27/11/2022
တိုကုတေးဂီနိုးသတင်း
အကျဉ်းချုပ်
တိုကုတေး ဂီနိုး နှင့်
ဂျစ်ရှူးဆေးစနစ် ၂ခု စလုံး ပြောင်းလဲမည်။
ဂျစ်ရှူးဆေးကို ဖျက်သိမ်းကာ တိုကုတေးဂီနိုးသို့ တစ်သားတည်း လုပ်ဖို့များသည်။
ယခုထက်ထိ ဂျစ်ရှူးဆေးစနစ်ကို ပြောင်းမယ် ပြောင်းမယ်ဟု အပြောသာရှိခဲ့သော်လည်း
ယခုလ ၂၂ ရက်နေ့က စပြီး ပြောင်းဖို့အတွက် စတင်ဆွေးနွေး လိုက်ပါပြီ။
ဘယ်လိုပြောင်းမလဲ ဘာတွေဖြေလျှော့သွားမလဲဆိုတာကတော့ နောက်နှစ် ၉ လပိုင်း၁၀ လပိုင်းမှ
အဆုံးသတ် အစီရင်ခံစာ ထွက်မည်ဖြစ်သည်။
ထိုအစီရင်ခံစာထွက်မှ အစိုးရက အတည်ပြုမပြု ဆုံးဖြတ်မည်။
အကျဉ်းချုပ်အနေနဲ့ဆို-
ဂျစ်ရှူးဆေးနဲ့တိုကုတေး ၂ခုစလုံး တော်တော်ကြီး ပြောင်းလဲမယ်။
အကျိုးသက်ရောက်မှုက ၂၀၂၄ လောက်မှ ဖြစ်မယ်။
အဲ့ဒီမတိုင်ခင်ဒီကြားကာလကတော့ ပုံမှန်အတိုင်း
ဂျစ်ရှူးဆေးစနစ်/ တိုကုတေးဂီနိုးစနစ် ရှိနေပါအုံးမယ်။
😍😍😍😍😍
မေး : တကယ်လို့ ဂျစ်ရှူးဆေးစနစ်ကိုဖျက်လိုက်ရင် ဂျပန်မှာ ၂၀၂၄မတိုင်ခင်ထိ ဂျစ်ရှူးဆေးနဲ့သုံးနှစ်မပြည့်သေးတဲ့အလုပ်သင်တွေက ဂီနိုးကို လိုက်ပြောင်းရမလားဆန်းဆေး။autoပြောင်းမှာလားဗျ။
ဖြေ : အဲ့တာကစိတ်ပူစရာမလိုပါဖူး။ အထူးဖြေလျှော့တာမျိုးတွေရှိလာမှာပါ။ဂျစ်ရှူးဆေးနဲ့ဝငိလာတာဖြစ်လို့ စနစ်ဖျက်တာနဲ့ပဲ ပျက်သွားမှာမဟုတ်ပဲ စနစ်ဟောင်း လက်ကျန်ဆိုတဲ့ပုံစံမျိုးဖြစ်သွားမှာပါ။