Poem & Clouds

Poem & Clouds That,too,shall pass away .

14/06/2022

"ခလုတ်"

ဒီဘ၀ ဒီသံသရာမှာ
တစ်ကြိမ်သာ ဆုံခဲ့တွေ့ခဲ့ ကြ

သူ့ အရင်လူရဲ့ လောင်းရိပ်အောက်မှာ
မွန်းကြပ်လို့ ရုန်းထွက်ပြေးလာတဲ့
လမ်းခုလတ်မှာ ကျွန်တော် နှလုံးသားနဲ့
တိုက်မိခဲ့ပေါ့.....၊

အတိတ်ဆိုး ၊ အိမ်မက်ဆိုး တွေ နှိပ်စက်လို့
အဲ့ဒီ နေ့စွဲတွေမှာ သူပင်ပန်းနေမယ် ဆိုတာ
ကျွန်တော် ရိပ်စားမိခဲ့ ...

ပျော်စရာတွေ ဖန်တီးဖို့ ရည်ရွယ်ချက်ရှိရှိ
ကျွန်တော် နှလုံးသား ဟာ ၀င်တိုက်ခဲ့တယ်
မေတ္တာလဲ စစ်ပါရဲ့ ၊ ချစ်တာလဲ စစ်ပါရဲ့
သံယောဇဉ်ကြိုးလေးတွေလဲ တွယ်ငြှိခဲ့ပါရဲ့

သို့ပေမယ့် "ခလုတ်" တစ်ခုပဲဖြစ်ခဲ့တယ်
ကျွန်တော် နှလုံးသားဟာ သူ့အတွက်တော့
လမ်းသွားရင်း တိုက်မိခဲ့တဲ့ "ခလုတ်" တစ်ခုပဲ

"ခလုတ်" တစ်ခုလို သူသဘောထားတဲ့အခါ
သူ့မှာ ဘာနာကျင်မှု့မှ ဒီ "ခလုတ်" စီကမရတဲ့အခါ
ခဏခဏ သူတိုက်ချင်ခဲ့ ပုံပဲ ..... သူခဏခဏတိုက်ချင်
ခဲ့တာ နှလုံးသား တစ်ခု (သို့) ဘ၀တစ်ခုမှန်း သူမသိခဲ့
တစ်ချိန်မှာ သိသွားတဲ့အခါ ဒီလူ့ကိုပဲ အပြစ်ဆိုလိုက်ပါ
နောက်တစ်ကြိမ် ပြန်တိုက်မိခဲ့ရင်သာ နှလုံးသားတစ်ခုလို့
မြင်နိုင်ပါစေ ......။

"ကိုယ့်ကြောင့် မနာကျင်ခဲ့ရရင်
ခဏခဏ ၀င်တိုက်ပါနော် တစ်ချို့ ခလုတ်တွေက မင်းကို
နာကျင်စေမှာ ကိုယ်ကတော့ မင်းကို ....... မင်းကို
နာကျင်စရာတွေ ဘယ်တော့မှ မပေးပါဘူးနော်"

"ကိုယ်တော့ခဏခဏ နာကျင်ရတယ် "

-လွင်ခါး

07/06/2022

ထပ်တူကျမယ့် အချစ်တစ်ခုဆီ
သွားရင်း ...သွားရင်း
လျှောက်ရင်း ....လျှောက်ရင်း နဲ့
ရင်နာစရာများနဲ့ပဲ ကြုံခဲ့ရ

ကိုယ်မနာကျင်တတ်ပါဘူး..
ကြင်ပဲ.... ကြင်နာတတ်တာ
လွှတ်ချသွားတာပဲဖြစ်ဖြစ်
လွတ်ကျသွားတာပဲဖြစ်ဖြစ်
ကွဲ‌ကြေ သွားတဲ့ နှလုံးသားအပိုင်းအစတွေ
တစ်စစီပြန်ဆက်ဖို့ထက် ....
ငယ်အဆင်ပြေပါစေလို့ ဆုတောင်းနေတယ်

တောင်းဆုတွေသာပြည့်ခဲ့ရင်လေ
ကိုယ်လဲငယ့်ကိုချစ်လို့၀မှာမဟုတ်သလို
ငယ်လဲကိုယ့်ကို ပစ်လို့ချမှာ မဟုတ်ဘူး......

"မထိုက်ခဲ့လို့ပဲ ...ကိုသဘောထားလိုက်ပါ့မယ်
ငယ့်ချစ်သူနဲ့သာ ပျော်ပါစေ "

-လွင်ခါး
(6.6.2022 June )

04/06/2022

- မမ ကသာ အေးချမ်းနေတာပါ
ကျနော့်မှာ
ချစ်မေတ္တာ ပိုလျှံလာတဲ့အခါ
ပိုင်ဆိုင်လိုစိတ် ပြင်းပြပြီး
ကမ္ဘာပျက်သလိုဘဲ ။
"ငါ့အားဒီလောက် မနှစ်သက်တဲ့ သူမ အား မေ့မေ့ပျောက်ပျောက်ဖြစ်အောင် ဆိုပြီး
မုန်းကြည့်မိသေးတယ် ။
ဟော အဲမှာ စ တာဘဲ ။
မနေနိုင်ခြင်းတွေ
မချစ်မိအောင် မကြိုးစားနိုင်လေခြင်းတွေ

သူမ (မမ) က ငြိမ်းချမ်းရေးလိုလားသူပါ
ကျနော့်ဘက်ကသာ
သူမရဲ့ ချစ်ခြင်းမေတ္တာတစ်ခုလုံး ကို
သိမ်းပိုက်ချင်နေတဲ့
ခေါတ်သစ် ဟစ်တလာ ပေါက်စလေး တစ်ကောင် ။
မချစ်မိအောင် စစ်ချီ လည်း
ရှုံးဖြစ်အောင် ရှုံးခဲ့တဲ့
ဒီလို ပွဲတွေ များတယ် ။ ။

-လွမ်းဝေ

04/06/2022

- စိတ် နဲ့ ခန္ဓာ တစစီဖြစ်အောင် ကျ ကွဲသည်အထိ လွမ်းရတယ် ။
သတိရတယ်ဆိုတာကလည်း နေ့ ရယ် ညရယ် မရွေး ပြန်ဘူး ။
စက္ကန့်လက်တံလေး တခါရွေ့သွားတာကိုက ကိုယ့်မှာ ရင်မောစရာ ။
(မင်းစိတ်နဲ့ )
(မင်းစိတ်နဲ့)

- လွမ်းဝေ

25/05/2022

ကိုယ့်နှလုံးသားကလေ
မင်းပါးစပ်ကခဏခဏပြောတဲ့ ချစ်တယ်ဆိုတဲ့စကားကို
ညာနေတာမှန်း သိရက်နဲ့တောင် ....၊

ကျိုးကြေဖို့ အကြိမ်ကြိမ်
လက်ခံခဲ့တယ် ။ ။

-လွင်ခါး

သူ့စိတ်ထဲမှာ ကိုယ်မရှိဘူးသူ့စိတ်ရဲ့ လေဟာနယ်ထဲမှာတောင်ကိုယ်ရှိမနေဘူး  ။........။-လွင်ခါး
23/05/2022

သူ့စိတ်ထဲမှာ ကိုယ်မရှိဘူး
သူ့စိတ်ရဲ့ လေဟာနယ်ထဲမှာတောင်
ကိုယ်ရှိမနေဘူး ။........။

-လွင်ခါး

14/05/2022

- ငါတို့ကိုယ်ကို ကစားသမား လို့မှတ်ရင်
အချစ် ဟာ အရှိုက်တည့်တည့်ထိနိုင်တဲ့ ဘောလုံးတစ်လုံး ။ ။
ကန်ချက်ပြင်းလေ ပိုနာလေ ။ ။
အပြန်အလှန် ထိခိုက်ပြီးမှ မသာမလွန်တဲ့ ကစားပွဲ ကို အဆုံးသတ်ကြရ ။
ဒါပေမဲ့ ကျေနပ်စွာ ဆော့ကစားခဲ့ကြ ။

- လွမ်းဝေ(နွားထိုးကြီးမြို့)

13/05/2022

- လူကြီးမင်းများခင်ဗျာ
ဒီညတော့ ပစ်စလက်ခက် လွမ်းမလို့
ခဏလောက် တည်ငြိမ်ပေးပါ ။
ယောကျာ်းဆိုသည်အမျိုး ငိုရိုးထုံးစံ မရှိ ဆိုပင်မဲ့
ဒီညမှာတော့ လောကကြီး ကို အရှုံးပေးပါရစေခင်ဗျာ ။

- လွမ်းဝေ(နွားထိုးကြီးမြို့)

13/05/2022

- ဘာမှမရှိလည်း ဖြစ်တယ် လို့ အံတုရတာ ပင်ပန်းတယ် အချစ်ရဲ့ ။
ဘယ်သူမှ မနေရင်တောင် မင်းတော့ ရှိမှာဘဲ လို့ ကလေးအတွေး တွေးမိခဲ့တာ တူပါရဲ့ ။
မင်းလည်း အဲ့နေ့က ထွက်သွားတာပါဘဲ ။
ကိုယ့်မှာ နူတ်ဆိတ်နေရုံကလွဲ ဘာတတ်နိုင်အုန်းမှာလဲ ။
မင်းနဲ့ ငါ က လူချင်းလည်း ဝေး ၊ စိတ်ချင်းလည်းဝေး
တစ်မိုးအောက်မှာ ကိုယ်တို့ ဒီတစ်သက်လုံးမှာ ဝေး ။ ။

-လွမ်းဝေ(နွားထိုးကြီးမြို့)

Address

Natogyi

Telephone

+959982058264

Website

Alerts

Be the first to know and let us send you an email when Poem & Clouds posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Poem & Clouds:

Share