Back in the kitchen for another three-course service!
ဖင်လန်နိုင်ငံက Culinary school မှာ ဘာတွေချက်ရပြုတ်ရသင်ရလဲဆိုရင် 🫶🏻🇫🇮
ပထမဦးဆုံး Starter ကိုတော့ My favorite asparagus ကညွတ် ကို cream လေးရယ် အာလူးရယ်နဲ့ပေါင်းစပ်ပြီး Asparagus Cream Soup လေးချက်ခဲ့ပါတယ် and then finished with herb oil and fresh parsley.
သူနဲ့တွဲဖက်စားသုံးဖို့ကိုတော့ Italian appetizer ဖြစ်တဲ့ Crostini လေးပြင်ဆင်ထားပါတယ် သူ့ကိုတော့လတ်လတ်ဆတ်ဆတ်ဖုတ်ထားတဲ့ Baguette ကိုမှ
သံလွင်ဆီရယ် ကြက်သွန်ဖြူနှုတ်နှုတ်ဆင်းထားတာနဲ့ ကြွတ်ကြွတ်လေးဖြစ်သွားအောင် pan fried ပြန်လုပ်ပါတယ် ပြီးမှ cream cheese လေးဖြန့်ပြီး အပေါ်ကနေ arugula and Prosciutto လေးနဲ့အဆုံးသတ်ထားပါတယ်
Main ကတော့ Beef Bourguignon (Burgundinpata). သူက famous French beef stew လေးပါ slow-cooked in red wine. သူကိုတော့မြန်မာအမဲသားနှပ်ချက်နည်းနဲ့ခက်ဆင်ဆင်လို့ဘဲ ခံစားရတယ် အာလူးတွေ ကြက်သွန်နီတွေ မှိုတွေနဲ့ နှပိချက်တာဆိုတော့လေ အရင်ဆုံးအမဲသားလေးတွေကို bite size လေးတွေတုံးပြီး မီးပြင်းပြင်းနဲ့ အညိုရောင်သန်းလာအောင် searing လုပ်ပြီး ဖယ်ထားပါမယ် သူ့ကျန်ခဲ့တဲ့ဆီလေးတွေနဲ့ဘဲ veges တွေလဲ အနည်းငယ် brown ပါမယ် မေ့လို့ bacons တွေလဲ searing လုပ်ပါတယ် 😂🫶🏻 အကုန်လုံးပြီးရင် အိုးထဲပစ်ထည့်ပြီး red wine ရယ် spices တွေနဲ့ stew လုပ်လို့ရပါပြီ အရမ်းအရသာရှိတဲ့ဟင်းတခွက်ပါ plus I love stew so much bacons တွေရော beef တွေရော အရသာစိမ့်ဝင်ပြီးနူးပြဲနေတာ
Be the first to know and let us send you an email when Shoon HW posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.