30/01/2022
၃။ သံဃာတ ငရဲ
🌸🌸🌸🌸🌸🌸🌸🌸
--- ဤငရဲ၌ ဖြစ်ကြကုန်သော
ငရဲသားတို့ကို အလျှံ တပြောင်ပြောင်
တောက်ပြီး ကြီးကျယ် မြင့်မားကုန်သော
သံတောင်ကြီးများက အဖန်တလဲလဲ
ကြိတ်ဝါးကြသဖြင့် မှုန့်မှုန့်ညက်ညက်
ကြေမွသည်အထိ ပြုတတ်သော
ငရဲကို သံဃာတငရဲဟု ခေါ်သည်။
--- ဤသံဃာတငရဲသည်
ကာလသုတ်ငရဲအောက် ယူဇနာ(၁၅၀၀၀)
ကွာသော မြေဥမင်လိုဏ် အတွင်း၌တည်ရှိသည်။
မြေထု (၉)ယူဇနာရှိသည်။
ယူဇနာတစ်သောင်း ကျယ်၀န်းသည်။
-- ငရဲသားတို့ ခံစားရပုံ --
- ငရဲသားတို့သည် အလျှံတပြောင်ပြောင်
တောက်လောင်နေသော သံမြေပြင်၌
ထန်းပင်များပမာ မတ်တပ်ရပ် နေကြရသည်။
ငရဲသားတို့၏ ကိုယ်သည် သုံးဂါဝုတ်မျှ
ကြီးကျယ်သော ကိုယ်ရှိ ကြသည်။
ကိုယ်တစ်၀က်သည် သံမြေအတွင်း၌
ခါးထိမြုပ်နေကြ၍ မလှုပ်ရှားနိုင်ကြပေ။
- ထိုငရဲသားတို့သည် ထန်းတောကြီးများ၊
ပေတောကြီးများ၊ ကွမ်းသီးပင်တောကြီးများ၊
အုန်းပင် တောကြီး ပမာဏ မတ်တပ်ရပ်သော
ကိုယ်ရှိကြသည်။
ငရဲသားတို့သည် ပြည့်နှက်ကြပ်တည်း
နေသည်။ ထိုအခါ အရပ်လေးမျက်နှာမှ
ကြီးကျယ်မြင့်မားလှစွာကုန်သော
အလျှံတပြောင်ပြောင် တောက်လောင်
နေသော ငရဲတောင်ကြီးတို့သည်
အလှည့်အလည်အားဖြင့် ကြီးမားသော
အသံကို မြည်ဟည်းကြိမ်းဝါးလျက်
သံတလိမ့်တုံးကြီးပမာ ရက်စက်စွာ
ကြိတ်နင်းသွားကြသည်။
- ထိုသံတောင် သံတလိမ့်တုံးကြီး
တို့သည် သတ္တဝါတို့၏ အကုသိုလ်ကံ
အတွက် ကမ္ဘာဦးစကပင် ပေါ်ထွန်း
လာသော အရာများ ဖြစ်ကြသည်။
-ထိုသံတောင် တလိမ့်တုံးကြီးများသည်
အရှေ့မျက်နှာမှ အနောက်မျက်နှာသို့၊
အနောက်မျက်နှာမှ အရှေ့မျက်နှာသို့၊
တောင်မှ မြောက်သို့၊ မြောက်မှ တောင်သို့
အလှည့်ကျ ကြိတ်နင်းသတ်ဖြတ် သွားသည်။
ငရဲသားတို့မှာ သွေးဝနေသော မျှော့
သတ္တဝါကို ဖိနှိပ် ညှစ်လိုက်သကဲသို့
သွေးတို့သည် သမုဒ္ဒရာလှိုင်းကြီးမက
တဟုန် ဟည်းထပြီး ငရဲတံတိုင်းကြီးကို
ရိုက်ခတ်လေသည်။
- ငရဲမီးလျှံတို့သည် သံမြေပြင်မှ
ထတောက်ပြီးလျှင် ထိုသွေးလှိုင်းကြီးတို့ကို
တဟုန်တည်း လောင်ကျွမ်းခန်းခြောက်အောင်
ပြုလုပ်သည်။
ငရဲသားတို့သည် ကံမကုန်မချင်း ဥပပတ်ဇာတိအားဖြင့် ထပ်ကာထပ်ကာဖြစ်၍ ခံကြရကုန်၏၊
ကံမကုန်သမျှ မလွတ်ကြ ရချေ။
--- ငရဲသက်တမ်း ---
- လူတို့၏ အနှစ်(၂၀၀) သည်
ယာမာနတ်တို့၏ (၁)ရက် ဖြစ်သည်။
- ယာမာနတ်တို့၏ နတ်သက်(၂၀၀၀)
သည် သံဃာတငရဲ၌ (၁)ရက် ဖြစ်သည်။
- သံဃာတငရဲ (၁)ရက်မှာ လူတို့နှစ်အရေ
အတွက်အားဖြင့် (၁၄)ကုဋေ (၄)သန်းရှိသည်။
- သံဃာတငရဲ၏ သက်တမ်းသည်
အနှစ် (၂၀၀၀)ဖြစ်သည်။
(ယင်းကို လူတို့၏ နှစ် ' လ အရေအတွက်
တို့ဖြင့် တွက်သည်ရှိသော် (၁,၀၁၀,၈၈၀,၀၀၀,၀၀၀,၀၀၀) ရှိသည်။)
--- ဤငရဲခံစားရသူများ ---
--- ဤငရဲ၌ သူ့အသက်ကို သတ်ဖြတ်ခြင်း
စသော မကောင်းမှု အကုသိုလ် ဒုစရိုက် အမှုတို့ကို ပြုသောသူတို့သည် ကျရောက်ခံစားရပါသည်။
ငရဲပြည်/ငရဲပြည်မှသေရွာပြန်များ
ပြိတ္တာဖြစ်ရပ်ဆန်း/ဥပရိပဏ္ဏာသ/
ပ႑ိတေ၀ဒနိယ/ဇာတက-စေသာ
စာအုပ်များနှင့် ငရဲပြည်အကြောင်း
သိကောင်းစရာ Facebook-
page-မှ ကူးယူဖော်ပြပါသည်။
အရှင်ဣန္ဒောဘာသ(ဓမ္မသုတ)
#ပြန်လည်မျှဝေခြင်း ဖြစ်တာကြောင့်
မူရင်းရေးသားသူ ဓာတ်ပုံပိုင်ရှင်များကို
လေးစားစွာ Credit ပေးပါတယ်ဗျ
#သော်တာမင်း