနေသူတွေအတွက်တော့ YouTube က အကောင်းဆုံး ဆရာဖြစ်ပါတယ်။

ကိုယ့်ဟာကိုယ် ဟိုတစ ဒီတစ လိုက်လေ့လာရင်း လမ်းပျောက်နေတယ်ဆိုရင်တော့ အခြေခံကနေ စနစ်တကျ သင်ကြားပေးတဲ့ 𝗣𝗛𝗢𝗧𝗢𝗦𝗛𝗢𝗣 𝗠𝗔𝗦𝗧𝗘𝗥 𝗖𝗟𝗔𝗦𝗦 လေးရှိပါတယ်။ လိုအပ်ရင် ဆက်သွယ်နိုင်ပါတယ်။

ကဲ.. ဒါဆိုရင်တော့ ဒီအချက်လေးတွေကို အသုံးချပြီး၊ အခုပဲ Photoshop ကို ပြန်ဖွင့်ပြီး စမ်းကြည့်လိုက်ပါဦး။

ဒါနဲ့... Photoshop စလေ့လာတုန်းက ဘယ်ဟာတွေက အခက်ခဲဆုံး ဖြစ်ခဲ့လဲ?
(ဒါမှမဟုတ်) အခုလောလောဆယ် ဘယ်နေရာမှာ အခက်တွေ့နေလဲ ဆိုတာကို ကွန်မန့်မှာ မျှဝေပြီး ဆွေးနွေးသွားကြပါဦး။

▶️ Photoshop နမူနာသင်ခန်းစာများ ▸ https://tinyurl.com/4jxy4e8c

Address


Alerts

Be the first to know and let us send you an email when DigitalOffice360 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Photography Service?

Share