Myat Noe Photo & Wedding Studio

Myat Noe Photo & Wedding Studio We capture your moment

🤍🖤ချစ်ခဲ့ရပါသော တုန်း အနုအရင်းများစွားနှင့် အဖြူအမည်း ပုံရိပ်ကောင်းလေးများ ဖန်တီးပုံဖော်ရန် အိပ်မက်ကောင်းလေးပါရှင် 🖤📷🤍
16/11/2024

🤍🖤
ချစ်ခဲ့ရပါသော တုန်း အနုအရင်းများစွားနှင့် အဖြူအမည်း ပုံရိပ်ကောင်းလေးများ ဖန်တီးပုံဖော်ရန် အိပ်မက်ကောင်းလေးပါရှင် 🖤📷🤍

ဓာတ်ပုံသုတ အပိုင်း(၃)
၇။အဖြူအမည်း ဓာတ်ပုံတွေပဲ ရိုက်လို့ရတဲ့ တခုတည်းသော Medium Format ကင်မရာ
ကမ္ဘာကျော် ကင်မရာအမှတ်တံဆိပ်တခုဖြစ်တဲ့ Leica ဟာ အဖြူအမည်းဓာတ်ပုံတမျိုးတည်းကိုသာ ရိုက်လို့ရတဲ့ ဒီဂျစ်တယ်ကင်မရာတွေကို တောက်လျှောက် ထုတ်လာခဲ့သလို အောင်လည်းအောင်မြင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဂျပန်ကင်မရာထုတ်လုပ်သူတွေထဲကနေ အဖြူအမည်းဓာတ်ပုံတမျိုးတည်းကိုသာ ရိုက်လို့ရတဲ့ DSLR ကင်မရာကို Pentax ကနေ ထုတ်လုပ်ခဲ့ပြန်ပါတယ်။
အဲဒီကင်မရာတွေ ထွတ်လာပြီး မကြာခင်မှာပဲ ကမ္ဘာ့ဈေးအကြီးဆုံး ဒီဂျစ်တယ်ကင်မရာတွေကို ထုတ်လုပ်ပေးနေတဲ့ Phase One ကလည်း အဖြူအမည်းဓာတ်ပုံတမျိုးတည်း ရိုက်လို့ရတဲ့ Medium Format ကင်မရာကို မိတ်ဆက်လာခဲ့ပြန်ပါတယ်။ အဲဒါကတော့ Phase One XC (Achromatic) ကင်မရာပဲ ဖြစ်ပါတယ်။ အဲဒီကင်မရာဟာ မှန်ဘီလူးအသေတပ်ဆင်ထားတဲ့ (Fixed Lens) ကင်မရာလည်း ဖြစ်သလို ကင်မရာမှာ ချောင်းကြည့်ပေါက် View Finder လည်း ပါဝင်ခြင်း မရှိပါဘူး။ ဒါပေမယ့် Full Frame ကင်မရာတွေထက် ၂.၅ ဆကြီးမားတဲ့ Image Sensor ကို တပ်ဆင်ပေးထားသလို 150 Megapixels Resolution လည်း ရှိပါတယ်။
Phase One ရဲ့ ထုံစံအတိုင်း ဒီကင်မရာရဲ့ တရားဝင်ရောင်းဈေးကတော့ အမေရိကန်ဒေါ်လာ ၆၂၄၉၀ ပဲ သတ်မှတ်ထားပါတယ်။ အဖတ်မှားတာ မဟုတ်ပါဘူးတကယ်ပဲ အမေရိကန်ဒေါ်လာ ၆ သောင်းကျော် ဖြစ်ပါတယ်။ ဘယ်လိုလူမျိုးတွေ ဝယ်ကိုင်ကြမှာလည်းဆိုတာကလည်း စ်တ်ဝင်စားစရာပါပဲ။
Phase One XC (Achromatic) ကင်မရာဟာ ကမ္ဘာ့ပထမဆုံးနဲ့ တခုတည်းသော အဖြူအမည်း ဓာတ်ပုံတွေပဲ ရိုက်လို့ရတဲ့ Medium Format ကင်မရာဖြစ်လာခဲ့ပါတယ်။ နောက်ထပ်ပြီးတော့ ထာဝရ ကမ္ဘာ့ဈေးအကြီးဆုံး အဖြူအမည်း ဓာတ်ပုံတွေပဲ ရိုက်လို့ရတဲ့ ဒီဂျစ်တယ်ကင်မရာဖြစ်လာခဲ့ပြန်ပါတယ်။
ရေးသားပြုစုသူ-ကျော်ကျော်ဝင်း (X Photographer)
#ဓာတ်ပုံသုတ

Address

6x7 U Phyone Cho Street, No (3) Quarter, Kyaiklat Town, Ayawardery Division
Kyaiklat

Opening Hours

Monday 07:00 - 18:00
Tuesday 07:00 - 18:00
Wednesday 07:00 - 18:00
Thursday 07:00 - 18:00
Friday 07:00 - 18:00
Saturday 07:00 - 18:00
Sunday 07:00 - 18:00

Telephone

+959791037001

Website

Alerts

Be the first to know and let us send you an email when Myat Noe Photo & Wedding Studio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myat Noe Photo & Wedding Studio:

Share