Valentía

Valentía When I hold a camera in my hand, I have no fear.

ဒီတစ်ခေါက် ခရီးစဉ်လေး ပြီးဆုံးသွားပေမဲ့ မေမြို့ဈေးထဲက အမှတ်တရတွေကတော့ ကျန်ရစ်နေဆဲပါပဲ။ မြို့တစ်မြို့ရဲ့ ယဉ်ကျေးမှုနဲ့ ဒေ...
22/04/2026

ဒီတစ်ခေါက် ခရီးစဉ်လေး ပြီးဆုံးသွားပေမဲ့ မေမြို့ဈေးထဲက အမှတ်တရတွေကတော့ ကျန်ရစ်နေဆဲပါပဲ။ မြို့တစ်မြို့ရဲ့ ယဉ်ကျေးမှုနဲ့ ဒေသခံတွေရဲ့ တကယ့်ဘဝအစစ်အမှန်ကို မြင်တွေ့ချင်ရင်တော့ ဈေးက အမြဲတမ်း စိတ်ဝင်စားဖို့ အကောင်းဆုံးနေရာပါ။ 🧺🍓

မေမြို့ဈေး ထဲက သက်ဝင်လှုပ်ရှားနေတဲ့ ပုံရိပ်တွေ၊ ဒေသထွက်ကုန်တွေနဲ့ စားစရာအစုံအလင်က ဓာတ်ပုံဆရာတစ်ယောက်အတွက်တော့ တကယ့်ကို အဖိုးတန်တဲ့ အနုပညာတွေပါပဲ။ အမှတ်တရအနေနဲ့ လျှောက်သွားရင်း ရိုက်ဖြစ်ခဲ့တဲ့ နေ့စဉ်ဘဝ အလှတရားလေးတွေကို မှတ်တမ်းတင်ခဲ့ပါတယ်။ 📷✨

ကျွန်တော့်ခရီးစဉ်အတွင်း ရိုက်ကူးခဲ့တဲ့ ပုံလေးတချို့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်ဗျ။ 🎞️🙌

I’ve just wrapped up my time in the city, and looking back, the market was definitely a highlight. It’s the one place where you can truly witness the pulse of local life—the constant movement, the rich culture, and the incredible variety of food and local products. 🌽🍜

There is something so special about the energy at Maymyo Market. It captures the essence of the city in a way nowhere else can. I’m glad I took the time to wander through and document those small, authentic moments that make this place so vibrant. ✨

• All these photos are owned by the Valentía Page. If you use, reproduce, print, commercialize any information, without having prior written permission from the Valentía Page to the conditions prescribed to current license law and similar legislation will apply •

[ งคlɛຖtíค ]

#ပြင်ဦးလွင် #မေမြို့

ဒီနေ့တော့ မေမြို့က Shambala ဆိုတဲ့ Hidden Place လေးကို ကျွန်တော် ရောက်ခဲ့ပါတယ်။ ဒီနေရာလေးက တကယ့်ကို ထူးခြားပြီး အခုဆို က...
18/04/2026

ဒီနေ့တော့ မေမြို့က Shambala ဆိုတဲ့ Hidden Place လေးကို ကျွန်တော် ရောက်ခဲ့ပါတယ်။ ဒီနေရာလေးက တကယ့်ကို ထူးခြားပြီး အခုဆို ကျွန်တော့်အတွက် မေမြို့မှာ အကြိုက်ဆုံးနေရာလေး ဖြစ်နေပါပြီ။

ဆိုင်ထဲကို ရောက်လိုက်တာနဲ့ Indie သီချင်းသံလေးတွေက ကြိုဆိုနေပြီး စိတ်ထဲမှာ တကယ့်ကို ပေါ့ပါးလွတ်လပ်တဲ့ ခံစားချက်ကို ရစေပါတယ်။ Vintage နဲ့ Hippy style အထည်လေးတွေ၊ Thrift ပစ္စည်းလေးတွေကို တစ်ဝကြီး ရွေးချယ်နိုင်သလို နေရာအနှံ့မှာလည်း အနုပညာလက်ရာတွေကို တွေ့ရမှာပါ။

ဆိုင်တစ်ဆိုင်လုံးကို Recycle ပစ္စည်းလေးတွေနဲ့ပဲ ဖန်တီးပြင်ဆင်ထားတာမို့ မြင်သမျှအရာတိုင်းက တကယ့်ကို ချစ်စရာကောင်းပါတယ်။ ဒါ့အပြင် Tattoo ဝါသနာပါတဲ့သူတွေအတွက်လည်း ဆိုင်မှာတင် တစ်ခါတည်း ထိုးလို့ရပါသေးတယ်။ နောက်ပြီး ဒီဆိုင်က ကျွန်တော် ရောက်ဖူးသမျှ ဆိုင်တွေထဲမှာ ဈေးနှုန်းလည်း တကယ်ကို ချိုသာပါတယ်။

ဆိုင်ရဲ့ vibe နဲ့ အပြင်အဆင်တွေက ကျွန်တော့်ရဲ့ Fujifilm X100VI နဲ့ တကယ်ကို လိုက်ဖက်လွန်းနေလို့ ရိုက်ထားတဲ့ ပုံလေးတွေကို ဝေမျှပေးလိုက်ပါတယ် ဗျာ။ 🎞️✨

Today, I finally tracked down a hidden gem in Maymyo called Shambala. It’s one of those rare finds that instantly became my favorite spot in town. The moment I walked in, the sound of indie music filled the room, making the whole place feel incredibly relaxed and alive.

It’s a space where art is everywhere you look. I spent my time browsing through unique vintage treasures and hippy-style thrift finds. What’s really cool is how they’ve decorated the entire shop using recycled materials—it gives everything this creative, "cute" character that you don't see often.

Beyond the fashion and the art, they even have a tattoo studio if you're looking for some new ink. Honestly, for a place this unique, I was surprised by the prices—it’s easily one of the most affordable shops I’ve visited in Maymyo.

The whole aesthetic was a perfect match for my Fujifilm X100VI. The colors and the textures of the shop just worked. Have a look at these shots and see what I mean.

• All these photos are owned by the Valentía Page. If you use, reproduce, print, commercialize any information, without having prior written permission from the Valentía Page to the conditions prescribed to current license law and similar legislation will apply •

[ งคlɛຖtíค ]

ပေရွက်တစ်ချပ်ပေါ်မှာ သံကလောင်နဲ့ အစင်းရာထင်အောင် ရေးခြစ်ထားတဲ့ ဒီဇာတာတွေဟာ ရှေးလူကြီးတွေရဲ့ ဘဝတစ်ခုလုံးစာ မှတ်တမ်းတွေပေါ...
16/04/2026

ပေရွက်တစ်ချပ်ပေါ်မှာ သံကလောင်နဲ့ အစင်းရာထင်အောင် ရေးခြစ်ထားတဲ့ ဒီဇာတာတွေဟာ ရှေးလူကြီးတွေရဲ့ ဘဝတစ်ခုလုံးစာ မှတ်တမ်းတွေပေါ့။

ခေတ်မီ App တွေ၊ Digital ဖိုင်တွေ မရှိခင်ကတည်းက မြန်မာ့ရိုးရာ ဗေဒင်ပညာရပ်ကို အခြေခံပြီး တိတိကျကျ တွက်ချက်ခဲ့ကြတာပါ။ ပေရွက်ပေါ်မှာ အစင်းရာထင်အောင် ရေး၊ ပြီးရင် မီးသွေးနဲ့ ကညင်ဆီရောပြီး ပွတ်လိုက်တဲ့အခါ ထွက်လာတဲ့ အမည်းရောင် စာလုံးလေးတွေက နှစ်ပေါင်းရာချီတဲ့အထိ ခိုင်မာနေဆဲပဲ။

ဝက်ဝံ ဈေးကုန်းရွာမှာ တွေ့ခဲ့ရတဲ့ ဒီရှေးဟောင်းဇာတာတွေကို သေချာလေး မှတ်တမ်းတင်ဖြစ်ခဲ့ပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ မြန်မာ့ရိုးရာ ယဉ်ကျေးမှုရဲ့ အနုပညာမြောက်တဲ့ အမွေအနှစ်တွေပါပဲ။

In an era long before digital files and instant apps, a person’s entire destiny was carefully inscribed onto a single piece of history.

These are Zatars—traditional Myanmar birth charts. I recently had the privilege of documenting these sacred documents at Wet Wun Zay Kone Village. Unlike modern horoscopes, these were meticulously calculated using ancient Burmese astrology (Baydin) and etched by hand onto dried palm leaves (Pe-sar) using a sharp metal stylus.

The process itself is an art form: after the calculations are scratched into the leaf, they are rubbed with a mixture of charcoal and earth oil. This traditional 'ink' fills the grooves, turning the invisible scratches into permanent black script that can survive for centuries.

Finding these preserved Zatars felt like stepping back in time. They aren't just charts; they are a bridge to the past, representing the faith, science, and identity of generations. I’m honored to share these captures of our enduring Myanmar heritage.

• All these photos are owned by the Valentía Page. If you use, reproduce, print, commercialize any information, without having prior written permission from the Valentía Page to the conditions prescribed to current license law and similar legislation will apply •

[ งคlɛຖtíค ]

ဒီတစ်ခါ မေမြို့ခရီးစဉ်မှာ မြို့ထဲနဲ့ အနည်းငယ်လှမ်းတဲ့ ထုံးဘိုရွာနားက Hotel မှာ တည်းဖြစ်ခဲ့တယ်။ မြို့ထဲသွားဖို့ နည်းနည်းအ...
15/04/2026

ဒီတစ်ခါ မေမြို့ခရီးစဉ်မှာ မြို့ထဲနဲ့ အနည်းငယ်လှမ်းတဲ့ ထုံးဘိုရွာနားက Hotel မှာ တည်းဖြစ်ခဲ့တယ်။ မြို့ထဲသွားဖို့ နည်းနည်းအလှမ်းဝေးနေတာနဲ့ အနီးအနားမှာ ဘာရှိမလဲဆိုပြီး Google Map မှာ ရှာကြည့်မိတော့ "My Dream Cafe" ဆိုတာလေး တွေ့တာနဲ့ လာထိုင်ကြည့်ဖြစ်ပါတယ်။

Cafe ဆိုပေမဲ့ Menu မှာ Sushi နဲ့ Sashimi တွေပါ စုံစုံလင်လင်ရတာတွေ့ရတော့ Japanese Restaurant တစ်ခု ရောက်သွားသလိုပါပဲ။ ဆိုင်ဝန်းကျင်တစ်ခုလုံးကလည်း အပင်ကြီးတွေနဲ့ အုပ်အုပ်ဆိုင်းဆိုင်းမို့ အရမ်းကို စိတ်ကျေနပ်စရာကောင်းပါတယ်။

မြို့ထဲအထိ ထွက်မစားချင်တဲ့အချိန်မှာ Hotel နားတင် အေးအေးဆေးဆေးနဲ့ အရသာရှိတဲ့ စားစရာဆိုင်လေး ရှိနေတာ တကယ့်ကို အဆင်ပြေသွားရတယ်။

During this trip to Maymyo, I stayed at a hotel near Thone Bo Village, which is a bit of a trek from the downtown area. Since it’s a little far to head into town for every meal, I did a quick search on Google Maps and discovered a spot called "My Dream Cafe" nearby.

To my surprise, it’s practically a Japanese restaurant in disguise! They serve a great variety of Sushi and Sashimi. The entire cafe is surrounded by lush, towering trees, creating a peaceful, forest-like atmosphere.

I’m so glad I found this spot—having such a quality place to eat right near the hotel made the stay so much more convenient and enjoyable.

• All these photos are owned by the Valentía Page. If you use, reproduce, print, commercialize any information, without having prior written permission from the Valentía Page to the conditions prescribed to current license law and similar legislation will apply •

[ งคlɛຖtíค ]

မေမြို့ရဲ့ ထူးခြားတဲ့ အတာအိုးအလှတရား။ 🏺🌵မေမြို့ရဲ့ အတာအိုးပြင်ဆင်မှုဟာ တခြားဒေသတွေနဲ့မတူဘဲ ထူးခြားတဲ့ ဒေသရိုးရာအငွေ့အသက်...
15/04/2026

မေမြို့ရဲ့ ထူးခြားတဲ့ အတာအိုးအလှတရား။ 🏺🌵

မေမြို့ရဲ့ အတာအိုးပြင်ဆင်မှုဟာ တခြားဒေသတွေနဲ့မတူဘဲ ထူးခြားတဲ့ ဒေသရိုးရာအငွေ့အသက်တွေ ပါဝင်နေပါတယ်။ အတာအိုးထဲမှာ သပြေ၊ ဩဇာ၊ မာလကာ၊ ကံ့ကော်၊ ကြံ၊ အုန်းညွှန့်တွေအပြင် မြေစာမြစ်၊ ဇီး၊ တမာ၊ မယားသိမ်ရွက်နဲ့ သက်ကယ်ညွှန့်တွေကို စုံစုံလင်လင် ထည့်သွင်းကြပါတယ်။ အထူးသဖြင့် မေမြို့ရဲ့ ထူးခြားချက်ဖြစ်တဲ့ တစောင်းဆူးနဲ့ ရေကန်တော့ခွက် တွေကိုပါ အသုံးပြုပြီး နှစ်သစ်မှာ ဘေးဥပဒ်ကင်းစင်ကာ အေးချမ်းသာယာစေဖို့ ရည်ရွယ်ပြင်ဆင်ထားတာ ဖြစ်ပါတယ်။

မေမြို့ | ဝက်ဝံ စျေးကုန်း

The Atar Oh in Maymyo is filled with deep meaning and local greenery. From the traditional Thabyay and Gangaw to the unique addition of Cactus (Ta-saung-su) and Traditional Water Offering Bowl, each plant is chosen to bring good luck. With thirteen different sprigs like Tama, Zee, and Kyan, this pot stands as a symbol of protection and "coolness" for the coming year. Capturing this earthy and diverse tradition is what makes the Myanmar New Year so special.

• All these photos are owned by the Valentía Page. If you use, reproduce, print, commercialize any information, without having prior written permission from the Valentía Page to the conditions prescribed to current license law and similar legislation will apply •

[ งคlɛຖtíค ]

ဒီနေ့ သင်္ကြန် အကျနေ့မှာပဲ မန္တလေးက ညီတယောက်ညွန်းတဲ့  နေရာအသစ်လေးတစ်ခုကို ရှာတွေ့ခဲ့တယ်။ကျတော့ကောင်မလေးရဲ့အမ က ကျွန်တော်...
14/04/2026

ဒီနေ့ သင်္ကြန် အကျနေ့မှာပဲ မန္တလေးက ညီတယောက်ညွန်းတဲ့ နေရာအသစ်လေးတစ်ခုကို ရှာတွေ့ခဲ့တယ်။ကျတော့ကောင်မလေးရဲ့အမ က ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ ကောင်မလေးကို မေမြို့ကို လိုက်ပို့ပေးရင်း Google Maps ကနေတစ်ဆင့် ဒီ cafe Wheeler ဆိုတဲ့ ဆိုင်လေးကို ရောက်သွားခဲ့တာပါ။

ဆိုင်ထဲမှာ ဆိုင်ကယ်အဟောင်း တွေ၊ Biker ပုံရိပ်တွေနဲ့ ပြည့်နေပြီး အရမ်းကို Cozy ဖြစ်တဲ့ Vibe မျိုးရှိပါတယ်။ သစ်ပင်တွေအုပ်ဆိုင်းနေတဲ့ နေရာလေးမှာမို့ စိတ်အေးချမ်းစရာလည်း အရမ်းကောင်းတယ်။ ဒါနဲ့ ဒီနေ့မှပဲ ဒီနှစ်အတွက် သင်္ကြန်ရေနဲ့ ပထမဆုံး စတင်ထိတွေ့ခွင့်ရတော့တယ်ဗျာ။ 💦

Finding a quiet corner during the Thingyan chaos is a blessing. 🌸

Today (Thingyan Akya day), my princess’s sister took my girl and me up to Maymyo. We let Google Maps lead the way and stumbled upon a hidden gem: caffe Wheeler.

The vibe here is incredibly cozy—a dream for anyone who loves vintage aesthetics. The walls are lined with biker photos, and they have some stunning vintage motorcycles on display. Tucked away under a canopy of green trees, it felt like a different world. It was also the first time I actually met the Thingyan water this year! 💦

I already know I’ll be back here once the festival rush is over. ☕️

• All these photos are owned by the Valentía Page. If you use, reproduce, print, commercialize any information, without having prior written permission from the Valentía Page to the conditions prescribed to current license law and similar legislation will apply •

[ งคlɛຖtíค ]

A Sweet Pre-Thingyan Vibe at Strawberry Farm🍓Wet Wun Zay Gone | MayMyoသင်္ကြန်အကြိုနေ့ကို ဝက်ဝံစျေးကုန်းက စတော်ဘယ်ရီခင်း...
13/04/2026

A Sweet Pre-Thingyan Vibe at Strawberry Farm🍓

Wet Wun Zay Gone | MayMyo

သင်္ကြန်အကြိုနေ့ကို ဝက်ဝံစျေးကုန်းက စတော်ဘယ်ရီခင်းလေးထဲမှာ အေးအေးဆေးဆေး ဖြတ်သန်းခဲ့ပါတယ်။ သာယာတဲ့ ရာသီဥတုအောက်မှာ စိမ်းလန်းတဲ့ မြင်ကွင်းတွေက ရင်အေးစရာ...။

ရာသီကုန်ခါနီး လက်ကျန် အသီးချိုချိုလေးတွေကို မြည်းစမ်းခွင့်ရခဲ့တဲ့ ဒီနေ့ဟာ အမှတ်တရပါပဲ။

Tranquil vibes and strawberry fields. 🌿 Spent my Pre-Thingyan day enjoying the beautiful weather and greenery at Wet Wun Zay Gone.

So grateful to have tasted the very last sweet harvests of the season. Such a memorable day!" 🧺📸

• All these photos are owned by the Valentía Page. If you use, reproduce, print, commercialize any information, without having prior written permission from the Valentía Page to the conditions prescribed to current license law and similar legislation will apply •

[ งคlɛຖtíค ]

မေမြို့ရဲ့ စိမ်းစိုမှုတွေကြားထဲ ခဏလောက် ပျောက်ဆုံးသွားရအောင်... 🌿ဒုတိယမြောက်နေရာလေးကတော့ Forest Coffee (သစ်တော ကော်ဖီ) ပ...
12/04/2026

မေမြို့ရဲ့ စိမ်းစိုမှုတွေကြားထဲ ခဏလောက် ပျောက်ဆုံးသွားရအောင်... 🌿

ဒုတိယမြောက်နေရာလေးကတော့ Forest Coffee (သစ်တော ကော်ဖီ) ပါ။ နာမည်အတိုင်းပဲ တကယ့်တောအုပ်လေးထဲ ရောက်သွားသလို ခံစားချက်မျိုး ပေးစွမ်းနိုင်တဲ့နေရာလေးပေါ့။ မြင်မြင်သမျှ အစိမ်းရောင်တွေချည်းပဲမို့ မျက်စိပန်းသာသလို ဓာတ်ပုံရိုက်ဖို့ ထောင့်တိုင်းက အရမ်းမိုက်ပါတယ်။

Forest Coffee (သစ်တော ကော်ဖီ) It’s exactly what the name suggests—a hidden jungle escape where every corner is a frame waiting to happen. There’s something about the way the light hits the moss and ferns here that just feels... right.

• All these photos are owned by the Valentía Page. If you use, reproduce, print, commercialize any information, without having prior written permission from the Valentía Page to the conditions prescribed to current license law and similar legislation will apply •

[ งคlɛຖtíค ]

Just landed in Maymyo | ’ Maymyoမေမြို့ရောက်ရောက်ချင်း cafe hopping လေး အရင်စလိုက်တယ်။ ဆိုင်လေးတွေရဲ့ အပြင်အဆင်က Fujifil...
11/04/2026

Just landed in Maymyo | ’ Maymyo

မေမြို့ရောက်ရောက်ချင်း cafe hopping လေး အရင်စလိုက်တယ်။ ဆိုင်လေးတွေရဲ့ အပြင်အဆင်က Fujifilm နဲ့ ရိုက်ဖို့ အဆင်သင့်ပဲ။ စိတ်အေးချမ်းရတဲ့ quality time လေးပေါ့။

Dropped my bags and headed straight out to explore the local café scene. There’s something about the cozy vibes here that pairs perfectly with my Fujifilm recipes.

Today is all about soft light, warm coffee, and some much-needed quality time. Stay tuned for the frames. 📸✨

• All these photos are owned by the Valentía Page. If you use, reproduce, print, commercialize any information, without having prior written permission from the Valentía Page to the conditions prescribed to current license law and similar legislation will apply •

[ งคlɛຖtíค ]

မနေ့က စမ်းချောင်းလမ်းထဲမှာ ဆိုင်အသစ်လေးတစ်ဆိုင် တွေ့ခဲ့တယ်။ ကိုယ့်အိမ်နဲ့လည်း တော်တော်နီးပြီး ဆိုင်နာမည်လေးကလည်း ချစ်စရာ...
23/03/2026

မနေ့က စမ်းချောင်းလမ်းထဲမှာ ဆိုင်အသစ်လေးတစ်ဆိုင် တွေ့ခဲ့တယ်။ ကိုယ့်အိမ်နဲ့လည်း တော်တော်နီးပြီး ဆိုင်နာမည်လေးကလည်း ချစ်စရာကောင်းတယ်... "Grandma’s House" တဲ့။

ဆိုင်ထဲရောက်သွားတာနဲ့ Vietnam နဲ့ Taiwan က ကော်ဖီဆိုင်လေးတွေမှာ ထိုင်နေရသလို ခံစားချက်မျိုး ပေးပါတယ်။ Interior ပြင်ဆင်ထားတာကလည်း ရှင်းရှင်းလေးနဲ့ Cozy ဖြစ်ပြီး တခြားဆိုင်တွေလို ဝန်ထမ်းတွေ အများကြီးနဲ့ ရှုပ်မနေတော့ ပိုပြီး လွတ်လွတ်လပ်လပ် ရှိတာပေါ့။

အလင်းအမှောင်လေးကလည်း ကောင်းတော့ ကိုယ့်ရဲ့ Fujifilm X100VI လေးနဲ့ ဓါတ်ပုံအချို့ ရိုက်ခဲ့ပါတယ်။

Yesterday, I stumbled upon a new coffee shop right on Sanchaung Street, surprisingly close to my home. The name is just as cozy as the place: Grandma’s House. ☕️🏠

Walking in, it immediately gave me those Vietnam and Taiwan street-style cafe vibes. The interior is super chill—it’s not overcrowded with staff or trying too hard. You can just sit there, feel the "cozy vibe," and relax freely.

I brought my Fujifilm X100VI along, and it was the perfect match for the lighting in there. Just to be clear—this isn't a sponsored post! I’m just sharing a spot I genuinely enjoyed for some quiet cafe time. 📸✨

• All these photos are owned by the Valentía Page. If you use, reproduce, print, commercialize any information, without having prior written permission from the Valentía Page to the conditions prescribed to current license law and similar legislation will apply •

[ งคlɛຖtíค ]

Address

Sanchaung
Sanchaung
11111

Alerts

Be the first to know and let us send you an email when Valentía posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Valentía:

Share

Category