Facts by KO MYO THU

Facts by KO MYO THU ပါလေရာ သတင်းစုံ (News)

၂၀၂၅ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို မြင့်မြတ် (မြေစာ) ကရရှိသွားပါတယ် #ဆယ်လီသတင်း  #အကယ်ဒမီ၂၀၂၅
07/02/2026

၂၀၂၅ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို မြင့်မြတ် (မြေစာ) ကရရှိသွားပါတယ်
#ဆယ်လီသတင်း
#အကယ်ဒမီ၂၀၂၅

"၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) ပေးပွဲအခမ်းအနားတွင် 'မောင့်မိဖုရား' ရုပ်ရှင်ဇာတ်ကားဖြင့် သရုပ်ဆောင...
07/02/2026

"၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) ပေးပွဲအခမ်းအနားတွင် 'မောင့်မိဖုရား' ရုပ်ရှင်ဇာတ်ကားဖြင့် သရုပ်ဆောင် ရတနာဗိုက အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ဆွတ်ခူးရရှိခဲ့ပါသည်။"

ရုပ်ရှင်တစ်သက်တာဆုရှင်   -  ဒေါ်ခင်လေးဆွေ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်တစ်သက်တာဆုကို ရရှိသွားတဲ့အတွက် အထူးပင်ဝမ်းမြောက...
07/02/2026

ရုပ်ရှင်တစ်သက်တာဆုရှင် - ဒေါ်ခင်လေးဆွေ
၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်တစ်သက်တာဆုကို ရရှိ
သွားတဲ့အတွက် အထူးပင်ဝမ်းမြောက်ဂုဏ်ယူပါသည်။

#၂၀၂၅ခုနှစ်အကယ်ဒမီ
#မြန်မာ့ရုပ်ရှင် #အနုပညာရှင်
#အကယ်ဒမီဆုပေးပွဲ

28/01/2026

"ဦးမင်းဟိန်း (အသက် ၄၆ နှစ်) သည် ယနေ့တွင် အသည်းရောဂါဖြင့် ကွယ်လွန်သွားပါသဖြင့် ကောင်းရာမွန်ရာ ဘုံဘဝသို့ ရောက်ရှိပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ 🙏🏻"

- ရန်ကုန်မြို့တွင် အခြေခံစားသောက်ကုန်နှင့် အသားငါးဈေးနှုန်းများ ဆက်တိုက်မြင့်တက်လျက်ရှိ(ရန်ကုန်၊ ဇန်နဝါရီ ၂၇)ရန်ကုန်မြို...
27/01/2026

- ရန်ကုန်မြို့တွင် အခြေခံစားသောက်ကုန်နှင့် အသားငါးဈေးနှုန်းများ ဆက်တိုက်မြင့်တက်လျက်ရှိ

(ရန်ကုန်၊ ဇန်နဝါရီ ၂၇)
ရန်ကုန်မြို့တွင်း ဈေးကွက်များ၌ မီးဖိုချောင်သုံး အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် အသားငါးဈေးနှုန်းများမှာ နေ့စဉ်နှင့်အမျှ မြင့်တက်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် မီးဖိုချောင်သုံးကုန်ပစ္စည်းများ၏ ဈေးနှုန်းများမှာ ယခင်လများထက် သိသိသာသာ မြင့်တက်လာခဲ့သည်။ ယခင်က ကျပ် ၂,၀၀၀ သာရှိခဲ့သော ကြက်သွန်နီတစ်ပိဿာမှာ ယခုအခါ ကျပ် ၅,၀၀၀ အထိလည်းကောင်း၊ အာလူးတစ်ပိဿာမှာ ကျပ် ၅,၀၀၀ မှ ၇,၀၀၀ ကျပ်အထိလည်းကောင်း ရောက်ရှိလာခဲ့သည်။ ထို့ပြင် ကြက်သွန်ဖြူ (အလုံးကြီး) တစ်ပိဿာလျှင် ယခင် ၁၂,၀၀၀ ကျပ်မှ ယခုအခါ ကျပ် ၂၀,၀၀၀ အထိ ဈေးနှုန်းခုန်တက်သွားခဲ့သည်။
နေ့စဉ်မရှိမဖြစ် လိုအပ်သည့် ဆီ၊ အချိုမှုန့်၊ ငရုတ်၊ ကြက်သွန်နှင့် အသားငါးဈေးနှုန်းများပါ မြင့်တက်လာခြင်းကြောင့် အိမ်ရှင်မများအနေဖြင့် နေ့စဉ်ချက်ပြုတ်စားသောက်ရေးအတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။
"တိုလီမိုလီ ဝယ်လိုက်တာနဲ့တင် ပိုက်ဆံက အသုံးမခံတော့ဘူး။ ဘဲဥဟင်းတစ်ခွက်ကို လူသုံးယောက်စာ ချက်ရင်တောင် ခုနှစ်ထောင်လောက် ကုန်တယ်။ အသီးအရွက်လောက်ပဲ ဈေးသက်သာတော့တယ်။ ဒါတောင် သေးသေးလေးတွေကအစ ဈေးတက်လာတာ။ ဒီနေ့ဈေးနဲ့ နောက်ရက်ဈေးတောင် မတူဘူး" ဟု အိမ်ရှင်မတစ်ဦးက ပြောသည်။
ကုန်ဈေးနှုန်းမြင့်တက်မှု၏ ဂယက်ကြောင့် အခြေခံလူတန်းစားများ၊ လက်လုပ်လက်စားများနှင့် ဈေးသည်များပါ အကျပ်အတည်းကြုံတွေ့နေရသည်။ သယ်ယူပို့ဆောင်ခ စရိတ်ကြီးမြင့်လာမှုကြောင့် ဈေးသည်များအနေဖြင့် အမြတ်အစွန်းရရှိရန် ခက်ခဲလာကြောင်း သိရသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်မှ ဈေးသည်တစ်ဦးက "မိသားစုက ခြောက်ယောက်ရှိတယ်။ ခြံထဲကထွက်တဲ့ အသီးအနှံလေးတွေကို သန်လျင်ကနေ လာရောင်းတာ။ ကားခတင် အသွားအပြန် နှစ်သောင်းခွဲလောက် ပေးရတယ်။ တစ်နေ့ကို အနည်းဆုံး တစ်သိန်းဖိုးလောက် ရောင်းရမှ မိသားစုအတွက် အဆင်ပြေတာ" ဟု ရှင်းပြသည်။
ဆန်ဈေးကွက်တွင်လည်း ဆန်ဟောင်းဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး ရွှေဘိုထိပ်စ (အဟောင်း) တစ်အိတ်လျှင် ၂၄၀,၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း ၂၂၀,၀၀၀ ကျပ်နှင့် ကျားပျံ (ရှယ်/အဟောင်း) တစ်အိတ်လျှင် ၁၇၀,၀၀၀ ကျပ်အထိ ပေါက်ဈေးရှိနေသည်။ ဤအခြေအနေတွင် အိမ်ရှင်မများက အိမ်စရိတ်ချွေတာနိုင်ရန် ဆန်ချောနှင့် ဆန်ကြမ်းကို အချိုးကျရောစပ် စားသုံးနေကြရကြောင်း သိရသည်။
"ရွှေဘိုဆန်အဟောင်းက တစ်ပြည် ၁၂,၀၀၀ ကျပ်ဆိုတော့ သူ့ချည်းပဲ မစားနိုင်ဘူး။ ဒါကြောင့် တစ်ပြည် ၉,၅၀၀ တန် ရွှေဘိုပေါ်ဆန်းအသစ်နဲ့ တစ်ပြည် ၄,၀၀၀ တန် အောက်ဆန်ကို ရောပြီးစားရတယ်။ ဆန်အသစ်က ချွဲပေမဲ့ ဒီလိုရောစားမှပဲ အဆင်ပြေတော့တယ်" ဟု အိမ်ရှင်မတစ်ဦးက ဆိုသည်။
လက်ရှိတွင် ကုန်ဈေးနှုန်းများသာမက သယ်ယူပို့ဆောင်ခများပါ မြင့်တက်လာခြင်းကြောင့် လက်လီရောင်းချသည့် ဈေးသည်များမှာလည်း အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။

တစ်ချိန်က နာမည်ကြီးခဲ့တဲ့ မင်းသမီးကြီး မျိုးစန္ဒီကျော်ရဲ့ သားနဲ့သမီးကတော့ မင်းသား/မင်းသမီးတောင်ရှုံးရမယ့် ရုပ်ရည်မျိုးမလ...
15/05/2025

တစ်ချိန်က နာမည်ကြီးခဲ့တဲ့ မင်းသမီးကြီး မျိုးစန္ဒီကျော်ရဲ့ သားနဲ့သမီးကတော့ မင်းသား/မင်းသမီးတောင်ရှုံးရမယ့် ရုပ်ရည်မျိုးမလို့ အဆင်ချစ်သူများ
ငေးလို့ရပါပြီနော် #အဆင်

ကြော်ငြာတွေ လက်ခံ ရိုက်ကူးနေပြီဖြစ်တဲ့ ဂိုးသွင်းကောင်းတဲ့  ဘောလုံးမင်းသမီး မေထက်လူ ⚽⚽⚽ဘောမင်းသမီးလေးကို ချစ်ရင် စာလေးရေး...
12/05/2025

ကြော်ငြာတွေ လက်ခံ ရိုက်ကူးနေပြီဖြစ်တဲ့ ဂိုးသွင်းကောင်းတဲ့ ဘောလုံးမင်းသမီး မေထက်လူ ⚽⚽⚽

ဘောမင်းသမီးလေးကို ချစ်ရင် စာလေးရေးခဲ့နော် ⚽😍💜

"ဒေါင်း" ရေချိုးနေသည် ခိုးမကြည့်ရ 🫣😍ပြည်သူချစ် မင်းသားလေးကို ချစ်ကြသေးရဲ့လား?
12/05/2025

"ဒေါင်း" ရေချိုးနေသည် ခိုးမကြည့်ရ 🫣😍
ပြည်သူချစ် မင်းသားလေးကို ချစ်ကြသေးရဲ့လား?

ပရဟိတမင်းသားလေး သုတအောင်ကို ချစ်တဲ့သူတွေရှိကြသေးလား။
11/05/2025

ပရဟိတမင်းသားလေး သုတအောင်ကို ချစ်တဲ့သူတွေရှိကြသေးလား။

နာဂစ်ဖြစ်သွားလို့ မင်္ဂလာဆောင်မဲ့ ကုန်ကျစရိတ်တွေကို နာဂစ်အတွက် လှူခဲ့ပြီး ဘုန်းကြီးကျောင်းမှာပဲ ဧည့်ခံပွဲကျင်းပခဲ့တဲ့ နန...
09/05/2025

နာဂစ်ဖြစ်သွားလို့ မင်္ဂလာဆောင်မဲ့ ကုန်ကျစရိတ်တွေကို နာဂစ်အတွက် လှူခဲ့ပြီး ဘုန်းကြီးကျောင်းမှာပဲ
ဧည့်ခံပွဲကျင်းပခဲ့တဲ့ နန္ဒာလှိုင်တို့ ဇနီးမောင်နှံကတော့ အခုဆိုရင် မင်္ဂလာနှစ် (၁၇)နှစ်ရောက်ခဲ့ပါပြီတဲ့။

#ကုသိုလ်ရေးလက်မနှေးသူတွေပါ

ที่อยู่

Bangkok
10240

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Facts by KO MYO THUผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์