18/04/2026
သင်တန်းတခုလုပ်မယ်ဆိုပြီး စဉ်းစားတော့ သင်ရမယ့် အကြောင်းအရာတွေ တွေးရင်း ဓာတ်ပုံဆိုင်ရာ ခေါင်းစဥ်တွေ ခေါင်းထဲမှာ အများကြီးပေါ်လာတယ်။
အဓိက ဒီတစ်ခေါက်သင်တန်းကို အခကြေးငွေနဲ့ သင်ရမှာဖြစ်တော့ ခေတ်ပျက် ခေတ်ဆိုးတခုမှာ သင်တန်းအပြီး တကယ်နားလည်ပြီး တကယ်အလုပ်ခွင်ထဲမှာပါ Professionals တွေ အနေနဲ့ ပြန်ရပ်တည်လို့ရအောင် ဖြစ်မယ်။ နည်းစနစ်ဆိုင်ရာ အကြောင်းအရာတွေသာမကဘဲ သင်တန်းတခုလုံးကို ကိုယ့်ရဲ့ ဖြတ်သန်းမှုမှာ ကြုံခဲ့တဲ့ အမှားတွေ အမှန်တွေ လေ့လာလို့ရအောင်ရယ်၊ ကိုယ့်လိုအချိန်တွေ အကြာကြီး မဖြစ်ပဲ ဒီသင်တန်းအပြီးမှာ မြန်မြန်ဆန်ဆန် အခြေခံအတွေးအခေါ်တွေရပြီး ဆက်ပြီးလေ့လာရပ်တည်နိုင်အောင် တွေးထားတယ်။
ကိုယ်ဖြတ်သန်းလာတဲ့ ဓါတ်ပုံပညာလုပ်သက် ၁၈ နှစ် အတွင်းမှာ လေ့လာမိတဲ့ အကြောင်းအရာတွေ သင်တန်းကာလ အချိန်ကာလတိုတခုထဲမှာပဲ အားလုံးခြုံပြီး ဒီသင်တန်း နံမည်ကို Art of photography လို့ နံမည်ပေးလိုက်တယ်။
သင်တန်း ဆိုတာထက်.. တနေ့ နှစ်နာရီ အတူတူ ထိုင်ပြီး ဓါတ်ပုံ အကြောင်းတွေ (Course) အနေနဲ့ သင်တန်း အချိန် စုစုပေါင်း နာရီ ၃၀+ ထိုင်ဆွေးနွေးကြမယ်။ တကယ် အိမ်စာတွေကိုလိုက်ပြီး ရိုက်မယ့်သူတွေအတွက် ပြန်ပြီးကြည့်ပေး ဆွေးနွေး (Mentoring) လုပ် တွေးထားတယ်။
အဓိက ဆွေးနွေးဖြစ်မယ့် အကြောင်းအရာတွေလည်း ပုံမှာ ရေးပေးထားပါတယ်။ ဒါတွေကို အေးဆေး စကားပြောကြရင်း လေ့လာ ဆွေးနွေးကြဖို့ စီစဉ်ထားပါတယ်။
⭕️ သင်တန်းရက် - May 9 to June 27, 2026 weekly (Saturday & Sunday) - စုစုပေါင်း ၁၅ ရက်
⭕️ အချိန် - 7:30 to 9:30 pm (mm time)
⭕️ သင်တန်းကြေး - USD 95 / THB 3,000 / MMK 390,000
⭕️ Class type - Live Zoom & Video Courses (online) .. သင်တန်းမှာ ပျက်တာမျိုးရှိခဲ့ရင်လည်း ဗီဒီယိုတွေကို ၆ လ အတွင်း မိမိ လိုအပ်သလို ပြန်လည်လေ့လာကြည့်နိုင်ခွင့်ရှိမှာဖြစ်ပါတယ်။
📷 စာရင်းပေးဖို့ကို ပေ့ချ်ကို ဆက်သွယ်ပါ။ admin team က စာရင်းသွင်းပေးပါလိမ့်မယ်။
📷 မေလ ၅ ရက်နေ့အထိ စာရင်းပေးလို့ရတယ်။