25/07/2024
ခရီးသွားဝါသနာပါတဲ့ ဘော်ဒါတို့ကို ခရီးသွားရင် လိုအပ်တဲ့ အချက်လေးတွေပြောပြပေးသွားမှာဖြစ်ပါတယ်။
နံပါတ်တစ် မှတ်ပုံတင်
နံပါတ်နှစ် ကိုယ်သွားမည့်ဒေသ
နံပါတ်သုံး ကိုယ်နေမဲ့ရက်
နံပါတ်လေး ပိုက်ဆံ..................................................
နံပါတ်တစ်
မှတ်ပုံတင်ကတော့မရှိမဖြစ် လိုကိုလိုအပ်ပါတယ် ဒါမှ လမ်းခရီးမှာကော ကိုယ်သွားမဲ့ဒေသမှာကော ကိုယ်တည်းမဲ့ ဟိုတယ်မှာပါအဆင်ပြေမှာဖြစ်ပါတယ်။
(အရမ်းအရေးကြီးပါတယ်)
နံပါတ်နှစ်
ကိုယ်သွားမည့်ဒေသ လမ်းခရီး မြို့အကြောင်းကို မသွားခင် ကြိုတင်လေ့လာထားဖို့လိုပါတယ် ဒါမှ ကိုယ်သွားတဲ့အခါ လျှောလျှောရှူရှူဖြစ်မှာပါ။
ကိုယ်သွားရောက်လည်ပတ်မည့် မြို့ရဲ့အထင်ကရနေရာတွေ ရှု့ခင်းတွေ သမိုင်းဝင်နေရာတွေ ဒါတွေကို ကြိုတင်လေ့လာထားတယ်ဆိုရင် ရောက်တဲ့အခါ ဘာလုပ်ပြီးဘယ်ကစလည်ရမလဲမသိတဲ့ အခြေနေကနေလွတ်မှာပါ။
အဲ့တော့မသွားခင် ကြိုတင်လေ့လာပြီး Plan ချသွားပါ။
အဲ့ဒါမှ အချိန်ကုန် လူပန်းသက်သာစေမှာပါ။
နံပါတ်သုံး
ကိုယ်ဘယ်နှစ်ရက်နေမလဲဆိုတာအရေးကြီးပါတယ် လည်ပတ်မဲ့နေရာတွေကြိုတင် Plan ချပီးသွားတယ်ဆို ကိုယ်ဘယ်နှစ်ရက်နေရမလဲ သိသွားပြီ။ ဒါဆို ကိုယ်လည်မဲ့နေရတွေကိုအစဥ်လိုက်လည်ပတ်ပြီး ပြန်ရုံပဲ။
နံပါတ်လေး
ဒါကတော့အရေးကြီးဆုံးအချက်ပါ ကိုယ်သွားမဲ့ဒေသ မြို့ရဲ့အကြောင်းသိပြီ ကိုယ်ဘယ်နှစ်ရက် လည်ပတ်မလဲဆိုတာသိပြီဆို ဘယ်လောက်ကုန်ကျမလဲ တွက်ချက်လို့ရသွားပါပြီ။ (ငွေကြေးသုံးစွဲနိုင်တဲ့သူတွေကိုတော့မဆိုလိုပါ)
ဘတ်ဂျက်ချွေတာတွက်ချက်ပြီး သွားရမဲ့ဘော်ဒါတွေအတွက်ပြောတာပါ။
ကဲဒါဆို ကျနော်ပြောတဲ့အချက်လေးတွေ ရှိပြီဆို ေဘာ်ဒါတို့ ဝါသနာပါတဲ့ ခရီးထွက်ခြင်းလေးကိုစတင်နိုင်ပါပြီ
လိုအပ်တာလေးတွေရှိရင်လဲအကြံပြုပေးနိုင်ပါတယ်
ကျနော်ကိုယ်တိုင်လဲခရီးသွားရတာဝါသနာပါသူမို့ ကျနော့ရဲ့ခရီးသွားအတွေအကြုံလေးတွေကို ဒီပေ့ကနေမျှဝေပေးသွားမှာပါ။
အထူးသဖြင့်မှာချင်တာတခုကတော့ ဘော်ဒါတို့သွားရောက်လည်ပတ်မဲ့မြို့ကိုရောက်တဲ့အခါ အဲ့မြို့ကဒေသထွက် အစားအစာ အသုံးအဆောင် အမှတ်တရပစ္စည်းလေးတွေကို အတတ်နိုင်ဆုံးအားပေးကြပါလို့တောင်းဆိုချင်ပါတယ် ကိုယ့်အတွက်အသုံးမလို ကိုယ်မကြိုက်ဘူးဆိုရင်တောင်မှပေါ့.....
အားလုံးကိုကျေးဇူးတင်ပါတယ်။
By K.....