25/03/2018
လူတစ်ယောက်ကို တကယ်ချစ်မိတဲ့အခါ ဖြစ်ပေါ်လာတဲ့ ခံစားချက် (၁၃) ချက်
March 22, 2018 Digest Myanmar


(၁) မနက် မိုးလင်းလို့ မျက်စိနှစ်လုံး ဖွင့်လိုက်တာနဲ့ သူ့မျက်နှာလေးကို အရင်ဦးဆုံး မြင်ယောင်တတ်ယ် ၊၊
(၂) ဖုန်း ringtone သံကြားတိုင်း၊ မက်ဆေ့ တစ်ခုဝင်တိုင်း သူများလား ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ဖုန်းကို ကမန်းကတမ်း ဖွင့်ကြည့်တတ်တယ် ၊၊ (သူမဟုတ်ဘူး ဆိုတာ သိလိုက်ရရင် စိတ်ထဲမှာ အလိုလို ၀မ်းနဲသွားတယ် )
(၃) သူနဲ့ စိတ်ဆိုး စိတ်ကောက်တဲ့ အချိန်တွေမှာ ထမင်းစားလို့ မျိုချရင်တောင် ရင်ထဲမှာ ဆို့နေတတ်တယ် ၊၊
(၄) ဘယ်လောက်ပဲ စိတ်ညစ်စရာတွေနဲ့ ကြံကြုံ ဘယ်လို အခက်အခဲတွေပဲ ရှိရှိ သူ့ရဲ့ အားပေး နှစ်သိမ့်တဲ့ စကားကို ကြားလိုက်ရရင် အနည်းနဲ့အများ တော့ စိတ်သက်သာရာ ရသွားတတ်တယ် ၊၊
(၅) တိုက်ဆိုင်မှု တစ်ခုခုရှိတိုင်း (သူနဲ့အတူတူ သွားခဲ့ဖူးတဲ့ နေရာရောက်တိုင်း၊ သူကြိုက်တတ်တဲ့ အစားအစာ တစ်ခုစားတိုင်း ) သူ့ကို အရင်ကထက် ပိုပြီး သတိရသွားတတ်တယ် ၊၊
(၆) သူ့ဆီက ဖုန်း ၊ မက်ဆေ့ တစ်ခုခု လာမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ဖုန်းကို မကြာခဏ ဖွင့်ကြည့်တတ်တယ် ၊၊
(၇) သူ့ကို ဖုန်းဆက်လို့ သူ့ဘက်က ဖုန်းချလိုက်တဲ့ အခါမျိုး၊ မအားသေးတဲ့ အခါမျိုး ၊ စက်ပိတ်ထားတဲ့ အခါမျိုးမှာဆိုရင် ရင်ကို မီးစနဲ့ ထိုးလိုက် သလို ထိုင်မရ ထမရ ဖြစ်နေတတ်တယ် ၊၊
(၈) သူနဲ့ မတွေ့ရလို့ သူ့ကိုလွမ်းတဲ့ အခါတိုင်း သူနဲ့ပို့ခဲ့တဲ့ မက်ဆေ့အဟောင်း တွေကို ပြန်ဖတ်ပြီး အရူးတစ်ယောက်လို ရယ်ခဲ့ ပြုံးခဲ့ဖူးတယ် ၊၊
(၉) သူ့မျက်နှာ ညှိုးနေတာကို မမြင်ချင်ဘူး ၊ သူအချိန်တိုင်း ပျော်ရွှင်နေတာ ကိုပဲ မြင်ချင်တယ် ၊၊
(၁၀) သူ့ဘက်က အမှားတစ်ခု လုပ်မိလို့ ကိုယ့်ဘက်က စိတ်ဆိုးသွားတဲ့ အခါမျိုးမှာ သူက တောင်းပန်လိုက်ရင် ကိုယ့်စိတ်က အလိုလိုညွတ် သွားတယ် ၊ ကြာကြာ စိတ်မဆိုးနိုင်ဘူး ။
(၁၁) သူက တစ်ခြားသူတွေ အပေါ်မှာ လိုတာထက်ပိုပြီး ရင်းရင်းနှီးနှီးနဲ့ ဆက်ဆံတာ မြင်ရင် သူ့ကို သ၀န်တိုလာတယ် ၊၊
(၁၂) ညဘက်ရောက်လို့ သူ့ဆီက Good Night ဆိုတဲ့ မက်ဆေ့လေးမှ မပို့ ဘူးဆိုရင် အိပ်မပျော်တဲ့အထိ ဖြစ်လာတယ် ၊၊
(၁၃) အခု ဒီစာကို ဖတ်နေတဲ့ အချိန်မှာ သင်သူ့အကြောင်းကို တွေးနေတယ်၊၊ * အဲဒါဆိုရင်တော့ သေချာပြီ ၊ သင့် သူ့ကို မြတ်မြတ်နိုးနိုးနဲ့ တကယ် ချစ်မိ သွားပြီ *
credit to MC Zin Jay Shin (နှလုံးသားစာပေ)