09/10/2024
no-one to turn to
အသက် ၇၄ နှစ်အရွယ် Bep de Bruin ကို
၂၀၁၃ ခုနှစ် မှာ Rotterdam ကသူမရဲ့အိမ်ထဲ သေဆုံးနေတာကို တွေ့ခဲ့ကြတယ်တဲ့။
သံသယဝင်စရာကောင်းတဲ့ သေမှုသေခင်းမျိုး မဟုတ်ပေမဲ့ Bep သေဆုံးသွားတဲ့ သတင်းဟာ နယ်သာလန် တစ်နိုင်ငံလုံးကို လှုပ်ခတ်သွားခဲ့ပါတယ်။
Bep ဟာ 2003 ခုနှစ်ကတည်းက သေဆုံးနေခဲ့တာ ဖြစ်ပြီး ၁၀ နှစ်ကြာတဲ့အထိ ဘယ်သူမှ မသိရှိခဲ့။ တစ်ဦးတည်းသောကလေးနဲ့လည်း အဆက်အသွယ်မရှိခဲ့ပါဘူးတဲ့။