27/05/2026
Parallax Imagine : Photography Hub
Photography Knowledge Sharing
Reflex Lens ဆိုတာ ? Mirror Lens ဆိုတာ ?
Reflex Lens ဆိုတာဘာလဲ?
Reflex Lens သို့မဟုတ် Mirror Lens လို့လဲ ခေါ်ဆိုကြပါတယ်။ တူတူပါပဲ။
Reflex lens (Mirror lens) ဟာ catadioptric system ကိုအသုံးပြုတဲ့ lens တစ်မျိုးပါ။ catadioptric system ဆိုတာ optical lens design တည်ဆောက်ပုံ ထဲမှာ mirror (reflection) နဲ့ lens element (refraction) ၂ခုလုံးကို ပေါင်းပြီး သုံးထားတာဖြစ်ပါတယ်။
မှန်ဘီလူး အတွင်းမှာ ဖွဲ့စည်းတည်ဆောက်ထားတဲ့ convex mirror မှန်ချက် ၂ခု မှ တဆင့် အလင်းပြန်စေပြီး ကင်မရာထဲ ကို အလင်းဝင်ရောက်အောင် ပြုလုပ်ထားခြင်းဖြစ်ပါတယ်။
Reflex Lens တွေ အဖြစ် မရောက်ခင် 1930s ကာလတွေလောက်က Catadioptric telescope lens design ကို စတင်အသုံးပြုဖို့ optical engineers တွေ စမ်းသပ်နေချိန်ဖြစ်ပါတယ်။ Canon 1000mm f/11 Reflex lens ကို 1959 ခုနှစ်မှာ Canon မှ prototype အဖြစ်ဖန်တီးခဲ့သည်။ ဒါဟာ SLR camera system အတွက် ဖန်တီးခဲ့တဲ့ ပထမဆုံး reflex (mirror) lens တွေထဲမှာ တစ်ခုအဖြစ်သမိုင်းဝင်ဖြစ်ပါတယ်။ (ရောင်းချဖို့ မဟုတ်ပဲ စမ်းသပ် ဖန်တီးထားတာဖြစ်ပါတယ် )။ အဲ့ဒီနောက် ပထမဆုံး commercial reflex lens အဖြစ် Nikon Reflex-Nikkor 500mm f/8 (1961) က စျေးကွက်ထဲထွက်ရှိလာတာပါ။ နောက်ပိုင်းတွေမှာ Nikon 1000mm f/11 Reflex Lens (1969) တို့လဲ ထွက်ရှိလာပါတယ်။ ဒီ Reflex lens တွေကို Film Photography camera SLR တွေအတွက် စတင်ထုတ်လုပ်တာဖြစ်ပါတယ်။
Reflex Lens အများစုမှာ Tele Lens အမျိုးအစားတွေ အဖြစ် ရှိတတ်ကြပါတယ်။ မှန်ဘီလူး အရွယ်အစားကို သေးငယ်စေပြီး Tele range ( Long reach ) များများရအောင် ဖန်တီးထားတယ်လို့လဲ ပြောလို့ရပါတယ်။
Reflex lens (mirror lens) တွေဟာ လက်ရှိမှာ manual-focus lens အနေနဲ့ အများဆုံးထုတ်လုပ်ထားတာတွေ့ရပါတယ်။ SLR/DSLR camera တွေအတွက် ထုတ်လုပ်ပေးခဲ့တယ်လို့လဲ မှတ်ယူနိုင်ပါတယ်။ ( Mount adapter တွေနဲ့ဆို ယနေ့ခေတ် Mirrorless camera တွေမှာလဲ အသုံးပြုနိုင်ပါတယ်) ။
Reflex lens (mirror lens) တွေ စတင်ထွက်ရှိ လာတုန်းကာလတွေမှာ ဆိုရင် ကင်မရာ/မှန်ဘီလူးလောကရဲ့ အရွေ့တစ်ခု လှိုင်းတစ်ခု အဖြစ် အင်မတန်ကျော်ကြားပြီး အောင်မြင်ခဲ့ပါတယ်။ ထူးခြားတဲ့ တည်ဆောက်ပုံ နဲ့ မှန်ဘီလူး တစ်လုံးဖြစ်ပြီး ၊ ထူးခြားတဲ့ Circular Bokeh ( လက်စွပ်ကွင်းပုံစံ အဝိုင်းလေးတွေ ) ရရှိအောင် ရိုက်ကူးလို့ရတဲ့ မှန်ဘီလူးတစ်လုံး ဖြစ်ပါတယ် ။ ဒါကြောင့် ဓာတ်ပုံရိုက်ကူးသူ photographer အများစု လိုချင်တောင့်တပြီး ပိုင်ဆိုင်ချင်ကြတဲ့ Lens တစ်လုံးလဲဖြစ်ပါတယ်။
အောင်မြင်ခဲ့တဲ့ Reflex Lens ဥပမာတွေအနေနဲ့ -
Nikon Reflex-Nikkor 500mm f/8 ( year 1960s/2000s )
Minolta RF Rokkor 250mm f/5.6, ( year 1970s )
Canon Reflex 500mm f/8 (year 1980s/1990s)
Kenko Mirror Lens 400mm f/8 ( year 1990s )
တို့ကို ထုတ်လုပ်ထားပြီးဖြစ်ပါတယ် ။
Reflex Lens တွေထဲမှာ 2006 ခုနှစ် မှာစထုတ်လုပ်တဲ့ Sony A mount ရဲ့ Reflex AF 500mm f/8 တစ်လုံးတည်းသာ Auto Focus Lens အဖြစ် ကမ္ဘာပေါ်မှာ ထုတ်ထားဖူးပါသေးတယ်။
ဒါကြောင့် Reflex lens တွေက ကျန်ခဲ့တဲ့ SLR / DSLR ခေတ်ဟောင်း ကင်မရာ တွေအတွက်တော့ အထူးခြားဆုံး အတွဲအဖက် ဖြစ်ခဲ့တာပေါ့။
" Reflex Lens တွေဟာ အဲ့ဒီခေတ် ကနေ ယနေ့ခေတ် ကိုလဲ ကူးစပ်လာနေတုန်းပါပဲ "
—————————————————————
📣 ဒါဆို ယနေ့ခေတ်ထဲမှာ နောက်ဆုံးထုတ် update အဖြစ်ဆုံး Reflex Lens က ဘယ်တစ်ခုဖြစ်မလဲ ??
“ TT Artisan 250mm f/5.6 Reflex Lens “
ဟုတ်ပါတယ် ။ TT Artisan က ( 2023/2024 ) ကာလ ထဲ ထုတ်လုပ်ထားတဲ့ 250mm f/5.6 Reflex Lens ပါ ။ Manual focus မှန်ဘီလူး တစ်လုံးပါ ။ Donut‑Bokeh Lens လို့လဲတင်စားခေါ်ဆိုထားပါတယ် ။
Photography ရဲ့အဆင့်မြင့်တင် ဖန်တီးမှုတွေ မှာ bokeh ဟာ တခါတလေ subject ထက်တောင် စိတ်ဝင်စားဖွယ် ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် TTArtisan ကနေ မိတ်ဆက်လာတဲ့ 250mm f/5.6 Reflex Lens ဟာ ၊ ထူးခြားရဲ့ ဖန်တီးမှုဓာတ်ပုံတွေ ၊ creative portrait shooter တွေအတွက် “special tool” တစ်ခုအဖြစ် သတ်မှတ်နိုင်ပါတယ် ။ TTArtisan 250mm f/5.6 Reflex lens ဟာ Tele range ကို မှ ပေါ့ပါးပြီး သုံးဖို့လွယ်ကူတဲ့ အရွယ်အစားနဲ့ အလေးချိန် (380g) အတွင်း ထုတ်လုပ်ထားပါတယ်။
🍩 Donut‑Shaped Bokeh
ဒီ lens ရဲ့ highlight အကြီးဆုံးကတော့ — “donut bokeh” ဖြစ်ပါတယ်။ ဓာတ်ပုံဲ ရိုက်ကူးနေတဲ့ နောက်ခံ background မြင်ကွင်း ကို dreamy bokeh , circular patterns bokeh ဖြစ်စေပြီး အခြား lens များမှာမရနိုင်တဲ့ atmosphere တစ်ခုကိုရစေပါတယ်။ ( Donut ပုံစံ bokeh လေးတွေပေါ့ )
Flower photography, artistic portraits, abstract compositions စတာတွေမှာ စမ်းသုံးကြည့်မယ်ဆိုရင် အလွန်ထူးခြားပါတယ်။
📐 Design & Build
TTArtisan signature build quality ဖြစ်တဲ့ Metal build (aluminum alloy) ဖြင့်ထုတ်လုပ်ထားပါတယ်။ Retro-styled diamond knurled focusing ring နဲ့ မှန်ဘီလူးကိုယ်ထည်ကို ဖွဲ့စည်း အလှဆင်ထားပါတယ်။ Original lens hood ပါဝင်ပြီး Compact ဖြစ်ပြီး ကျစ်လစ်တဲ့ တည်ဆောက်ပုံနဲ့ မှန်ဘီလူး တစ်လုံး ဖြစ်ပါတယ်။
❓TTArtisan 250mm f/5.6 Reflex lens က ဘယ်ကင်မရာတွေ အတွက် တွဲဖက် အသုံးပြုနိုင်လဲ ??
“အဖြေကတော့ … မည့်သည်ကင်မရာနှင့်မဆို အသုံးပြုလို့ရပါတယ် ။”
ဒီမှန်ဘီလူး ကို ထုတ်လုပ်ထားတဲ့ mount အမျိုးအစားက M42 screw Mount ဖြစ်ပါတယ် ။
ယနေ့ခေတ် ထုတ် (Sony/Fujifilm/Nikon/Canon/..) ကင်မရာ ( Mirrorless/DSLR) တွေအားလုံးမှာ တပ်ဆင်အသုံးပြုနိုင်ပါတယ် ။
M42 adapter တွေ နှင့် အတူ တွဲဖက် အသုံးပြုရမှာပါ။
(ဥပမာ - Sony E mount Camera မှာ အသုံးပြုရန်အတွက် M42 to E adapter, Fujifilm X mount Camera အသုံးပြုရန်အတွက် M42 to X adapter )
Adapter တွေကလဲ လွယ်လွယ်ကူကူ ဝယ်ယူ အသုံးပြုနိုင်ပြီဖြစ်လို့ ဒီမှန်ဘီလူး တစ်လုံးရှိရုံနဲ့ ဘယ်ကင်မရာ မှာမဆို Adapterလေးပြောင်းပြီး တပ်ဆင်အသုံးပြုနိုင်ပါတယ်။
( M42 မှန်ဘီလူးတွေအကြောင်းကိုလဲ သီးသန့် ရေးထားပြီးဖြစ်လို့ အောက်က comment လင့်မှာ သွားရောက်ဖတ်ရှူနိုင်ပါတယ် )
💁♂️ ဒါဆို ဒီ Lens က ဘယ်သူတွေအတွက်လဲ ?
• Creative portrait photographers – ထူးခြားတဲ့ donut-shaped bokeh တွေရချင်သူများ
• Vintage / manual lens fanatics – classic optical design သုံးချင်သူများ
• Travel shooters – သယ်ဆောင်ရပေါ့ပါးပြီး long reach ရတဲ့ telephoto lens နှင့်ခရီးထွက်ချင်သူများ
• Floral and nature photography – နောက်ခံ bokeh အလှနဲ့ subject ကို ပေါင်းစပ်ဖန်တီးလိုသူများ
—————————
TTArtisan 250mm f/5.6 Reflex ဟာ budget-friendly telephoto lens တစ်လုံးဖြစ်ပါတယ် ။သူရဲ့ optical personality ဟာ ထူးခြားပြီး မတူညီတဲ့ bokeh style ပေးနိုင်တာကြောင့် ကင်မရာ/မှန်ဘီလူး နယ်ပယ်ထဲ အထူးခြားဆုံး lens တစ်လုံးဖြစ်လာပါတယ်။ ဒီလို Lens တစ်လုံးကို ပိုင်ဆိုင်နိုင်ဖို့ TT Artisan Myanmar ကိုဆက်သွယ်လိုက်ရုံပါပဲ ။
📸 TT Artisan Myanmar မှာ ရနိုင်ပါပြီ။
TT Artisan Myanmar