Abdusattar

Abdusattar Don't marry a rich man and pier man Marry a good man and truthful man.

22/04/2025

“ငလျင်ဘေးလည်းလုပ်၊ PDF တွေရဲ့ သတင်းလည်းနားစွင့်။ အခုဆို PDF တွေက နေပြည်တော်အထိ ခြိမ်းခြောက်လာတယ်၊ တဖက်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေက မြှောက်ပေးနေတော့ အင်အားက တစစကြီးထွားလာတယ်။ ဒါကြောင့် တိုက်ပွဲတွေဖြစ်ရင် ရဲရဲတိုက်၊ ရဲရဲချေမှုန်းဖို့လိုတယ်၊ ဖြစ်လာလို့ အဖမ်းခံရရင် ကိုယ့်ဖြစ်ကိုယ်ခံ၊ ဘယ်သူမှ မကယ်ဘူး၊ ဒုချုပ်က ပြောတယ်။”
အပြည့်အစုံ ကွန်မန့်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
#ဒုစစ်ခေါင်းဆောင် #ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း #သတိထား #အင်အားကြီးမား

20/08/2023

Hi everyone! 🌟 You can support me by sending Stars – they help me earn money to keep making content that you love.

Whenever you see the Stars icon, you can send me Stars.

16/08/2023

ကရင်နီတိုက်ပွဲများတွင် ကလောအခြေစိုက် ခလရ ၃ မှ တပ်ရင်းမှူး ဒု ဗိုလ်မှူး ကြီး၊ ဒုတပ်ရင်းမှူး အပါအဝင် ၁၆ ဦး၊ ခလရ ၁၁၂ တပ်မှ အရာရှိနှင့်စစ်သား ၁၄ ဦး စုစုပေါင်း စစ်သား ၃၀ ဦး သေဆုံး

ရန်ကုန်၊ ဩဂုတ် ၁၆

ကရင်နီပြည်နယ်တွင် ယခုရက်ပိုင်းအတွင်းဖြစ်ပွားသော တိုက်ပွဲများတွင် က လော အခြေစိုက် တပ်မ ၅၅ လက် အောက်ခံ ခလရ ၃ တပ်နှင့် ခလရ ၁၁၂ တပ်မှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး၊ အရာရှိနှင့်စစ်သည် ၃၀ ဦး သေဆုံးသွား ကြောင်း စစ်ကောင်စီ၏ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် သတင်းရင်းမြစ်က အတည် ပြု ပြောဆိုသည်။

ဩဂုတ်လ ဒုတိယအပတ်အတွင်း ဖြစ်ပွားခဲ့သော ကရင်နီပြည်နယ်အတွင်း တိုက်ပွဲများတွင် တပ်မ ၅၅ လက် အောက်ခံ ခလရ ၃ မှ တပ်ရင်းမှူး ဒုဗိုလ်မှူး ကြီး၊ ဒုတပ်ရင်းမှူး ဗိုလ်မှူး အပါအဝင် ၁၆ ဦးသေဆုံးခဲ့ကြောင်း၊ ယမန်နေ့ တိုက်ပွဲတွင် ခလရ ၁၁၂ မှ အရာရှိနှင့်စစ်သည် ၁၄ ဦးသေဆုံး သွားခဲ့ ကြောင်း သိရှိရသည်။


"ကလော ခလရ ၃ မှာ တပ်ရင်းမှူး နဲ့ ဒုတိယတပ်ရင်းမှူး အပါ ၂ + ၁၄ = ၁၆ ဦးသေဆုံးပါတယ်။ ဒါ့အပြင် ကလောမြို့အခြေစိုက် ခလရ ၁၁၂ မှ အရာရှိ နဲ့ စစ်သည် ၁၄ ဦး မနေ့က ထပ်ပြီး သေဆုံးပါတယ်။ တပ် နှစ်ခုလုံးက တပ်မ ၅၅ လက်အောက်ခံတွေပါ။ စုစုပေါင်း စစ်သား ၃၀ ဦးသေဆုံးပါတယ်။ အခုထက် ထိတော့ ကရင်နီဘက်ခြမ်းမှာ ကလောတပ်တွေ ရှိနေတုန်းပဲ" ဟု စစ်ဘက် သတင်းရင်းမြစ်က ပြောဆိုသည်။

ရှမ်းပြည်နယ်မှ စစ်ကောင်စီတပ်များမှာ ကရင်နီပြည်နယ်အတွင်းသို့ အလုံး အရင်းဖြင့် ထိုးစစ်ဆင်နေရပြီး စစ်တပ်ကလည်း ၎င်းတို့ ဆုံးရှုံးသွားခဲ့သော တပ်စခန်းများနှင့် စခန်းကုန်းများကို ပြန်လည်ရရှိစေရန် ကုန်းကြောင်း၊ လေကြောင်းဖြင့် အကြီး အကျယ် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရှိရ သည်။

ဓာတ်ပုံ- ယမန်နှစ်ဩဂုတ်လတွင် ကော့ကရိတ်တွင် ပစ်ခတ်မှုကြောင့် သေဆုံးသွားကြသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

20/04/2023
19/04/2023

ရုတ်တရက် ဝမ်းပျက်ဝမ်းလျှော ဆိုရင်ဘာလုပ်မလဲ ??? 🏥
-----------------------
(ဆရာဝန် အရောက်အပေါက်နည်းတဲ့ ဒေသကို ရောက်နေတဲ့သူတွေမှာ ရုတ်တရက် ဝမ်းပျက်ဝမ်းလျှော ဖြစ်လာရင် ယာယီကုသရန် ရည်ရွယ်ပါသည်***) ‼️

အဓိက ရေဓါတ်/ ဆားဓါတ် ပြန်ဖြည့်ပါ။
(ဝမ်းပျက်ဝမ်း‌လျှောမှာ သေတာအများစုက ရေဓါတ်/ဆားဓါတ်ခမ်းခြောက်တာ ကြောင့်ပါ) ☠️

၁. ဝမ်းလျှောပြီဆိုတာနဲ့ ဓါတ်ဆားထုပ်ကို ရေဖျော်သောက်ပါ။ သီးစုံဓါတ်ဆားထုပ်ထက် ဘီပီအိုင်ဓါတ်ဆားထုပ်သောက်ပါ။
(ချိုတဲ့ ဓါတ်ဆားထက် ငံတဲ့ဓါတ်ဆားက ပိုကောင်းပါတယ်)။

ရေ ဘယ်လောက်နဲ့ ဖျော်ရမလဲ ဆိုတာက ဓါတ်ဆားထုပ်တစ်ခုနဲ့ တစ်ခု မတူပါ။ အညွှန်းဖတ်ကြည့်ပါ။

(အလျင်လိုလျှင် မငံလွန်း မချိုလွန်း မပေါ့လွန်း အနေတော်လောက် ဖျော်လည်းရပါတယ်)

ဓါတ်ဆားထုပ်မရှိရင် ဆားနဲ့ သကြား အနေတော်ရောပြီး သောက်ပါ။ တခါတည်း မော့မချဘဲ၊ နည်းနည်း နဲ့ ခဏခဏ သောက်ပေးပါ။ *ရုတ်တရက် သောက်ချရင် ပျို့အန်တတ်ပါတယ်။

၂. ပမာဏ က ဝမ်းလျှောသလောက်သောက်ပါ။
(သွေးပေါင်တက်လေ့ရှိတဲ့သူတွေ ဂရုစိုက်ပါ၊ သွေးပေါင်တိုင်းပြီးမှ သောက်သင့်ပါတယ်၊ ဆားဓါတ်မလိုဘဲ ရေဓါတ်ပဲ လိုတာလည်း ရှိပါတယ်)

၃. သွားတဲ့ ဝမ်းက အရည်ကြီးပဲလား၊ အခဲလား၊ အရောလား ခွဲပါ။
အခဲဆိုရင် သိပ်စိတ်မပူပါနဲ့။ အကြိမ်အရေအတွက် ၃ ခေါက်လောက်က သိပ်ကိစ္စမရှိပါဘူး။

၄. အရည်နဲ့ အရောဖြစ်ပြီး အကြိမ်အရေအတွက် နည်းရင်လည်း စောင့်ကြည့်လိုက်ပါအုန်း။
(ဓါတ်ဆားရည်လောက်နဲ့ ပြန်ကောင်းသွားတတ်ပါတယ်)

၅. အရည်နဲ့ အရောဖြစ်ပြီး အကြိမ်အရေအတွက်များရင်တော့ သတိထားရပါမယ်။
အရည်က ဘာအရောင်လဲ - ဆန်စေးရည်လိုဖြူလား၊ မဲညစ်နေလား၊ အနံ့က ငါးညှီနံ့လိုဖြစ်လား၊? အကျိအချွဲတွေပါသေးလား? အန်သေးလား?
ဗိုက်ကောနာသေးလား? ဖျားလား? အစရှိတာတွေ တစ်ခုခု တွဲပါလာရင်တော့ ဆရာဝန်လိုလာပါပြီ။ 🩺
ပိုးသတ်ဆေး လိုကောင်းလိုလာနိုင်ပါတယ်။

၆. အဲလိုအချိန်မှာ ဝမ်းပိတ်ဆေး လုံးဝ(လုံးဝ) မသောက်ရပါ။ ပို ဒုက္ခရောက်တတ်ပါတယ်။ ‼️‼️
(ပိုးသတ်ဆေး သောက်ပြီး နေ့တစ်ဝက်လောက်ကြာမှ ဝမ်းပိတ်ဆေးပေးတာ ပိုကောင်းပါတယ်)

၇. ပုံမှန်ပေးလေ့ရှိတဲ့ ပိုးသတ်ဆေးက Ciprofloxacin 500 မီလီဂရမ် မနက် (၁) ည (၁) ကို ၅ ရက်ကနေ ၇ ရက်လောက်ထိ ပေးပါတယ်။ Metro (မက်ထရို) (သို့မဟုတ်) အလားတူဆေး Dazolic (Ornidazole) တွေကတော့ ရက်ရှည် ဝမ်းလျှောတဲ့သူတွေမှာ ပေါင်းထည့်လေ့ရှိပါတယ်၊

(*** ပိုးသတ်ဆေးတွေက ဆေးမတည့်တာဖြစ်နိုင်တဲ့ အပြင် ဝမ်းပျက်ဝမ်းလျှောတာတွေရဲ့ ၈၀ ရာနှုန်းကျော်လောက်က ပိုးသတ်ဆေး မလိုဘဲ ပြန်ကောင်းတတ်တာမလို့ ပိုးသတ်ဆေးကို ဆရာဝန်ညွှန်ကြားမှ သာ သောက်သင့်ပါတယ်၊ သောက်ဖူးနေကျ ဆိုရင်တော့ အရေးပေါ်အခြေအနေ တစ်ခုအတွက် ဆောင်ထားချင် ဆောင်ထားလို့ ရပါတယ်)

၈. ဗိုက်ရစ်ပြီး နာရင်လည်း အဲဒီအတွက် ဆေးပေးရပါမယ်။
အူတွေ ညှစ်တာ သက်သာအောင်ပါ။
သုံးလေ့ရှိတဲ့ ဆေးက Buscopan, Enterorest (Mebeverine), Spacovin (Drotaverine), Onium တစ်ခုခု ပေးပါတယ်။

၉. ဝမ်းလျှောတာကြောင့် အူနံရံတွေ ပျက်ဆီးပါတယ်။ ပြန်ကောင်းတာ မြန်အောင်လို့ ဆိုပြီး ဇင့်ဓါတ် (Zinc) ပါတဲ့ အားဆေးပြန်ပေးတတ်ပါတယ်။ ဥပမာ - Becozinc, ZincoVit

၁၀. အူထဲက ကောင်းတဲ့ ဘက်တီးရီးယားတွေ ပြန်ရှင်သန်အောင်လို့ ဆိုပြီး ပရိုဘိုင်အိုးတစ် (Probiotics)၊ ဒိန်ချဥ်မှာ ပါလေ့ရှိတဲ့ ဘက်တီးရီးယားတွေ ပြန်ပေးလေ့ရှိပါတယ်။ 🦠 ရက်ရှည်ဝမ်းလျှောတဲ့ သူတွေမှာ ပို အသုံးဝင်ပါတယ်။ (ပြဿနာက စျေးကြီးပြီး ဖြည့်စွက်စာ သဘောမျိုးဆိုတော့ ရုတ်တရက်ဝမ်းလျှောတဲ့ သူတွေမှာ အဲဒီအကြောင်းကို ခဏမေ့ထားလိုက်ပါ)

သတိထားရန် အချက်များ - ယင်နားစာ၊ မကျက်တကျက်အစာများ၊ ပူရုံလေးပဲ နွှေးသောအစားအသောက်များ၊ ရှောင်ပါ။
ဝမ်းလျှောတာ များပြီး ပါးစပ်က ဓါတ်ဆားမဝင်ရင် ပုလင်းချိတ်ဖို့ နီးစပ်ရာ တတ်ကျွမ်းတဲ့သူဆီပြေးပါ။

မှတ်ချက် - ရုတ်တရက် ခေတ္တခဏ ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့သူတွေ အတွက်သာ ရည်ရွယ်တာဖြစ်လို့ ကာလရှည်ကြာ မကြာခဏ ဝမ်းပျက်ဝမ်းလျှောရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ နံပါတ် (၁) ကနေ (၅) ထိ ကတော့ မည်သည့် ဝမ်းပျက်ဝမ်းလျှောမှာမဆို အသုံးဝင်ပါတယ်။

*** လူသူအရောက်အပေါက်နည်းတဲ့ ဒေသတွေမှာ အင်တာနက်လိုင်းပါ မကောင်းတော့မှန်း သိပါတယ်။ ဒါပေမယ့် တတ်နိုင်သလောက်
နှမ်းတစ်စေ့ပဲ ဖြစ်ဖြစ် ကူညီရန် ရည်ရွယ်ပါတယ် ❤️

Dr. Kevin
M.B.,B.S, MRCP (UK)

Address

Dagon
11191

Telephone

+447024044701

Website

Alerts

Be the first to know and let us send you an email when Abdusattar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Abdusattar:

Share