19/06/2026
ဒီနေ့အတွက် နားထောင်စေချင်တဲ့ သီချင်းလေးကတော့ အယ်ဖြူ ရဲ့ "အိမ်အလွမ်း" ပဲ ဖြစ်ပါတယ်...
ကျနော် အနေနဲ့ကတော့ အောင်ခန့် ဆိုထားတဲ့ version လေးကို ပို နှစ်ခြိုက်မိပါတယ်...
လေနှင်ကာစေရာ တိမ်ညိုတွေသယ်လာ
ရွာစေတဲ့ မိုးစက်တွေအောက်က
အိမ်ဆီကိုမျှော်ကာ မြင်ယောင်ကာနေတာ
မိုင်ထောင်ချီဝေးတဲ့အရပ်တစ်ခုက.....
ပြန်လာမယ် စိတ်ထဲရှိနေပေမယ့်လည်း
အို..ဘာတစ်ခုမှအဆင်သင့်မဖြစ်နိုင်ခဲ့
နာကျင်ခြင်းတွေနဲ့ တစ်ယောက်ထဲပါကွယ်
အိမ်ပြန်ချင်တယ် ...
အိမ်..ပြန်လာမယ်...