Paw Htoo အရာရာ အဆင်ပြေပါတယ်

နိုင်ငံရေးဗဟုသုတ
အသက်ရှင်ပါ
မနက်မင်္ဂလာလို့နှုတ်ဆက်ပါ.
အမှောင်ကျလည်း
ဦးနှောက်ထဲမှာလင်းနေပါစေ..

အဆက်အသွယ်မရလည်း
နှလုံးသားထဲမှာနွေးနေပါစေ...

ပြန်ဆုံမည့်ရက်
အရုဏ်တက်ကို
အသက်ဆွဲဆန့်ကြိုနိုင်ကြပါစေ..

မောင်စိန်ဝင်း(ပုတီးကုန်း)

ကချင်ပြည်နယ်ထဲ ဖားကန့်မြို့နယ်ထဲမှာ ကချင်လွတ်လပ်ရေးတပ်(KIA)ပူးပေါင်းအဖွဲ့တွေနဲ့ စစ်တပ်တို့ တိုက်ပွဲဖြစ်နေသလို မိုးညှင်းမ...
04/02/2026

ကချင်ပြည်နယ်ထဲ ဖားကန့်မြို့နယ်ထဲမှာ ကချင်လွတ်လပ်ရေးတပ်(KIA)ပူးပေါင်းအဖွဲ့တွေနဲ့ စစ်တပ်တို့ တိုက်ပွဲဖြစ်နေသလို မိုးညှင်းမြို့နယ်ထဲမှာလည်း KIA/PDF ပူးပေါင်းအဖွဲ့နဲ့ စစ်တပ်နဲ့ရှမ်းနီတပ် ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲ ဖြစ်နေတယ်လို့ စစ်ရေးအခြေအနေ သိသူက ပြောပါတယ်။

ဖားကန့်မြို့နယ်ထဲက ဆိုင်းတောင်ရွာနား၊ ထုံးဘိုကျေးရွာထဲမှာ စစ်ကြောင်းစဝင်လာတဲ့ ဇန်နဝါရီ ၃၀ ကနေ ဒီနေ့ဖေဖော်ဝါရီ ၄ ရက်အထိ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

အခုနောက်ပိုင်း တော်လှန်ရေး လုပ်ချင်ပါတယ်ဆိုတဲ့လူငယ်လေးတွေအရမ်းရှားလာတယ် ။ ဒါကလည်း ကိုယ့်အဖွဲ့အစည်းက သန္ဓေမမှန်သူတွေနဲ့ စ...
04/02/2026

အခုနောက်ပိုင်း တော်လှန်ရေး လုပ်ချင်ပါတယ်ဆိုတဲ့လူငယ်လေးတွေအရမ်းရှားလာတယ် ။
ဒါကလည်း ကိုယ့်အဖွဲ့အစည်းက သန္ဓေမမှန်သူတွေနဲ့ စည်းစနစ်တကျ အုပ်ချုပ်ထောက်ပံ့မှု မကောင်းတာလည်းပါမယ်ထင်ပါတယ်။
မင်းတို့PDF ထဲဝင်လို့ ဘာရမလဲ အသက်သေတာပဲအဖက်တင်တယ် လို့ တွးသူကများမယ်ထင်ပါတယ်။
ကိုယ်ကို၌က အသက်၂၀လောက်နဲ့ တလရထဲရောက်လာတော့ အသက်၁၉ ၂၀အရွယ် ညီငယ်လေးတွေမေးကြည့်ရင် "ဟာ အကိုရာ ကျနော်တို့က တလရလုပ်ကို အရမ်းလုပ်ချင်တာ ဗျ အိမ်ကိုဘယ်လိုထားခဲ့လို့မရလို့ အိမ်က ကျနော်ရှိမှဖြစ်မှာ" ဘာညာ ဆိုပြီးပြီး အိမ်အကြောင်း ဘဝအကြောင်း နာပြလိုက်တဲ့ ကလေးတွေကများတယ် ။
တိုင်းပြည်အတွက်၊အများအတွက် အလုပ်လုပ်ကြပြီဆိုရင် ကိုယ်ကျိုးကိုစွန့်ရမယ်လို့ ဘယ်သူမှမတွေးကြတော့ဘူး ။
တချို့ကြတော့လည်း သူတို့ မိဘကအမြင်မာ တလရလုပ်ပြီး ရှေ့တန်းရောက်ရင် သေမှာပဲထင်ကြတာကိုး။
ရှေ့မှာ အုတ်ဂူနီလေးတွေနဲ့ တန်းစီအသက်ပေးခဲ့ကြတဲ့ ရဲဘော်တေက သူတို့အတွက် သနားစရာ သက်သက်ဖြစ်ပြီး ငါ့သားကိုထည့်လိုက်ရင်လဲ သေမှာပါပဲ ဆိုတဲ့အသိပဲဝင်လာကြတာကို.....။
ဒီနိုင်ငံ ကလူတွေ ဒီမိုကရေစီရချင်တယ်ဆိုတာ အလွယ်တကူ လုပ်ကိုင်စားသောက် ပိုက်ဆံအလွယ်တကူ ရှာချင်ရုံသက်သက်လိုဖြစ်လာပြီး ကိုယ်ချင်းစာတရားနဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံခြင်းက သူတို့နဲ့မဆိုင်သလိုဖြစ်နေပြီ။
ပညာရေးစနစ်စုတ်စုတ်ပြတ်ပြတ်နဲ့ ဝမ်းဝဖို့သည်း"မဲ" ပိုက်ဆံရှာရတဲ့ဘဝကြားမှာ သားသမီးကိုလည်း စာအုပ်တစ်အုပ်နဲ့ ပုံပြင်တစ်ပုဒ် ဖတ်ပြဖို့ မဖြစ်နိုင်ကြတော့ သားသမီး ပူဆာသမျှကို ငွေပုံပေးပြီး ဝယ်ပေးလိုက်မယ်နောက်ထပ်နားပူနားဆာမလုပ် ရင်ပြီးရော ဆိုတဲ့မိဘကများကြသကိုးးး။
သားသမီးက အရွယ်ရောက်လာတော့ အိမ်မှာရှိတဲ့ထွန်စက်နဲ့ကားလေးမောင်းခိုင်းပြီး အချိန်တန်ရင်မိန်းမတောင်းပေးပြီး သူတို့ရဲ့ပုံစံခွက်ပိုက်ဆံရှာအလုပ်တွေပဲဆက်လုပ်ခိုင်းလိုက်သတဲ့လေ။
သိပ်ပျော်စရာကောင်းပါတယ် ဒီတိုင်းပြည်က ။
ဒီလိုနဲ့ပဲ နောက်ထပ် ခရိုနီနဲ့ဆိတ်လဇိပေါက်စလေးတွေထပ်မွေးလာအုံးမာပဲ။
အစိုးရ ရဲ့ ပြောင်းလဲ လာတဲ့ပညာရေးစနစ်ကVolunteer Tik tok ဆယ်လီတွေရဲ့ view များဖို့အားစိုက်နေရတော့ G12 စုံတွဲလေးတွေ ဗိုက်ပူပြီး ခိုးပြေးနေကြတာတွေ့ရတော့ တော်တော့ကို စိတ်မကောင်းစရာ။
တချိူ့လူငယ်လေးတွေကြတော့ WiFi ဆိုင်မှာ Game ဆော့ရင်း အဆဲသင်ယူနေကြတာတွေ့ရတော့ အင်း eSports လောကရဲ့ မျိုးဆက်သစ်လေးတွေလို့တွေးမိပါတယ် ။
tik tok ရဲ့ အဖော်အချွတ်trend လေးတွေ လိုက်join ရင်း telegram link လိုက်ရှာနေကြတဲ့ ညီငယ် ညီမငယ်လေးတွေမြင်တော့ ဗိုလ်ချုပ်ပြောတဲ့ ဟိုနိုင်ငံကြီးကိုပြေးမြင်မိတယ်။
ရည်းစားနဲ့နှစ်ယောက်တွဲပုံတင်ပြီး social media မှာကြွယ်ပြဖို့က တိုင်းပြည်အာဏာရှင်စနစ်လက်က လွတ်ရေးထက် တကယ်အရေးကြီးပါတယ် ။
ညီလေးဘာရုပ်ရှင်ကြည့်နေသလဲမေးလိုက်ရင်အောကားနဲ့ တရုတ်Animation ဒါမှမဟုတ်ရင် မြန်မာစောက်ပေါကားပေါ့ဗျာ ။
အခုအချိန်သာ စာအုပ်တစ်ကိုထိုင်ဖတ်ရင်း တစ်ခုခုကိုလေးလေးနက်နက်တွေးခေါ်နေတဲ့ ဆယ်ကျော်သက် တစ်ယောက်ကိုတွေ့ရင် အတုမရှိ ဗုဒ္ဓမြတ်စွာကိုသက်တော်ထင်ရှား တွေ့ ရသလို ထိုင်သာရှိခိုးလိုက်ကြပါ။
ဒီတိုင်းပြည်ရဲ့Human resources ကြီး လီးဖြစ်လာတာကို ဒီတိုင်းကြည့်နေရ သလိုပါပဲ ။
အရှင်းဆုံးပြောရရင် ကျနော်တို့ တလရဟာ ငါးနှစ်လောက် လောင်ကျွမ်းနေတဲ့ အမှိုက်ပုံသက်သက်ဖြစ်လာပြီး နောက်ထပ်လောင်းလောင်ကျွမ်းမယ့် လောင်စာတွေနည်းလာပါပြီ ။
ဒီတစ်ကြိမ် အာဏာရှင်စနစ်က လွတ်အောင်ရုန်းပြီး ရင်တော့
စောက်တောသားတိုင်းပြည်အဖြစ်ကလွတ်မြောက်ဖို့ နှစ်အစိပ်လောက်ကြိုးစားကြရအုံးမယ်ထင်ပါတယ်။
ဘာပဲဖြစ်ဖြစ်ပါ အကိုတို့ကတော့ မင်းတို့ လွတ်လွတ်လပ်လပ် လမ်းသလားနိုင်ဖို့ ဆက်ပြီးတော်လှန်ပေးနေအုံးမာပါ မျိုးဆက်သစ် စောက်တောသားလေးတို့...။

မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသရှိ ဟဲပါးကျေးရွာ စစ်တပ်စခန်းကို KIA/KPDF ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိရန်ကုန်၊ ဖေဖေ...
04/02/2026

မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသရှိ ဟဲပါးကျေးရွာ စစ်တပ်စခန်းကို KIA/KPDF ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

ကချင်ပြည်နယ်မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသရှိ ဟဲပါးကျေးရွာ စစ်တပ်စခန်းကို KIA/KPDF ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခင်လပိုင်းမှစတင်ပြီး အင်းတော်ကြီးဒေသတွင် စစ်တပ်က စစ်ကြောင်းထိုးလာသဖြင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ အထူးသဖြင့် ရှမ်းနီ SNA တပ်များနှင့်စစ်တပ်က စစ်အင်အားများစွာဖြင့် စစ်ကြောင်းထိုးလာချိန် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် KIA/KPDF တပ်များက ထိုးစစ်ဆင်ရာမှ ဟဲပါးကျေးရွာစစ်စခန်းကို သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။

"ဟိုရက်က ကာကင်းစခန်းတွေ သိမ်းတယ်။ အခုတော့ဟဲပါးကျေးရွာစစ်တပ်စခန်းကို ရပြီ။ အဲဒီမှာ ရှမ်းနီSNA နဲ့ စစ်တပ်က စခန်းချထားတာ။ စစ်သုံ့ပန်းနဲ့ လက်နက်တွေလည်းရတယ်။ တချို့တွေတော့ အကုန်ထွက်ပြေးကုန်ကြတယ်" ဟု KIA ရှေကတနးသတငးရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် စစ်တပ်၏ လုံးတုံးနှင့်နမ့်မွန်းတောင်ပေါ် စခန်းများကိုလည်း တော်လှန်ရေးတပ်များက ဆက်လက် ထိုးစစ်ဆင်နေကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်ကမူ အင်းတော်ကြီးဒေသတွင် လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ် လုပ်ဆောင်လျက်ရှိပြီး တော်လှန်ရေးတပ်များက ခုခံကာကွယ်စစ်မှတစ်ဆင့် စစ်တပ်စခန်းများကို တန်ပြန်ထိုးစစ်များ ဆင်နွှဲနေကြောင်း သိရှိရသည်။

လတ်တလောကချင်ပြည်နယ်အတွင်းရှိ ၀ိုင်းမော်၊ ဗန်းမော်၊ ဖားကန့်နှင့် မိုးညှင်းမြို့နယ်တို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်တပ်စခန်းများကိုလည်း KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တောက်လျှောက် သိမ်းပိုက်လျက်ရှိကြောင်း သိရှိရသည်။

🍉 "ဖရဲသီး သတင်းပေးချက် - နန်းတွင်း ဗုံးပေါက်မှုရဲ့ နောက်ကွယ်က 'ရာပြည့်' ဇာတ်လမ်း"နေပြည်တော်က ငစနူ စရဖတွေနဲ့ စစ်ကောင်စီရဲ...
04/02/2026

🍉 "ဖရဲသီး သတင်းပေးချက် - နန်းတွင်း ဗုံးပေါက်မှုရဲ့ နောက်ကွယ်က 'ရာပြည့်' ဇာတ်လမ်း"
နေပြည်တော်က ငစနူ စရဖတွေနဲ့ စစ်ကောင်စီရဲ့ ထောက်လှမ်းရေးတွေ မသိလေမလားလို့ တစ်ချက်လောက် တို့ပေးလိုက်မယ်။ အခု လူမြင်ကွင်းက ပျောက်နေတဲ့ မင်းအောင်လှိုင် နန်းတွင်းထဲမှာ ရှော့တိုက်ဒုံးနဲ့ အကြိုခံလိုက်ရတဲ့ ကိစ္စက "တော်လှန်ရေးအဖွဲ့တွေချည်းပဲ" လို့ ထင်နေရင် ခင်ဗျားတို့ မှားသွားမယ်။

အတွင်းစည်းက သဲလွန်စတွေကို တစ်ချက်ကြည့်လိုက်ရအောင် -

၁။ ရာပြည့်ရဲ့ အဆက်အသွယ်: အကြမ်းဖက်စစ်ခေါင်းဆောင်ရဲ့ လက်ရုံးတဆူလို့ အထင်ခံရတဲ့ ရာပြည့် ဟာ ကြွက်ပျင်း သန်းရွှေလက်ထက်က မီးရထားဝန်ကြီး ဝင်းစိန်ရဲ့ သမက် ဆိုတာ လူတိုင်းသိပြီးသား။ ဒါပေမဲ့ အဓိက သော့ချက်က ဝင်းစိန်ရဲ့ မိန်းမ ဒေါ်ခင်သိန်းရီ နဲ့ သူ့အမျိုးတွေပါ။

၂။ မန္တလေးက "ခွတုတ်" မိသားစုများ: ဒေါ်ခင်သိန်းရီရဲ့ အမျိုးအရင်းတွေဟာ လက်ရှိ မန္တလေးမှာ အခိုင်အမာ အခြေချနေထိုင်နေကြတာပါ။ ဒီလူတွေက အပေါ်ယံကြည့်ရင် "အနီလိုလို၊ အစိမ်းလိုလို" နဲ့ နှစ်ဖက်ခွတုတ်ပြီး စီးပွားရှာနေကြပေမဲ့၊ တကယ်တမ်းကျတော့ နန်းတွင်း (လပခ) နဲ့ ခေတ်အဆက်ဆက် အဆက်အသွယ်ရှိခဲ့တဲ့ "Inside Man" တွေ ဖြစ်နေတာပဲ။

၃။ အချိန်ကိုက် ရှော့တိုက်ဒုံး: ရာပြည့်နဲ့ အလွန်နီးစပ်တဲ့ ဒီ "မန္တလေးဆွေမျိုးစု" တွေဟာ နန်းတွင်းရဲ့ အဝင်အထွက်၊ အနေအထားနဲ့ မင်းအောင်လှိုင် ဘယ်အချိန် ဘယ်နေရာမှာ ရှိနေမလဲဆိုတာကို ကောင်းကောင်းကြီး သိနိုင်တဲ့သူတွေပါ။ ဆိုတော့... မင်းအောင်လှိုင် နန်းတွင်းထဲ ရောက်နေတဲ့ အချိန်ကိုက်ကြီးမှာ ရှော့တိုက်ဒုံးတွေ ကျလာတာဟာ "ရာပြည့်" မသိဘဲနေပါ့မလား?

"အပြင်ကရန်ထက် အတွင်းက ရန်က ပိုကြောက်ဖို့ကောင်းတယ်" ဆိုတဲ့အတိုင်း၊ ရာပြည့်သာ နောက်ကွယ်က နေပြီး သူ့ယောက္ခမအမျိုးတွေကတစ်ဆင့် သတင်းပေးလိုက်ရင်... မင်းအောင်လှိုင်ရဲ့ အသက်က ရာပြည့်လက်ထဲမှာပဲ ရှိနေတာပေါ့။ #နန်းတွင်းဖောက်ခွဲမှု #ရာပြည့် #စရဖ #မန္တလေး

အကြောင်းပြချက် အမျိုးမျိုးနဲ့ပြည်သူကို ပြောင်းလှည့်တဲ့နေ့ဟာတော်လှန်ရေးကျဆုံးမယ့်နေ့ ဆိုတာ အမှတ်ရကြပါသတိရှိကြပါ မ မေ့အောင...
04/02/2026

အကြောင်းပြချက် အမျိုးမျိုးနဲ့
ပြည်သူကို ပြောင်းလှည့်တဲ့နေ့ဟာ
တော်လှန်ရေးကျဆုံးမယ့်နေ့ ဆိုတာ
အမှတ်ရကြပါ
သတိရှိကြပါ
မ မေ့အောင် တရက်ကို
၁၀၈ ခေါက် ရွတ်ကြပါ လို့
တော်လှန်ရေးအကျိုးမျော်လို့
နိုးဆော် ပါတယ်ခင်ဗျာ

ที่อยู่

Ban Huai Yang Thon

เบอร์โทรศัพท์

+66660812265

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Paw Htooผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Paw Htoo:

แชร์