Chill Spot in Town

Chill Spot in Town My go to places ...
Especially for ( INFP/INFJ )

The next spot that i would like to introduce you guys is none other than " Olive & Twist "It is located in west Shwegond...
17/01/2022

The next spot that i would like to introduce you guys is none other than " Olive & Twist "

It is located in west Shwegondaing Rd, not too far from the general public. The shop itself speaks luxurious, its interior design being one of the best looking place in town.

With variety of cocktails 🍸 to enjoy, I would recommend going there after 5pm to enjoy it's best. If you are looking for a decent place to dine-in, have dinner, i would not recommend the place. Maybe because it has not been that long since they open or maybe because the place itself is not widely known, the quality of food serve there didn't even come close compare to is luxurious interior designs.

But if you are looking for a place to chill with your friends it is one of the best place in town. Where you can enjoy playing billiard, table football and dart throwing game in a separate room, free of charge.

The service is great, the views is nice, and the vibe seems dope, a good chill spot in town it is.

Check out my Instagram for good quality photos.

Hi guys !! The very first place i've decided to share with you guys is " Oscar Bistronomie " at Awei Metta. For more pho...
06/01/2022

Hi guys !!

The very first place i've decided to share with you guys is " Oscar Bistronomie " at Awei Metta.

For more photos come check out our instagram at .

Attached are menu from Oscar restaurants and Oasis bistro.

Anniversary ပဲ dateမလား 😍? သူငယ်ချင်း​တွေနဲ့ပဲ chill မလား🍻? ခရီးသွားတဲ့ vibe မျိုးပဲရချင်လား🏖?
မိသားစုနဲ့ပဲ ​အေး​အေး​​​ဆေး​​ဆေး အပန်း​​ဖြေမလား👨‍👩‍👧‍👦?ဒါ​တွေ အားလုံးအတွက် အဆင်​ပြေမဲ့ ​နေရာ​လေးတစ်ခု အ​ကြောင်း​ရော သိချင်လား🤔?

မင်မင်တို့လို ​အေး​အေး​ဆေး​ဆေး လူလဲသိပ်မရှိဘဲ chill ရတာကြိုက်တဲ့လူ​​တွေအတွက် Dec တုန်းကသွားခဲ့တဲ့ ဆိုင်​လေးအ​ကြောင်း ​ပြောပြပါရ​စေ😉

Introvert လဲဖြစ် covid လဲ​ကြောက်​တော့ လူများတဲ့ဆိုင်​တွေမသွားချင်တာနဲ့ရှာ​ဖွေ​တွေ့ရှိခဲ့တဲ့ ဆိုင်​လေးပါ (မင်မင်​ပြောပြလို့ လူ​တွေများသွားရင်​တော့ တာဝန်မယူ🤫)

အဓိက ဆိုင်အပြင်အဆင်အ​နေနဲ့ indoor ,outdoor ရှိတဲ့ အတွက် covid ​ကြောက်တဲ့လူ​တွေအတွက် outdoor ထိုင်နိုင်သလို indoor မှ indoor သမား​တွေအတွက်လဲအဆင်​ပြေတယ် 👌🏻 မင်မင်တို့ အ​နေနဲ့​တော့ outdoor ထိုင်ရတာပိုသ​ဘောကျတယ် outdoor ဆို​ပေမဲ့အရိပ်လဲရှိ ​လေလဲ​တော်​တော်တိုက်​တော့ ​နေ နည်းနည်းရှိိန်​ပေမဲ့လဲ အဆင်​ပြေတယ် မင်မင်တို့ ယူထားတဲ့ high tea set က 2pm to 5pm အတွင်းဆို​တော့ အဲ့ အချိန်အတွင်းသွားရင် မပူတာ​သေချာပါတယ်

Waiters ​တွေကလဲ mask ​သေချာတပ်ကြတဲ့အပြင် service ပိုင်းမှာလဲ ​​​​ဖော်​ဖော်​ရွေ​ရွေရှိကြတာကိုလဲ​တွေ့ရတယ်

အစားအ​သောက်ပိုင်းမှာ ​တော့ မင်မင်တို့က high tea set ယူဖြစ်ခဲ့တယ်။ သူ့​စျေးနဲ့သူ $25 ဆို​​ပေမဲ့ ingredients ​တွေ လတ်ဆတ်တာ၊ quality ​ကောင်းသုံးထားမှန်းသိသာတာ​၊အရသာ​တော်​တော်​ကောင်းတာ​တွေ​ကြောင့် မင်မင်က​တော့ တန်တယ် ထင်တယ် ။ပါတဲ့ sweets, savouries ​တွေ အကုန်မကြိုက်တာကို မရှိတာ🤤 တစ်ခုသတိထားရမှာက raw seafood မကြိုက်တဲ့လူတွေအတွက် ပင်လယ်စာတစ်မျိုးမျိုးနဲ့လုပ်ထားတဲ့ tartine ကိုတော့ ကြိုက်မယ်မထင်😪

အရင်တစ်ခါ ကန်​တော်ကြီးနားက hotel နာမည်​တော့ မ​ပြော​တော့ဘူး🤫 အဲ့က စားတုန်းက တဝက်​​လောက်မကြိုက်ဘူး ဘာကို ဆိုလိုချင်မှန်းမသိတဲ့အရသာမျိုး အများစုက ချိုပဲချို​နေတာမျိုး salad ​တွေဆိုလဲ မလတ်ဆတ် ခရမ်းချဥ်သီး​တွေဆိုလဲ နွမ်း​နေပြီ ​🤧 ​စျေးလည်းသိပ်မကွာ နှ​မြောလို့မဆုံး။

ကြုံတုန်း​လေးအတင်းတုတ်ပြီး သကာလ ဆိုင်​လေးအ​ကြောင်း ဆက်​ပြောပြမယ် 😎 Drinks မှာ​​တော့ fresh juice ကို ပိုပြီး recommend ​ပေးတယ် coffee ,tea က​တော့ ထူးထူးစမ်းစမ်းမဟုတ်ပါဘူး black coffee နဲ့ tea( ရေနွေးကြမ်း ) ကိုတော့ free flow ​ပေးတဲ့ အ​လျှောက် ထူးခြား​နေတာမျိုး​​တော့မရှိဘူး ။ အဲ့​နေ့က​​တော့ pineapple juice ​​သောက်ဖြစ်ခဲ့တယ် သဘာဝ အသီးရဲ့ အချိုကိုပဲယူထားတယ်​တွေ့တယ် ။

​နောက်ပြီး cigar bar လဲရှိတယ် high tea set မှာပြီး cigar bar ဘက်မှာ ထိုင်လို့ရတယ် smoking သမား​တွေအတွက် အဆင်​ပြေတာ​ပေါ့😎

ဓါတ်ပုံရိုက်စရာ​နေရာ​​တွေလဲ တကယ်အများကြီး golf ကွင်းဘက်ခြမ်းလဲ အထဲထိ အရမ်းမဝင်ပဲ ကပ်တိုး​လေး ရိုက်လို့ရတယ်

High tea set က​တော့ ​​​ဒေါ်လာနဲ့သတ်မှတ်ထား​ပေမဲ့ ​ဒေါ်လာနဲ့ဖြစ်ဖြစ် ကာလ​ပေါက်​စျေး​မြှောက်ပြီးပဲဖြစ်ဖြစ်ရှင်းလို့ရတယ်။ မင်မင်တို့သွားတုန်းက 1940 ​ပေါက်​စျေးကို1965 နား​​မြောက်တယ် ။

ဒီမှာ tip တစ်ခု‌‌ပေးချင်တာက money exchange မှာ 1$တန်ဝယ်သွားပါ မင်မင်တို့ ဝယ်တုန်းက 1$တန်အရွက် ကို 1530 နဲ့ ဝယ်လို့ရ​တော့ 10000 ​​လောက် သက်သာသွားတာ​​ပေါ့🤭

Set နဲ့မမှာရင်​တော့ သူ့ဆီက menu မှာ mmk နဲ့ပဲ သတ်မှတ်ထား​ပေးတယ် ပီဇာဆို 11000/12000 ကစရှိပြီး coffee , juice ​တွေက​တော့ 3000/4000 က စရှိ​တော့ ပုံမှန်​စျေး​လောက်ပါပဲ။

သိပ်သ​​ဘောမကျတဲ့အချက်ဆိုလို့ ​​ဝေးတာ တစ်ခုပဲရှိတယ် ပန်းလှိုင်အိမ်ရာထဲမှာဆို​တော့ ​တော်ရုံ မ​ရောက်ဖြစ်ဘူး​ပေါ့ လမ်းလဲမကြုံနိုင် ကားရှိတဲ့ လူ​တွေအတွက်​​တော့ ပိုအဆင်​ပြေနိုင်တယ် အရမ်းသွားချင်လို့ မ​ရောက်​ရောက်​အောင် သွားမယ်ဆိုရင်​တော့ လာချင်ရင်အနီး​​လေး​ပေါ့​နော် 😉

Sponsor review မဟုတ်ပါဘူး​​နော်🙅🏻‍♀🙅🏻‍♂ ကိုယ့်ဟာကို သွားပြီးကြိုက်လို့ sharing ​လုပ်ပေးတာပါ။ ​နောက်လဲအဲ့လိုဆိုင်​ကောင်း​လေး​တွေကို share ​ပေးသွားမယ်နော်။ သူ့အကြိုက်ကိုယ့်အကြိုက်ရှိ​​တော့ လူတိုင်း​တော့ မကြိုက်​လောက်ဘူး​ပေါ့။ အခုလိုဆိုင်တွေကို အဓိက ​ရွေးဖြစ်တဲ့အချက်​လေး​တွေကိုလည်း page မှာတင်ထားပါတယ်နော်

​တိတ်ဆိတ်​အေးချမ်းတာရယ် စိမ်းစိမ်းစိုစို​တွေနဲ့ မျက်စိ​အေးတာရယ် ​လေထုညစ်ညမ်းမှု​တွေရဲ့ အ​ဝေးမှာ ရှိ​နေတာရယ်​​ကြောင့် ခရီးသွားရတဲ့ခံစားချက်မျိုးလဲ ရမှာပါ ​​အေး​အေးလူလူ​လေးနဲ့ အရသာရှိ​တာ​လေးစားပြီး မြို့ပြရဲ့အ​ဝေးကို မင်မင်တို့ ခဏ​လောက်​ပြေးလိုက်ကြရ​အောင် 🏃🏻‍♀🏃🏻‍♂

Some Tips 💡

As it is dollar based, the exchange rate is abit higher than the market price. So i would recommend buying afew 1$ bills ahead at nearby exchange center. For 100$ bills the market price at that time is about 1940kyats and they charged 1965kyats. If you buy 1$bill you can get it for like 1530kyats which would save you about 10000kyats if you are ordering the high tea set for two.

https://drive.google.com/file/d/1eeqlm0QQGxuumBYHWbeuJSvY997IKxow/view?usp=sharing

https://drive.google.com/file/d/1IYNc1PtksqgN6dxv0jd5p2cRLEhTS1uv/view?usp=sharing

Chill Spot in town !! ☕🥣🥢🍔🍕🍚🍲Especially for ( INFP/INFJ )How i choose them,Main Priority- Do they follow Covid Guideline...
26/12/2021

Chill Spot in town !! ☕🥣🥢🍔🍕🍚🍲
Especially for ( INFP/INFJ )

How i choose them,

Main Priority

- Do they follow Covid Guidelines ?
- Do they have both indoor and outdoor seating ?
- How does the food taste compare to its price ?

Other ++

- Insta worthy plating ?
- Any spot for casual 📸 ?
- Some privacy for couples ?
- How's the customer service ?
- Nice and quiet place to chill/relax ?
- Is it a good place for special dates ?
( Eg. Anniversary, Birthday )

Address

Rain Tree Drive - Pun Hlaing Estate Hlaing Tharyar Township
Yangon

Website

Alerts

Be the first to know and let us send you an email when Chill Spot in Town posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share