11/09/2026
ကိုယ့်ရဲ့ Business Brand အကြောင်းကို Video တစ်ပုဒ်အဖြစ် အသွင်ပြောင်းကာ ကြော်ငြာတင်ဆက်ချင်ပါသလား ?
ကြော်ငြာ Video ရိုက်ကူးချင်လို့ Video Production တစ်ခုကို ဆက်သွယ်တော့မယ်ဆိုရင် Brand Owners များအနေနဲ့ ကိုယ့်ရဲ့လက်ထဲမှာ အခြေခံအားဖြင့် အောက်ဖော်ပြပါ အချက်အလက်လေးတွေကိုတော့ အဆင်သင့် ပြင်ဆင်ထားသင့်ပါတယ်နော်။
🟥 Brand Informations
Brand Owners များ Video Production နဲ့ Meeting စထိုင်ပြီဆိုတာနဲ့ ကိုယ့်ရဲ့ Brand အကြောင်းကို စတင်မျှဝေပေးဖို့ လိုအပ်ပါတယ်။ Brand Story/ Mission/ Vision/ Brand Positioning/ Products နဲ့ Services တွေအကြောင်း အခြေခံနားလည်အောင် သေချာရှင်းပြပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ Video Production ဘက်ကနေ သူတို့ ရိုက်ကူးပုံဖော်ပေးရမယ့် Brand အကြောင်း အပြည့်အဝ နားလည်မှသာ Brand Image သိသာပေါ်လွင်စေမယ့် ဖန်တီးမှုများကို စီစဉ်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။
🟥Objective
Brand Owners များ ရိုက်ကူးလိုတဲ့ Video အကြောင်း ပြောပြပေးဖို့ လိုပါတယ်။ Creative ပိုင်းဆိုင်ရာ ဖန်တီးပုံဖော်မှုများကို Video Production ဘက်မှ လုပ်ဆောင်ရမှာ ဖြစ်ပေမယ့် ရိုက်ကူးလိုတဲ့ Video ဟာ ထုတ်ကုန်အသစ် ကြော်ငြာချင်တာ၊၊ Promotion အကြောင်း လူအများ သိစေချင်တာ၊ ကိုယ့်ရဲ့ Brand အကြောင်း မိတ်ဆက်ပေးလိုတာ စတဲ့ Brand Owners များ လိုချင်တဲ့၊ ဖြစ်စေချင်တဲ့၊ ရှင်းလင်းပြတ်သားတဲ့ Objective မျိုး ပေးရမှာပဲ ဖြစ်ပါတယ်။ နှစ်ခြိုက်မိတဲ့ Visual/ Sound စတာတွေရှိရင်လည်း တစ်ခါထဲ Reference များ ပြသပေးခြင်းဟာ Video Production ဘက်မှ စီစဉ်ပေးမယ့် Creative Direction အတွက် အထောက်အကူ များစွာဖြစ်စေပါတယ်။ Objective တွေ ရှင်းလင်းလေလေ၊ Creative ဖြစ်တဲ့ ဖန်တီးမှုများကို Video Production ဘက်ကနေ အကြံဉာဏ်ထုတ် စီစဉ်ပေးနိုင်လေလေပါပဲ။
🟥Requirements
ဒီအချက်လေးကလည်း Pre-Production အစထဲက တိတိကျကျ ဖြစ်ထားသင့်တဲ့ အချက်တွေထဲက တစ်ခုပါပဲ။ ရိုက်ကူးလိုတဲ့ Video ကို ဘယ်လို နေရာမျိုးမှာ တင်ဆက်၊ ပြသလိုတယ်ဆိုတဲ့ အချက်ကို Brand Owners များမှ ပြောပြပေးဖို့ လိုအပ်ပါတယ်။ Facebook/ TikTok/ Instagram/ Youtube လို Social Media Platforms တွေမှာ တင်မှာလား ဒါမှမဟုတ် Event လို ပွဲတွေမှာ Project ကနေတဆင့် ပြသလိုတာလားစတဲ့ အရာတွေကို တိတိကျကျလေးသာ ပြောပြထားမယ်ဆိုရင် Video Production ဘက်ကနေ ရိုက်ကူးရေးအတွက် စတင်ပြင်ဆင်စဉ်ကတည်းက Format/ Duration နဲ့ Shots တွေကိုပါ ကြိုတင်စဉ်းစားပေးလို့ ရမှာပဲ ဖြစ်ပါတယ်။
🟥Target Audience
ကိုယ့် Brand ရဲ့ ကြော်ငြာ Video ကို ဘယ်သူတွေဆီ ရောက်စေချင်တာလဲ၊ ဘယ်သူတွေကို မြင်စေချင်တာလဲဆိုတဲ့ Video Production ဘက်က မေးခွန်းကို Brand Owners များအနေနဲ့ ဖြေပေးဖို့ လိုပါတယ်။ Brand Owners များ ပေးတဲ့ Target Audience အကြောင်း အချက်အလက်များဟာလည်း ထိရောက်တဲ့ Video ကောင်းတစ်ပုဒ် ဖန်တီးဖို့ရာ များစွာ အထောက်အကူပြုတာပဲ ဖြစ်ပါတယ်။
🟥Key Message
Video ကို ကြည့်ရှုလိုက်သူတွေဟာ Video ဆုံးတာနဲ့ သိစေချင်လိုတဲ့ အကြောင်းအရာ (သို့) ဖြစ်စေချင်တဲ့ ခံစားချက်စတဲ့ Main Key Message တစ်ခုကိုလည်း Brand Owners များ အနေနဲ့ သေချာဆုံးဖြတ် ရွေးချယ်ပြီး Video Production ဘက်ကို ပေးပို့ကာ ရှင်းပြပေးဖို့ လိုအပ်ပါတယ်။
🟥Budget Range
Video ရိုက်ကူးရေးတိုင်း Budget Range အတိအကျ ရှိနေဖို့တော့ မလိုပေမယ့် Budget Range ကို သတ်မှတ်ထားပေးတယ်ဆိုရင်လည်း ရိုက်ကူးရေးဆောင်ရွက်ရမယ့် Video Production ဘက်ကနေ သတ်မှတ်ထားတဲ့ Budget အတွင်းထဲကနေ လက်တွေ့ပုံဖော်နိုင်မယ့် Creative ဖြစ်တဲ့ Concepts များကို စဉ်းစားကာ Quotation တွက်ပေးဖို့ရာ အထောက်အပံကောင်းတစ်ခုဖြစ်စေမှာပါ။
🟥Timeline
အစကောင်းခဲ့သလို အနှောင်းသေချာစေဖို့ရာ Video လက်ဝယ်လိုချင်တဲ့ Timeline ကိုလည်း Brand Owners များဘက်မှ ပြောပြပေးဖို့ရာ အလွန်အရေးကြီးပါတယ်။ Timeline သတ်မှတ်ပေးထားတယ်ဆိုရင် Video Production အချိန်မီ ပြီးစီးအောင် အစီအစဉ်ရေးဆွဲကာ အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။
Brand Owners များအနေဖြင့် အပေါ်က ပြောပြထားတဲ့ အချက်လေးတွေ ကိုယ့်ရဲ့ လက်ထဲမှာ သေချာရှိနေပြီ၊ Brand Image တက်စေမယ့် Video တစ်ပုဒ်ကိုလည်း လိုချင်နေပြီဆိုရင်တော့ ရိုက်ကူးပုံဖော်ပေးဖို့ရာ The Codec တို့ကို ဆက်သွယ်နိုင်ပါပြီ။
Visit Our Website - www.notthecodec.com