AungChit’FOTO DIARY

AungChit’FOTO DIARY Foto Lover

Lychee
10/06/2025

Lychee

ပဲအမျိုးမျိုးရောင်းသည်😀😀
02/03/2025

ပဲအမျိုးမျိုးရောင်းသည်😀😀

အလုပ်ခွင်ထဲမှ ညီမငယ်လေးများSave date:27.1.2025
01/02/2025

အလုပ်ခွင်ထဲမှ ညီမငယ်လေးများ

Save date:27.1.2025

သုံးရောင်ခြယ်ဒီအချိန်ဆို ဒေါင်းမြူးချောင်းကမ်းဘေးတစ်လျှောက် ရွာတွေမှာစိုက်ပျိုးပြီး အသီးအနှံ၊ပန်းအမျိုးမျိုး ပေါ်စအချိန်...
08/12/2024

သုံးရောင်ခြယ်

ဒီအချိန်ဆို ဒေါင်းမြူးချောင်း
ကမ်းဘေးတစ်လျှောက် ရွာတွေမှာ
စိုက်ပျိုးပြီး အသီးအနှံ၊
ပန်းအမျိုးမျိုး ပေါ်စအချိန်ပေါ့

Asterပန်းမျိုးရင်းဖြစ်တဲ့
ဒေသအခေါ် သုံးရောင်ခြယ်ပန်းတွေလည်း
နှင်းရည်ပက်ဖျန်း အလှသွေးကြွယ်ကြတဲ့
အချိန်ပါပဲ...

ခုတော့ အဝေးကနေ လွမ်းရုံသာ...

ရွှေမဉ္ဇူဘုရားသည် ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်းရှိ အင်းတော်ကြီးအိုင်၏ အနောက်ဘက်ကမ်းခြေမှ ပေ ၁၅၀ဝ တွင်တည်ရှိသည်။ရွှေ...
23/11/2024

ရွှေမဉ္ဇူဘုရားသည် ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်းရှိ အင်းတော်ကြီးအိုင်၏ အနောက်ဘက်ကမ်းခြေမှ ပေ ၁၅၀ဝ တွင်တည်ရှိသည်။

ရွှေမဉ္ဇူဘုရားသမိုင်းကြောင်း
**************************
အင်းတော်ကြီး ဘုရားသမိုင်းသုတေသီများ အဆိုအရ ဂေါတမမြတ်စွာဘုရားသည် နာဠာဂီရိတောင် (ဆင်ခေါင်းတောင်)ပေါ်၌ ရပ်တန့်တော်မူကာ "နောင်သော်အခါ အင်းကြီး ဖြစ်တည်မည်၊ ငါဘုရားရှင်၏ ဓာတ်တော် မွေတော်များ ကိန်းဝပ်သော ဘုရားစေတီများ ပေါ်ထွန်းမည်"ဟု မိန့်ကြားတော် မူခဲ့ကြောင်း သိရသည်။

၁၁ ရာစုခန့်တွင် အင်းတော်ကြီးနယ် တောင်သုံးလုံး၌ သီတင်းသုံးတော်မူလျက်ရှိသော တောရဆရာတော် ဦးညီဆူသည် သီလ၊ သမာဓိ၊ မေတ္တာ၊ ကမ္မဋ္ဌာန်းဂုဏ်တို့နှင့် ပြည့်စုံသော ဒကာများနှင့်အတူ အဓိဋ္ဌာန်ပြုထားသော ကျောက်တုံးသုံးလုံးကို လှေပေါ်တင်ဆောင်၍ ဖာနန်းမုံဒေသမှ ထွက်ခွာခဲ့ရာ ယခု ရွှေမဉ္ဇူဘုရား ကိန်းဝပ်ရာသဲသောင်သို့ ရောက်ရှိတော်မူသည်။ ဆရာတော်သည် သဲသောင်ပြင်ထိပ်တွင် တောင်ဝှေးကို အဓိဋ္ဌာန်ပြု စိုက်ထူလိုက်ပြီး၊ တင်ဆောင်လာသော ကျောက်တုံးသုံးလုံးဖြင့် ညှပ်ထားခဲ့သည်။ ထိုနေရာတွင် ဘုရားတည်ရန် ဆရာတော် ဦးညီဆူ၏ ညွှန်ကြားချက်အရ ဆရာတော် ဦးသောဘိတသည် ၁၂၃၀ ပြည့်နှစ်တွင် ပန္နက်ရိုက်တော်မူသည်။ ၁၂၃၁-ခုနှစ်၊ ကဆုန်လဆန်း (၁၃) ရက်(၁၈၆၉ ခုနှစ် ဧပြီလ ၄ ရက်)နေ့တွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရားမှ ပင့်ဆောင်လာသော မြတ်စွာဘုရား၏ သရီရဓာတ်တော်ငါးဆူတို့ကို ရွှေသေတ္တာ၌ ထည့်ကာ ရတနာရွှေစင်ဖြင့် ပြုလုပ်ထားသော လှေပေါ်တွင်တင်၍ ဌာပနာခဲ့သည်။ နယုန်လဆန်း (၆)ရက်နေ့တွင် ထီးတော်တင်လှူခဲ့သည်။ ဉာဏ်တော်မှာ ၁၅ ပေကျော်ရှိသည်။ ယင်းသို့ ဌာပနာသည့် ရွှေသံတင်း၊ ရွှေသေတ္တာကို အစွဲပြု၍ မဉ္ဇူသာဟု ခေါ်တွင်ရာမှ ပါဠိသက် "ရွှေမဉ္ဇူ"ဟူ၍ ဖြစ်လာသည်။ အင်းတော်ကြီးဘုရား မြောက်ဘက် ဘုရားပေါ်တက်ရန် အဆင့်တွင် "အမျိုးသမီးများ မတက်ရ" စာတန်း စိုက်ထူထားရသည့်အ ကြောင်းမှာ ဤသို့ဖြစ်သည်။ ဓာတ်တော် မွေတော်များ ဌပနာရာတွင် မူလက ဖိနပ်တော်ပလ္လင် အထက်၌ ဖြစ်သော်လည်း နောင် စေတီတော်၏ ဖိနပ်တော်ကို အကြိမ်ကြိမ် ပြန်မြှင့်ခဲ့သည့်အတွက် ဓာတ်တော်၊ မွေတော်များမှာ စေတီတော် ပလ္လင်အောက်၌ တည်နေကြရပြီး၊ လောင်းလှေပေါ်၌ ရွှေသေတ္တာ၊ ရွှေကြုပ်ဖလားတို့ဖြင့် တည်၍ ဌာပနာထားသော ဓာတ်တော်များသည် မိုးကာလ ရေမြင့်တက်လာသော် အထက်သို့ ရောက်ရှိလာသည်ဟု ယူဆရသည်။ သတိပေးဆိုင်းဘုတ်ကို မတွေ့ဘဲ အထက်သို့ အမျိုးသမီးများ တက်မိသော် မည်မျှပင် ကြည်လင်နေသော ရာသီဥတုပင် ဖြစ်စေ၊ မိုးမှောင်ကျလာပြီး၊ လေပြင်း တိုက်ခတ်လာတတ်သည်။

ရွှေမဉ္ဇူဘုရားကို အဆက်ဆက် ပြုပြင်ထိန်းသိမ်း မွမ်းမံခဲ့ကြသည်ကြောင့် ယနေ့အခါတွင် ဉာဏ်တော် ပေ(၅၀)၊ ဖိနပ်တော်(၃၉)ပေ(၁၀)လက်မအထိ တည်ရှိနေတော်မူသည်။ စေတီတော်၏ ပစ္စယာ အဆင့်ဆင့်၌ မုခ်ငယ်များ တည်ဆောက်ကာ ကျောက်ဆင်းတုတော်များ စံပယ်တော်မူလျက်ရှိသည်။ အရန်စေတီငယ်ပေါင်း ၁၅၂ ဆူကိုလည်း တည်ထားသည်။ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၌ ထင်ရှား၍ တင့်တယ်သပ္ပာယ်စွာ ကိန်းဝပ်စံပယ်တော် မူလျက်ရှိသည်။

ထူးခြားမှု
*********
ကချင်ပြည်နယ်၏ အထင်ကရ စေတီတော်ကြီးဖြစ်သည်။ တပေါင်းလဆန်း ဘုရားပွဲတော် ကျင်းပချိန်နီးကပ်လာလျှင် ဘုရားစေတီအရောက် လူလျှောက်သွားနိုင်ရန် သဲလမ်းမကြီးနှစ်လမ်း ပေါ်လာတတ်သည်။ ဘုရားပွဲတော်ပြီးသည့်အခါ သဲလမ်းများရေထဲ ပြန်မြုပ်သွားတတ်သည်။ ယခုအခါတွင် အုတ်လမ်းခင်းပြီးဖြစ်သည်။ ပွဲတော်ပြီးလျှင်လည်း လေများတိုက်ခတ်ပြီး ပွဲတော်ကျင်းပရာမှ ကျန်ရှိသောအမှိုက်များ လေထဲပါသွားသည်။

မှ ကူးယူဖော်ပြထားပါသည်။

ခရီးသွားတဲ့အခါပုစွန်ထုပ်ကို ထမင်းဆိုင်တွေမှာ စားဖူးပေမယ့်အခြား sea foodsတွေကတော့ကောလင်း ခြူးမင်းလမ်းကြားက“ဝမ်းဝမ်း”ဆိုင်...
17/11/2024

ခရီးသွားတဲ့အခါ
ပုစွန်ထုပ်ကို ထမင်းဆိုင်တွေမှာ စားဖူးပေမယ့်
အခြား sea foodsတွေကတော့
ကောလင်း ခြူးမင်းလမ်းကြားက
“ဝမ်းဝမ်း”ဆိုင်ဖွင့်မှသာ စားဖူးခဲ့တာပါ..

ဈေးနှုန်းကလည်း သင့်တင့်တာမို့
သူငယ်ချင်းတွေ စုပြီးတစ်ဖုံ
Birthday နေ့တွေလိုမျိုးမှာရော
မကြာခဏဆိုသလို ရောက်ဖြစ်တဲ့ဆိုင်လေးပါပဲ..

ငယ်ငယ်က အထက်တန်း သင်္ချာကျူရှင်
တက်ခဲ့ရတဲ့နေရာလေး
ကြီးလာတော့ ဆရာမ သားသမီးတွေက
ဆိုင်ဖွင့်တော့မှ ပြန်ရောက်ရတဲ့နေရာ...

ခုတော့လွမ်းစရာတွေပါပဲလေ...

 #သာမညဖလအခါတော်နေ့တန်ဆောင်မုန်း လပြည့်နေ့သည် သီတင်းကျွတ်လပြည့်နေ့ ကဲ့သို့ပင် ဗုဒ္ဓဘာသာနွယ်ဝင်တို့၏ နေ့ထူးနေ့မြတ် တစ်နေ့ပ...
15/11/2024

#သာမညဖလအခါတော်နေ့

တန်ဆောင်မုန်း လပြည့်နေ့သည် သီတင်းကျွတ်လပြည့်နေ့ ကဲ့သို့ပင် ဗုဒ္ဓဘာသာနွယ်ဝင်တို့၏ နေ့ထူးနေ့မြတ် တစ်နေ့ပင် ဖြစ်သည်။ အကြောင်းမှာ တန်ဆောင်မုန်း လပြည့်နေ့၌ ကျင်းပလေ့ ရှိသော တန်ဆောင်တိုင်ပွဲတော်သည် ဘုရားရှင်အား ဆီမီးထွန်းညှိ ပူဇော်သည့် ပွဲတော် ဖြစ်သကဲ့သို့ ကထိန်သင်္ကန်း ကပ်လှူခွင့်ရသော နောက်ဆုံးနေ့ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ ထို့အပြင် တန်ဆောင်မုန်း လပြည့်နေ့သည် မြတ်စွာ ဘုရားရှင်က အဇာတသတ် မင်းကြီး အမှူးပြုသော ပရိသတ်တို့အား သာမညဖလသုတ်တော် ခေါ် ရဟန်းပြုရ အကျိုးပြ တရားတော်ကို ဟောကြားတော်မူသော နေ့ထူးနေ့မြတ် ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။

သာမညဖလ အခါတော်နေ့
ထီးနန်းရယူ ပိုင်ဆိုင်လိုမှုတည်း ဟူသော အလို လောဘကြောင့် ဆရာမိုက်၏ တိုက်တွန်းမှုဖြင့် မိမိ၏ မွေးဖခင်ရင်းကို သတ်မိမှားသူ အဇာတသတ်မင်းသည် မိမိအမှားကို သိမြင်ပြီး နောင်တကြီးစွာရကာ စားမဝင် အိပ်မပျော် ဖြစ်နေသည်။ ထိုသို့ ဖြစ်နေစဉ် တန်ဆောင်မုန်း လပြည့်ည၏ အေးချမ်း သာယာကြည်လင်မှုကို မြင်တွေ့ရသော အခါ ယခုလို နေ့မျိုး၌ အဘယ်သို့သော ရဟန်း သာမဏေ၊ အဘယ်သို့သော ဗြဟ္မဏတို့ထံ ဆည်းကပ်ရလျှင် ကောင်းမည်နည်းဟု တွေးတောမိကာ မင်းချင်းတို့အား ဖွင့်ဟ တိုင်ပင်မိပါသည်။ မင်းချင်းတို့ကလည်း မင်း လိုလိုက် မင်းကြိုက် ဆောင်တတ်သော အခွင့်အရေးသမားများ ပီပီ မိမိတို့ ကိုးကွယ် ဆည်းကပ်သည့် မိစ္ဆာဒိဋ္ဌိ ဆရာကြီး ခြောက်ဦးတို့အား အသီးသီး ညွှန်ပြကြရာ အဇာတသတ်မင်းက နားမဝင်ချေ။

ထိုအချိန်တွင် ဗုဒ္ဓဘာသာဝင် ဖြစ်သော ဆေးဆရာ ဇီဝကကမူ မည်သို့မျှ မလျှောက်တင်ဘဲ နှုတ်ဆိတ်၍ နေသည်ကို အဇာတသတ်မင်းကြီး မြင်တွေ့ရသော အခါ ဆရာ ဇီဝက အဘယ်ကြောင့် ဆိတ်ဆိတ်နေပါသနည်းဟု မေးတော်မူပါသည်။ ထိုအခါ အခွင့်ကောင်းကို စောင့်မျှော်နေသူ ဆရာ ဇီဝကသည် မြတ်စွာဘုရားရှင်၏ ဂုဏ်တော်များကို ချီးမွမ်းကာ ဂုဏ်တော် ကိုးပါးနှင့် ပြည့်စုံတော်မူသော အကျွန်ုပ်၏ ဆရာ ဘုရားရှင်သည် ကျွန်တော်မျိုး၏ သရက်ဥယျာဉ်၌ များစွာသော ရဟန်း ပရိသတ် ခြံရံကာ သီတင်းသုံးလျက် ရှိပါကြောင်း၊ ဘုရားရှင်အား အရှင်မင်းကြီး ဆည်း ကပ်ရပါမူ အရှင်မင်းကြီး၏ စိတ်တော်သည် ကြည်လင် အေးချမ်း လာပါလိမ့်မည်ဟု လျှောက်တင်လေသည်။ ဆေးဆရာ ဇီဝက၏ အကျိုးသင့် လျှောက်ထား တင်ပြမှုကို အဇာတသတ် မင်းကြီး ကြားရသော အခါ ဝမ်းသာအားရ ဖြစ်တော်မူ၍ ဆင်မြင်းဗိုလ်ပါ ခြံရံလျက် ကြီးကျယ် ခမ်းနားလှသော အစီအစဉ်ဖြင့် ညတွင်းချင်းပင် ဆရာ ဇီဝက၏ ဥယျာဉ်တော်သို့ ကြွချီတော်မူပါသည်။

ရဟန်းအပေါင်း ခြံရံလျက် သီတင်းသုံး နေတော်မူသော မြတ်စွာဘုရားရှင်ကို ဖူးတွေ့ရသော အခါ အဇာတသတ် မင်းကြီးက မေးမြန်း လျှောက်ထားသဖြင့် မြတ်စွာ ဘုရားရှင်သည် သာမညဖလ သုတ်တော်ကို ဟောကြားတော်မူသည်မှာ ခဝဲပန်း လှိုင်လှိုင်ပွင့်သော တန်ဆောင်မုန်း လပြည့် ညချမ်းပင် ဖြစ်သည်။ ထိုသို့ ဘုရားရှင်သည် တန်ဆောင်မုန်း လပြည့်နေ့တွင် သာမည ဖလသုတ်တော်ကို ဟောကြားတော်မူခြင်းကို အကြောင်းပြု၍ တန်ဆောင် မုန်းလပြည့်နေ့ကို သာမညဖလ အခါတော်နေ့ဟု သတ်မှတ် ခေါ်ဝေါ်ကြခြင်းပင် ဖြစ်သည်။

မှ ကူးယူဖော်ပြသည်။

ဆောင်းဦး​ဝေဒနာမင်း​နေတဲ့ မြို့က​လေးမှာ​ဆောင်းဝင်စ ပြုပြီပေါ့...ကိုယ့်ဝန်းကျင်မှာ​တော့ ​ဆောင်းဦး​ခြေသံ ကြားပြီကွဲ့  မို...
10/11/2024

ဆောင်းဦး​ဝေဒနာ


မင်း​နေတဲ့ မြို့က​လေးမှာ
​ဆောင်းဝင်စ ပြုပြီပေါ့...
ကိုယ့်ဝန်းကျင်မှာ​တော့ ​
ဆောင်းဦး​ခြေသံ ကြားပြီကွဲ့
မိုး​လေ​တွေ အလွတ်မှာ
​မြောက်ပြန်​လေစစ ​သွေး​နေပြီ
​ကောင်းကင်ကြီးကလည်း
​နေ့ဘက်မှာ ကြည်စင်သလို
ညဘက်မှာလည်း ကြယ်စုံညီလာခင်း​နေရဲ့
တစ်​​ဆောင်းသစ်​လေ​တော့
အ​ဟောင်း​တွေ အသစ်ဖြစ်လာ​တော့တာပဲ....။

အိမ်ပြန်ဆောက်ပြီး နေလို့ရမယ့်အချိန်ရောက်ရင်စိုက်ခင်း ပန်းအလှတွေနဲ့ဒီလိုအိမ်လေးဆောက်ပြီးအေးအေးချမ်းချမ်းနေချင်မိတယ်...
04/11/2024

အိမ်ပြန်ဆောက်ပြီး

နေလို့ရမယ့်အချိန်ရောက်ရင်

စိုက်ခင်း ပန်းအလှတွေနဲ့

ဒီလိုအိမ်လေးဆောက်ပြီး

အေးအေးချမ်းချမ်းနေချင်မိတယ်...

ဟေမာန်ရာသီ ဆောင်းနှင်းကလေးတွေ ဝေနေပြီ အချစ်ရေ...အအေးဓါတ်ခြုံလွှမ်းတိုင်းမှိုင်းညို့တဲ့တောင်တန်းနဲ့  နှင်းမှုန်တွေကြားမှာ...
03/11/2024

ဟေမာန်ရာသီ
ဆောင်းနှင်းကလေးတွေ ဝေနေပြီ အချစ်ရေ...

အအေးဓါတ်ခြုံလွှမ်းတိုင်း
မှိုင်းညို့တဲ့တောင်တန်းနဲ့ နှင်းမှုန်တွေကြားမှာ
စိတ်ချမ်းမြေ့စရာ အတိတ်ကဆောင်းကို
အောက်မေ့မိနေတယ် ...

ခုတော့ဖြင့်ကွယ်
အဖော်မပါ တစ်ယောက်တည်း
ပျော်စရာပျောက်ဆုံး အားလည်းငယ်
ဒီတစ်ကြိမ်ဝေတဲ့ နှင်းကလေးအောက်မှာ
မောင့်တစ်ယောက်ထဲပါ အချစ်ရယ် …။

#တောင်ကြီးကိုနောက်ဆုံးနှုတ်ဆက်ချိန်..

“လှိုင်းကြီးလှေအောက်”လောကဓံလှိုင်းတွေ ဘယ်လောက်ကြမ်းကြမ်းမဆုတ်မနစ်ကြိုးစားရင် လှေအောက်ရောက်သည်ဆိုပင်ငြားသော်လည်းကြိုးစားမ...
27/10/2024

“လှိုင်းကြီးလှေအောက်”

လောကဓံလှိုင်းတွေ ဘယ်လောက်ကြမ်းကြမ်း
မဆုတ်မနစ်ကြိုးစားရင်
လှေအောက်ရောက်သည်ဆိုပင်ငြားသော်လည်း

ကြိုးစားမှုတွေ အရာမထင်ဘဲ
လှိုင်းထဲ နစ်မြုပ်ပျောက်ကွယ်သွားတဲ့
ဘဝတွေလည်းဒုနဲ့ဒေးပါပဲ...

ဇာတ်ရှိန်က အတော်မြင့်လာပြီ...ဇာတ်အိမ်ကလည်း အတော်ရှုတ်ထွေးလာပြီ...ဇာတ်သိမ်းခန်းက ပျော်ရွှင်စွာပေါင်းဖက်ကြသည်ဖြစ်မလား?ရင်န...
23/10/2024

ဇာတ်ရှိန်က အတော်မြင့်လာပြီ...
ဇာတ်အိမ်ကလည်း အတော်ရှုတ်ထွေးလာပြီ...
ဇာတ်သိမ်းခန်းက ပျော်ရွှင်စွာပေါင်းဖက်ကြသည်ဖြစ်မလား?
ရင်နင့်စရာဖြစ်မလားဆိုတာကို ခန့်မှန်းရခက်နေသေးတာတော့အမှန်...
အခုလတ်တလောမှာတော့ ကြေကွဲစရာ နာကျင်စရာ ပြကွက်တွေကအတော်များနေတယ်...
မသိသလို မဆိုင်သလို တကယ်နေကြသူတွေက နှလုံးသားမရှိတာလား..
မွန်းကြပ်မှုတွေကြောင့် စိတ်ဖြေရာရှာဖွေကြတယ်ဆိုပေမယ့် အလွန်အကျွံကတော့ မကောင်းဘူးလို့မြင်မိတယ်...
Social media ဆိုတာက ကိုယ်ပိုင်တာကိုယ်လုပ်တယ်ဆိုပေမယ့် ကိုယ်တစ်ယောက်တည်း နေလို့ရတဲ့ နေရာမဟုတ်ဘူးလေ.....

Address

Kawlin

Website

Alerts

Be the first to know and let us send you an email when AungChit’FOTO DIARY posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share