Zin Min Htunn

Zin Min Htunn 🚫 Life is short 🚫 🚫 life is short 🚫

မိသားစုအတွက် များများစားစား ပံ့ပိုးမပေးနိုင်သေးတဲ့ ကောင်ပေါ့ ၊အင်းလေ ခေတ်ပျက်ထဲက ဘဝတွေ ဆိုတော့လည်းကိုယ်ဖြစ်ချင်တာတွေဟာ ထ...
20/02/2026

မိသားစုအတွက်
များများစားစား ပံ့ပိုးမပေးနိုင်သေးတဲ့ ကောင်ပေါ့ ၊

အင်းလေ ခေတ်ပျက်ထဲက
ဘဝတွေ ဆိုတော့လည်း
ကိုယ်ဖြစ်ချင်တာတွေဟာ
ထင်သလောက် မလွယ်ကူလှပါဘူး ။

တကယ်တမ်းသာ
လက်ဆုပ်လက်ကိုင် ပြနိုင်ခဲ့မယ်ဆိုရင်
အိမ်အတွက်ဆိုတဲ့ အိပ်မက်တွေဟာ
ကျုပ်တို့မှာ တခမ်းတနားကြီးကို ရှိပါတယ် !!

အိပ်မက်ဆိုတဲ့ ဘူတာလေးရဲ့ အဝေးမှာစိတ်ဒဏ်ရာတွေတငွေ့ငွေ့ လောင်ကျွမ်းခံနေရတဲ့ ရထားတွေပါ ။ရင်မောစရာတွေ ခင်းကျင်းထားတဲ့ သံလမ်း...
16/02/2026

အိပ်မက်ဆိုတဲ့ ဘူတာလေးရဲ့ အဝေးမှာ

စိတ်ဒဏ်ရာတွေ
တငွေ့ငွေ့ လောင်ကျွမ်းခံနေရတဲ့ ရထားတွေပါ ။

ရင်မောစရာတွေ
ခင်းကျင်းထားတဲ့ သံလမ်းထဲ မှာ
အပြေးအလွှား ခုတ်မောင်းရင်းနဲ့

ဒီလူငယ်တွေဟာ ပင်းပန်းနေခဲ့တာ ကြာပြီ !!

လူငယ်တဲ့ …မတရားသဖြင့် အတိုက်စားခံရတဲ့မြေနုကျွန်းတွေပါ ။တချို့တွေမှာ တစ်ဘဝလုံး နစ်မြုပ်ခံရသလို ၊တချို့တွေမှာတော့ ကိုယ်မျှ...
03/02/2026

လူငယ်တဲ့ …

မတရားသဖြင့် အတိုက်စားခံရတဲ့
မြေနုကျွန်းတွေပါ ။

တချို့တွေမှာ တစ်ဘဝလုံး နစ်မြုပ်ခံရသလို ၊

တချို့တွေမှာတော့
ကိုယ်မျှော်လင့်ထားတဲ့ အနာဂတ်ထဲ
ရပ်တည် ရှင်သန်နိုင်ဖို့ ၊

ကိုယ်နဲ့ အံဝင်ခွင်ကျ မဖြစ်တဲ့ နေရာဒေသတွေမှာ
ခေါင်းငုံ့ မာန်လျှော့ပြီး
ဘဝကို အဆင်ပြေသလို
ကပ်တွယ် သောင်တင်နေကြရပြန်တယ် !!

အရာအားလုံးဟာ အကြောင်းပြချက်ရှိလို့ ဖြစ်ပျက်လာတာဖြစ်ပြီး အချိန်က အကြောင်းပြချက်ကို သက်သေပြသွားပါလိမ့်မယ်
30/01/2026

အရာအားလုံးဟာ အကြောင်းပြချက်ရှိလို့
ဖြစ်ပျက်လာတာဖြစ်ပြီး အချိန်က အကြောင်းပြချက်ကို သက်သေပြသွားပါလိမ့်မယ်

အတိတ်တွေဆီ ပြန်တွေးနေလို့လည်းလက်ရှိကမ္ဘာဟာ ပိုပျော်လာမှာ မဟုတ်ဘူး...တကယ်လို့ ရှင်သန်နေရတဲ့ဘဝဟာစာအုပ်ထဲက ပုံသေနည်းအတိုင်း...
30/01/2026

အတိတ်တွေဆီ ပြန်တွေးနေလို့လည်း
လက်ရှိကမ္ဘာဟာ
ပိုပျော်လာမှာ မဟုတ်ဘူး...

တကယ်လို့ ရှင်သန်နေရတဲ့ဘဝဟာ
စာအုပ်ထဲက ပုံသေနည်းအတိုင်းဆိုရင်
ငါတို့ရပ်နေတဲ့ လက်ရှိနေရာမှာ
ပိုပျော်အောင်ပဲ နေသင့်တယ် ။

အတတ်နိုင်ဆုံး အမှားတွေကိုဆင်ခြင်ပြီး
နောင်တအနည်းဆုံးနဲ့ ရှင်သန်သင့်တယ်...။

မရနိုင်တာတွေကို မလိုချင်ခြင်းဖြင့် စိတ်ကျန်းမာအောင်နေပါတယ်။
30/01/2026

မရနိုင်တာတွေကို မလိုချင်ခြင်းဖြင့်
စိတ်ကျန်းမာအောင်နေပါတယ်။

လောကဓံကိုပြင်းပြင်းထန်ထန် ခုခံနေရတဲ့ အချိန်တွေပေါ့ ၊ခက်ခဲလိုက်တာလို့တော့ထူးပြီး မညည်းညူချင်တော့ပါဘူး ။ဒီကမ္ဘာ ဒီနေရာမှာဒ...
30/01/2026

လောကဓံကို
ပြင်းပြင်းထန်ထန် ခုခံနေရတဲ့ အချိန်တွေပေါ့ ၊

ခက်ခဲလိုက်တာလို့တော့
ထူးပြီး မညည်းညူချင်တော့ပါဘူး ။

ဒီကမ္ဘာ ဒီနေရာမှာ
ဒီလိုမျိုး ကြုံတွေ့ရမယ်ဆိုတဲ့ ဝဋ်‌ကြွေးတွေ
ကျုပ်တို့မှာ ရှိခဲ့တယ်လို့ပဲ သတ်မှတ်လိုက်ပါမယ် !!

အတွင်းစိတ်ကလာတဲ့ ပျော်ရွှင်မှုရယ်၊ခိုးယူလို့မရတဲ့ ကျန်းမာရေးကလွဲပြီးဘဝတစ်သက်မှာကြွားဝါဖို့ ဘာမှ တန်ဖိုးရှိမနေပါဘူး။
30/01/2026

အတွင်းစိတ်ကလာတဲ့ ပျော်ရွှင်မှုရယ်၊
ခိုးယူလို့မရတဲ့ ကျန်းမာရေးကလွဲပြီး

ဘဝတစ်သက်မှာ
ကြွားဝါဖို့ ဘာမှ တန်ဖိုးရှိမနေပါဘူး။

ဆက်ဆံရေးတိုင်းမှာ တတ်နိုင်သမျှ အကောင်းဆုံးဆိုတာပဲ ပေးခဲ့တာမလို့ ဆက်ကောင်းပေးဖို့ မတန်တော့ဘူးလို့ ထင်မိတဲ့အခါ လိပ်ပြာလုံစ...
27/01/2026

ဆက်ဆံရေးတိုင်းမှာ တတ်နိုင်သမျှ
အကောင်းဆုံးဆိုတာပဲ ပေးခဲ့တာမလို့
ဆက်ကောင်းပေးဖို့ မတန်တော့ဘူးလို့ ထင်မိတဲ့အခါ လိပ်ပြာလုံစွာနဲ့ နှုတ်ဆက်ဖို့လဲ ဝန်မလေးတတ်ပါဘူး။

ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံမှာ ကိုယ်နေပြီး ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံကို ကိုယ်လွမ်းလှ။ ▪️အောင်ချိမ့်
26/01/2026

ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံမှာ ကိုယ်နေပြီး
ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံကို ကိုယ်လွမ်းလှ။

▪️အောင်ချိမ့်

မိဘကြောင့် ကိုယ်အဆင်တွေပြေခဲ့သလိုကိုယ့်ကြောင့်လည်း မိဘကိုတစ်ဖန်ပြန်အဆင်တွေပြေစေချင်ပါတယ်။နိုင်တဲ့ဝန် ရတဲ့အင်အားလေးတွေနဲ့...
26/01/2026

မိဘကြောင့် ကိုယ်အဆင်တွေပြေခဲ့သလို
ကိုယ့်ကြောင့်လည်း မိဘကို
တစ်ဖန်ပြန်အဆင်တွေပြေစေချင်ပါတယ်။

နိုင်တဲ့ဝန် ရတဲ့အင်အားလေးတွေနဲ့
အများကြီး ပြီးပြည့်မစုံနိုင်ခဲ့ရင်တောင်
လိုချင်တာလေးတွေတော့
ဝယ်ပေးနိုင်ချင်ပါသေးတယ်။ ♥

အခုအချိန်မှာ...ဘာကိုယ် သတိရဆုံးလဲမေးရင်ကမ္ဘာကြီးမှာ ရှင်သန်ရတာဘယ်လောက်ထိပင်ပန်းကြောင်း မသိခဲ့တဲ့ တစ်ချိန်တုန်းကငယ်ဘဝတွေက...
26/01/2026

အခုအချိန်မှာ...
ဘာကိုယ် သတိရဆုံးလဲမေးရင်

ကမ္ဘာကြီးမှာ ရှင်သန်ရတာ
ဘယ်လောက်ထိပင်ပန်းကြောင်း မသိခဲ့တဲ့

တစ်ချိန်တုန်းက
ငယ်ဘဝတွေကိုယ် ပြန်သတိရတယ်..... ။

Address

Mandalay

Telephone

+959799400016

Website

Alerts

Be the first to know and let us send you an email when Zin Min Htunn posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Zin Min Htunn:

Share