09/01/2026
အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့ခင်ပွန်းဖြစ်သူဟာ အိမ်ဖော်မလေးနဲ့ ဖောက်ပြန်နေတယ်လို့ အခိုင်အမာ ယုံကြည်နေခဲ့တယ်။ ဒါကြောင့် သူမက ထောင်ချောက်တစ်ခု ဆင်လိုက်တယ်။
တစ်ညနေမှာတော့ သူမဟာ ခင်ပွန်းဖြစ်သူကို ကြိုမပြောဘဲ အိမ်ဖော်မလေးကို အိမ်ပြန်ခွင့်ပေးလိုက်တယ်။ အဲဒီည အိပ်ရာဝင်ချိန်မှာတော့ ခင်ပွန်းဖြစ်သူက ထုံးစံအတိုင်း အကြောင်းပြချက် ပေးလာတယ်။
"ဆောရီးကွာ... ကိုယ် ဗိုက်နည်းနည်းအောင့်လို့"
ဆိုပြီး အိမ်သာထဲ ထသွားခဲ့တယ်။
ဇနီးဖြစ်သူကလည်း ချက်ချင်းပဲ အိမ်ဖော်မလေးရဲ့ အိပ်ရာထဲ သွားဝင်နေပြီး မီးတွေကို ပိတ်ထားလိုက်တယ်။
ခင်ပွန်းဖြစ်သူဟာ အခန်းထဲကို တိတ်တဆိတ် ဝင်လာပြီး ဘာစကားမှ မပြောဘဲ သူမနဲ့ အတူနေခဲ့တယ်။ ကိစ္စပြီးလို့ သူ မောဟိုက်နေတဲ့ အချိန်မှာတော့ ဇနီးဖြစ်သူက ပြောလိုက်တယ်။
"ဒီအိပ်ရာထဲမှာ ကျွန်မကို တွေ့ရမယ်လို့ ရှင် မထင်ထားဘူး မဟုတ်လား”
အဲဒီလိုပြောရင်း သူမက မီးခလုတ်ကို ဖွင့်လိုက်တယ်။ အဲဒီအခါမှာတော့..
"မထင်ထားပါဘူး သခင်မကြီး" လို့ ပြန်ဖြေလိုက်သူကတော့ ဥယျာဉ်မှူး ဖြစ်နေပါတော့တယ်။