27/07/2018
Price: HD 720p 40000 Ks
Full HD 1080p 45000 Ks
CCTV တပ်ထားပြီးပြီလား။ ???
အကြောင်းကြောင်းကြောင့် မတပ်ရသေးရင်၊ မတပ်ဖြစ်သေးရင် မီးလုံးပေါက်မှာ တပ်လိုက်ရုံနဲ့ ကိစ္စပြီးစီးမယ့် လွယ်ကူရိုးရှင်း မီးလုံးကင်မရာလေးသာ တပ်လိုက်ပါ။ ယခုဝယ် ယခုတပ် ယခုကြည့်လို့ရပါတယ်။
CCTV တပ်ထားပြီးပြီ။ လုံခြုံစိတ်ချရပြီလို့
4 unitet, GSM Router စတဲ့ အင်တာနက်လိုင်းရှိထားရင် ဘယ်မြို့ရောက်ရောက် ဘယ်နိုင်ငံရောက်ရောက် ဖုန်းကနေ တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။
မီးလုံးကင်မရာမှာ LED မီး၃လုံး ပါရှိပြီး အဝေးကနေ ဖုန်းနဲ့ ဖွင့်/ ပိတ် လုပ်နိုင်ပါတယ်။ ဖွင့်ပိတ်မလုပ်နေပဲ မှောင်လျှင်လင်းပေး၊ ဘေးအလင်းရောင်လုံလုံလောက်လောက်ရချိန် ပိတ်ပေးသော Auto စနစ်နဲ့ ထားလို့လည်း ရပါတယ်။
ရုပ်သံမှတ်တမ်းတွေကို CCTV ကြီးတွေလို ဟက်ဒစ်ထည့်စရာမလိုပဲ Memory Card ထည့်ရုံနဲ့ သိမ်းဆည်းပေးထားနိုင်ပါတယ်။ 128GB အထိ ထည့်စိုက်နိုင်ပါတယ်။ ဖုန်းနဲ့ တိုက်ရိုက်ကြည့်ရှုနိုင်သလို မကြည့်မိလို့ လွတ်သွားတဲ့ မြင်ကွင်းတွေကိုလည်း Memory Card ဖြုတ်ပြီး ဖုန်းထဲထည့်ကြည့်နိုင်ပါတယ်။ လိုင်းကောင်းရင် အဝေးတစ်နေရာကနေ Memory Card ထဲက မှတ်တမ်းတွေကို ကဒ်ဖြုတ်စရာမလိုပဲ ပြန်ကြည့်လို့ရပါတယ်။
ဂိုဒေါင်တို့ အရေးကြီးပစ္စည်းထားရာအခန်းတို့ လျှို့ဝှက်ခန်းတို့လို လူဝင်လူထွက် ကန့်သတ်ထားတဲ့ နေရာမျိုးမှာ
တပ်ဆင်ထားမယ်ဆိုရင် Motion Detect Alarm ဖွင့်ထားပြီး email နဲ့ ချိတ်ဆက်ထားပါက လူဝင်လူထွက် လှုပ်ရှားမှုတွေ့တိုင်း ဖုန်းမှာ Alarm လာမြည်ပါတယ်။ ရိုက်ထားတဲ့ ဓါတ်ပုံတွေကိုလည်း email နဲ့ ပို့ပေးပါတယ်။
စာရေးထားတာ များသွားလို့ ရှုပ်ထွေးသွားရင် အကျဉ်းချုပ် ကောက်နှုတ်ချက်ကိုသာ ဖော်ပြပေးပါမယ်။
၁။ တပ်ဆင်ရ လွယ်ကူပါတယ်။ ယခုတပ် ယခုကြည့်နိုင်ပါတယ်။
၂။ ရုပ်ထွက်ကြည်လင်ပြတ်သားပြီး အသံပါ ဖမ်းယူထားနိုင်ပါတယ်။
၃။ အင်တာနက်လိုင်းရှိထားရင် တစ်ကမ္ဘာလုံး ဘယ်နေရာရောက်ရောက် လှမ်းကြည့်နိုင်ပါတယ်။
၎။ မီးလုံးကို ON, OFF, Auto ရွေးထားနိုင်ပါတယ်။
၅။ Motion Detect Alarm နဲ့ လူဝင်လူထွက်ကို စောင့်ကြည့်ခိုင်းထားနိုင်ပါတယ်။
၆။ ဝေါ်ကီတော်ကီတစ်လုံး အထိုင်ထားသလို ဖုန်းနဲ့ အပြန်အလှန် စကားပြောနိုင်ပါတယ်။
၇။ မှတ်တမ်းတွေကို မလွတ်ရအောင် ကဒ်ထဲမှတ်ထားနိုင်သလို ဖုန်းထဲမှာလည်း ဆွဲသိမ်းထားနိုင်ပါတယ်။
၈။ ပုံသေ တစ်နေရာတည်း ဒဲ့ကြည့်ရတာမျိုးမဟုတ်ပဲ အပေါ်စီး/ ဘေးတိုက်/ ပတ်လည် ထောင့်စေ့အောင် ကြည့်ရှုနိုင်ပါတယ်။
၉။ ဖုန်းနဲ့ ချိတ်ဆက်ထားသည်ဖြစ်စေ မချိတ်ဆက်ထားသည်ဖြစ်စေ အင်တာနက်လိုင်းရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ Memory Card ထည့်တာနဲ့ ရိုက်ထားသမျှ ဆက်တိုက်မှတ်တမ်းယူထားပါလိမ့်မယ်။
အားနည်းချက်ကတော့
၁။ လျှပ်စစ်မီး မရှိတဲ့နေရာမှာ တပ်လို့မရပါ။
(ဆိုလာ/အင်ဗာတာတို့နဲ့ ထောက်ပံ့နိုင်ပါတယ်။)
၂။ ဟင်းလင်းပြင် အမိုးအကာမရှိတဲ့နေရာမှာ တပ်ရင် မိုး/ ရေ ၀င်တာနဲ့ ပျက်ပါမယ်။
(မိုးရေမ၀င်နိုင်တဲ့ မီးအိမ်/ စလောင်းတို့နဲ့ ပံ့ပိုးထားနိုင်ပါတယ်။)
၃။ (240Vထက်ပိုတဲ့) မီးအားဆောင့်တက်ရင် ချို့ယွင်းပျက်စီးနိုင်ပါတယ်။
(မီးအားထိန်းစက်ခံထားရင် ပိုကောင်းပါလိမ့်မယ်။)
၎။ အင်တာနက်လိုင်းမရှိရင် ပေ၆၀ပတ်လည်အတွင်းသာ ဖုန်းနဲ့ကြည့်လို့ရပါမယ်။
(မြန်မာနိုင်ငံအတွင်း အင်တာနက်မရှိတဲ့နေရာ အတော်ရှားသွားပါပြီ။)
၅။ အင်တာနက်လိုင်းဖွင့်ပြီး အဝေးကနေကြည့်ရင် အင်တာနက်ဖိုး ဘေလ်ကုန်ပါလိမ့်မယ်။
(တစ်ခုလိုချင်ရင် တစ်ခုပေးဆပ်ရတဲ့ နိယာမအတိုင်း လူကိုယ်တိုင် သွားကြည့်ရတဲ့စားရိတ်တွေ ကုန်တာထက်စာရင် အင်တာနက်ဖိုးက ဘာမှမပြောပလောက်ပါ။)
လိပ်စာ -
A.Group
အမှတ် (၇၂)၊ ကန်ဖျားလမ်းမကြီး၊ ၀ိုင်းဆေးခန်းအရှေ၊ မြိတ်မြို့။
Ph: 0941005179