14/09/2025
ကျွန်မတို့ စတွေ့ခဲ့အချိန်က
သူ့မှာ ဆိုင်သူမရှိဘူးထင်ခဲ့မိတာ
စကားတွေပြောခဲ့ကြတယ် သူ့အကောင့်ထဲကိုလဲ
ကျွန်မလုံးဝ ဝင်မကြည့်ခဲဘူးပေါ့
သူရဲ့ profile မှာလဲ သူတစ်ယောက်တည်းဘဲ
စကားအပြောအဆိုကအစ အရမ်းနာထောင်လို့ကောင်းခဲ့တာ
ကျွန်မတို့ သင်္ကြန်တွေအတူ လည်ခဲ့ကြတယ်
ကျွန်မ ကခုန်နေတာကို သူကာကွယ်ပေးခဲ့တယ်
အဲဒီအခိုက်အတန် လေမှာ
ကျွန်မ စိတ်တစ်ခုကို သူသိမ်းပိုက်နိုင်ခဲ့တယ်
သင်္ကြန်လည်ပြီးအပြန်မှာ သူမှာဆိုင်သူရှိတယ်ဆိုတာ
သိလိုက်ရတယ် ကျွန်မမျက်နှာ အပြုံးတွေအပျော်တွေ
တခဏအတွင်း လုံးဝမှောင်မိုက်သွားခဲ့တယ်...
ဒါကို သူလဲရိပ်မိခဲ့တယ်...အဲမှာဇာတ်လမ်းက အစပြိုခဲ့တာပါဘဲ😔😔😔