Earth & Sky

Earth & Sky Thanks for your visiting my page.

ကိုယ့်အသက်တောင် ကိုယ်မပိုင်ဘဲသူစိမ်းတစ်ယောက်ကို ပိုင်ချင်တာကလဲ စိတ္တဇရောဂါပဲ။ #ချည်
11/08/2026

ကိုယ့်အသက်တောင် ကိုယ်မပိုင်ဘဲ
သူစိမ်းတစ်ယောက်ကို ပိုင်ချင်တာကလဲ
စိတ္တဇရောဂါပဲ။

#ချည်

19/06/2026

ပျော်နေစေချင်တာ စေတနာဖြစ်ပြီး
မင်းပျော်တာကိုပဲ မြင်ချင်နေတာက
ချစ်ခြင်းမေတ္တာဖြစ်ပါတယ်

မနေ့က ချစ်ခဲ့တယ်
ဒီနေ့ ချစ်တယ်
မနက်ဖြန်တွေမှာ ဆက်ချစ်နေဦးမယ်
ဒီလောက်ပါပဲ ။

#လင်းညီ

အချစ်ကိုလည်းကြောက်ပါတယ်စစ်ကိုလည်းကြောက်ပါတယ်ကျွန်တော်ဒီနိုင်ငံရဲ့လူဆင်းရဲပါ ။ #ရိပ်ငြိမ်
13/06/2026

အချစ်ကိုလည်းကြောက်ပါတယ်
စစ်ကိုလည်းကြောက်ပါတယ်
ကျွန်တော်ဒီနိုင်ငံရဲ့လူဆင်းရဲပါ ။

#ရိပ်ငြိမ်


တစ်နေရာရာမှာ ခဏနားမယ် ကောင်းကင်ကြီးကို ခေတ္တငေးမယ် စက္ကူပန်းတွေအကြောင်း ခဏတွေးမယ် ဘဝရဲ့ လက်ကျန်ချိန်တိုင်းမှာ ပိုင်ဆိုင်...
11/06/2026

တစ်နေရာရာမှာ ခဏနားမယ်
ကောင်းကင်ကြီးကို ခေတ္တငေးမယ်
စက္ကူပန်းတွေအကြောင်း ခဏတွေးမယ်
ဘဝရဲ့ လက်ကျန်ချိန်တိုင်းမှာ
ပိုင်ဆိုင်ခဲ့ဖူးကြောင်း အမှတ်တရတွေကို
တယုတယ ပြန်တွေးမယ် ။

#ဂန္ဓမာ

"အတန်းထဲက နောက်ဆုံးခုံတန်းလေးတွေဟာ ရယ်မောသံတွေ၊ လျှို့ဝှက်ချက်တွေနဲ့ အဖြူစင်ဆုံး အိပ်မက်တွေ အများဆုံး ကျန်ရစ်ခဲ့တဲ့ နေရာ...
02/06/2026

"အတန်းထဲက နောက်ဆုံးခုံတန်းလေးတွေဟာ ရယ်မောသံတွေ၊ လျှို့ဝှက်ချက်တွေနဲ့ အဖြူစင်ဆုံး အိပ်မက်တွေ အများဆုံး ကျန်ရစ်ခဲ့တဲ့ နေရာလေးပါ။"


ကျိုက်မရောမြို့လေးရဲ့ ညနေခင်းတစ်ခုမှာသူမနဲ့အတူ လက်တွဲပြီး လမ်းလျှောက်ခဲ့ဖူးတယ်…လေညင်းက အေးမြမြသူမရဲ့ရယ်သံက နွေးနွေးလေးအဲ...
29/05/2026

ကျိုက်မရောမြို့လေးရဲ့ ညနေခင်းတစ်ခုမှာ
သူမနဲ့အတူ လက်တွဲပြီး လမ်းလျှောက်ခဲ့ဖူးတယ်…
လေညင်းက အေးမြမြ
သူမရဲ့ရယ်သံက နွေးနွေးလေး
အဲ့ဒီအချိန်ကတော့
ကမ္ဘာကြီးတစ်ခုလုံး ငြိမ်သက်နေသလိုပဲ။


တစ်ခါလွမ်းလို့တစ်ပွင့် ပွင့်မယ်ဆိုရင်တစ်လောကလုံးပန်းတွေနဲ့ဖုံးသွားလိမ့်မယ် ။ #မောင်စိန်ဝင်း
16/05/2026

တစ်ခါလွမ်းလို့
တစ်ပွင့် ပွင့်မယ်ဆိုရင်
တစ်လောကလုံး
ပန်းတွေနဲ့ဖုံးသွားလိမ့်မယ် ။

#မောင်စိန်ဝင်း

ဒီနေ့ ပွင့်ပွင့်မနက်ဖြန် ပွင့်ပွင့်ကိုယ်အရင်ပန်ရရင်အဲတာ ကိုယ့်ပိတောက်ဦးပေါ့..... #တက္ကသိုလ်ဘုန်းနိုင်
15/05/2026

ဒီနေ့ ပွင့်ပွင့်
မနက်ဖြန် ပွင့်ပွင့်
ကိုယ်အရင်ပန်ရရင်
အဲတာ ကိုယ့်ပိတောက်ဦးပေါ့.....

#တက္ကသိုလ်ဘုန်းနိုင်

မင်းက ရာသီဥတုပဲကိုယ်က ခံနိုင်ရည်မရှိဘူး၊အဲဒီတော့ ဖျားတယ် နာတယ် ခေါင်းကိုက်တယ် သတိရတယ်။ #ဒီအိမ့်လှိုင်း
13/05/2026

မင်းက ရာသီဥတုပဲ
ကိုယ်က ခံနိုင်ရည်မရှိဘူး၊

အဲဒီတော့ ဖျားတယ် နာတယ်
ခေါင်းကိုက်တယ် သတိရတယ်။

#ဒီအိမ့်လှိုင်း

12/05/2026

🍃 ဘဝမှာ
အရာအားလုံးကို အလျင်လိုနေစရာမလိုဘူး…
တစ်ခါတစ်လေ
အေးအေးဆေးဆေးနေခြင်းကလည်း
ပျော်ရွှင်မှုတစ်မျိုးပဲ 🌤️✨

Address

Kyaikmaraw
12071

Telephone

+959687864648

Website

Alerts

Be the first to know and let us send you an email when Earth & Sky posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Earth & Sky:

Shortcuts

Share