11/10/2025
ချစ်သော မေ နဲ့ Relationship သက်တမ်း ၂ နှစ် နဲ့ ၄ လအကြာမှာတော့ . . .
သူမနဲ့ ကျနော် ဘဝနှစ်ခုကို တစ်ခုကဲ့သို့ အတူတူရင်ဆိုင် ဖို့ ဆုံးဖြတ်လိုက်ပြီး . . . လုပ်သင့်လုပ်ထိုက်တဲ့ ဒုတိယ အဆင့်ဖြစ်တဲ့ မေတို့ရဲ့ ဓနုထုံးစံ လက်ဖက်အုပ်တင်ခြင်း (တောင်းရမ်းခြင်း) နဲ့ မင်္ဂလာဦး ဆွမ်းကပ်ခြင်းကို သူမ အရမ်းကြိုက်တဲ့ သီတင်းကျွတ်(October) လ ၉ရက် မှာ မေ ရဲ့ နေအိမ်မှာ သွားရောက် လုပ်ဆောင်ခဲ့ပါတယ် . . .
ခရစ်ယာန်တို့ရဲ့ ထုံးတမ်းအစဉ်အလာအတိုင်း လက်ထပ်မင်္ဂလာပြုခြင်း (Mixed Married) နဲ့ ဧည့်ခံပွဲ Wedding Dinner တွေကိုတော့ ကျနော် နှစ်သက်တဲ့ December လမှာ ပြုလုပ်မှာ ဖြစ်ပါတယ် . . .
ဒီဇင်ဘာ ပွဲမှာတော့ ခင်မင်ရင်းနှီးရတဲ့ အပြင်မှ မိတ်ဆွေ သူငယ်ချင်းများ Social Media မှ သူငယ်ချင်းများ အားလုံးကို သေချာ ဖိတ်ကြားမှာဖြစ်ပါတယ် . . . မင်္ဂလာ ဖိတ်စာဖိတ်ဖို့ရန်အတွက် မိတ်ဆွေများကို သတိမမေ့ဖို့ ကူညီပေးကြဖို့
Comment မှာ တစ်ခုခု ရေးထားပေးဖို့ရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါတယ် ခင်ဗျာ
တောင်းရမ်းခြင်းအစီအစဉ်မှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်အားဖြည့်ပေးတဲ့ လူကြီးများ ဆွေမျိုးများ အားလုံးကို ရင်ထဲက အနူးအညွတ် ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ . . .
Save the memories
၉ ရက် ၁၀ လ ၂၀၂၅