01/09/2024
“Photography Never Lies”
အရင်ခေတ် ဓာတ်ပုံပညာစပေါ်တုန်း က ဓာတ်ပုံတွေဆိုတာ အရှိကိုအရှိတိုင်းရိုက်ပြခဲ့ကြပြီး အရှိတိုင်းပဲ ထုတ်ခဲ့ကြတော့ ဓာတ်ပုံတွေဆိုတာ
သတင်း တွေကိုဖော်ပြတဲ့နေရာ မပါမဖြစ်အရေးကြီးခဲ့ကြသလို သင်ကြားရေးတို့သမိုင်း မှတ်တမ်း တို့ ဥပမာ တရားစီရင်ရေးတို့မှာ ဓာတ်ပုံတွေကိုအသုံးပြုခဲ့ကြပြီး ဓာတ်ပုံတွေအပေါ်မှာလူတွေက ယုံကြည်မူရှိခဲ့ကြတယ်။ဓာတ်ပုံတွေဆိုတာ ဖော်ပြချင်တဲ့အကြောင်း အရာကို အရိုးသားဆုံးနဲ့ အမှန်ကန် ဆုံးဖော်ပြလို့ရတဲ့ Tools တစ်ခုအနေနဲ့မြင်ခဲ့ကြတယ် ယုံကြည်ခဲ့ကြတယ် ။
ဒီနေ့ခေတ်မှာ တော့ နည်းပညာတွေက ကျွန်တော်တို့မှန်းဆမရလောက်အောင်မြန်မြန်တိုးတက်လာတော့ ဓာတ်ပုံပညာ ဟာလည်းနည်းပညာတွေရဲ့ပေါင်းစပ်မူတွေပါဝင်လာတယ် ။အထူးသဖြင့် Ai နဲ့ နဲ့ ဖန်တီး လို့ရလာတဲ့အချိန်မှာ ဓာတ်ပုံပညာဆိုတာ အမှန်တရားတွေကို ရိုက်ပြတယ်ဆိုတဲ့ ယုံကြည်မူဟာ စိတ်ကူးသပ်သပ်ဖြစ်လာပြီး ပိုပြီးတော့ ရူပ်ထွေးတဲ့နည်းလမ်းတွေနဲ့ပေါင်းစပ်ဖန်တီးလာပြီးအနုပညာဆန်တဲ့အနေအထားကိုရောက်လာပါတယ် ။
ဒီပြပွဲရဲ့ အဓိက စိတ်ကူးကတော့ အမျိုးမျိူးသောနည်းပညာတွေနဲ့ ဖန်တီးလာတဲ့ ဓာတ်ပုံတွေဟာ လက်တွေ့ဘဝက အမှန်တရားတွေ ကိုထင်ဟပ်နိုင်ပါ့မလား
အဲ့ဒီလို ဖော်ပြမဲ့အမှန်တရားဆိုတာကရောဘယ်သူ့အမြင်လဲ …?