Angle lay

Angle lay I'm not ok but I smile anyways❤❤

ကြုံဖူးခဲ့တာပေါ့😔😔
07/05/2023

ကြုံဖူးခဲ့တာပေါ့😔😔

လူတိုင်းမှာထုတ်ပြလို့မရတဲ့
စိတ်ခံစားချက်ဆိုတာရှိတယ်။

ကိုယ့်ရဲ့အချစ်ရဆုံးသူ၊ကိုယ်နဲ့အရင်းနှီးဆုံးသူ၊
ကိုယ့်ကိုအမြဲတမ်းနားလည်ပေးတဲ့သူတွေတောင်
အဲဒီခံစားချက်ကို နားလည်ချင်မှနားလည်မှာ။

ကြုံဖူးကြတယ်မဟုတ်လား။ ရင်ဖွင့်ချင်ရင်တောင်
ငါ့ခံစားချက်ကိုဘယ်သူမှနားလည်မှာမဟုတ်ပါဘူး"လို့
တွေးပြီး မြိုသိပ်လိုက်ရခြင်းတွေကိုလေ။

-bhonemyat-

05/05/2023

AGUST D "D DAY" TOUR POSTER

စိတ်ထားလှရင်လူကအလိုလိုလှလာလိမ့်မယ်ညီမလေး
02/05/2023

စိတ်ထားလှရင်လူကအလိုလိုလှလာလိမ့်မယ်ညီမလေး

စိတ်ထားလှအောင်အမြဲနေပါ။
🔸🔸🔸🔸🔸🔸🔸🔸
လူတစ်ယောက်က အရွယ်နဲ့မလိုက်အောင် အရွယ်တင်ပြီး နုပျိုတယ် ချောနေတယ်ဆိုရင် .....
အဲ့ဒိ့လူက စိတ်ထားကောင်းတယ်။
ဖြူစင်တယ်။ ရိုးသားတယ်။
ဘဝကိုပျော်ပျော်နေတတ်တယ်။ ပွင့်လင်တယ်။
အဓိက စိတ်ထားကောင်းပြီး စိတ်ကကြည်ကြည်လင်လင်ရှိလို့ စိတ်အကြည်ဓာတ်က ရုပ်ရည်ကိုပိုနုပျိုစေတာပါ။

🔸🔸🔸🔸🔸🔸🔸🔸🔸🔸
ကိုယ်အသက်ထက်များစွာအရွယ်တင်ပြီး နုပျိုတဲ့သူတွေက ကောက်ကျစ်တာတွေမရှိဘူး။ သဘောကြတဲ့သူဆိုသဘောကြမယ်။သဘောမကျတဲ့သူဆိုဝေးဝေးကရှောင်လိုက်မယ်။ ကိုယ့်ကြောင့် နစ်နာမှာ.ထိခိုက်မှာ မလိုလားကြဘူး။ ရယ်မောရင် အားရပါးရရယ်တတ်တယ်။
ရင့်ကျက်ပေမဲ့......တစ်ခါတစ်ရံကလေးဆန်တယ်။
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
တော်တော်များများအရွယ်တင်နုပျိုစေတဲ့သူတွေက စိတ်သဘောထားအင်မတန်ကောင်းတယ်။.
ပျော်ပျော်နေတတ်တာများပါတယ်။
အဲ့ဒိ့တော့..အရွယ်တင်နုပျိုချင်ရင်
စိတ်ထားလှအောင်အမြဲနေပါ✍
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Credit

တချိန်ကအပေါစားဆန်ခဲ့ပါတယ်😔😔
02/05/2023

တချိန်ကအပေါစားဆန်ခဲ့ပါတယ်😔😔

❣️🥀

Right 👍👍👍
02/05/2023

Right 👍👍👍

♥မိန်းကလေးတစ်ယောက် လှလှပပနေတဲ့အခါ
တော်တော်များများပြောတတ်ကြတာတစ်ခုရှိတယ် ..

ပြင်လည်း တစ်ယောက်ပဲ ရမှာ ..
မပြင်လည်း တစ်ယောက်ပဲ ရမှာ .. တဲ့ ...

ဟုတ်သလိုလိုထင်ရပေမယ့် တကယ်တမ်းကြတော့
လုံးဝမဟုတ်ဘူးနော် ...

မိန်းကလေးတစ်ယောက် လှလှပပနေတယ်ဆိုတိုင်း
ဆန့်ကျင်ဘက် အမျိုးသားတွေကို ဆွဲဆောင်လိုမှု
ဆိုတဲ့အကြောင်းရင်းတစ်ခုထဲကြောင့် မဟုတ်ဘူး ...

လှလှပပနေတတ်တဲ့ မိန်းကလေးတစ်ယောက်ဟာ
မပြင်မဆင်ပဲနေတဲ့ မိန်းကလေးထက်
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပိုရှိလို့ ..

လှလှပပနေတဲ့အတွက် သူမဟာ
လူအများကြားမှာ ထူးခြားပေါ်လွင်လို့ ..

လှလှပပနေတဲ့မိန်းကလေးဟာ နေရာပေးခြင်း
ခံရသလို ယုံကြည်ခြင်းလည်း ခံရလို့ ..

လှလှပပနေတတ်တဲ့ မိန်းကလေးဟာ
ကြည့်တဲ့သူကိုလည်း စိတ်ချမ်းသာမှုကို ဖြစ်စေနိုင်လို့ ..

လှလှပပနေတတ်တဲ့ မိန်းကလေးဟာ
မိန်းကလေးအချင်းချင်းရဲ့ အတုယူစရာစံနမူနာ
တစ်ခုလည်း ဖြစ်နိုင်လို့ ..

လှလှပပနေတတ်တဲ့ မိန်းကလေးဟာ
ကိုယ်တိုင်လည်းလှလှပပနေရတာ ကြိုက်လို့ ...
စသဖြင့် အကြောင်းအမျိုးမျိုး ရှိတယ် ..

မိန်းမတစ်ယောက် အလှပြင်တာဟာ
ယောကျာ်းတွေကြည့်တာ ၊ ဂရုစိုက်တာခံချင်လို့
ဆိုတဲ့ အတွေးကြီးက တော်တော်လေးကို
ခေတ်မမီတော့တဲ့ အတွေးတစ်ခုလို ဖြစ်နေတယ် ..

မိန်းမတစ်ယောက်အလှပြင်တယ်ဆိုတာ
မရိုးသားမှုတစ်ခုရဲ့ ပြယုဒ်တစ်ခုလည်း မဟုတ်ဘူး ..

အချို့က အလှပြင်ရင် ကဲ့ရဲ့ကြတယ် ..
အတင်းပြောကြတယ် ..
အဲ့ဒါ မနာလိုဖြစ်နေတာပါ ..

ဒီလိုစကားတွေအတွက် လှလှပပနေချင်တဲ့
ကိုယ့်ကိုကိုယ် ပြောင်းလဲပစ်စရာ ဘာအကြောင်းမှ
မရှိဘူးရှင့်..

မိန်းမတစ်ယောက် လှချင်တယ်ဆိုတာ
သဘာဝကျတယ် ..
သဘာဝကျတဲ့ အလုပ်တစ်ခုကို လုပ်နေတာ
ဘာအပြစ်မှ မရှိပါဘူး ..
အလွန်အကျွံဖြစ်မှသာ မကောင်းတာပါ ..

စကားလေးတစ်ခုကြားဖူးတယ် ..

မလှတဲ့မိန်းကလေးဆိုတာ မရှိဘူး ..
အလှမပြင်တတ်တဲ့ မိန်းကလေးပဲ ရှိတယ် .. တဲ့ ..

မိန်းမတစ်ယောက်မှာ သူ့အလှနဲ့သူ ရှိပြီးသား ..
ကိုယ့်အလှ .. ကိုယ့်အားသာချက်ကိုယ်သိပြီး
ဖော်ထုတ်တတ်ဖို့ပဲ လိုအပ်တယ်ပေါ့နော် ..

ပြီးတော့ စိတ်ထား ..
စိတ်ထားလေး ကောင်းနေရင်လည်းရုပ်က
အလိုလိုလှတယ်လို့ ဆိုပါတယ် ..

ဒါပေမယ့် လူတစ်ယောက်ကို
စပြီးဆက်ဆံတဲ့အခါ ရုပ်ရည်ကို အရင်ဆုံး
ကြည့်တတ်ကြတာမဟုတ်လား ...

စိတ်ထားလည်းလှ ရုပ်လည်းလှရင်တော့
အပြည့်စုံဆုံး မိန်းကလေးတစ်ယောက်
ဖြစ်လာမှာပါရှင့်..

ဒီလိုမျိုးမိန်းကလေးတစ်ယောက်က
ယောကျာ်းတစ်ယောက်ကို ဆွဲဆောင်ဖို့အတွက်
အထူးတလည် လိုအပ်နေပါဦးမလားရှင် ...♥

#ထပ်တူခံစားရင်းပြန်လည်မျှဝေပါတယ်ရှင့် ✍🏻✍🏻
🖊
__________________________________
𝙒𝙧𝙞𝙩𝙚𝙧

02/05/2023

My family is very important 💛❤💛

02/05/2023

😓😓😓

Address

Kyaik Sa Kaw
Bago
208447

Telephone

+441234567890

Website

Alerts

Be the first to know and let us send you an email when Angle lay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category