02/04/2026
ဒါဏ်ရာရ ရဲဘော်တွေကို
ပစ်မထားပါနဲ့ + + +
ပြည်သူတွေရဲ့မေတ္တာဟာ ဒဏ်ရာရရဲဘော်တွေအတွက် နာကျင်မှုတွေကိုတောင် မေ့သွားစေနိုင်လောက်တဲ့အထိ နွေးထွေးမှုပေးနိုင်ပါတယ်… အဲ့ဒါကြောင့် အတူဖေးမကူညီရင်း လက်တွဲခေါ်နိုင်ဖို့ “ဒဏ်ရာရရဲဘော်လက်တွဲခေါ် V.2” ကမ်ပိန်းကို Sunshine Care Center ( SCC ) နဲ့ SCF တို့အတူ ပြုလုပ်ခဲ့ပြီး မိဘပြည်သူများရဲ့ ပါဝင်ပေးမှုများကြောင့် ပထမဆုံးရက်မှာ ငါးသိန်းကျော် ရရှိခဲ့ပါတယ်…
အကူအညီလိုအပ်နေတဲ့ ပမာဏများပြားပေမဲ့လည်း Crowd Funding ဖြစ်တာကြောင့် တစ်ဦးတစ်ယောက်တည်းက ကူရမှာမဟုတ်ပဲ စုပေါင်းအားနဲ့ ဝိုင်းဝန်းကူညီရမှာမို့ Stress လည်း မဖြစ်ပါနဲ့နော်.. ရဲဘော်တွေအတွက် လိုအပ်နေတဲ့ တားဂတ် သိန်း ၃,၀၀၀ ပြည့်ဖို့အတွက်.. သိန်းချီပြီး အမြဲပါဝင်ပေးနိုင်တဲ့သူ အများကြီးမရှိဘူးဆိုရင်တောင်.. ထောင်ဂဏန်း သောင်းဂဏန်းလေးတွေပဲဖြစ်ဖြစ် ကူပေးကြမယ့်ပြည်သူတွေ အများကြီးစုပေါင်းနိုင်ရင် ပြည့်နိုင်မယ်လို့ ယုံကြည်ပါတယ်...
အဲ့ဒါကြောင့် ကိုယ်တိုင်လည်း ပါဝင်ပြီး ခင်မင်ရင်းနှီးရသူတွေကိုလည်း အတူပါဝင်ဖို့ ဖိတ်ခေါ်တိုက်တွန်းပေးပါနော်...ဒဏ်ရာရရဲဘော်တွေအတွက် ဒုတိယနေ့မှာလည်း အတူရှိပေးကြရအောင်...
🔹 မန့်မှာ တိုက်ရိုက်ပါဝင်နိုင်မယ့်လင့်ကို ညွှန်ပေးထားပါတယ်..
#ဒဏ်ရာရရဲဘော်လက်တွဲခေါ်