08/01/2024
💪ကျရှုံးချိန်မှာ ခေါင်းမော့ပါ။
☑ ကြိုးစားချိန်မှာ နှုတ်လုံပါ။
☑ အောင်မြင်ချိန်မှာ မာန်ချပါ။
☑ ပြည့်ဝချိန်မှာ မျှဝေပါ။
☑ ကြိုးစားနေတဲ့အချိန်မှာ သည်းခံပါ။
☑ ကျရှုံးနေတဲ့အချိန်မှာ ရဲရင့်ပါ။
☑ အောင်မြင်တဲ့အချိန်မှာ တည်ငြိမ်ပါ။
♦ပြုံးနေပေမယ့် နာကျင်ရတဲ့ရက်တွေရှိတယ်။အပေါ်ယံလေးနဲ့ အရာရာကိုမဝေဖန်ချင်ပါနဲ့။
လူတိုင်းမှာ သောကကိုယ်စီနဲ့ ပျော်သလိုနေနေကြတာပါ။
♦ဘဝမှာ အခက်ခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါ ဘာလို့လဲလို့ မေးခွန်းထုတ်မနေဘဲ ဘယ်လိုကြိုးစားရမလဲဆိုတာ စဉ်းစားလိုက်ပါ။
♦ရည်မှန်းချက်တွေပျက်ရင် ဘဝတစ်ခုလုံး ပျက်စီးသွားနိုင်တယ်။
ဒါကြောင့် အခက်ခဲတွေနဲ့ ဘယ်လိုပဲကြုံတွေ့နေပါစေ ရည်မှန်းချက်တွေမပျက်ပါစေနဲ့။
♦ အားတင်းထား ဘဝနဲ့ရင်းပြီး ရလိုက်တဲ့သင်ခန်းစာတွေက ခံရတဲ့အချိန်မှာ ခါးသီးပေမယ့် တချိန်ချိန်မှာ ချိုမြိန်လာမှာပါ။
♦မှန်မှန်မှားမှား ဆင်းရဲရင်တော့ ခံရမယ်။ချိုချိုခါးခါး မကျန်းမာရင်တော့ သောက်ရမယ်။လိုလိုမလိုလို ပတ်ဝန်းကျင်ဆိုတော့ ပေါင်းရတယ်။
ကောင်းကောင်းမကောင်းကောင်း အလုပ်သဘောရတော့ ပြုံးရတယ်။
♦မင်းဒုက္ခရောက်နေချိန်မှာ ဘယ်သူ့ကိုမှ အသနားမခံပါနဲ့ ရုန်းထွက်နိုင်အောင်ကြိုးစားပါ။စိတ်ဓာတ်ကျတိုင်း ဤစာကိုဖတ်ပါ။သင့်ဘဝတွက် ခွန်းအားဖြစ်စေလိမ့်မယ်။
♦ကိုယ့်တန်ဖိုးကို နားမလည်တဲ့လူတွေကို အချိန်ကုန်ခံမနေပါနဲ့။ကိုယ့်ပေါ်မှာတန်ဖိုးထားတဲ့ လူတွေကိုအချိန်ပေးရအုံးမယ်။
♦လူကိုမကြည့်နဲ့.မူကိုကြည့်။ရုပ်ကိုမကြည့်နဲ့. အလုပ်ကိုကြည့်။အပြောမကြည့်နဲ့. မနောကိုကြည့်။
♦အတူမြင်ပေမယ့် အမြင်မတူတဲ့အခါ အဓိပ္ပါယ် ဟာ လွဲမှားနေအုံးမှာပါ။
♦☑♦☑♦☑♦☑♦☑
အရှင်ပညောဘာသ(မေတ္တာလရောင်)
စုစည်း၍ ဓမ္မဒါနပြုပါသည်။
𝗖redit လေးစားစွာဖြင့်တဆင့်ပြန်လည် မျှဝေပေးပါသည်
📚စာပေချစ်သူများ မင်္ဂလာပါ 📚
📚ခွန်အား ဖြစ်စေမယ့် စာပေများ📚
📚သမိုင်းကြောင်းများ📚
📚ဓမ္မသုတစာပေများ📚
📚ဗဟုသုတ စာပေများ
ဖတ်ချင်ပါကPageလေးကို
like & Followလုပ်ပေးထားဖို့ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ😘😘