11/09/2026
🇰🇵 သွားချင်တာနဲ့ သွားလို့မရတဲ့နိုင်ငံ မြောက်ကိုရီးယား၊
ကျနော် ပါကစ္စတန် မသွားခင်ကတည်းက မြောက်ကိုရီးယား နဲ့ ပါကစ္စတန် ကို ရွေးချယ်စဉ်းစားနေခဲ့တာ၊၊ အဲဒီအချိန်က မြောက်ကိုရီးယားသွားဖစ်ခဲ့ရင် ပါကစ္စတန် ကိုတော့ ဇွန်၊ ဇူလိုင်လောက်မှာ သွားမယ်လို့ စဉ်းစားထားရင်း NK ကိုတော့ ဧပြီလ လောက်မှာ သွားဖို့ မျှော်လင့်ထားခဲ့တာပေါ့၊
ဘာကြောင့်လဲဆိုတော့ NK ရဲ့ Pyongyang မာရသွန် က ပုံမှန်အားဖြင့် ဧပြီလမှာ ကျင်းပလေ့ရှိပြီး အဲဒီကာလတွေမှာ နိုင်ငံခြားသားခရီးသွားတွေ ဝင်ခွင့်ရနိုင်တဲ့ အခွင့်အရေးတစ်ခု ဖြစ်ခဲ့လို့ပါ။
ဒါတောင် ကိုယ့်နိုင်ငံရဲ့ Passport နဲ့ ဝင်ခွင့်ရမရကတော့ ထပ်ပြီးစောင့်ကြည့်ရဦးမယ်။
ဒီနှစ် ဧပြီလ ကတော့ ကျနော့်အတွက် အကောင်းဆုံးမျှော်လင့်ထားခဲ့တဲ့အချိန် တစ်ခု၊၊ ဒါပေမယ့် ရုတ်တရက် မတ်လ ၉ ရက်နေ့မှာ Pyongyang မာရသွန် ကို နိုင်ငံတာဝန်ရှိသူတွေက ဖျက်သိမ်းလိုက်တယ်။
အဲဒီအချိန်မှာ အရှေ့အလယ်ပိုင်းက US-Iran အခြေအနေတွေ နဲ့ သက်ဆိုင်မှုရှိနိုင်မလားဆိုတာလည်း ကျနော်တစ်ယောက်တည်းအမြင်နဲ့ တွေးမိခဲ့သေးတယ်။ 😅
အဲဒီအချိန်တစ်ပြိုင်နက်တည်းမှာပဲ ပါကစ္စတန် Visa လျှောက်ဖို့လည်း ပြင်ဆင်နေပြီ။
အမှန်အတိုင်းပြောရရင် 🇦🇫 အာဖဂန် ကိုဘယ်တုန်းကမှ
ကျနော်သွားဖို့ စဉ်းတောင်မစဉ်းစားထားတဲ့နိုင်ငံ၊၊
အဲဒါနဲ့ NK ကိုတော့ ပါကစ္စတန် ကနေ ပြန်လာတဲ့အထိ Tourism ပြန်ဖွင့်မယ့်အချိန်ကို ဆက်စောင့်နေခဲ့တယ်။ Tour agency တွေရဲ့ Update တွေကို လိုက်ကြည့်ရင်း ဒီနှစ်ထဲ ပြန်ဖွင့်ဖို့က မသေချာသေးဘူးဆိုတာ သိလာတော့ နောက်ဆုံးမှာ အာဖဂန် ကို ရွေးချယ်ဖြစ်ခဲ့တာ၊
နောက်တခုက NK က တခြားနိုင်ငံတွေလို Invitation Letter/Certificate လုပ် ၊ ရှာဝယ် ၊၊ Visa လျှောက်၊၊ Visa Approved ဖြစ်ရင် ကိုယ့်အစီအစဉ်နဲ့ Solo သွားလို့ရတဲ့ နိုင်ငံမျိုးဟုတ်မနေဘူး၊
Tourism ဖွင့်တဲ့အချိန်မှာတောင် အစိုးရခွင့်ပြုထားတဲ့ Tour arrangement အောက်ကနေ သွားရပြီး၊ သတ်မှတ်ထားတဲ့ Local Guide တွေနဲ့ပဲ ခရီးသွားရတာမျိုး ဖြစ်တယ်။
ဆိုတော့ Visa ကလည်း ကိုယ်အဆင်ပြေသလို “Play Play” လုပ်လို့မရဘူးပေါ့။ 😅
နိုင်ငံတစ်နိုင်ငံကို သွားလည်ရတာတင် ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတာမဟုတ်ဘဲ၊ Visa ကလည်း လျှောက်ချင်တိုင်း လျှောက်လို့မရတဲ့နိုင်ငံ ဖြစ်နေတယ်။
ကိုယ်တကယ်သွားနိုင်မလားဆိုတာကလည်း NK ဘက်က နိုင်ငံခြားသားခရီးသွားလာခွင့် ပြန်ဖွင့်မယ့်အချိန်ကို စောင့်ရတယ်။ ပြန်ဖွင့်လာရင်တောင် ဘယ်နိုင်ငံသားတွေကို ဝင်ခွင့်ပေးမလဲဆိုတာက ထပ်ပြီး စောင့်ကြည့်ရဦးမယ်။
အထူးသဖြင့် Myanmar Passport Holder တွေအတွက်ဆိုရင် ပိုပြီး မသေချာသေးဘူး။ Tourism ပြန်ဖွင့်လာတာနဲ့ မြန်မာ Passport နဲ့ တန်းပြီး tour join Visa လျှောက် ဝင်လို့ရမယ်လို့ အာမခံထားတာမျိုး မရှိသေးဘူး။
အခုလက်ရှိအခြေအနေမှာတော့ NK Tourism က နိုင်ငံခြားသားအများစုအတွက် မဖွင့်သေးဘဲ ရုရှား citizens တွေအတွက်သာ ကန့်သတ်ထားနဲ့ဖွင့်ထားပေးတာ၊၊
ကိုယ်သွားမယ့် Tour Agency တွေရဲ့ Announcement Group တွေ Join ထားပြီး Tourism ပြန်ဖွင့်မယ့်သတင်း၊ Visa အခြေအနေ၊ ဘယ်နိုင်ငံသားတွေကို ဝင်ခွင့်ပေးမလဲဆိုတဲ့ Update တွေကို ဆက်စောင့်ကြည့်နေတယ်၊၊
အထူးသဖြင့် ကိုယ်သွားချင်တဲ့အချိန်မှာ
NK Tourism ပြန်ဖွင့်ပါပြီဆိုတဲ့ announcement ကိုစောင့်ရတယ်၊၊
ဒါတောင် Myanmar Passport Holder တွေအတွက်ပါ ဝင်ခွင့်ပြုဦးမှ…
တခြားနိုင်ငံတွေကို သွားတာနဲ့မတူဘဲ “သွားချင်တယ်” ဆိုတာနဲ့တင် သွားလို့မရတဲ့နိုင်ငံ ဆိုတော့ ဒီခရီးက မသွားခင်ကတည်းက Adventure တစ်ခုလို ဖြစ်နေတာပေါ့၊
ဘယ်နိုင်ငံသားတွေကို ဝင်ခွင့်ပေးမလဲ၊ Myanmar Passport နဲ့ သွားလို့ရမလား၊ ဘယ် Tour နဲ့သွားမလဲ ဆိုတာတွေကိုတော့ ဆက်ပြီး စောင့်ကြည့်ရဦးမယ်။
တကယ်သွားဖြစ်ခဲ့ရင်တော့ ဒီခရီးက မသွားခင်ကတည်းက Excited ဖစ်နေတဲ့ ခရီးတစ်ခု ဖြစ်မှာတော့ သေချာတယ်။