01/12/2025
:မင်းကိုမှ စိတ်တွေရှည်နေမိတာ
ပုံမှန်ဆိုလေ ကိုယ်က စိတ်သိပ်ဆတ်တယ် ။ စောင့်ဆိုင်းရခြင်းတွေ ကို မုန်းတယ် ပြီးတော့ မသေချာခြင်းတွေကို မုန်းတယ် ဒါပေမယ့် မင်း ကို ချစ်မိပြီးနောက်မှာတော့ အဲ့ဒီ ကိုယ်မုန်းပါတယ်ဆိုတဲ့ အရာတွေကို ချည်း ဆက်တိုက်လုပ်နေမိတာ ။ ဘယ်နေ့မှန်း မသေချာတဲ့ တစ်နေ့ဆိုပြီး အိပ်မက်တွေကို မက်တတ်လာခဲ့တယ် မင်းပေါ်မလာတဲ့ရက်တွေမှာ မင်း ကို မျှော်တတ်လာခဲ့တယ် ။
ကိုယ်က အရင်က သိပ်ဆိုးတာ ... တစ်ခုခုကို လိုချင်ရင် ပိုင်ဆိုင်ရမှ ဒါ မှမဟုတ် မရရအောင် ယူရမှ သဘောကျတတ်တာမျိုးလေ ဒါပေမယ့် မင်းနဲ့ကျတော့ အဲ့လိုမဟုတ်တော့ဘူး မင်းကို မပိုင်ဆိုရင်ဘူးဆိုရင်တောင် မင်းကို ချစ်နေရတာလေးကိုပဲ သဘောတွေကျနေမိတာ ပိုင်ဆိုင်ခွင့်ရှိမယ် ဆိုရင်တော့ မင်းကို လိုချင်တယ် တခြားအရာတွေလိုမျိုး မဖြစ်မနေဆို ပြီး ကိုယ် အတ္တတွေ မကြီးဖြစ်တော့တာပေါ့ ။ စကားတွေ ပြောချင်တဲ့ အခါ ရှိနေပေးရင် ပျော်တယ် ရှိမနေတဲ့အခါကျပြန်တော့လဲ သူမှမအားပဲ လေဆိုတဲ့ စိတ်တွေနဲ့ ဖြေတတ်လာခဲ့တယ် ။မင်းကို ချစ်ရတာ မပူလောင်ချင်ပြီး ပြီးတော့ မင်းကို မပင်ပန်းစေချင် ဘူး ။ တကယ်ဆို ကိုယ်က သိပ်ဆိုးတာ အမြဲတမ်း ဂရုစိုက်ခံချင်သလို အမြဲတမ်း အလိုလိုက်ခံရမှ အဲ့ဒီအရပ်မှာ နေတတ်တဲ့ လူစားမျိုးလေ ဘယ်သူနဲ့ပဲယှဉ်ယှဉ် ကိုယ်က ပထမရမှ ကျေနပ်တတ်တဲ့ လူစားမျိုးလေ ။ မင်းကို ချစ်မိပြီးမှ အများကြီး နားလည်ပေးတတ်လာတာ အများကြီး မြိုသိပ်တတ်လာတာ ပြီးတော့ ... ပျော်အောင် နေတတ်လာခဲ့တာ ။ ဘာလို့များ မင်းကိုမှ စိတ်တွေရှည်နေမိတာလဲ ကိုယ့်ကိုယ်ကိုယ် အဖြေ တွေ ရှာနေမိတယ် ။ ချစ်လို့ ဆိုတဲ့ အဖြေလေးတစ်ခုက လွဲရင် တခြားဘာအဖြေမှ ပြန်မရဘူး ။ ပြီးတော့ မင်းကို ချစ်နေရတာလေးကို သဘောကျလို့ဆိုတဲ့ အရာတစ်ခုကလွဲရင် ဘာတစ်ခုမှ ရေရေရာရာ မသိရဘူး ။ မင်းအနားရှိနေတဲ့အခါ မပျော်ဘူးဆိုတဲ့ အကြောင်းအရာတွေ မ ပြောချင်ခဲ့ဘူးလေ မင်းနဲ့အတူ ကြည်ပဲ ကြည်နူးနေချင်ခဲ့တာ မင်းနဲ့အတူ ချစ်ပါတယ်ဆိုတဲ့ ခံစားမှုမျိုးကိုပဲ လိုချင်နေခဲ့မိတာ။တစ်လောကလုံးမှာ မင်းတစ်ယောက်ကိုမှ စိတ်တွေရှည်နေမိတဲ့ ကိုယ့် ကိုယ်ကိုယ် တစ်ခါတစ်လေကျတော့ ... နားမလည်နိုင်တွေ ဖြစ်ရတယ် ။
#ကျေးကို