Mg Thu

Mg Thu Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mg Thu, Camera/Photo, Amarapura.

22/07/2024
22/07/2024
အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်      ၁၃၈၆-ခုနှစ် ဝါဆိုသံဃာစာရင်း             အကျဉ်းချုပ်​      ရဟန်းတော်-      ၅ ၈ ၄...
21/07/2024

အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်
၁၃၈၆-ခုနှစ် ဝါဆိုသံဃာစာရင်း
အကျဉ်းချုပ်

ရဟန်းတော်- ၅ ၈ ၄ - ပါး
သာမေဏ - ၆ ၇ ၉ - ပါး
ဖိုးသူတော် - ၆ ၅ - ပါး
စုစုပေါင်း - ၁ ၃ ၂ ၈ - ပါး

ကြည်​ညိုဖွယ်​ရာ ပုံရိပ်​လွှာ 🙏🙏🙏🙏🙏

16/07/2024

တောင်ကြီးရောက်စစ်ဘေးရှောင်ပြည်သူများအနေဖြင့်
(လူမျိုးဘာသာမရွေး) တောင်ကြီးမြို့ ဘုရားဖြူ ရပ်ကွက် (ကိုးကန့်ဘုံကျောင်း)တွင်နေစရာအခမဲ့နေလို့ရပါတယ်။

လိပ်စာရှာမတွေ့ပါကအောက်ပါဖုန်းနံပတ်များသို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ဗျ။
09788994765 / 09786161454 / 09252408214
09688999041

စစ်ဘေးရှောင်လာကြတဲ့သူတွေအတွက် #ရပ်စောက္မြို့ကတရားစခန်းဖွင့်တဲ့ရိပ်သာ တခုမှာလဲ လာရောက်တည်းခိုလို့ရပါတယ်။

လူအယောက် ၃၀၀ လောက် နေလို့ ရပါတယ်။ရေ၊မီး၊အိမ်သာလဲ လုံလောက်စွာရှိထားပါတယ် လို့ ဆက်သွယ်ပြောလာလို့ လိုအပ်သူတွေတည်းလို့ရအောင် တင်ပေး လိုက်ပါတယ်။

ဆက်သွယ်ရမယ့်ဖုန်း
09788929920
09968163200

https://www.facebook.com/share/p/KQR24ZWRqcKDp8fb/?mibextid=oFDknk

12/01/2024

🙏🙏🙏

(၁၃.၉.၂၀၂၃)ရက်နေ့အသက်ကယ်ပေးသော သီတဂူအဓိပတိဆရာတော်ဘုရားကြီး   သီတဂူအဓိပတိဆရာတော်ကြီးက မဟာဂန္ဓာရုံမဟာနာယကချုပ်ဆရာတော်ကြီးကိ...
14/09/2023

(၁၃.၉.၂၀၂၃)ရက်နေ့
အသက်ကယ်ပေးသော
သီတဂူအဓိပတိဆရာတော်ဘုရားကြီး

သီတဂူအဓိပတိဆရာတော်ကြီးက မဟာဂန္ဓာရုံမဟာနာယကချုပ်ဆရာတော်ကြီးကို ထိုင်းနိုင်ငံ
ဘန်ကောက်မြို့သို့ ပင့်ဆောင်၍ အာယုဒါန
အဖြစ်ဖြင့် ဆေးကုသပေးခဲ့တယ်။

ဆေးကုသချိန်အတွင်းနှင့်​ ​လေယဉ်ခရီးစရိတ်
စားစရိတ်အားလုံး
ဒေါ်လာ ၃သောင်းကျော်ကုန်ကျခဲ့တယ်။

ကုန်ကျစရိတ်အားလုံးကို (ဒေါ်လာ ၃သောင်းကျော်) သီတဂူအဓိပတိဆရာတော်ကြီးက
ရက်ရောပြတ်သားစွာ လှူဒါန်းခဲ့ပါတယ်။

ဒီနေ့ မဟာဂန္ဓာရုံနာယက ဆရာတော်များက
မဟာဂန္ဓာရုံနာယကချုပ်ဆရာတော်ကြီးကို
အသက်ကယ်ပေးတဲ့အတွက်
ကျေးဇူးအထူးတင်ကြောင်းနှင့်
သနားညှာသောအားဖြင့် ဒေါ်လာ ၁သောင်းနှင့်
မြန်မာကျပ်ငွေ သိန်းတစ်ရာတို့ကို
ပြန်လည်အလှူခံပေးပါရန် ​လျှောက်ထားသော်လည်း—

သီတဂူအဓိပတိဆရာတော်ကြီးက ဘုန်းကြီးကတော့ အလှူမခံတော့ဘူး သံဃာတော်တွေအတွက်
ပြန်လှူလိုက်မယ်
“ ဂန္ဓာရုံ တိကိစ္ဆာလယ ဂိလာန ရန်ပုံငွေ”
ထူထောင်ပြီး သံဃာတော်တွေကို ဆေးကုသပေးပါလို့
မိန့်ကြားလိုက်ပါတယ်။

ဤကောင်းမှုကို နတ်၊လူ သာဓုခေါ်စေသော်။

အခါခပ်​သိမ်း ​ကောင်းကျိုးချမ်းသာ
မင်္ဂလာ အဖြာဖြာ ပြည့်​ဝကြပါ​စေ။

🙏🙏🙏🙏

Address

Amarapura

Website

Alerts

Be the first to know and let us send you an email when Mg Thu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category