She's Echoes

She's Echoes ရင်တွင်းခံစားချက် ပဲ့တင်သံ အပိုင်း?

မှိုင်းညှို့ညှို့ တောင်တန်းတွေနဲ့စိမ်းစိုတဲ့ လယ်ကွင်းပြင်တွေကမိုးကြောင့်...လှပတာလားလှပတဲ့တောင်တန်းတွေ နဲ့ စိမ်းစိုတဲ့လယ်...
06/07/2024

မှိုင်းညှို့ညှို့ တောင်တန်းတွေနဲ့
စိမ်းစိုတဲ့ လယ်ကွင်းပြင်တွေက
မိုးကြောင့်...လှပတာလား

လှပတဲ့တောင်တန်းတွေ နဲ့
စိမ်းစိုတဲ့လယ်ကွင်းတွေ ကြောင့်
မိုးကိုပိုပြီး စာဖွဲ့လို့ကောင်းတာလား

ဘယ်သူက...
ဘယ်သူ့ကြောင့်...ဖြစ်တည်နေပါစေ
တောင်တန်းနဲ့ မိုး
မိုးနဲ့ လယ်ကွင်းပြင်
ပေါင်းစပ်လိုက်တဲ့အခါ

အေးမြမှု
ကြည်နူးမှု၊
လွမ်းဆွေးမှု စတဲ့
အမည်တပ်မရတဲ့ ခံစားမှုအသေးစားလေးတွေကိုတော့
ပေးစွမ်းနိုင်ကြတာပါပဲ

အလွမ်းဓာတ်ခံ ရှိတဲ့
ကိုယ့်လိုလူကတော့ မိုးပဲ မြင်မြင်
တောင်တန်းတဲ့တွေ့တွေ့

ဦးတည်ချက်မရှိ
လွမ်းနေတော့တာပါပဲ

6.7.2024

ကိုယ့်ရဲ့ တစ်နေ့တာမှာမင်းမရှိသလိုမင်းရဲ့ နေ့စဥ်ဘဝမှာလည်း ကိုယ်မရှိဘူးလူချင်း အတူမရှိနိုင်ကြသလိုစိတ်ချင်းလည်း ထပ်တူကျမကျ ...
04/07/2024

ကိုယ့်ရဲ့ တစ်နေ့တာမှာ
မင်းမရှိသလို
မင်းရဲ့ နေ့စဥ်ဘဝမှာလည်း ကိုယ်မရှိဘူး

လူချင်း အတူမရှိနိုင်ကြသလို
စိတ်ချင်းလည်း ထပ်တူကျမကျ
ကိုယ့်မှာ မသိနိုင်ဘူး

အတူသွားဖူးတဲ့နေရာလေးတွေ
အတူစားဖူးတဲ့ ဆိုင်လေးတွေ
မင်းကြိုက်တတ်တဲ့အရာလေးတွေ
မင်းခါးခါးသီးသီးဖြစ်တဲ့အရာတွေကို
လုပ်မိလိုက်တဲ့ အချိန်တွေဆို

ကိုယ့်ရဲ့စိတ်က မင်းအနားကို ရောက်ရောက်သွားတတ်ပေမဲ့

မင်းရဲ့ စိတ်ကတော့ ကိုယ့်ဆီ
ဘယ်အချိန်တွေရောက်ရောက်လာတတ်မှန်းလည်း
ကိုယ်မသိနိုင်ဘူး

မေတ္တာ မှန်ရင် ရောင်ပြန်ဟပ်တယ်ဆိုပေမဲ့

မင်းအပေါ်ထားနေမိတဲ့ ကိုယ့်ရဲ့စိတ်က
မေတ္တာ လား...ဘယ်လိုအရာလဲဆိုတာ
ကိုယ်တိုင်လည်း မသဲကွဲလေတော့

မင်းရဲ့ စိတ်လေးကိုယ့်ဆီရောက်လာဖို့ကို
အတိအကျမပြောဝံ့ဘူးလေ

4.7.2024

လမ်းမတွေပေါ်ခြေရာတွေ မထင်ကျန်တော့ပေမဲ့အတူ လျှောက်ခဲ့ဖူးတဲ့ အမှတ်တရတွေကတော့ရင်ထဲ ထင်ကျန်နေတုန်းပဲလေ..ဒီလမ်းကလေးပေါ်မှာပဲစ...
03/07/2024

လမ်းမတွေပေါ်
ခြေရာတွေ မထင်ကျန်တော့ပေမဲ့
အတူ လျှောက်ခဲ့ဖူးတဲ့ အမှတ်တရတွေကတော့
ရင်ထဲ ထင်ကျန်နေတုန်းပဲလေ..
ဒီလမ်းကလေးပေါ်မှာပဲ

စိတ်ကောက်လို့ ပြန်ချော့ခဲ့တာ

တွေ့ချင်ဇောနဲ့ အပြေးလေးသွားခဲ့တာ

မခွဲချင်သေးလို့ တစ်လှမ်းချင်း လှမ်းခဲ့ကြတာ

အချိန်မှီမရောက်လာသေးလို့ ရပ်ပြီး စောင့်နေခဲ့တာ

ကျောင်းသွား ကျောင်းပြန် နေ့ရက်တိုင်း

အတူလျှောက်ခဲ့ကြတဲ့ အမှတ်တရတွေက

ဒီလမ်းလေးပေါ် ရောက်တိုင်း

ရင်ထဲမှာ ပြန်လည်ထင်ယောင်လာနေဆဲလို့ပြောရင်

လှောင်ရယ်နေကြမဲ့ လူတွေအထဲ

မင်းက ထိပ်ဆုံးဖြစ်နေလိမ့်မယ်ထင်တယ်..
မင်းအတွက်တော့
အတိတ်က အတိတ်မှာကျန်ခဲ့ပြီဆိုပေမဲ့

ကိုယ့်အတွက်တော့
အတိတ်ဆိုတာ မင်းနဲ့အတူရှိခဲ့ဖူးတဲ့
ကိုယ့်ရဲ့ ပစ္စုပ္ပန်ပါပဲ...

3.7.2024

တစ်ချို့လူတွေက ဇာတ်သိမ်းသိပီးသား စာအုပ်မျိုးကို အချိန်ကုန်ပြီး ပြန်မဖတ်တတ်ကြဘူးတစ်ချို့လူတွေကတော့ ဇာတ်သိမ်းကို သိပီးပေမဲ...
29/06/2024

တစ်ချို့လူတွေက ဇာတ်သိမ်း
သိပီးသား စာအုပ်မျိုးကို အချိန်ကုန်ပြီး
ပြန်မဖတ်တတ်ကြဘူး

တစ်ချို့လူတွေကတော့ ဇာတ်သိမ်းကို
သိပီးပေမဲ့လည်း ထပ်ခါထပ်ခါ ပြန်ဖတ်တတ်ကြတယ်

ဘယ်နခေါက်ပဲ ပြန်ဖတ်ဖတ် ဇာတ်သိမ်းက ပြောင်းလဲသွားမှာမဟုတ်သလို

ဇာတ်သိမ်းလေးများ ပြောင်းမလားဆိုတဲ့
မျှော်လင့်ချက်လည်း ဖတ်တဲ့သူဆီမှာ
ရှိမယ်မထင်ပါဘူး

မပြောင်းလဲတဲ့ ဇာတ်သိမ်းထက် တည်ဆောက်ထားတဲ့ ဇာတ်အိမ်ကို ကြိုက်လွန်းလို့သာ ပြန်ဖတ်တာမျိုး ဖြစ်နိုင်တယ်မဟုတ်လား

ဒီဇာတ်အိမ်လေးနဲ့ ဒီစာအုပ်လေး ဖတ်နေရရင်ကို ကျေနပ်နေတတ်တဲ့သူမျိုးပေါ့
ကိုယ်နဲ့ မင်း အကြောင်းလည်း ဇာတ်လမ်းတစ်ပုဒ်
ဖြစ်ခဲ့မယ်ဆိုရင် ဇာတ်သိမ်းကိုသိနေပီးတာတောင်
ဇာတ်လမ်းလေးကို အကြိမ်ကြိမ်အခါခါ ပြန်ဖတ်နေမဲ့
သူက ကိုယ်ပါပဲ

ဇာတ်သိမ်းမှာ နာကျင်ခဲ့ရတာထက်
ဇာတ်လမ်းရဲ့ အစနဲ့ အလယ်မှာရှိခဲ့တဲ့ လှပတဲ့ အခိုက်အတန့် လေးတွေကို ပိုမြတ်နိုးခဲ့လိုပဲ

29.6.2024

ဒီမနက် လိုင်းကားစီး ရင်းကနေ အတွေး လေးတစ်ချို့ရလိုက်ပြန်တယ်1-ညက အလကားရတဲ့ ကော်ဖီ တန်ခိုးနဲ့အိပ်ရာဝင်နောက်ကျ2-အိပ်ရာဝင်နော...
27/06/2024

ဒီမနက် လိုင်းကားစီး ရင်းကနေ
အတွေး လေးတစ်ချို့ရလိုက်ပြန်တယ်

1-ညက အလကားရတဲ့ ကော်ဖီ တန်ခိုးနဲ့
အိပ်ရာဝင်နောက်ကျ

2-အိပ်ရာဝင်နောက်ကျတဲ့ အကျိုးဆက်က
အိပ်ရာထ နောက်ကျ

3-အိပ်ရာထ နောက်ကျတော့
အလုပ်သွားနောက်ကျ

4-အလုပ်သွားနောက်ကျတော့
ကား​ပေါ်မှာ လူကျပ်မယ်...
လမ်းတွေမှာ ကားပိတ်မယ်...

5-အဲ့တော့ သက်သောင့်သက်သာ မစီးရဘူး
အလုပ်ရောက် နောက်ကျမယ်

နံပါတ် 1 ကနေ 5 ထိက
ဖြစ်ရိုးဖြစ်စဉ်မို့လို့ ဘာမှ မထူးဆန်းဘူး

ဖြစ်ရိုးဖြစ်စဉ်မဟုတ်တာကိုပြောမယ်နော်...

ဆယ်ခါရံတစ်ခါမှ ကြုံတတ်တဲ့ ကားပျက်တာမျိုးကို
ဒီလိုနေ့ ဒီလိုအခါမှ ကြုံရတယ်
ဂိတ်ကထွက်ပီး (3) မှတ်တိုင်လောက်မှာတင် ပျက်ရော

ကားပေါ်က လူတစ်ချို့တစ်လေမှာလည်း
ကိုယ့်လိုပဲ နောက်ကျနေတဲ့လူတွေ ဖြစ်ရင် ဖြစ်နေမယ်။
အချိန်စောတဲ့လူတွေ ပါရင်ပါမယ်။
ဒါပေမဲ့ ဘယ်သူမှတော့ ကားပျက်တာကို ကြိုက်ကြမှာတော့မဟုတ်ဘူးလေ။

ဒါပေမဲ့ ကိုယ်က တော့ နောက်ကျနေတဲ့အတွက်
နာရီလေး တစ်ချက်ကြည့်လိုက်တယ်

ပြီးတော့ ငြိမ်ငြိမ်လေး ဆက်ထိုင်နေလိုက်ပီး
နောက်ကားကို စောင့်ရုံပဲဆိုပြီး ပုံမှန်လေးပဲ ဆက်ထိုင်နေလိုက်တယ်

အရင်ကလို တောက် လည်းမခေါက်တော့သလို
ဟာကွာ...ဆိုပြီးလည်း မညည်းညူမိဘူး

တစ်ခွန်းဆို တစ်ခွန်းမှ ညည်းညူသံ မထွက်ခဲ့မိပါပဲ

ကိုယ်မထိန်းချုပ်နိုင်တဲ့ အရာအပေါ် ဥပေက္ခာ ပြုပြီးစိတ်လေးကို အေးအေးဆေးဆေးသာထားခဲ့နိုင်လို့
စိတ်မညစ်နေခဲ့တဲ့ အပြင် "သြော်...ဖြစ်ရမယ်လေ" လို့တွေးမိပြီး ပြုံးမိလိုက်သေးတယ်

ကိုယ်ပြုံးနေတုန်းမှာပဲ
ကားဆရာနဲ့ ကားပေါ်ကလူတွေ စကားများရန်ဖြစ်နေကြလေရဲ့

အကြောင်းက ခရီးသည်တစ်ယောက်က
ကားဆရာကိုမေးတယ်

ဆင်းရမှာလားလို့ မေးတယ်(တစ်ချို့ကားတွေက ကားချင်းပြန်ချိန်းပေးတတ်လို့ မေးတာ)

ကားဆရာကလည်း မနက်စောစောစီးစီး သူ့ကား ပျက်တော့ စိတ်တိုနေတယ်ထင်ပါတယ်
ကောင်းကောင်းမေးတဲ့လူကို ဒေါသတစ်ကြီးနဲ့ ပြန်ရှင်းပြနေတယ်

သူလည်း သူတတ်နိုင်သလောက် နောက်ကားတစ်စီးကို ချိတ်ပေးနေပုံပါပဲ

ဖြစ်ချင်တော့ ဖုန်းကဆက်မရတာနဲ့ ခရီးသည်တွေကလည်း ပွစိပွစိ ဖြစ်လာတာတွေအားလုံးရောပြီး

ခုနက မေးတဲ့လူအပေါ်ပုံချလိုက်တယ်ထင်ပါ့

ဒေါနဲ့မောနဲ့ ပြန်ဖြေလေရဲ့

အများနဲ့ တစ်ယောက်မို့ပဲလား

သူ့ဘက်ကလွန်သွားတာကို သိလို့ပဲလား မသိပေမဲ့

အဆုံးသတ်မှာ နောက်ကားတစ်စီးပေါ်

ကိုယ်တွေရောက်သွားခဲ့တယ်

ဒါပေမဲ့ ကားကတော့ ခုနကလို သက်သောင့်သက်သာ မဖြစ်တော့ဘူးလေ(လူကျပ်ပီးကို)

ဖြစ်စဥ်က အဲ့ဒါပဲ။

အတွေးက အခုမှ လာမယ်...😅

ကိုယ်က အိပ်ရာဝင်နောက်ကျလို့ အလုပ်သွားနောက်ကျတဲ့အတွက် ကားကျပ်မှာကို ကြိုတင်တွေးတော လက်ခံထားပြီးသားမို့ အဲ့လိုအခြေအနေမှာ စိတ်မတိုမိခဲ့တာလား
(ဒါက အတွေးမေးခွန်း နံပါတ် ၁)

ကားဆရာကရော ကားကို သေချာစစ်ဆေးခဲ့ရဲ့သားနဲ့
ပျက်သွားခဲ့လို့ စိတ်တိုတာလား
(ဒါက အတွေးမေးခွန်း နံပါတ် ၂)

တခြားခရီးသည်တွေကရော ပုံမှန်နေ့ထက်စောစောထပီး ထွက်လာခါမှ ကားပျက်တာနဲ့ ကြုံလို့ စိတ်တိုကြရတာလား
(ဒါက အတွေးမေးခွန်း နံပါတ် ၃)

တစ်ခြားလူတွေရဲ့ အကြောင်းပြချက်ကိုတော့ အတိအကျမသိနိုင်ပေမဲ့...
ကိုယ့်အကြောင်းကိုယ် တွေးမိတာတော့...

အတွေး နံပါတ်(1)
မသောက်သင့်တဲ့ အချိန်မှာ
သောက်ခဲ့မိတဲ့ ကော်ဖီရယ်
အိပ်သင့်တဲ့ အချိန်မှာ မအိပ်ခဲ့မိတဲ့ အပြစ်ရယ်

နှစ်ခုပေါင်းပြီးရလဒ်အနေနဲ့
နောက်ကျပြီး အိပ်ရေးမဝတဲ့တစ်ရက်တာကို ပိုင်ဆိုင်လိုက်ရတယ်ပေါ့

ဘဝရဲ့ တစ်ချို့အရာတွေမှာလည်း
မသောက်သင့်တဲ့ အချိန်မှာ သောက်ခဲ့မိလို့ အိပ်မပျော်စေတဲ့ ကော်ဖီလေးလို မတွေ့သင့်တဲ့အချိန်မှာ တွေ့ခဲ့မိတဲ့ ဆက်ဆံရေးတွေကြောင့်
အနာဂတ်မှာ ကမောက်ကမ တွေဖြစ်တတ်ပါလားလို့ တွေးမိလိုက်တယ်

အတွေး နံပါတ်(2)
ကြိုတင်တွေးတောမှန်းဆထားတဲ့ အရာတွေအပေါ် အေးအေးဆေးဆေး လက်ခံတတ်ပေမဲ့

ခန့်မှန်းထားတာနဲ့ လွဲသွားတဲ့အခါမျိုးမှာ
ဒေါသနဲ့ မတုံ့ပြန်ပဲ စိတ်အေးအေးထားဖို့ လိုတယ်ဆိုတာ တွေးလိုက်မိတယ်။

အတွေး နံပါတ်(3)
ကားဆရာ နဲ့ ရန်ဖြစ်တဲ့ လူတွေရဲ့ တစ်ရက်တာကတော့ အလုံးစုံ မအေးချမ်းတော့ဘူး။

ကိုယ့်ရဲ့ တစ်ရက်တာကတော့ ပုံမှန်အတိုင်းလေးပဲ
ဖြစ်နေမှာ။

ဒါဟာ ကြုံတွေ့လာတဲ့ အခြေအနေအပေါ် ကိုယ်ဘယ်လိုခံယူလဲဆိုတဲ့ပေါ်မှာမူတည်ပီး

ကိုယ့်အပေါ်မှာ အကျိုးသက်ရောက်တတ်ပါလားဆိုတဲ့ အတွေးလေးနဲ့

တစ်ဆက်တည်းမှာ...အလကား ရတဲ့ ကော်ဖီတိုင်းလည်းမသောက်မိဖို့ တွေးလိုက်မိသေးတယ်။

ဒီ နောက်ဆုံးကြောင်းလေးကို ကော်ဖီတိုက်တဲ့လူမတွေ့ပါစေနဲ့
😅

27.6.2024

ဒီနေ့ အရှိန်လွန်ပြီး ဆွဲထုတ်မိလိုက်လို့ပျက်သွားတဲ့ ပေဘူးလေး တစ်ဘူးကနေအတွေးလေးတွေ အများကြီးရသွားခဲ့တယ်အတွေး နံပါတ်( ၁)(St...
26/06/2024

ဒီနေ့ အရှိန်လွန်ပြီး ဆွဲထုတ်မိလိုက်လို့
ပျက်သွားတဲ့ ပေဘူးလေး တစ်ဘူးကနေ
အတွေးလေးတွေ အများကြီးရသွားခဲ့တယ်

အတွေး နံပါတ်( ၁)

(Stop)ရပ်သင့်တဲ့ အချိန်မှာ မရပ်တဲ့အတွက်
ပျက်စီးခဲ့ရတယ်။

တစ်ချို့ ဆက်ဆံရေးတွေလည်းအဲ့လိုပဲ
အတိုင်းအတာ limit နဲ့ ရပ်သင့်တဲ့အချိန်မှာ မရပ်ခဲ့မိရင် နာနာကျင်ကျင် တွေခံစားရတတ်တယ်။

အတွေး နံပါတ်(၂)

သတိလက်လွတ်နဲ့ဆွဲထုတ်မိလို့ ပျက်စီးသွားတဲ့ ပေဘူးလေးလို

လူနှစ်ဦး ဆက်ဆံရေးမှာလည်း
သတိလက်လွတ် ပြုမူဆက်ဆံတာများလာရင်
ပျက်စီးတတ်တယ်

အတွေး နံပါတ်(၃)

ကိုယ်ဘယ်လောက်ပဲ တန်ဖိုးထား မြတ်နိုး တွယ်တာနေပါစေ

ကိုယ်နဲ့ အချိန်တွေ အကြာကြီး ဘယ်လောက်ပဲအတူရှိနေခဲ့ပါစေ

တစ်ချိန်ချိန်တော့ ခွဲခွာကြရမယ်ဆိုတဲ့

အသိလေးနဲ့ အတူ

ပေဘူးလေး တစ်ဘူးကို လက်လွှတ်ဆုံးရှုံးသွားခဲ့ရပီပေါ့...

အတွေး နံပါတ်(၄)

မရည်ရွယ်ပဲ လက်လွတ်ဆုံးရှုံးလိုက်ရပေမဲ့လည်း
ကိုယ့်အတွက် လိုအပ်နေတာမို့ အသစ်တစ်လုံးနဲ့ အစားထိုးရမှာအသေအချာပဲ
ဘဝ မှာ ပေဘူးလေးလို လွယ်လွယ်နဲ့ အစားထိုးလို့
မရတဲ့အရာတွေ ရှိနေသေးတာကိုလည်း

တစ်ဆက်တည်းမှာ တွေးမိလိုက်ပြန်တယ်

26.6.2024

မင်းကိုတော့ လွမ်းတာပေါ့...ဒါပေမဲ့လည်း...ဆိုတဲ့ဒါပေမဲ့.... ပေါင်းစုံနဲ့ပဲလွမ်းတာကိုမြိုသိပ်ခဲ့လိုက်နိုင်တယ်24.6.2024
24/06/2024

မင်းကိုတော့ လွမ်းတာပေါ့...

ဒါပေမဲ့လည်း...ဆိုတဲ့

ဒါပေမဲ့.... ပေါင်းစုံနဲ့ပဲ

လွမ်းတာကိုမြိုသိပ်ခဲ့လိုက်နိုင်တယ်

24.6.2024

တစ်ချို့ရက်တော်တော်များများကိုမင်းအကြောင်းတွေးရင်း နိုးထလေ့ရှိတယ်ဒီနေ့လေးမှာ...မင်းအဆင်ပြေပါစေလို့ဆုတောင်းပေးရင်းတစ်ဆက်တ...
22/06/2024

တစ်ချို့ရက်တော်တော်များများကို
မင်းအကြောင်းတွေးရင်း နိုးထလေ့ရှိတယ်

ဒီနေ့လေးမှာ...
မင်းအဆင်ပြေပါစေလို့
ဆုတောင်းပေးရင်း

တစ်ဆက်တည်းမှာ...
ဒီနေ့ မင်းဘာတွေလုပ်မှာလဲ
ဘယ်သူတွေ နဲ့တွေ့မှာလဲ
ဘယ်တွေသွားမလဲ ဆိုတဲ့

အတွေးလေးနဲ့ အမြဲသိချင်စိတ်ဖြစ်မိတယ်

ဘယ်တွေသွားသွား
ဘာတွေလုပ်လုပ် မင်းလေးတစ်ယောက်
အချိန်တိုင်းပြုံးပျော်နေဖို့

ငါဆုထပ်တောင်းမိပြန်တယ်

22.6.2024

တစ်ချို့ conversation တွေ တိတ်ဆိတ်သွားရင်ဆယ်စုနှစ် တစ်ခုထိ ကြာသွားတတ်တယ်ဆယ်စုနှစ်ကနေ တစ်သက်လုံးလည်း ဖြစ်သွားနိုင်တယ်(နှစ...
21/06/2024

တစ်ချို့ conversation တွေ တိတ်ဆိတ်သွားရင်
ဆယ်စုနှစ် တစ်ခုထိ ကြာသွားတတ်တယ်

ဆယ်စုနှစ်ကနေ တစ်သက်လုံးလည်း
ဖြစ်သွားနိုင်တယ်
(နှစ်ဖက်လုံးက နေနိုင်သွားရင်ပေါ့)

တစ်ချို့ conversation တွေကတော့
ရက်ပိုင်းလောက်လေးပါပဲ
(တစ်ဖက်ဖက်က မနေနိုင်လွန်းရင်ပေါ့)

ကိုယ့်ဘက်က စတင် သည်ဖြစ်စေ

သူ့ဘက်က စတင် သည်ဖြစ်စေ

ဘယ်သူ့ဘက်က ပဲ စ စ

မင်းနဲ့ ကိုယ့်ရဲ့ conversation မှာတော့....

ဆယ်စုနှစ်ကနေ တစ်သက်လုံးထိ ​ကြာမသွားဖို့
ရည်ရွယ်ပါတယ်

21.6.2024

ချစ်နေတာ ကိုသိရင် ပြီးရော...ဂရုစိုက်မှုတွေချစ်ပြတတ်မှုတွေကျန်တာတွေက အပိုတွေ မလိုပါဘူးလို့မှတ်ယူထားတဲ့သူနဲ့အဲ့အပိုတွေကိုပ...
19/06/2024

ချစ်နေတာ ကိုသိရင် ပြီးရော...

ဂရုစိုက်မှုတွေ

ချစ်ပြတတ်မှုတွေ

ကျန်တာတွေက အပိုတွေ မလိုပါဘူးလို့

မှတ်ယူထားတဲ့သူနဲ့

အဲ့အပိုတွေကိုပဲ

လိုအပ်တယ်လို့ထင်နေတဲ့ သူ

နှစ်ဦးတွေ့ကြတဲ့အခါ

Happy relationship တစ်ခုဖြစ်နိုင်မယ်လို့

ထင်နေတာလား...

19.8.2024

ကိုယ်က အမြဲထွက်ခွာတဲ့သူပဲ ဖြစ်ခဲ့တယ်ကိုယ်ပြန်လာမှာကို မျှော်နေတဲ့ သူချည်းပဲ ရှိခဲ့တယ်ကိုယ်ပြန်မလာလို့သတိတရ လွမ်းဆွတ်နေသူ...
15/06/2024

ကိုယ်က
အမြဲထွက်ခွာတဲ့သူပဲ ဖြစ်ခဲ့တယ်

ကိုယ်ပြန်လာမှာကို
မျှော်နေတဲ့ သူချည်းပဲ ရှိခဲ့တယ်

ကိုယ်ပြန်မလာလို့
သတိတရ လွမ်းဆွတ်နေသူတွေလည်း ရှိကြတယ်

ကိုယ့်ရဲ့ကျောခိုင်းမှုကို
မခံစားနိုင်တဲ့ လူတွေလည်းရှိကြတယ်

ကိုယ်ကတော့...ရူးမိုက်စွာနဲ့
အရာအားလုံးကို ကျောခိုင်းထားပြီး

သူ့ကျောပြင်လေးကြည့်ရင်း
သူပြန်အလာကို မျှော်နေမိတုန်းပါပဲ

16.6.2024

နေ့ရက်တွေက ပုံမှန်ပဲမိုးတွင်းမှာ မိုးရွာသလိုဆောင်းတွင်းမှာ မြူခိုးတွေဝေတယ်နွေမှာတော့ ပူလောင်အိုက်စပ်စွာနဲ့နေ့သစ်တွေက ပုံ...
13/06/2024

နေ့ရက်တွေက ပုံမှန်ပဲ

မိုးတွင်းမှာ မိုးရွာသလို

ဆောင်းတွင်းမှာ မြူခိုးတွေဝေတယ်

နွေမှာတော့ ပူလောင်အိုက်စပ်စွာနဲ့

နေ့သစ်တွေက ပုံမှန်အတိုင်းစတင်တယ်

မင်းကို လွမ်းခြင်းနဲ့ အစပြုနေဆဲဖြစ်တဲ့

ငါ့ရဲ့ နေ့သစ်တွေလည်းပုံမှန်ပါပဲ

13.6.2024

Address

Hpa-an

Telephone

+959401528333

Website

Alerts

Be the first to know and let us send you an email when She's Echoes posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share