Create Your Memories - CYM

Create Your Memories - CYM Let me create your memories 📸

25/10/2025

Cosmos (ကော့စမော့စ်) ပန်းအကြောင်း

Cosmos ပန်းဟာ October လရဲ့ မွေးလပန်းတစ်မျိုးဖြစ်ပြီး၊ Asteraceae လို့ခေါ်တဲ့ နေကြာပန်းမျိုးရင်း (Sunflower family) ထဲက ဖြစ်ပါတယ်။ ပန်းပွင့်ပုံစံက ဒေစီပန်း (Daisy) နဲ့ ဆင်တူပြီး ကြည့်ရတာ နူးညံ့သိမ်မွေ့တဲ့ အသွင်အပြင် ရှိပါတယ်။

Cosmos ပန်းရဲ့ ပန်းစကား

Cosmos ဆိုတဲ့ နာမည်ဟာ ဂရိစကားလုံး "κόσμος (kosmos)" ကနေ ဆင်းသက်လာပြီး၊ အဓိပ္ပာယ်ကတော့ "စနစ်တကျရှိခြင်း"၊ "အစီအစဉ်" သို့မဟုတ် "ကမ္ဘာလောက" လို့ အဓိပ္ပာယ်ရပါတယ်။ ဒါကြောင့် Cosmos ပန်းရဲ့ အဓိက ပန်းစကားက သူ့နာမည်နဲ့ လိုက်ဖက်ညီစွာပဲ-

၁။ စနစ်တကျ၊ ညီညွတ်မျှတခြင်း (Order, Harmony, and Balance)
Cosmos ပန်းရဲ့ ပွင့်ချပ်တွေဟာ စည်းကမ်းတကျ ညီညီညာညာ ဝိုင်းဝန်းနေတဲ့ ပုံစံကြောင့် စကြာဝဠာ (Cosmos) ရဲ့ ညီညွတ်မှု၊ စည်းစနစ်ကျနမှုနဲ့ သဟဇာတဖြစ်မှုကို ကိုယ်စားပြုပါတယ်တဲ့။

၂။ ငြိမ်းချမ်းရေးနှင့် စိတ်အေးချမ်းမှု (Peace and Tranquility)
၎င်းရဲ့ နူးညံ့တဲ့ အသွင်အပြင်ကြောင့် စိတ်ရဲ့ ငြိမ်းချမ်းခြင်း၊ တည်ငြိမ်အေးချမ်းခြင်းနဲ့ စိတ်သက်သာရာရခြင်းတို့ကို ဖော်ပြပါတယ်တဲ့။

၃။ အချစ်နှင့် ဝမ်းမြောက်ပျော်ရွှင်မှု (Love and Joy)
ဗစ်တိုးရီးယားခေတ် (Victorian Era) ပန်းစကားအရ Cosmos ပန်းဟာ "အချစ်မှာ ပျော်ရွှင်ခြင်း" (Joy in Love and in Life) ကို ကိုယ်စားပြုပါတယ်။ ပန်းပွင့်တဲ့အခါ ပျော်ရွှင်တဲ့ ခံစားချက်ကို ပေးစွမ်းနိုင်ပါတယ်တဲ့။

၄။ ရိုးသားဖြူစင်မှုနှင့် ကျိုးနွံမှု (Innocence and Modesty)
ပန်းရဲ့ ရိုးရှင်းပြီး သိမ်မွေ့တဲ့ ပုံစံကြောင့် အပြစ်ကင်းစင်ခြင်းနဲ့ မာနမကြီးဘဲ ကျိုးနွံတတ်ခြင်းကိုလည်း ဖော်ပြပါတယ်တဲ့။

Cosmos ပန်းကို အရောင်အမျိုးမျိုးနဲ့ တွေ့ရတဲ့အတွက် အရောင်အလိုက် အဓိပ္ပာယ်ဖွင့်ဆိုချက်တွေလည်း ရှိပါတယ်။ ဒီ videoထဲမှာ ပါတဲ့ Cosmos ပန်းရောင်လေးကတော့ အချစ်ရေးဆိုင်ရာခဲစားချက်များ ကြင်နာမှုများကို ရည်ညွှန်းပါတယ်တဲ့ ခင်ဗျာ

Cosmos ပန်းကို လက်ဆောင်ပေးခြင်းဖြင့် လက်ခံရရှိသူဟာ ညီညွတ်မျှတတဲ့ ဘဝ ကို ပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးတဲ့ သဘောနဲ့ ချစ်ခင်လေးစားမှုကို ဖော်ပြရာရောက်ပါတယ်တဲ့

📸 Khun Liam Oo

24/10/2025

Friday Evening ✨ 🌸

📸 Khun Liam Oo

ဒီပန်းလေးတွေကိုသိလား .. မြင်ဖူးကြမှာ‌ပါ လမ်းဘေးတွေမှာလည်း ပေါတယ်လေ ..သူ့အပွင့်က အနီရောင်လေး နဲ့ အရွက်တွေက စူးစူးကြမ်းကြမ...
23/10/2025

ဒီပန်းလေးတွေကိုသိလား .. မြင်ဖူးကြမှာ‌ပါ
လမ်းဘေးတွေမှာလည်း ပေါတယ်လေ ..
သူ့အပွင့်က အနီရောင်လေး နဲ့ အရွက်တွေက စူးစူးကြမ်းကြမ်းလေးတွေ ရှိတယ် ..
ဒီပန်းကို မြန်မာ မှာဘယ်လိုခေါ်ကြလဲမသိဘူး ကျွန်တော်ကတော့ တောနှင်းဆီလို့ ခေါ်တယ် English လိုတော့ လန်တာနာပန်း (Lantana)လို့ ခေါ်ပါတယ် ..
Lantana ဟာ ခက်ခဲတဲ့ ပတ်ဝန်းကျင်မှာတောင် ရှင်သန်နိုင်စွမ်းရှိတဲ့အတွက် ဇွဲရှိခြင်း နဲ့ ခံနိုင်ရည်ရှိခြင်း၊ တောင့်တင်းခိုင်မာခြင်း ကို အဓိက ကိုယ်စားပြုပါတယ် တဲ့ ။ပန်းပွင့်အရောင်တွေ ပြောင်းလဲတတ်တာကြောင့် ပြောင်းလဲခြင်း သို့မဟုတ် လိုက်လျောညီထွေရှိခြင်း ကိုလည်း ဆိုလိုပါတယ်တဲ့ ...။

📸 Khun Liam Oo

မနက်ခင်း ဘုန်းတော်ပန်း သို့မဟုတ်Morning glory  💜တစ်ပုံချင်းစီမှာ သူ့အကြောင်းရေးထားပေးပါတယ်နော် ..သာယာရွှင်လန်းကြပါစေ💜📸 K...
19/10/2025

မနက်ခင်း ဘုန်းတော်ပန်း သို့မဟုတ်
Morning glory 💜

တစ်ပုံချင်းစီမှာ သူ့အကြောင်းရေးထားပေးပါတယ်နော် ..

သာယာရွှင်လန်းကြပါစေ💜

📸 Khun Liam Oo

Congratulations to The Winner 🏆🎉ကျန်တဲ့ သူများလည်း နောက်Giveaway မှာ ကံကောင်းနိုင်ကြပါစေ ခင်ဗျာ .. ။ကျေးဇူးအများကြီး တင်...
25/04/2024

Congratulations to The Winner 🏆🎉

ကျန်တဲ့ သူများလည်း နောက်Giveaway မှာ ကံကောင်းနိုင်ကြပါစေ ခင်ဗျာ .. ။

ကျေးဇူးအများကြီး တင်ပါကြောင်း ။

မ Thazin Oo
DM မှာ လာတိုင်ပင်လို့ ရပါပြီ ခင်ဗျာ ..။😁

Giveaway Time 📸🎉( Only NawngHkio Township) Hello ..CYM ရဲ့ အပ်မျှင်ခွန် ဖြစ်ပါတယ် ခင်ဗျာ ဧပရယ်လဟာ ကျွန်တော့်ရဲ့ မွေးလ ဖြ...
08/04/2024

Giveaway Time 📸🎉

( Only NawngHkio Township)

Hello ..CYM ရဲ့ အပ်မျှင်ခွန် ဖြစ်ပါတယ် ခင်ဗျာ
ဧပရယ်လဟာ ကျွန်တော့်ရဲ့ မွေးလ ဖြစ်တာကြောင့် ထုံးစံအတိုင်း Giveaway ပေးပါ့မယ် ခင်ဗျာ။
Giveaway winner ဟာ solo portrait package ကို အခမဲ့ ရိုက်ကူးခွင့် ရမှာပါခင်ဗျာ ။ Winner စိတ်တိုင်းကျ ပုံစံရိုက်ချင်လည်း ရသလို ကျွန်တော့်ဆီက အကြံဉာဏ်ယူပြီး ရိုက်လည်း ရပါတယ် ခင်ဗျာ။ ဒါကတော့ winner ရဲ့ ရွေးချယ်ခွင့်ပါ။
ဆိုတော့ကား .. Giveaway မှာ ပါဝင်ဖို့အတွက် ဒီ post လေးကို share ပြီး Comment မှာ ရေးချင်တာ ရေးသွားပေးပါ။ CYM ရဲ့ အားသာချက်၊ အားနည်းချက် ၊လိုအပ်ချက် ၊ ပြင်ဆင်ရမယ့် အချက် လေးတွေကို အပြုသဘောဆောင်ပြီး အားမနာတမ်းဝေဖန်အကြံပြုပေးရင်တော့ အရမ်းကိုပျော်မိမှာပါခင်ဗျာ ။ ပြင်သင့်တာတွေ ပြင်ပြီး ပိုကောင်းအောင် ကြိုးစားချင်လို့ပါ။ ‌Giveaway winner ကိုတော့ April 25 ရက်နေ့မှာ Comment picker နဲ့ ရွေးချယ်ကြေညာ ပေးသွားပါမယ် ခင်ဗျာ။ comment picker နဲ့ရွေးချယ်မှာမို့ comment တစ်ခုခုကတော့ ရေးမှ ရပါမယ် ခင်ဗျာ

ရှိတာလေးနဲ့ အကောင်းဆုံး ကြိုးစားခဲ့တာမို့ စပြီး ဓာတ်ပုံရိုက်ကတည်းက အခုချိန်ထိ CYMနဲ့ joinခဲ့တဲ့ Client များကို ကျေးဇူးအထူးတင်ရှိပါကြောင်း...💙

(အားနာ ပေမယ့် လေ GW winner က နောင်ချိုမြို့ပေါ်ကို လာရိုက်ပေးနိုင်ရင်တော့ ပိုအဆင်ပြေမှာပါ အများကြီးတောင်းပန်ပါတယ်ခင်ဗျ)

Address

Nawnghkio

Telephone

+959961713149

Website

Alerts

Be the first to know and let us send you an email when Create Your Memories - CYM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Create Your Memories - CYM:

Share

Category