16/03/2026
Theihkaunak menah rak siar ve uh.
အစ္စလာမ်သာသနာထဲ့သို့ ဘယ်လိုဝင်ရောက်မလဲ?
အစ္စလာမ်သာသနာဟာ လူသားအားလုံးကိုဖန်ဆင်းတဲ့ ဘုရားသခင်ချမှတ်ထားတဲ့ လမ်းညွှန်းချက်တွေကို လိုက်နာပြီး လောကီဘဝရော တမလွန်ဘဝမှာပါ ငြိမ်းချမ်းစွာနေထိုင်နိုင်ဖို့ သွန်သင်တဲ့ ဘာသာတရားတစ်ခုဖြစ်ပါတယ်။ အစ္စလာမ်သာသနာဟာ ဘုရားသခင်ဖန်ဆင်းရှင် ရွေးချယ်ထားတဲ့ သာသနာဖြစ်တာနှင့်အညီ အစ္စလာမ်သာသနာကို လက်ခံဖို့ အလွန်တရာလွယ်ကူပါတယ်။
အောက်ပါအချက်အများကိုလေ့လာပါ။
၁။ အစ္စလာမ်သာသနာကို လက်ခံမဲ့သူတစ်ဦးဟာ လူသားအားလုံးနှင့် စကြဝဠာကြီးမှာ ရှိရှိ သမျှအရာအားလုံးကို ဘုရားသခင်ဖန်ဆင်းရှင် တစ်ပါးတည်းက ဖန်ဆင်းခဲ့တယ်လို့ယုံကြည်ရပါမယ်။ ဒီယုံကြည်ချက်ကတော့ ဂျူးဘာသာ၊ ခရစ်ယာန်ဘာသာတို့နှင့်တူပါတယ်။
၂။ ဒုတိယအရေးကြီးတဲ့ ယုံကြည်ချက်ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ ဝန်းကျင်က အရေဗျကျွန်းဆွယ်မှာနေထိုင်ခဲ့တဲ့ တမန်တော်မိုဟာမဒ်(s) ဟာ လူသားအားလုံးကို ဘုရားသခင်ချပေးတဲ့ တရားဒေသနာတော်တွေကို ရှင်းပြပေးပြီး ဘုရားသခင်စေလွှတ် တော်မူခဲ့တဲ့ လူသား တမန်တော်ဖြစ်ကြောင်း ယုံကြည်ရပါမယ်။
သူ့အရင်ကမ္ဘာ့ သမိုင်းတစ်ယောက် ပွင့်တော်မူခဲ့တဲ့ လူသားတမန်တော်များကို လည်းယုံကြည်ရပါမယ်။ (လူသား တမန်တော်အချို့မှာ - ကမ္ဘာ့ဦးလူသား အာဒမ်၊ နောဧ၊ မိုးရှေ(မူစာ)၊ ခရစ်တော်(အီစာ))
၃။ အထက်ပါယုံကြည်ချက်နှစ်ခုစလုံးကို စိတ်နှလုံးက ယုံကြည်ပြီဆိုလျှင် မွတ်စလင်မ်တစ်ဦးဖြစ်ပါပြီ။
သင်ဟာ ကမ္ဘာပေါ်မှာ လူဦးရေ 1.9 ဘီလီယံ ရှိတဲ့ မိသားစုကြီးရဲ့ မိသားစုဝင်ဖြစ်သွားပါပြီ။
ဖြစ်နိုင်ပါက (အန္တရယ် လုံးဝမရှိပါက) မိမိမွတ်စလင်မ်ဖြစ်ကြောင်းကို တစ်ခြားသူများကို အသိပေးသင့်ပါသည်။ မိမိနီးစပ်ရာ ဗလီ (သိုမဟုတ်) မွတ်စလင်မ် အသိုင်းအဝိုင်းသို့သွား၍ သက်သေခံ(ရှဟာဒသ်) ရွတ်ဆိုသင့်ပါသည်။
၄။ မိမိအစ္စလာမ် ဘာသာထဲဝင်ရောက်လိုက်လို့ နာမည်ပြောင်းဖို့နှင့် တစ်ခြား မိမိမျိုးနွယ်၊ Identity၊ နိုင်ငံသား ပြောင်းဖို့ မလိုအပ်ပါ။ အစ္စလာမ်သာသနာ သည် မျိုးနွယ်၊ နိုင်ငံ၊ မိမိ အသားအရောင်၊ မိမိ နေထိုင်ရာဒေသများကို ကန့်ကွက်သောဘာသာမဟုတ်ပါ။ အားပေးသောဘာသာဖြစ်ပါသည်။
၅။ မိမိ ရှိရင်းစွဲမိသားစုများကို မိမိနှင့် ဘာသာမတူတော့လျှင်ကစား ကောင်းမွန်အေးမြချိုသာစွာ ဆက်ဆံဖို့ အစ္စလာမ်သာသနာက သွန်သင်ပါတယ်။
၆။ အစ္စလာမ်သာသနာထဲဝင်ရောက်ပြီးပြီဆိုလျှင် အစ္စလာမ်သာသနာ၏ ဝတ်ပြုဆုတောင်းခြင်းကိစ္စများနှင့် ကိုးကွယ်မှုဆိုင်ရာ အသိပညာများကို မိမိနီးစပ်ရာ အစ္စလာမ် ဘာသာဝင်များထံမှာ အမြန်ဆုံးသင်ယူသင့်ပါသည်။
အစ္စလာမ်သာသနာအကြောင်းများ သိချင်ရင် Page messenger မှတစ်ဆင့်မေးမြန်းနိုင်ပါတယ်။
အောက်ပါစာအုပ်ကို ဒေါင်းလုပ်ရယူ၍ အခြေခံအချက်များလေ့လာနိုင်ပါတယ်။
အစ္စလာမ်သည် ဤသို့တည်း (အစ္စလာမ်ဘာသာမိတ်ဆက်စာအုပ်)
Google Drive မှ ဒေါင်းလုပ်လုပ်ရန် --> https://bit.ly/3uV6F1n
Media Fire မှ ဒေါင်းလုပ်လုပ်ရန် --> https://bit.ly/3JGoRUp