01/09/2026
"သူ့နာမည်က ပိန်ညှင်းနားပြာ"
ငှက်အသစ်လေးတစ်မျိုးကို ဓါတ်ပုံရိုက်ခွင့်ရတဲ့အချိန်က ကျွန်တော့်အတွက် အပျော်ရွှင်ရဆုံးအချိန်တွေထဲက တစ်ခုပါ။
ဒီနေ့တော့ ကျွန်တော် မြင်ချင်၊ တွေ့ချင်၊ ဓါတ်ပုံရိုက်ဖူးချင်နေတဲ့ ပိန်ညှင်းငှက်လေးတစ်ကောင်ကို ဓါတ်ပုံ ရိုက်ခွင့်ရခဲ့ပါတယ်။
သူက "ငါးမဖမ်းရ" ပိန်ညှင်းလေးနဲ့ အရောင်နည်းနည်းပဲကွာတဲ့ ပိန်ညှင်းနားပြာဆိုတဲ့ ဒီကောင်လေးပါ။ အတောင်လေးတွေ ပိုပြာတဲ့ ပိန်ညှင်းငှက်လေး တစ်ကောင်ပေါ့။
ပျော်တယ်ဗျာ...
ပိန်ညှင်းနားပြာလေးရေ...
ထပ်တွေ့ချင်ပါသေးတယ်