Ko Htet & Ma Moh အထည်လက်ကားဖြန့်ချိရေး

  • Home
  • Myanmar
  • Yangon
  • Ko Htet & Ma Moh အထည်လက်ကားဖြန့်ချိရေး

Ko Htet & Ma Moh အထည်လက်ကားဖြန့်ချိရေး 🤍☘️ph 09963522994

ဖြူဖြူကျော်သိန်းနဲ့ ဒေါင်း ဖြစ်စဉ်က ဒီလိုဟေ့!"မငိုနဲ့တဲ့"လို တလရ Project တစ်ခုထပ်လုပ်ဖို့ ဖြူဖြူက ပြင်သစ်ကနေ ဒေါင်းရှိရာ...
06/06/2026

ဖြူဖြူကျော်သိန်းနဲ့ ဒေါင်း ဖြစ်စဉ်က ဒီလိုဟေ့!

"မငိုနဲ့တဲ့"လို တလရ Project တစ်ခုထပ်လုပ်ဖို့ ဖြူဖြူက ပြင်သစ်ကနေ ဒေါင်းရှိရာ ချင်းမိုင်ကို သွားပြီး သီချင်းအတွက် အသံသွင်း ၊ Music Video ရိုက်ဖို့လုပ်ကြတာ။
MV တစ်ပိုင်းတစ်စကလည်း ပြင်သစ်မှာ ရိုက်နှင့်ပြီးသား။ Project က တောထဲက ဒဏ်ရာရ ရဲဘော်တွေ ပြန်လည်ထူထောင်ရေးမှာ အထောက်အကူအများကြီး ဖြစ်စေမဲ့ Short Film Project။

ကဲ.. လိုတိုရှင်း ဆက်မယ်။ Shooting Location က ပြင်သစ်၊ ချင်းမိုင် ၊ ကရင်နီက KNDFပြန်လည်ထူထောင်ရေး စခန်းမှာမလို့
ဖြူဖြူက တစ်ယောက်တည်း ပြင်သစ်ကနေ မိုင်ထောင်ချီခရီးနှင်ပြီး ထိုင်းကို ရောက်လာတယ်။

စတူဒီယိုမှာ အသံသွင်းဖို့ Meeting မှာ ဆုံကြတယ်။(၈)လလောက် အလိုကတည်းက ကြိုပေးထားတဲ့သီချင်းကို မင်းသားက စာသားမရ၊ Key တောင် ဝင်အောင် မဆိုနိုင်တော့ ဂီတပိုင်းဆိုင်ရာမှာ စီနီယာဖြစ်တဲ့ တီချယ်ဖြူရဲ့ထုံးစံအတိုင်း ဩဝါဒချွေတယ်။ အသံအတည်မသွင်းခင် အစမ်းလေ့ကျင့် Rehearsal လုပ်ကြဖို့လိုကြောင်းပြောတယ်။ အဲ့မှာပဲ မင်းသားက Rehearsal မလုပ်ချင်ကြောင်း ၊ သူ့အတွက် မလိုကြောင်း၊ Studio ခန်းထဲမှာပဲ တိုက်ရိုက် ဆိုချင်ကြောင်း ပြောတယ်။ အဲ့တာနဲ့ သူ့တောင်းဆိုမှုအတိုင်း Studio သွားကြ ကျင့်ကြတယ်။ တီချယ်ဖြူရဲ့ ထုံးစံအတိုင်း သီချင်းမဆိုခင် သီချင်းရဲ့ သမိုင်းကြောင်း အသွားအလာ ထည့်ရမဲ့ခံစားမှု စတဲ့ အကြောင်းအရာတွေ လိုအပ်လို့ပြောတယ် မှာတယ်။ မင်းသားဖြေရှင်းချက်အရ သူဒါတွေနားမထောင်ချင် $ပိုတွေလို့ ထင်ဟန်တူတယ်။ အဲ့မှာတစ်ချက် !

ဆိုမှာက အချစ်သီချင်း။ Story က ရဲဘော်လေးနဲ့ကောင်မလေးတစ်ယောက်ရဲ့ တလရ အချစ်ခရီး ချစ်ပုံပြင်။ Studio မှာ သီချင်းဆို အသံသွင်းဖ်ို့ မင်းသားဘက်က အသံနည်းစနစ်အရရော၊ ခံစားချက် moodအရရော မမှန်နေလို့ ဝါရင့်အဆိုတော်အစ်မကြီးက အချစ်သီချင်းဆိုဖို့အတွက် ဘယ်လို Character မွေးရတယ်၊ ဘယ်လို ချစ်သူကောင်မလေးမျိုးကို စိတ်ကူးယဉ် emotion ထည့်ပြီး ဘယ်လိုခံစားချက်နဲ့ဆိုရတယ်ဆိုတဲ့ Topic ကိုပြောတယ်။ ဒါကို မင်းသားက ဘယ်လိုထင်လဲဆိုတော့ သူ့အချစ်ရေးတွေမှာ ဆရာဝင်လုပ်တယ်၊ အလုပ်နဲ့မဆိုင်တဲ့ Personal အကြောင်းအရာတွေပြောတယ်ဆိုပြီး တင်တယ်။ အဲ့မှာ နှစ်ချက် !

Recording မလုပ်ခင် (၂)ရက်အလိုမှာ ဒီ project အတွက် သူတို့ ဖွဲ့ထားတဲ့ Group Chat မှာ အဆိုတော်အစ်မကြီးရဲ့ သူ့ဂျူနီယာ မောင်ညီမလေးတွေကို အပျိုကြီးမမပီပီ ပြောဆိုစနောက်ကျီစယ်ရင်း ဩဇာသီးရောင်းတတ်တဲ့ ထုံးစံအတိုင်း “Recording နေ့ကျ တို့စိတ်တိုင်းမကျရင် မမဖြူဖြူကျော်သိန်းက Engineer ရှေ့မှာဆူတာကိုလည်းခံနိုင်ရပါမယ်၊ စိတ်ဆိုးရင်လည်း တို့က လက်ပါတတ်တာမို့ ရိုက်ရင်လည်းခံနိုင်ရပါမယ်၊ အချိုးမပြေဘူးထင်ရင် ဆဲတတ်တာမို့ အဆဲလည်းခံနိုင်ရပါမယ်။ ….. တို့စိတ်ဆိုးရင် ဘာမှမမြင်အကုန်လုပ်ပါတယ်။ မလုပ်ရဲတာဘာမှမရှိပါဘူး....”
ဆိုတဲ့ Warming -up Prep Talk Message သဘောမျိုး ပို့လိုက်တယ်။ Group ထဲက မင်းသားရဲ့ Assistant တပည့်လေးကတောင် ဒီစာ ဒီစကားဟာ ဘယ်လို အဓိပ္ပာယ် သဘောတရားနဲ့ ပိုတာမှန်း ဆိုတာကိုသိနားလည်လို့ Love React တောင်ပေးသွားသေးတဲ့အချိန် မင်းသားက ဒီစာကို seenဖြစ်ပြီးတာနဲ့ စန်းစန်းတင့်တွေဖြစ်ပြီး Group ထဲကထွက် Facebook တွေ ၊ ဖုန်းနံပါတ်တွေကိုပါ Block လုပ် အဆက်သွယ်ဖျက်သွားရော။ အဲ့မှာပဲ သူ့ကိစ္စက စတာ။

အဲ့တော့ စာလည်းပို့မရ၊ ဖုန်းလည်းခေါ်မရတာနဲ့ပဲ သူပြောခဲ့တာများလွန်သွားလို့လား ၊ စိတ်များဆိုးသွားသလား ဆိုပြီး လူချင်းတွေ့ ဖြေရှင်းဖို့ ၊ ဒီ Project ကြီး မပျက်ဖို့ အရေး တစ်ခုတည်းနဲ့ အဆိုတော်အစ်မကြီးခင်မျာ အကြီး စီနီယာပီပီ အရင်ကတည်းက မင်းသားကိုယ်တိုင် ပေးခဲ့ဖူးတဲ့ မင်းသားရဲ့ လိပ်စာအတိုင်း Grab တစ်စီးငှားပြီးတော့ ရှိသမျှ မာနခဝါချပြီး ချင်းမိုင် လို မြန်မာတစ်ဝက်လောက်ရှိတဲ့ မြို့မှာ လုံခြုံရေးကိုတောင် သတိမထားမိနိုင်ရှာပဲ တစ်ယောက်ထဲ လိုက်သွားတာ။
မင်းသားအိမ်ရောက်တော့ ခြံတံခါး ပိတ်ထား၊ ခေါ်မရ ပြုမရ ဆက်သွယ်မရတော့ သူရောက်ခဲ့ပါတယ်ဆိုတဲ့အကြောင်း သက်သေအနေနဲ့ စာလေးတစ်စောင်ချန်ထားခဲ့ရော။
မင်းသားရဲ့ အရင်းနှီးဆုံးသူငယ်ချင်း မင်းသမီးလေး သုသု ဆီကိုပါ သွားပြီး ဖုန်းခေါ်ခိုင်း၊ ဆက်သွယ်ခိုင်းတာကို မင်းသားက သူ့ကိုပါ ဆူလွှတ်သတဲ့။

အဲ့မှာပဲ ဒီကောင်လေး ဒီလောက်ကိစ္စလေးကို ဒီလောက်ထိ ဆတ်ဆတ်ထိမခံ ခံစားထိရှလွယ်နေတာတို့၊ အလုပ်တွေ /သီချင်းစာသားတွေ ပြောပြီးသားစကားတွေ မေ့တတ်တာတို့၊ စကားစမြည်ပြောကြရင်းနဲ့ အမေစုမွေးနေ့မတိုင်ခင် ရက်ပိုင်းအလိုမှာ အမေစုမွေးနေ့ကိုတောင် ဘယ်နေ့လဲဆိုတာ မသိပဲမေ့နေတတ်တာတွေ သိရတာကြောင့်၊ စိတ်ကျန်းမာရေး Mental Problem နဲ့ စိတ်အခြေအနေ မူမမှန်ခြင်း (Personality Disorder) လေးတွေများ ရှိနေလေမလား၊ ဒါတွေနဲ့ဆက်စပ်တဲ့ စိတ်ကစဉ်ကလျား ထွေပြားဝေဝါးစေတဲ့ Substance တွေဘာတွေများ သုံးစွဲမိနေတာများဖြစ်မလားဆိုပြီး စိုးရိမ်စိတ်ပူတတ်တဲ့ မတ်မတ်ဒေါက်တာ ဖြူဖြူက လူရင်းဖြစ်တဲ့ ဆရာဝန် မင်းသမီးလေး သုသုကနေတစ်ဆင့် မင်းသားအတွက် စိတ်ကျန်းမာရေးဆွေးနွေးဖို့ လိုရင် ချင်းမိုင်က Psychiatrist ရဲ့ လိပ်စာကိုတောင် တကူးတကရှာပြီး ပေးခဲ့လိုက်ရော။

အဲ့မှာပဲ မင်းသားက သူ့ကို စိတ်ကျန်းမာရေး ချို့ယွင်း နေပါတယ်၊ ​Substanceတွေ သုံးနေပါတယ်လို့ ဖယူဖယူ က စွပ်စွဲနေပါတယ်လို့ ကောက်ချက်ချပြီး အကြီးအကျယ်ပေါက်ကွဲရင်း Social Media တွေမှာ Block လုပ်၊ အဆက်အသွယ်ဖျက် ၊ လုပ်မဲ့ တလရ Project တွေကိုပါ ဖျက်သိမ်းပြီး အစအနဖျောက်သွားတာ ခု caseတွေ ပေါ်မလာခင် အထိပါပဲကွယ်။

အဲ့တော့ ဖြူဖြူခမျာ မြွေပါလည်းဆုံး သားလည်းဆုံး လုပ်ထားသမျှ Project စရိတ်တွေ၊ ခရီးစရိတ်တွေ ဒေါ်လာ 5000 ကျော်ကို သူ့အိတ်ကနေ စိုက်ပြီးပဲ လျော်လိုက်ရရော။
ဖျက်သွားတဲ့သူက တာဝန်မယူ တာဝန်မခံတော့ သူကပဲ ကြားထဲက မိန်းမဘသားပီပီ တာဝန်ယူသွားတာ။

အဖြစ်အပျက်က တစ်နှစ်ရှိပြီ။ တနေ့ကမှ ဖြူဖြူ့ pageက Comment reply တစ်ခုမှာ မင်းသားနာမည်ထည့်ပါလာတာကိုတွေ့လို့ မင်းသားက မခံမရပ်နိုင်ဖြစ် တစ်
နှစ်ကျော် Block ထားတာကနေဖြည်ပြီး Comment တွေ ထပေး စာအရှည်ကြီးတွေ ထတင်တာ။

အဓိက ဖြူဖြူက တလရနဲ့ ဆိုင်တဲ့ project မို့ မင်းသားရဲ့ကလေးကလားဆန်ဆန် ဘာမှမဟုတ်တဲ့ ကိစ္စနဲ့ Project ဖျက်သွားခဲ့တာကို မင်းသားကို တာဝန်ယူမှုရှိစေချင်တာ။
ခုတော့ ဖြေရှင်းချက်တွေက မဆီမဆိုင် Personal တွေ ဆွဲထည့်ပြီး အမျိုးသမီးတစ်ယောက်ကို အမျိုးကောင်းသားမဆန်ပဲ စော်ကား သိက္ခာချသလိုဖြစ်နေပြီ။

တီချယ်ဖြူခမျာ မင်းသားရဲ့ နှမချင်းမစာမနာ လုပ်ကြံ လီဆယ် ရေးသားထားတဲ့ Postကိုဖတ်ပြီး စိတ်ကုန်လက်ပျက်စွံ့အသွားမှာတော့အသေအချာ။

အဲ့မှာပဲ သူတို့(၂)ယောက်ရဲ့ တင်ထားတဲ့ screenshot တွေ စာတွေကနေ ကိုးကားပြီး ဒီ caseရဲ့ အမှန်ကိုသိနေတဲ့ မင်မင်ကနေ ဖြစ်ကြောင်းကုန်စင် စာအရှည်ကြီးရေး လာရှင်းပြလိုက်ရရော။
ကဲ ဒါပဲ။ ခေါင်းနဲ့ ဉာဏ်နဲ့ စိတ်ရငကို စဉ်းစားဆင်ခြ

05/06/2026

Address

အမှတ်(၈) နဝဒေးလမ်း ဒေါပုံ
Yangon

Alerts

Be the first to know and let us send you an email when Ko Htet & Ma Moh အထည်လက်ကားဖြန့်ချိရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category