Ei Htet

Ei Htet ���

ပျော်ရွှင်စွာနေထိုင်ပါ*******************သဘာဝတရားကြီးက ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်းတွေကို ဘယ်သူ့ကိုမှ ပိုမပေးခဲ့ပါဘူး...
02/12/2023

ပျော်ရွှင်စွာနေထိုင်ပါ
*******************

သဘာဝတရားကြီးက ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်းတွေကို ဘယ်သူ့ကိုမှ ပိုမပေးခဲ့ပါဘူး ။ အားလုံးကို တန်းတူညီမျှ ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်းတွေကို ပေးတာပါ ။

သူက ပိုက်ဆံမရှိလို့ ဝမ်းနည်းစရာတွေ ပေးတယ် ။ သူကချမ်းသာလာလို့ ပျော်ရွှင်ခြင်းတွေ ပေးတယ် ။ သူကရုပ်ချောလို့ စိတ်ချမ်းသာစရာတွေ ပေးတယ် ။ သူက ရုပ်ဆိုးလို့ စိတ်ညစ်စရာတွေ ပေးတယ် စသည်ဖြင့် တွေးနေတာတွေကို ရပ်လိုက်ပါ ။ ကိုယ့်ဆီ ကျရောက်လာသမျှ ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်း ၊ ဝမ်းသာခြင်း ၊ အသားမဲခြင်း ၊ အသားဖြူခြင်း စသည်ဖြင့် အရာအားလုံးကို လက်ခံနိုင်ဖို့ လိုပါတယ် ။

အရည်အချင်းရှိတဲ့သူဆိုတာ အသားဖြူခြင်း ၊ မဲခြင်းနဲ့ ခွဲခြားလို့ မရပါဘူး ။ အရပ်ရှည်ခြင်း ၊ အရပ်ပုခြင်းနဲ့လည်း အရည်အချင်းကို တိုင်းတာလို့ မရပါဘူး ။ အရည်အချင်းရှိတဲ့ သူတစ်ယောက်က ကိုယ့်ဆီကျရောက်လာသမျှ အရာအားလုံးကို လက်ခံနိုင်စွမ်းရှိတယ် ။ အကောင်းဆုံး တုန့်ပြန်နိုင်စွမ်းလည်း ရှိကြတယ် ။ ပျော်စရာတွေ ရောက်လာရင်လည်း ကျေကျေနပ်နပ်နဲ့ လက်ခံလိုက်ပါ ။ စိတ်ရှုပ်စရာတွေကိုလည်း ကျေကျေနပ်နပ် လက်ခံလိုက်ပါ ။ လူတော်တော်များများက ပျော်ရွှင်မှုကိုပဲ လိုချင်ကြတာပါ ။ ဒါပေမဲ့ သူတို့က ပျော်ရွှင်အောင် မနေတတ်ကြဘူး ။ သူတို့ဆီကို ရောက်လာတဲ့ ကောင်းခြင်းဆိုးခြင်းတွေအပေါ် လိုက်ပြီးတော့ ခံစားကြတယ် ။ စိတ်ဆိုးခြင်းတွေလို့ ခေါ်လို့ရတဲ့ ဝမ်းနည်းခြင်း ၊ စိတ်ရှုပ်ခြင်း ၊ စိတ်ညစ်ခြင်းတွေကို ခဏခဏ ပြန်တွေးကြတယ် ။ ပျော်ရွှင်စရာတွေကိုကျ ခဏခဏ ပြန်တွေးလေ့မရှိဘူး ။ လူတစ်ယောက်က စိတ်ကြောင့် မပျော်ရွှင်ရတာပါ ။

ကိုယ်တိုင် ဖန်တီးယူလို့ရတဲ့ ပျော်စရာတွေလည်း ရှိပါတယ် ။

🤍 သီချင်းတွေနားထောင်တာ

ဂီတသံစဉ်တွေက စိတ်ကို ပျော့ပျောင်းနူးညံ့စေတယ်တဲ့ ။ သံစဉ်ငြိမ်ငြိမ်လေးတွေ နားထောင်ရင်း အေးအေးလေးနေလို့ရပါတယ် ။ မြူးကြွတဲ့သံစဉ်နဲ့အတူ စိတ်ခွန်အားဖြစ်စေမယ့် သီချင်းမျိုးကိုလည်း နားထောင်လို့ရပါတယ်

ကိုယ်ရတဲ့ သီချင်းဆို လိုက်ပြီး အကျယ်ကြီး အော်ဆိုလို့ရပါတယ် ။ သီချင်း အကျယ်ကြီး အော်ဆိုလိုက်တာက စိတ်ထဲမှာ မွန်းကျပ်နေသမျှကို ပြေပျောက်စေပါတယ် ။ စိတ်ကို ပေါ့ပါးစေပါတယ် ။ သီချင်းနားထောင်ရင်း အလုပ်လုပ်တာက ပိုပြီး သက်သောင့်သက်သာ ဖြစ်စေပါတယ် ။ ပျော်ရွှင်ခြင်းတွေ ဖြစ်တည်လာဖို့အတွက် သီချင်းနားထောင်လို့ ရပါတယ် ။ တချို့သော ပျော်ရွှင်ခြင်းတွေကို ကိုယ်တိုင်ဖန်တီးယူရင်း ဘဝကို ပျော်ရွှင်စွာနေထိုင်ပါ ။

🤍 ခရီးတွေထွက်တာ

စိတ်တွေ အရမ်းညစ်နေရင် ခရီးထွက်ပါ ။ ပင်လယ်ပြင်ကြီးကို စိတ်ထဲရှိသမျှ အော်ပြောလိုက်ပါ ။ တောင်တန်းကြီးတွေကို ငေးကြည့်ရင်း ဘဝအမောတွေ ဖြေဖျောက်လိုက်ပါ ။ ခရီးသွားတာက အတွေ့ အကြုံကောင်းတွေ ရပါတယ် ။ စိတ်ကို Excited ဖြစ်စေပါတယ် ။

ပိုက်ဆံတွေ အများကြီးရှိမှ ခရီးသွားလို့ရတာ မဟုတ်ပါဘူး ။ ပိုက်ဆံ အနည်းငယ်ရှိရုံနဲ့ ခရီးတွေ သွားလို့ရပါတယ် ။ ပင်လယ်ထဲမှာ ရေကစားရင်း စိတ်ပေါ့ပါးစွာ နေပါ ။ တောင်တန်းတွေကို ဖြတ်ကျော်ရင်း ဖြစ်ပျက်သမျှအပေါ် အကောင်းဆုံး ကျော်ဖြတ်နိုင်ဖို့တွေးပါ ။

လူ့ဘဝခရီးက တိုတိုလေးမို့ ရှင်သန်ရတဲ့ အခိုက်တန့်မှာ ပျော်အောင်နေပါ ။ ဘဝကို ပျော်ရွှင်စွာ ရှင်သန်ပါ ။ တချို့ ပျော်ရွှင်ခြင်းတွေက ဖန်တီးယူလို့ရတယ် ဆိုတာကို လက်ခံပါ ။

#ပျော်ရွှင်စွာနေထိုင်ပါ
crd

သူပြုံးရင် ကိုယ်ပြန်ပြုံးပြမယ်သူ..မဲ့ပြလားရတယ်လေသူ့လိုပဲပေါ့.....ကောင်းရင် ပြန်ကောင်းလိုက်မယ်မကောင်းရင်...ဂျောင်းပေါ့လွမ...
02/12/2023

သူပြုံးရင် ကိုယ်ပြန်ပြုံးပြမယ်
သူ..မဲ့ပြလား
ရတယ်လေ
သူ့လိုပဲပေါ့.....

ကောင်းရင် ပြန်ကောင်းလိုက်မယ်
မကောင်းရင်...ဂျောင်းပေါ့
လွမ်းစရာလား။

တစ်ချို့တွေက
မှန်လိုဆက်ဆံရေးမျိုးနဲ့မှ
တန်တာ။

အပေါ်ယံတွေ
လိုသုံး မရှိသုံးတွေ
တစ်ချို့ဆက်ဆံရေးတွေ
တစ်ချို့ပတ်ဝန်းကျင်တွေ
ကိုယ့်စေတနာ နားမလည်ပဲ နင်းချေသွားတဲ့သူတွေ
ခပ်ပူပူ ဆူဆူ အရောင် ပြင်းပြင်းလူတွေအတွက်.....

ဘီလူးဆိုင်းတီးရင် ဘီလူးက
နတ်ဆိုင်းတီးရင် နတ်ကသာ
ကပြလိုက်။

မဟုတ်ရင်တော့ အနင်းခံရပါလိမ့်မယ်။

 #ချစ်ဦးညို စာအုပ်တွေ ဖတ်ပြီးရင် ရာဇဝင်ကို ချစ်လာတယ်။ #ဂျူး စာအုပ်တွေ ဖတ်ပြီးရင် အချစ်ထက် အရေးကြီးတဲ့အရာတွေကိုမြင်လာတယ်။...
02/12/2023

#ချစ်ဦးညို စာအုပ်တွေ ဖတ်ပြီးရင်
ရာဇဝင်ကို ချစ်လာတယ်။

#ဂျူး စာအုပ်တွေ ဖတ်ပြီးရင်
အချစ်ထက် အရေးကြီးတဲ့အရာတွေကိုမြင်လာတယ်။

#အောင်သင်း စာအုပ်တွေဖတ်ပြီးရင်
အဓိကနဲ့သာမညကို ခွဲခြားတတ်လာတယ်။

#ချစ်နိုင် (စိတ်ပညာ) စာအုပ်တွေ ဖတ်ပြီးရင်
လူ့သဘောမနောတွေကို နားလည်လာတယ်။

#တာရာမင်းဝေ စာအုပ်တွေဖတ်ပြီးရင်
ဘောင် အပြင်ကနေ တွေးတတ်လာတယ်။

#ခင်နှင်းယု စာအုပ်တွေဖတ်မိပြီးရင်
မိန်းကလေးတွေရဲ့တန်ဖိုးကို နားလည်လာတယ်။

#ဂျာနယ်ကျော်မမလေး စာအုပ်တွေဖတ်ပြီးရင်
ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်လာတယ်။

#ခင်ခင်ထူး စာအုပ်တွေဖတ်ပြီးရင်
လောကကြီးမှာ ပိုပြီးနေတတ်လာတယ်။

#မိုးမိုး(အင်းလျား)စာအုပ်တွေဖတ်ပြီးရင်
ပေါင်းသင်းဆက်ဆံရေး အရေးပါပုံ
သိလာတယ်။

#မစန္ဒာ စာအုပ်တွေ ဖတ်ပီးရင်
ဘဝကို အေးအေးချမ်းချမ်းပဲ
ဖြတ်သန်းချင်လာတယ်

ဘယ်စာအုပ်ပဲဖတ်ဖတ်ပါ
စိတ်အာဟာရအတွက်တော့ တစ်ခုခုရတာပါပဲ။

အသက်ကြီးလာတဲ့တစ်နေ့ကျရင်
ဒီထက်ပိုများတဲ့စာအုပ်တွေကြားထဲမှာသာ
တိတ်ဆိတ်စွာ အချိန်ကုန်ချင်တာ အိပ်မက်တစ်ခုပါ။

ဘာလို့လည်းဆိုတော့
စာအုပ်တွေဆိုတာစကားမပြောတတ်ပေမယ့်
အမြဲတမ်းသစ္စာရှိတဲ့ အကောင်းဆုံးသူငယ်ချင်းတွေပါပဲ။


တစ်ယောက်ထဲလဲ ပျော်အောင်နေတတ်တယ်😸😻
13/11/2022

တစ်ယောက်ထဲလဲ ပျော်အောင်နေတတ်တယ်😸😻

29/09/2022

😏

အလုပ်ဆိုတော့လဲ သ ည်းခံရတာပေါ့😶
29/09/2022

အလုပ်ဆိုတော့လဲ သ ည်းခံရတာပေါ့😶

07/09/2022

Hi ဆိုတာနဲ့ profile ပြေးနှိပ်တာ ခလုတ်တိုက်ပြီး Vc နှိပ်မိလို့ $ရှက်တွေလဲ ကွဲပါတယ်🥲🥺

Beautiful Orchid
07/09/2022

Beautiful Orchid

Effect ပိ🙂
29/07/2022

Effect ပိ🙂

"ဘာဖြစ်တာလဲမေးရင်"  ဘာမှမဖြစ်ဘူးတဲ့..   ပြီးရင်အဲ့လို 🙂  #ဟုလားကောင်မလေးတို့
23/07/2022

"ဘာဖြစ်တာလဲမေးရင်" ဘာမှမဖြစ်ဘူးတဲ့..
ပြီးရင်အဲ့လို 🙂

#ဟုလားကောင်မလေးတို့

02/12/2021

အမ္.......Wow😳🤣🤣🤣

Address

Minhla

Telephone

+959780457327

Website

Alerts

Be the first to know and let us send you an email when Ei Htet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share