29/12/2025
ဇနီးသည်ကိုအခန်းမှာပိတ်ထားတယ်ဆိုတဲ့တိုင်ကြားချက်နဲ့လူမှု့အဖွဲ့အစည်းတစ်ခုကသူတို့အခန်းကိုသွားတဲ့အခါမမျှော်လင့်တဲ့ဝမ်းနည်းစရာအဖြစ်အပျက်ကိုတွေ့ရှိခဲ့ရတယ်
မိန်းမကအဆုတ်သွေးအားနည်းတဲ့ရောဂါကိုခံစားနေရလို့သူကဆေးကုသဖို့ရှိတာရောင်းချကုသတာမလောက်လို့နေ့စဉ်အလုပ်ကြမ်းသွားလုပ်ပြုစုကုသတာအလျှင်မမှီတော့လို့မျက်ရည်များစွာနဲ့ဒူးထောက်လက်လေးပိုက်ပြီးအကူအညီတောင်းခဲ့တယ်
မိန်းမဖြစ်သူကလည်းယောက်ျားကိုသနားအားနားတယ်ဒုက္ခတွေမပေးချင်ဘူးလောကကြီးကိုစွန့်ခွါသွားချင်တယ်
သူတို့Vedioကြည့်ရတာသူ့ခံစားချက်လေး မြင်နေရတယ် သူ့ယောကျာ်းကို အားနာနေတာ.သနားနေတာ ခွဲရတော့မှာလားဆိုတဲ့စိတ်တွေနဲ့ပူဆွေးနေတာ ဘယ်လောက်များနာကျင်နေမလဲနော်
ယောကျာ်းလုပ်သူရဲ့ ရင်ထဲလဲ ဘယ်လောက်နာကျင်နေမလဲ
သူတို့ရဲ့အချစ်စစ်တွေကြောင့်ပဲလားမသိပါဘူး
သွားကြည့်တဲ့အဖွဲ့အစည်းကliveလွင့်တာပေါက်သွားပြီးonlineကနေရောအဖွဲ့အစည်းပေါင်းစုံကနေပါကူညီသူတွေအလှူရှင်တွေများကြီးနဲ့ကောင်မလေးရောဂါကိုဆေးရုံတင်ပြီးသေချာကုသနိုင်ပါပြီ
ကောင်မလေးအတွက်စိတ်မကောင်းဖြစ်ရအမျိုးသားလေးကပြုစုတာမြင်ရတော့လေးစားမိ
အမြန်နေကောင်းပါစေနော်💪💪💪💪💪
သူတို့ကဗီယက်နမ်လူမျိုးတွေပါ
#အချစ်ဆိုတာတကယ်ရှိပါတယ်