D.Current

D.Current PHOTO/VIDEO

နွေဦး...     **E
08/03/2026

နွေဦး...

**E

02/03/2026

ကျွန်တော် အမြဲအမှတ်ရနေမဲ့
စကားစုလေး တစ်စုရှိတယ်။
သူပြောခဲ့တာလေးပါ။
အဲဒါက...

"သူချစ်တဲ့ သူ့ကောင်လေးနဲ့သာ
စောစောတွေ့ခဲ့ရင် ကောင်းပြီးတော့"

ကျွန်တော်နဲ့ကျ
အစကတည်းက
မတွေ့ခဲ့ရင် ပိုကောင်းမယ်တဲ့။

**E

24/02/2026

ချစ်တဲ့သူတိုင်းသာ
ညားကြမယ်ဆိုရင်

ဘုရားဟောတဲ့
သံဃောဇဉ်တွယ်ခြင်းဟာ
ဒုက္ခဆင်းရဲပဲဆိုတာ ဘယ်မှန်တော့မလဲ။

16/02/2026

ဆောင်း၏ နွေးထွေးစွာပွေ့ဖက်မှု
နေရောင်၏ နူးညံ့စွာ နမ်းရှိုက်ခြင်းဟာ
ကိုယ့်ကို ပျော်ရွှင်စေခဲ့တယ်။

ဒါပေမဲ့ ဒါတွေက ခဏတာပါ။
မကြာခင် သူလဲ ထွက်ခွာတော့မယ်။
ကိုယ်လဲ ဒီရန်ကုန်မြို့ကြီးကို
စွန့်ခွာဖို့ ပြင်ဆင်နေပါပြီး။

**E

08/02/2026

ကျွန်တော်ဟာ လှောင်အိမ်ထဲက
ခွေးကလေးနဲ့ တူတယ်။
ကျဉ်း၊ကျယ်ခြင်းသာ ကွာခြားတော့သာ

လောကကြီးက ခွေးကလေးရဲ့ပိုင်ရှင်လိုပဲ
လွတ်လပ်ခွင့်ပြု၊မပြုကို သူတို့ပဲသတ်မှတ်မယ်။

အကြိမ်ကြိမ် လမ်းပျောက်မိတယ်။
လှောင်အိမ်နဲ့တူတဲ့ အခန်းသေးသေးလေးထဲမှာ...

ဒါပေမဲ့ ဆက်လျှောက်နေဆဲ...

**E

25/01/2026

2026မှာ လုပ်ဖြစ်တဲ့အရာတစ်ခုရှိတယ်။

အဲဟာက blockတာ။
Socialပေါ်က အဆိပ်အတောက်တွေ
အကျိုးမရှိ၊ အဖြစ်မဟုတ်တဲ့အရာတွေ

သမီးရည်းစားရှာတဲ့ page
ရင်ဖွင့်ရာနေရာစတဲ့ pageတွေက
မfollowပေမဲ့ တစ်ခါဖတ်မိတာကို
ဆက်တိုက်ပေါ်လာနေတယ်။
သူတို့လုပ်ကြံရေးထားတာလား၊
တကယ်လား ဆိုတာမသိပေမဲ့
စိတ်ဝင်စားစရာ ကောင်းတယ်။
ဒါပေမဲ့ အကျိုးမဖြစ်၊အချိန်ကုန်စေလို့
Block!

ပွဲတွေရှာတဲ့လူ၊
ပွဲတွေကို shareပြီး ထောက်ခံအားပေးတဲ့လူ
ပွဲတွေကို ထောက်ပြဝေဖန်၊reactionပြန်လုပ်
စာအရှည်ကြီးရေးတဲ့
ဆရာကြီးဆိုတဲ့လူ
ပွဲတွေဖြစ်မှ သူတို့စီးပွားဖြစ် ဝင်ငွေရမဲ့လူတွေဆိုလဲ
အကုန် block!

Cele၊မင်းသား၊မင်းသမီးဘာညာတွေကိုမေး
အတင်းသတင်းတွေလုပ်ပြီး
စီးပွားရှာတဲ့ media pageတွေအများကြီးပေါ်လာတယ်။
သူတို့တင်ပြတဲ့ သတင်းတွေက
စိတ်ဝင်စားဖို့ ကောင်းတယ်။
ဒါပေမဲ့ မကြည့်ချင်တော့ဘူး။
Block!

ဒါတွေက 2026မှာ
အကျိုးရှိတာလုပ်ပြီး၊
အေးချမ်းခြင်းကို ရှာဖွေတာပါပဲ။

©S**E's

ခရီးသွားတောင်တက်ခြင်းဟာကိုယ်ရောစိတ်ပါကျန်းမာပျော်ရွှင်စေတယ်ဆိုတာ သိပြီးမှာပါ။ကျွန်တော်လဲ 2025နှစ်ကုန်ခါနီးရုံးပိတ်ရက်မှာ...
12/01/2026

ခရီးသွားတောင်တက်ခြင်းဟာ
ကိုယ်ရောစိတ်ပါ
ကျန်းမာပျော်ရွှင်စေတယ်ဆိုတာ သိပြီးမှာပါ။

ကျွန်တော်လဲ 2025နှစ်ကုန်ခါနီး
ရုံးပိတ်ရက်မှာ အကိုတွေကို ပူဆာပြီး
ကျွန်တော်နေတဲ့ မုဒုံမြို့လေးနားက
တောင်သာယာလို့ခေါ်တဲ့တောင်ကို
တက်ခဲ့တယ်။

ဒီတောင်က မော်လမြိုင်မြို့ဘက်ခြမ်းကနေ
လာမယ်ဆိုရင်
မုဒုံမြို့မဝင်ခင် လမ်းကြားလေးကနေ
သွားရပါတယ်။
ကားနဲ့ရော ဆိုင်ကယ်နဲ့ပါ လာလို့အဆင်ပြေပါတယ်။
ကျွန်တော်တို့က အဖေ့ကို
တောင်​ခြေက ဘုန်းကြီးကျောင်းအထိ
ကားနဲ့ လိုက်ပို့ခိုင်းခဲ့ပါတယ်။
တစ်ချို့ဆို တောင်ထိပ်အထိ
ဆိုင်ကယ်နဲ့တက်တာ တွေ့ခဲ့ရပါတယ်။

မနက်စောစော နေမထွက်ခင်လေး
မနက်(5)နာရီလောက် တောင်စတက်ခဲ့တယ်။
ဆောင်းရာသီဖြစ်လို့ တိမ်ပင်လယ်လှလှလေးကို
ကျွန်တော်တို့ မြင်ခဲ့ရတယ်။

တောင်တက်ရင်း ရော်ဘာခြံတွေ
အများကြီးကို ဖြတ်သွားရတယ်။
ပြင်ဉီးလွင်မှာ ထင်ရှူးပင်လှလှလေးနဲ့
ပုံရိုက်ရတာကြိုက်ရင်
မုဒုံက ရော်ဘာပင်တွေကြားမှာ
ပုံရိုက်ရတာ သေချာကိုအကြိုက်တွေ့မှာပါ။

တောင်တစ်ဝက်ရောက်ရင်
တောတောင်တွေနောက်ခံထားထားတဲ့
မုဒုံအစင်းဆည်မြောင်းကို အဝေးကနေမြင်ရတာ
လုံးဝကို မိုက်ပါတယ်။

တောင်ထိပ်ကိုရောက်ရင်တော့
တောင်အသွယ်သွယ်ဝန်းရံထားတဲ့
တောင်ညိုတောင်တန်းလေးကို မြင်ရသလို၊
ကရင်ပြည်နယ်ဘက်က တောင်ကုန်းလှလှလေးကိုလဲ
​မြင်ရပါတယ်။
ပြီးတော့ ဘုရားဖြူဖြူသုံးဆူနဲ့
ဘုရားအကြီးကြီးတစ်ဆူလဲ
တောင်အထွတ်အထိပ်မှာရှိတယ်။

ကျွန်တော်တို့အဖွဲ့က တောင်ပေါ်မှာစားဖို့
မုန့်ကလေးတွေကို ယူသွားကြတယ်။
ဟိတ်... မုန့်စားပြီးရင်လဲ မုန့်ထုတ်တွေကို
ပြန်ယူခဲ့ဉီးနော်။
မပစ်ထားခဲ့ကြပါနဲ့။
ဆေးလိပ်သောက်တတ်မယ်ဆိုရင်လဲ
ဆေးလိပ်မီးတော့ သေချာငြိမ်းခဲ့ဉီးနော်။
တောမီးတွေ မလောင်ရလေအောင်။

ကျွန်တော်တော့ 2025တစ်နှစ်စာ
ပင်ပန်းမွန်းကြပ်မှုသမျှကို
ဒီတောင်တက်ခရီးတစ်ခုလေးနဲ့
အရာရာကို ဖြေဖျောက်အဆုံးသတ်သွားနိုင်ခဲ့တယ်။

သူငယ်ချင်းတို့လဲ နှစ်သစ်မှာ
အသစ်သစ်သော ကောင်းခြင်းနဲ့ပဲ
ကြုံဆုံကြပါစေနော်။

**E's

#တောင်သာယာ

31/12/2025

This year I lost, I won, I failed, I cried and I laughed.
But it's all in the past,.Life goes on.Bye 2025 and welcome 2026.

**E

16/11/2025

ခမ်းနားကြီးကျယ်တဲ့ ဟိုတယ်ကြီးမှာ
မိသားစုစားသောက်ပွဲကြီးလုပ်မှ ပျော်ရွှင်ရတာမဟုတ်ပါဘူး။
ရေကန်နားမှာ အာလူးကြော်တစ်ထုပ်ကို
ကျွန်တော်တို့ပြိုင်လုစားရတာကလဲ ပျော်ရွှင်စရာပါပဲ။

ဓာတ်ပုံstudioကြီးမှာ
မိသားစုဓာတ်ပုံရိုက်မှ မိသားစုဓာတ်ပုံလို့မခေါ်ပါဘူး။
ဖုန်းအစုတ်တစ်လုံးနဲ့ selfieလေးဆွဲလဲ
ဒါက မိသားစုဓာတ်ပုံပါပဲ...

ကျွန်တော်ရယ် ကျွန်တော့်ညီမလေးရယ်
ကျွန်တော့်မိဘနှစ်ပါးရယ်...

ကျွန်တော်တို့တွေ မိသားစုခရီးထွက်ဖြစ်ခဲ့တယ်။
အဝေးကြီးမဟုတ်ပါဘူး။

ကျွန်တော်နေတဲ့ရန်ကုန်မြို့ရဲ့ အင်းလျားကန်မှာပဲ...
**E

08/11/2025

ဒီမိုးကို
ပုံဖော်ကြည့်ရသလောက်
နှုတ်ဆက်ရလို့ ဝမ်းနည်းနေပုံပဲနော်...

**E

03/11/2025

နေ့ရက်တွေ တဖြည်းဖြည်းကုန်လွန်တယ်။
သီတင်းပတ်တွေ
တစ်စတစ်စ ချုပ်ငြိမ်းသွားတဲ့အခါ
နောက်ဆုံးဆိုတဲ့အရာဟာ ရောက်လာတယ်။

အဲအချိန် မရောက်ခင်လေးမှာ
ငါတို့တွေ အကျိုးရှိရှိ ရှင်သန်သွားဖို့
ဘေးနားက လူတွေကို ချစ်ကြိုက်ဂရုစိုက်ပေးဖို့
သတိအမြဲကပ်ပြီး နေထိုင်သွားကြမယ်နော်။

**E

01/11/2025

Chapter 11/November

**E

Address

Mudon

Website

Alerts

Be the first to know and let us send you an email when D.Current posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to D.Current:

Share