Queen Club

Queen Club Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Queen Club, Photographer, Mandalay.

တခါတလေမှာ ကိုယ့်ရဲ့စိတ်ကို ဘယ်လို အတွေးတွေက စိတ်ဓာတ်ကျစေလဲ ဘယ်အရာတွေက စိတ်မပျော်စေတာလဲ တွေးရင်းတွေးရင်း အဖြေရှာမရတဲ့ အချ...
29/10/2025

တခါတလေမှာ
ကိုယ့်ရဲ့စိတ်ကို
ဘယ်လို အတွေးတွေက
စိတ်ဓာတ်ကျစေလဲ
ဘယ်အရာတွေက
စိတ်မပျော်စေတာလဲ

တွေးရင်းတွေးရင်း
အဖြေရှာမရတဲ့ အချိန်တွေ
ရှိနေတတ်တယ်
တချို့လူတွေက တခါတလေမှာ
ကိုယ်က မမှားဘဲ ပြောခံရတဲ့အခါမျိုးလား
ကိုယ်က ဘာရယ်ကြောင့်မဟုတ်
လုပ်လိုက်မိတဲ့ အရာက
အမှားတခုဖြစ်သွားတတ်လား
တခါတခါ ပြောခွင့်တွေ ရှိမယ်ဆိုရင်
မမှားရင် အပြောမခံနိုင်တဲ့အကြောင်း
ကိုယ်က အဲ့လို မှားဖို့ တမင်လုပ်တာ မဟုတ်ကြောင်း
ပြန်ပြောပြချင်ပေမဲ့ တချို့လူက
ပြန်ပြောပြလေ ပိုရှုပ်လေ
ဖြစ်တတ်လို့ ဒီအတိုင်း နေရတဲ့ အချိန်တွေဆိုတာတွေ
မနည်းလှပါဘူး .........🦚
Club🦚

∆∆∆နံရံပေါ်တွင် လှဲလျောင်းခြင်း၏ကျန်းမာရေး အကျိုးကျေးဇူးများ 🍀🍀🍀1. အထူးသဖြင့် ခြေထောက်မှ သွေးများ နှလုံးသို့ ပြန်စီးဆင်း...
24/10/2025

∆∆∆နံရံပေါ်တွင် လှဲလျောင်းခြင်း၏ကျန်းမာရေး အကျိုးကျေးဇူးများ 🍀🍀🍀

1. အထူးသဖြင့် ခြေထောက်မှ သွေးများ နှလုံးသို့ ပြန်စီးဆင်းရန် ကူညီပေးပြီး ခြေထောက်ရောင်ရမ်းခြင်းကို လျှော့ချပေးသည်၊ အချိန်အကြာကြီး မတ်တပ်ရပ် သို့မဟုတ် ထိုင်ပြီးနောက် အလွန်သင့်လျော်ပါသည်။

2. အာရုံကြောစနစ်ကို ပြေလျော့စေတယ်၊ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေကို လျော့ချပေးပြီး ကောင်းကောင်းအိပ်ပျော်ဖို့ ကူညီပေးတယ်။

3. ကျောအောက်ပိုင်းနှင့် တံကောက်ကြောများ တင်းမာမှုကို လျှော့ချပေးသည်။

4. အစာခြေစနစ်ကို အားကောင်းစေပြီး သွေးဖိအားကို လျှော့ချပေးသည်။

5. ပင်ပန်းသောနေ့ပြီးနောက် လေ့ကျင့်ရန် အလွန်သင့်လျော်သော စွမ်းအင်ကို ပြန်လည်ရရှိစေသည်။

** နောက်ထပ် အကြံဥာဏ်များ **
သင့်တင်ပါးကို ခေါင်းအုံး (သို့) စောင်ခေါက်ပေါ်တွင် တင်ပါက၊ ၎င်းသည် သင့်အား ပိုမိုသက်တောင့်သက်သာဖြစ်စေပြီး သွေးလည်ပတ်မှုကောင်းမွန်စေမည်ဖြစ်သည်။

သင်သည် ဤအနေအထားတွင် 5-15 မိနစ်ခန့်နေပြီးနောက် ဖြည်းဖြည်းချင်း ပြန်လှည့်သင့်သည်။
သင့်တွင် သင့်မျက်လုံးများ သို့မဟုတ် သင့်ခေါင်းတွင် ဖိအားများရှိနေပါက၊ သင်မလေ့ကျင့်မီ သင့်ဆရာနှင့် တိုင်ပင်သင့်သည်။

ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေ🙏🙏🙏

သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ။

#ကျန်းမာရေး #ဗဟုသုတ #စာပေ

▪️စိတ်ပျက်ခြင်းဆိုတာ တစ်ဖက်သားအပေါ်အများကြီးမျှော်မိသွားတဲ့အခါ ဖြစ်ပေါ်လာတတ်တဲ့အရာပါ...▪️ကိုယ်ကမေတ္တာပေးလို့ မေတ္တာပြန်ရ...
24/10/2025

▪️စိတ်ပျက်ခြင်းဆိုတာ တစ်ဖက်သားအပေါ်အများကြီးမျှော်မိသွားတဲ့အခါ ဖြစ်ပေါ်လာတတ်တဲ့အရာပါ...

▪️ကိုယ်ကမေတ္တာပေးလို့ မေတ္တာပြန်ရမယ်လို့လူတိုင်းအပေါ် ပုံသေတွက်လို့မရဘူး...

▪️လူတွေဆီက အများကြီးမျှော်လင့်ထားခြင်းက သင့်ကိုနာကျင်စေဖို့ အခွင့်အရေးတွေပေးလိုက်ခြင်းပါ...

▪️ဒါကြောင့် ပေးပြီးရင် ဘာကိုမှမမျှော်လင့်နဲ့ကိုယ်နဲ့တန်တဲ့အရာကတော့ တန်ပြန်လာမှာပါပဲ အကယ်၍မလာခဲ့ဘူးဆိုရင်တောင်သူ့အပေါ် ရှိနေတဲ့ ကိုယ့်ရဲ့ဝဋ်ကြွေးတွေ ကျေသွားတယ်လို့ပဲမှတ်ယူလိုက်ပါ...

▪️ချစ်ခြင်းမေတ္တာဆိုတာ လုပ်ယူလို့ရတာမဟုတ်တဲ့အတွက် ကိုယ့်ကိုကိုယ် ချစ်ပါ
ကိုယ့်ရဲ့ကွက်လပ်ကို ကိုယ်အရင်ဖြည့်ပါ
ကိုယ့်ကိုကိုယ်ချစ်လို့ပိုလျှံလာတဲ့အခါမှ သူတစ်ပါးဆီက ရဖို့ဘာမှမျှော်လင့်မိတော့မှာမဟုတ်ဘူးလေ...

▪️မေတ္တာငတ်တဲ့သူက မေတ္တာပိုပေးမိတာ
မဆန်းပေမဲ့ တန်ဖိုးမသိရင် အဲ့ဒီမေတ္တာကလည်း ဘာတန်ဖိုးမှ ရှိမှာမဟုတ်ဘူး
ဒါကြောင့် ကိုယ်ပေးတဲ့မေတ္တာလည်း စစ်မှန်ပြီး ပေးတဲ့သူလည်းမှန်ကန်မှ နှစ်ဦးနှစ်ဖက် အေးချမ်းကြမှာပါ...

27/06/2025

🍀“ တစ်ရက်ချင်း ရှင်သန်ပါ။ “🍀


ကျွန်မတို့ရဲ့ စိတ်ခံစားမှုတွေကို ထိန်းချုပ်ချယ်လှယ်နေတာက ကျွန်မတို့ရဲ့ အတွေးတွေပဲ ဖြစ်ပါတယ်၊။ သတိထားပြီး သေသေချာချာ စောင့်ကြည့်မိရင် အချိန်တိုင်း အချိန်တိုင်း ကျွန်မတို့ အတွေးတွေ ကြားထဲမှာ လုံးထွေးရစ်ပတ်နေကြတာကို သတိထားမိပါလိမ့်မယ်။

မနေ့က အကြောင်းအရာတွေ..ဟိုးလွန်ခဲ့တဲ့ အချိန်ကာလက အကြောင်းအရာတွေဆီ အတွေးတွေ ပြန်ရောက်ပြီး ဟိုလိုမဆုံးဖြတ်ခဲ့မိလို့.ဒီလိုလုပ်ခဲ့ရရင် ကောင်းသား စသဖြင့် နောင်တ လှိုင်းလုံးတွေပေါ်မှာ တငြိမ့်ငြိမ့် စီးနေမိတတ်ပါတယ်။ ဒါမှ မဟုတ်ရင်လည်း ဖြစ်မလာသေးတဲ့ အကြောင်းအရာတွေကို ကြိုတင်မှန်းဆ တွေးတောပြီး ပူပန်ကြောင့် ကြနေမိပြန်ပါတယ်။

​ကျွန်မတို့ စိတ်ရဲ့ ပျော်ရွှင်ခြင်း၊ မပျော်ရွှင်ခြင်းတွေကို ကျွန်မတို့ရဲ့ အတွေးတွေက ထိန်းချုပ်ထားတာပါ။ ပျော်စရာလေးတွေ တွေးမိတဲ့အခါ ပြုံးလို့..စိတ်အနှောက်အယှက် ဖြစ်စရာ နာကျင်ဒေါသဖြစ်စရာ တွေးမိရင်တော့..မျက်နှာတွေ မှောင်ညှိုးပြီး မျက်မှောင်ကြုတ်မိ နှလုံးခုန်သံတွေ မြန်လာတော့တာပါ။

ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် တကယ် စိတ်ချမ်းသာ စေချင်တယ်ဆိုရင် ဘာဖြစ်လို့များ ကိုယ့်ရဲ့ စိတ်အကြည်ဓါတ်ကလေးကို ထိခိုက် ဖျက်ဆီးမယ့် အတွေးကို လက်သင့်ခံနေရတာပါလဲ။ တချို့ဆို စိတ်ညစ်စရာကို ရှာဖွေပြီးတော့တောင် တကူးတက တွေးတတ်ပါသေး တယ်..။ မတော်တဆ စိတ်လက်ပေါ့ပါး ပျော်ရွှင်နေမိချိန်မျိုးမှာတောင် ..”စောစောက ငါ စိတ်ညစ်စရာ တစ်ခု ရှိပါတယ်၊ ဘာများပါလိမ့်..”လို့ ရှာကြံပြန်တွေးပြီး စိတ်ညစ်စရာ အတွေးကို ပြန်ရှာဖွေ တွေးတောပါသေး တယ်။

​အတွေးကို ဘယ်လို ထိန်းချုပ်မလဲ၊ ကျွန်မတို့ တစ်ရက်ချင်းသာ ရှင်သန်ကြရပါလိမ့်မယ်။ မနေ့က အကြောင်းလည်း မစဉ်းစားနဲ့၊ မနက်ဖြန် အကြောင်းလည်း ကြိုတွေးပြီး ပူပန်မနေနဲ့၊ ဒီနေ့အကြောင်းပဲ တွေးကြည့် ပါ..။ ဒီနေ့ဆိုတဲ့ အိမ်ကလေးထဲမှာပဲ နေကြည့်ပါ၊ သောကနဲ့ ဝေးရာဆီ တရွေ့ရွေ့ သွားနေခြင်းပါပဲ။

​အောက်(စ်)ဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိရဲ့ “မုဒိတာဖြင့် လောကဓံကို ရင်ဆိုင်ခြင်း တရားတော်” မှာတော့ ကိုယ် ငယ်ငယ်တုန်းက ကြိုးစားခဲ့တာကို ပြန်တွေးပြီး ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူပါ..လို့ သင်ပေးပါတယ်..။

ကိုယ် ကြိုးစားအားထုတ်ခဲ့တာတွေ..အောင်မြင်ခဲ့တာတွေ ..ပျော်ရွှင်ခဲ့တာတွေကို ပြန်တွေးပြီး မုဒိတာစိတ်ကလေး ထက်သန်အောင်လေ့ကျင့်ပေးလို့ ရပါတယ်..။
အဲ့ဒီလို ပြန်တွေးခြင်းဖြင့် ကျွန်မတို့ရဲ့ အတွေးတွေကို အကောင်းဖက် ပိုတွေးမိအောင်..ပျော်ရွှင်စေတဲ့ အတွေးတွေ..ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူကျေနပ်တဲ့ အတွေးတွေ..ပိုမိုအားကောင်း လာစေပါတယ်။

​အတွေး ရှင်းတဲ့သူဟာ စိတ်လည်း ရှင်းပါတယ်..။
ကျွန်မနဲ့ ခင်ပွန်းဖြစ်သူမှာ ကျွန်မက အတွေးသမား၊ စေ့စေ့ပေါက်ပေါက် တွေးသလောက်..ခင်ပွန်းကတော့ ခေါင်းထဲမှာ ဘာအတွေးမှ ထည့်ထားလေ့ မရှိသူ ဖြစ်ပါတယ်။ အဲဒီတော့ ညအိပ်ယာဝင်တဲ့အချိန်မှာ သူက ခေါင်းချလိုက်တာနဲ့ပဲ..တုံးခနဲ အိပ်ပျော်ပြီး ဟောက်သံပါ ချက်ချင်း ထွက်လာသူပါ။ ကျွန်မမှာသာ အတွေးတွေ တတ်နိုင်သ၍ ကြိုးစားဖြတ်ပြီး အိပ်ပျော်ဖို့ ကြိုးစားယူရပါတယ်။

​ကျွန်မဘဝမှာ ကြီးမားတဲ့ လောကဓံနဲ့ ရင်ဆိုင်ခဲ့ရဖူးပါတယ်.။ လောကဓံရဲ့ ရိုက်ချက်က ပြင်းထန်လွန်း အားကြီးလို့ ရူးမတတ်ပါပဲ။ အဲ့ဒီအချိန်မှာ ကျွန်မကိုယ်ကျွန်မ ကုစားခဲ့တဲ့ နည်းကတော့ ..” တစ်ရက် ချင်း ရှင်သန်မယ်..”ဆိုတဲ့ နည်းပါပဲ။ မနက်ဖြန်အကြောင်း မစဉ်းစားဘူး၊ ဒီနေ့ တစ်နေ့စာပဲ နေမယ်၊ ဒီနေ့မှာ စိတ်ညစ်စရာတွေ ပူပန်ကြောင့်ကြ သောကဖြစ်စရာတွေ မတွေးဘူး.. ကိုယ့်ကိုယ်ကိုယ် စိတ်ချမ်းသာအောင် နေမယ်..ဆိုတဲ့ အတွေးနဲ့ တစ်ရက်ချင်းပဲ ဖြတ်သန်းခဲ့တာပါပဲ..။ ဘယ်လောက်ဆိုးတဲ့ လောကဓံပဲ ဖြစ်ပါစေ၊ အချိန်တစ်ခုပါပဲ၊ အချိန်တန်ရင် ပြီးဆုံးသွားရစမြဲပါပဲ။

ကျွန်မတို့ကို စိတ်သောက ဖြစ်စေတဲ့ အဓိက တရားခံက အချိန်မတန်သေးဘဲ..လိုချင်တာတွေ မရတဲ့အခါ..ဖြစ်ချင်တာတွေ ဖြစ်မလာသေးတဲ့အခါ..သည်းမခံနိုင်မှု၊ စိတ်မရှည်နိုင်မှုတွေကြောင့် စိတ်နှလုံးပူပန်ကြောင့်ကြ ဖြစ်ကြရတာပါ။ အချိန်တန်ရင် ဘယ်အရာကမှ တားဆီးထားလို့ မရပါဘူး၊ အချိန်တစ်ခုကိုတော့ စိတ်ရှည်ရှည် စောင့်ပေးဖို့ လိုပါတယ်။

​တချို့သော ပြဿနာတွေက ဖြစ်နေဆဲ အချိန်မှာ ကျွန်မတို့အတွက် ကြောက်ရွံ့စိုးရိမ်ဖွယ် သောက ပြင်းထန်စေသလောက် အချိန်တစ်ခု ကြာသွားလို့ ဒီပြဿနာအကြောင်း ပြန် စဉ်းစားကြည့်လိုက်တဲ့အခါ ဘာမှ မဟုတ်တော့သလို ခံစားရစေတတ်ပါတယ်၊။ အဲ့ဒီအချိန်တုန်းက ကိုယ် ဘယ်လောက် ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့သလဲ ဆိုတာကို ကျွန်မ တို့ ပြန်တွေ့ရမှာ ဖြစ်ပါတယ်။

ဒါကို ကြည့်ခြင်းအားဖြင့် ကျွန်မတို့ဆီမှာ ကိုယ့်ကိုယ်ကိုယ် မျှော်မှန်းမထားနိုင်လောက်အောင် လောကဓံကို ကြံ့ကြံ့ ခံနိုင်တဲ့ စွမ်းအားတွေ ကိုယ်စီကိုယ်ဌပိုင်ဆိုင်ထားကြတယ် ဆိုတာကို သဘောပေါက်နိုင်ပါတယ်။

​တချို့သော ကိစ္စတွေမှာ “ ဒီလိုသာ ဖြစ်ခဲ့ရင် ဘယ်လိုလုပ်ကြ မလဲ၊ ငါ့ဘဝတော့ သွားပါပြီ၊ ပျက်ပါပြီ..” စသဖြင့် စိုးရိမ်ပူပန် ကြောင့်ကြစိတ်တွေနဲ့ မအိပ်နိုင် မစားနိုင် စိတ်ဖိစီး ခံခဲ့ရသလောက် ကျွန်မတို့ စိုးရိမ်တဲ့အတိုင်း ဖြစ်မလာတတ်တာတွေလည်း ရှိတတ်တာပါပဲ။

ဖြစ်မလာ သေးတာကို ဖြစ်များဖြစ်လာခဲ့ရင်ဆိုတဲ့ ပူပန်သောကစိတ်နဲ့ ကြိုတွေးပြီး ပူပန်ရတာဟာ နှစ်ခါ ရှုံးပါတယ်..။ဖြစ်လာတဲ့ အခါမှပဲ ရင်ဆိုင်လိုက်တာ ပေါ့၊ လို့ ပြောင်းပြီး တွေးကြည့်တဲ့အခါ သောကက သိသိသာသာ လျော့ ပါးသွားပါတယ်။

မမြင်ရတဲ့ အရာကို မှန်းဆပြီး တွေးနေရတာက လူကို ကြောက်စိတ် ပိုစေပါတယ်၊၊ ဒါကြောင့် ကိုယ့်ရဲ့ စိတ်အကြည်ဓါတ်ကလေးကို ထိပါးနှောက်ယှက်မယ့် အတွေးမှန်သမျှကို ဖယ်ထုတ်ပစ်ရပါမယ်။ မနက်ဖြန်မှ ဖြစ်မှာကို ဒီနေ့ကတည်းက ကြိုမတွေးပါနဲ့၊ ဒီနေ့ တစ်ရက်ကိုသာ ကျကျနန ရင်ဆိုင်ကြည့်စေချင်ပါတယ်။

​တစ်ရက်ချင်းရှင်သန်ကြည့်ခြင်းက ကျွန်မတို့ကို သောကနဲ့ဝေးရာဆီ..ခေါ်ဆောင်ပေးပါလိမ့်မယ်။

#လွန်းထားထား
#သောကနဲ့ဝေးရာဆီ🍀

အလေ့အကျင့်ကောင်းတစ်ခုဟာ တည်ဆောက်ရတာခက်ပေမဲ့ ပျက်ဖို့ကလွယ်တယ်အလေ့အကျင့် (Habit) တစ်ခု တည်ဆောက်ဖို့အတွက် ၂၁ ရက်ကြတယ်၊ ၆၆ ရ...
19/06/2025

အလေ့အကျင့်ကောင်းတစ်ခုဟာ တည်ဆောက်ရတာခက်ပေမဲ့ ပျက်ဖို့ကလွယ်တယ်

အလေ့အကျင့် (Habit) တစ်ခု တည်ဆောက်ဖို့အတွက် ၂၁ ရက်ကြတယ်၊ ၆၆ ရက်ကြာတယ် စသဖြင့်ပြောကြတယ်။ ကိုယ်တည်ဆောက်မယ့် အကျင့်ပေါ်မူတည်ပြီး နှေးတာ၊ ကြာတာကွာနိုင်သလို တစ်ဦးနဲ့တစ်ဦးလည်း မတူနိုင်ဘူး။ တူတာတစ်ခုကတော့ အကျင့်တစ်ခုဟာ တည်ဆောက်ရတာခက်ပေမဲ့ ပျက်ဖို့ကတော့ ခဏလေးပဲ။

တချို့ လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့အတွက် လတွေနဲ့ချီတည်ဆောက်ထားရပေမဲ့ တစ်ပတ်နှစ်ပတ်လောက်မလုပ်ဖြစ်တာကနေ နောက်တစ်သက်လုံးမလုပ်ဖြစ်တော့တာမျိုးဖြစ်သွားတယ်။ တချို့ နေ့တိုင်းနီးပါး စာဖတ်ဖြစ်ဖို့ လနဲ့ချီကျင့်သားရအောင်တည်ဆောက်ထားရပေမဲ့ ရက်အနည်းငယ်ဖတ်ဖို့ပျက်ကွက်သွားတာကစပြီး တော်တော်နဲ့ပြန်မဖတ်ဖြစ်တော့ဘူးဖြစ်သွားတယ်။

လူ့သဘာ၀က မကောင်းတဲ့အကျင့်တွေနဲ့ နေရတာပျော်တယ်လို့ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကျင့်ဆိုး (Bad Habit) တွေက သက်သောင့်သက်သာဖြစ်တယ်လို့ ခံစားရစေပြီး အဲဒီခံစားချက်ကပဲ အကျင့်ဆိုးတွေနဲ့နေပျော်အောင် ကျွန်တော်တို့ကို ဆွဲဆောင်တာပါ။ အခုခေတ်ဆိုပိုသိသာတယ်။ နောက်ကျမှ အိပ်ရာဝင်မယ်၊ ဆိုရှယ်ဒီယာတစ်ချိန်လုံးသုံးမယ်ဆိုတာက ဘယ်သူမှ အတင်းအကျပ်မခိုင်းဘဲ ပျော်ပျော်ကြီးလုပ်ဖြစ်နေကြတာပဲ။ ဒါပေမဲ့ စောစောစီးစီး အိပ်ရာဝင်ဖို့၊ ဆိုရှယ်မီဒီယာကို အကန့်အသတ်နဲ့သုံးဖို့ကျတော့ ကိုယ့်ကိုယ်ကိုယ် တော်တော် ထိန်းချုပ်ရတယ်။

ဆိုတော့ ကောင်းတဲ့အကျင့် (Good Habit) တွေကို အမြဲလုပ်ဖြစ်နေဖို့က အကာင်းဆုံးနည်းလမ်းတစ်ခုက ကိုယ်ပိုင်စည်းကမ်း (Self-discipline) ထားရှိတာပဲ။ ဆိုပါတော့ ခင်ဗျား လေ့ကျင့်ခန်းကို တစ်ပတ် ၄ ကြိမ်လုပ်မယ်ဆို လုပ်ချင်ချင်၊ မလုပ်ချင်ချင်၊ စိတ်ပါပါ မပါပါ လုပ်ဖြစ်အောင်လုပ်ပါ။ မိုးရွာတာလို့၊ အလုပ်မအားလို့ဆိုပြီး အကြွေးမထားပါနဲ့။ မိုးရွာရင် အိမ်ထဲမှာလုပ်တာမျိုး၊ အလုပ်နောက်ကျရင် လေ့ကျင့်ခန်းကိုနောက်ကျမှလုပ်တာမျိုး လုပ်ဖြစ်အောင်လေ့ကျင့်ပါ။ တစ်နည်းမရ တစ်နည်းနဲ့လုပ်ဖို့ အကျင့်လုပ်ပါ။ လူဆိုတာ “အစရှိ အနောင်နောင်” ဆိုသလိုပဲ စလုပ်မိပြီဆိုတာနဲ့ နောက်ထပ်ဆက်လုပ်ဖို့၊ စပျက်ပြီဆိုတာနဲ့ နောက်ထပ်ပျက်ဖို့ အလားအလာများတယ်။

အလေ့အကျင့်ကောင်းတစ်ခုဟာ တည်ဆောက်ရတာခက်ပေမဲ့ ပျက်ဖို့ကလွယ်တယ်။

တစ်ခိုင်လုံး "နီ" လို့တစ်ပင်လုံး "ရဲ" ကြတယ်.."​နွေဥဩ" လေးတွေ တစ်ခါတစ်ခါ အလွမ်း တေးဆိုရင်"လက်ပံ" တစ်ချို့လည်း တစ်ခါတစ်ခါ ...
28/02/2023

တစ်ခိုင်လုံး "နီ" လို့

တစ်ပင်လုံး "ရဲ" ကြတယ်..

"​နွေဥဩ" လေးတွေ တစ်ခါတစ်ခါ အလွမ်း တေးဆိုရင်

"လက်ပံ" တစ်ချို့လည်း တစ်ခါတစ်ခါ လိုက်ငိုကြ တယ်...

"နွေဦး" ပန်း ချင်း အတူတူ

"ကံ့ကော်" တွေလို မမွှေးလို့ အားမငယ်နဲ့ "လက်ပံ"...

ကြွေ နွမ်း ပွင့်ချပ်လေးတွေကို

"တယုတယ" ဖမ်းဆုပ်ထွေးပွေ့ပြီး

"လုံခြုံနွေးထွေး" စေချင်တဲ့ လက်အစုံတို့

ရှိကောင်း ရှိနိုင်ပါသေးတယ်...

အားမငယ်နဲ့ "လက်ပံ" ......

"ကံကော်" ပန်းလေးတွေလို "ဥဩ" ငှက်လေးတွေလို

မင်းဟာလဲ "နွေးဦးရဲ့ ကျက်သရေ" ပါပဲ....

#လက်ပံ #နွေဦး

သူ့စရိတ်နဲ့သူသွားပါလိမ့်မယ်နောက်ကျော ဓားနဲ့ထိုးလိုက်တဲ့သူကိုလှည့်ကြည့်လိုက်တော့မိတ်ဆွေရင်းချာကြီး ဖြစ်နေတယ် ရင်ဘတ်ဆောင့်...
28/02/2023

သူ့စရိတ်နဲ့သူသွားပါလိမ့်မယ်
နောက်ကျော ဓားနဲ့ထိုးလိုက်တဲ့သူကို
လှည့်ကြည့်လိုက်တော့
မိတ်ဆွေရင်းချာကြီး ဖြစ်နေတယ်

ရင်ဘတ်ဆောင့်ကန် လိုက်တဲ့သူကို
မျက်နှာချင်းဆိုင် ကြည့်လိုက်တော့
လုပ်ဖော်ကိုင်ဖက်ကြီး ဖြစ်နေတယ်

ခေါင်းပေါ်ခြေထောက်နဲ့ ဖိထားတဲ့သူကို
သတိထားကြည့်လိုက်တော့
တစ်ခါ နှစ်ခါ
" ဆရာ " ခေါ်ဖူးတဲ့သူ ဖြစ်နေတယ်

ခြေထောက်အောက်
ငြှောင့်ဆူးထောင်ထားတဲ့သူကို
လှည့်ကြည့်လိုက်တော့
တပည့်ရင်းချာတစ်ဦး ဖြစ်နေတယ်

�ဘေးဘယ်ညာ , ဝဲနှစ်ဖက်မှာ
ဟုတ် … ဟုတ် , မဟုတ်.ဟုတ်
သွားပုတ်လေလွှင့်နေသူတွေကို
ကိုယ့်ရဲ့သတင်း လွှင့်နေသူတွေကို
လှမ်းကြည့်လိုက်တော့
" မျက်နှာစိမ်း " မဟုတ်တဲ့
" မျက်နှာကျက် " တွေဖြစ်နေပြန်တယ်

ဒီလောက်တောင် ခံနေရတာ
တောင်ဘာမှ မတုံ့ပြန်တော့
ဘူးလား " တဲ့....
အသံတစ်သံက မေးလေရဲ့

(ကိုယ်ပြုသောအမှု မဟုတ်လို့
တုန့်ပြန်ဖို့ လိုမယ်မထင်..
သူ့စားရိတ်နဲ့ သူသွားပါလိမ့်မည်)

ကိုယ့်အလုပ်ကိုယ်သာ ပြုံးပြုံးလေးဆက်လုပ်သွားရုံသာ ‼️

မူရင်း

Address

Mandalay

Telephone

+959260298795

Website

Alerts

Be the first to know and let us send you an email when Queen Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category