04/10/2025
လူတစ်ယောက်ကို
အချိန်အကြာကြီး ချစ်ပြီးသွားတဲ့အခါ
နောက်ထပ် ထပ်ချစ်ဖို့
မလွယ်တော့ဘူး ။
သူနဲ့ ပြီးခဲ့တဲ့ဇာတ်လမ်းကို
နောက်တစ်ယောက်နဲ့
အစကနေ
ပြန်စရမှာကို
ပျင်းသွားတတ်တာမျိုးလေ။
ဒီစကားလုံးတွေထပ်ပြီးပြောရမယ်
ပြီးတော့...
ထွက်မသွားဖို့
ထပ်ပြီးတော့ ကိုယ့်ဖက်က
ချည်ရမယ်
ဘယ်တော့များ ထားသွားမလဲ
နောက်တစ်ခေါက် ထပ်ပြီးကြောက်ရွံနေရမယ့်
အဖြစ်မျိုးတွေကို
မလိုချင်တော့တာ။
စသည်ဖြင့်ပေါ့
ပျော်လဲ ပျော်ဖူးသွားပြီ
ငိုလဲ ငိုခဲ့ပြီးသွားပြီ
တချိုတွေ Ro ပြနေတယ်ဆိုတာ
တစ်ချိန်က
ကိုယ်လုပ်ခဲ့တဲ့ အရာတွေပဲလို့
တွေးမိတဲ့အခါ
ရင်ခုန်စရာ ပျော်စရာမကောင်းဘူးတော့ဘူး
ဒီလိုပါပဲ...
လူတစ်ယောက်နဲ့
နှစ်တွေအကြာကြီးချစ်ပြီး
နောက်ဆုံး ကွဲကွာသွားရတဲ့အခါ
နောက်ထပ် ထပ်ချစ်ဖို့ မလွယ်ကူတော့ဘူး။
#ကျေးကို
(ရင်နှင့်ရင်း၍ ရေးသည်)