Fly Photography

Fly Photography Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Fly Photography, Photography Videography, 38st, 71-72, Mandalay.

Hot Line - 09768451234,09440054625
We are based in Mandalay.📍
We offer a wide range of photography services including wedding, pre-wedding, dinner events, portraits, , birthday events, as well as both indoor and outdoor photo shoots. 38 71-72 St Mandalay

Simply Radiant 🌸✨
09/03/2026

Simply Radiant 🌸✨

07/03/2026

ယနေ့ The Palace မင်္ဂလာဧည့်ခံပွဲ Recap✨🎞️

27/02/2026

Mandalay Wedding Dinner 💍🥂
Presented By : Fly Photography

#



THE BEGINNING 💍🥂Presented By : Fly Photography 🎞️
23/02/2026

THE BEGINNING 💍🥂

Presented By : Fly Photography 🎞️




မင်္ဂလာဆောင်အစီအစဉ် တစ်ခုအတွက် မဖြစ်မနေသိထားသင့်တဲ့အကြံဉာဏ်များ 🎯မင်္ဂလာဆောင်နေ့ဆိုတာ လူတိုင်းအတွက် သက်တမ်းတစ်လျှောက်လုံ...
20/02/2026

မင်္ဂလာဆောင်အစီအစဉ် တစ်ခုအတွက် မဖြစ်မနေသိထားသင့်တဲ့အကြံဉာဏ်များ 🎯

မင်္ဂလာဆောင်နေ့ဆိုတာ လူတိုင်းအတွက် သက်တမ်းတစ်လျှောက်လုံးမှတ်မိနေစေတဲ့ အထူးနေ့တစ်ရက်ဖြစ်ပါတယ်။ အဲ့ဒီနေ့မှာ စီစဉ်ရမယ့်အရာတွေဟာ အများကြီးရှိသော်လည်း စနစ်တကျစဉ်းစားပြီး စီမံနိုင်ပါက မိမိမင်္ဂလာဆောင်ပွဲကို ပျော်ပျော်ရွှင်ရွှင် ကျင်းပနိုင်မှာဖြစ်ပါတယ်

အောက်ဖော်ပြပါ မင်္ဂလာအစီအစဉ်ဆိုင်ရာ အကြံဉာဏ်များကို လေ့လာခြင်းဖြင့် မင်္ဂလာဆောင်ပြင်ဆင်မှုတွင် ယုံကြည်စိတ်ချမှုကို ရရှိနိုင်ပါလိမ့်မယ်။

1.Budget သတ်မှတ်ခြင်းသည် အဓိကဖြစ်သည်။
မင်္ဂလာဆောင်အစီအစဉ်တစ်ခုမှာ Budget စံချိနသတ်မှတ်ခြင်း အရေးကြီးပါတယ်။ ဘယ်အရာတွေကို ဘယ်လောက်သုံးစွဲမလဲဆိုတာ သေသေချာချာ စာရင်းပြုစုထားဖို့ လိုပါတယ်။
အကြံပြုချက်များ - Venue, Food, Dress, Photography, Floral စတဲ့အကြောင်းအရာအလိုက် ခန့်မှန်းထားသောအသုံးစရိတ်စာရင်းရေးပါ။
•အရေးမကြီးသည့်အရာများအတွက် ထပ်မံကုန်ကျမှုများမှ သက်သာအောင်ရှောင်ရှားနိုင်ပါတယ်။
မျှော်လင့်ထားသည့်ဘတ်ဂျက်ထက် 10% လောက် ပိုထည့်ထားလျှင် လိုအပ်လာသည်ရှိသော် ပိုအဆင်ပြေနိုင်ပါတယ်။

2.အချိန်ဇယားလုပ်ထားခြင်း (Timeline Planning)
မင်္ဂလာဆောင်ပြင်ဆင်မှုတွေကို တစ်ခါတည်းမလုပ်ဘဲ၊ တစ်လအတွင်း / တစ်ပတ်အတွင်း အရင် လုပ်ရမယ့်အရာများကို ကြိုသတ်မှတ်ထားခြင်းဖြင့် စိတ်ဖိစီးမှုကို လျော့နည်းစေပါတယိ
ဥပမာ -
6 to 8 လအလို - venue ရွေးချယ်, wedding planner ခန့်အပ်
3 to 5 လအလို - ကိုယ်ဝတ်မယ့် Dressရွေးချယ်/photographer စာချုပ်, invitation print
1 လအလို - final dress fitting, ဧည့်သည်စာရင်း confirm, honeymoon arrangement
1 ပတ်အလို - rehearsal,

3. ဧည့်သည်စာရင်းအား စနစ်တကျ ချမှတ်ပါ။

ဧည့်သည်စာရင်းသည် venue ရွေးချယ်မှု၊ invitation card ပမာဏတို့ကို သတ်မှတ်ပါ
အကြံပြုချက် -မိသားစုရဲ့ ဆွေမျိုး /အရင်းနှီးသူများကို ဦးစားပေးပါ။

4.အတွေ့အကြုံရှိသူများနှင့် တိုင်ပင်ဆွေးနွှေးပါ
သင့်အတွက် first experience ဖြစ်တဲ့ event တစ်ခုမှာ အတွေ့အကြုံရှိသူတစ်ဦးရဲ့အကြံဉာဏ်က တန်ဖိုးကြီးပါတယ်။ Wedding planner ဖြစိစေ၊ Photographer/ Make-up artist, Floral Decorator, တို့နဲ့ ညှိနှိုင်းပြီးလုပ်ကိုင်ခြင်းသည် ပိုမိုစနစ်တကျဖြစ်စေနိုင်ပါတယ်။
အကြံပြုချက် -မင်္ဂလာဆောင်မယ့်သတို့သား သတို့သမီးက ပြင်ဆင်မှုမတိုင်ခင်နေ့တွေမှာ စိတ်ပင်ပန်းမှုများရှိတတ်တဲ့အတွက် ဘေးနားမှာmanageလုပ်ပေးမယ့်သူတဦး ရှိဖို့လိုပါတယ်။ အာ့မှ လိုအပ်တဲ့အရာတွေသူကို့ အသေးစိတ်ပြောပြပီး ညှိနှိုင်းနိုင်မှာဖြစ်ပါတယ်

5.မင်္ဂလာဆောင်ဟာ မိမိတို့နှစ်ယောက်ရဲ့ စိတ်ကူးtheme ကိုချပြရာအချိန်ဖြစ်တဲ့အတွက်၊ 2ယောက်သေချာတိုင်ပင်ဆွေးနွှေးပါ
Traditional မင်္ဂလာအခမ်းအနား vs. Modern wedding
Indoor Ballroom သို့ Outdoors မြက်ခင်းပြင်တစ်နေရာ ဘယ်မှာ လုပ်ချင်လဲ မိမိကျင်းပမယ့်အချိန် seasonပေါ်မူတည်ပြီး စဉ်းစားဖို့ အကြံပြုပေးချင်ပါတယ်။

Fly Photography ✨

Fly Photography Mandalay




Fly Photography ကို Founder (၂) ယောက်မှ2018 ခုနှစ် တွင် စတင်တည်ထောင်ခဲ့ပါသည်။Fly Photography သည် Mandalay မြို့ တွင် 201...
07/02/2026

Fly Photography ကို Founder (၂) ယောက်မှ
2018 ခုနှစ် တွင် စတင်တည်ထောင်ခဲ့ပါသည်။

Fly Photography သည် Mandalay မြို့ တွင် 2018 ခုနှစ်မှ စ၍ Photography Service များကို တရားဝင်စတင်ပေးခဲ့ပြီး၊ စတင်ကာလဖြစ်သော 2018 / 2019 / 2020 အတွင်း
• Beauty Portrait
• Convocation / Graduation
• Table Top Photography
• Pre-Wedding (အချို့)
တို့ကို အဓိကအနေဖြင့် ရိုက်ကူးပေးခဲ့ပါသည်။

2021 ခုနှစ်မှစတင်၍ Wedding Photography & Videography များကို အထူးအာရုံစိုက်ကာ
Professional Wedding Events ပွဲပေါင်း200ကျော်ကို စနစ်တကျ ရိုက်ကူးပေးလာခဲ့ပါသည်။

2021 မှ 2026 အထိ
Fly Photography သည်
• Wedding Events
• Pre-Wedding
• Birthday Events
• Local Brand Photo Shoot
• Beauty Portrait
• Event Photography (အမျိုးမျိုး)
• Indoor / Outdoor Photography Services
စသည်ဖြင့် Photography & Videography Service များကို အပြည့်အဝ ပေးဆောင်လျက်ရှိပါသည်။

အတွေ့အကြုံများ၊ ဖန်တီးမှုအမြင်များနှင့် Professional Workflow များကို ပေါင်းစပ်ကာ
အမှတ်တရအခိုက်အတန့်တိုင်းကို တန်ဖိုးရှိစွာ ဖန်တီးပေးနေရခြင်း သည် Fly Photography ၏ အဓိကရည်ရွယ်ချက်ဖြစ်ပါသည်။








06/02/2026

ထိုင်မသိမ်းပွဲလေး Recap ✨







#ထိုင်မသိမ်း
#မင်္ဂလာဆောင်

💍 မြန်မာ့ဓလေ့ “စေ့စပ်မင်္ဂလာပွဲ” အကြောင်း🌸စေ့စပ်မင်္ဂလာပွဲ ဆိုတာကသတို့သား၊ သတို့သမီး နှစ်ဦးအကြားအိမ်ထောင်ရေးအတွက် တရားဝင...
20/01/2026

💍 မြန်မာ့ဓလေ့ “စေ့စပ်မင်္ဂလာပွဲ” အကြောင်း🌸

စေ့စပ်မင်္ဂလာပွဲ ဆိုတာက
သတို့သား၊ သတို့သမီး နှစ်ဦးအကြား
အိမ်ထောင်ရေးအတွက် တရားဝင်ကတိပြုခြင်း ဖြစ်ပြီး
မင်္ဂလာဆောင်မတိုင်မီ လုပ်ဆောင်ရတဲ့
အရေးပါဆုံးသော မြန်မာ့ရိုးရာဓလေ့တစ်ရပ်ပါ။

⸝

🌿 စေ့စပ်မင်္ဂလာပွဲ၏ အဓိပ္ပါယ်
• 🤝 နှစ်ဖက်မိသားစုများ၏ တရားဝင် သဘောတူညီမှု
• 💖 သတို့သား၊ သတို့သမီး နှစ်ဦး၏ သစ္စာကတိ
• 🏡 မိသားစုနှစ်ဖက် ပေါင်းစည်းခြင်း၏ အစ
• 📜 မင်္ဂလာဆောင်အတွက် လိုအပ်သည်များ အခြေခံကျ ပြောကြားကျခြင်း
⸝

💐 စေ့စပ်မင်္ဂလာပွဲ ဘယ်လိုလုပ်သလဲ?

1️⃣ လူကြီးမင်းများ စကားပြောခြင်း
• သတို့သားဘက်မှ လူကြီးများက
သတို့သမီးဘက်အိမ်ကို သွားရောက်
စေ့စပ်ရန် စကားပြောဆိုခြင်း ကို လုပ်ဆောင်ပါတယ်
• ယဉ်ကျေးမှုအရ လူကြီးမိဘတွေစကားပြောကြခြင်းကသာ ပိုအရေးပါပါတယ်

⸝

2️⃣ စေ့စပ်ပစ္စည်းများ ပေးအပ်ခြင်း

အများအားဖြင့် ပါဝင်တဲ့ ပစ္စည်းများက–
• 💍 စေ့စပ်လက်စွပ်
• 💰 ငွေကျပ် / ရွှေ

👉 ကံကောင်းမှု၊ ချမ်းသာကြွယ်ဝမှုကို ကိုယ်စားပြုပါတယ်

⸝

3️⃣ လက်စွပ်လဲလှယ်ခြင်း
• သတို့သား၊ သတို့သမီး အကြား
စေ့စပ်လက်စွပ်ကို လဲလှယ်ဝတ်ဆင်ကြပါတယ်
• အိမ်ထောင်ရေးအတွက် ကတိပြုခြင်း ဖြစ်ပါတယ်

⸝

4️⃣ မင်္ဂလာနေ့ သတ်မှတ်ခြင်း
• စေ့စပ်ပြီးနောက်
မင်္ဂလာဆောင်မည့် နေ့ရက်ကို သဘောတူ သတ်မှတ်ပါတယ်
• အချိန်ကောင်းကို တွက်ချက်ပြီး ဆုံးဖြတ်ကြပါတယ်

⸝

👗 စေ့စပ်ပွဲ ဝတ်စားဆင်ယင်မှု
• မြန်မာရိုးရာ ဝတ်စုံ

⸝

💡 ယနေ့ခေတ် စေ့စပ်မင်္ဂလာပွဲ

ယနေ့ခေတ်မှာ
• Traditional + Modern style ပေါင်းစပ်လုပ်ကြတယ်
• Hotel, Restaurant, Home ceremony စတဲ့နေရာတွေမှာ ပြုလုပ်ကြတယ်
• Simple engagement ceremony အဖြစ် လုပ်ကြတာများလာပါတယ်










Signing Day 💍🖊️🌿Presented by Fly Photography MUA Nan Wine Zarchi Naing
18/01/2026

Signing Day 💍🖊️🌿
Presented by Fly Photography

MUA Nan Wine Zarchi Naing








💍 မင်္ဂလာဆောင်နေ့မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အမှားများ ⚠️မင်္ဂလာဆောင်နေ့ဆိုတာဘဝတစ်လျှောက် မမေ့နိုင်တဲ့ အရေးကြီးဆုံးနေ့တစ်နေ့ပ...
17/01/2026

💍 မင်္ဂလာဆောင်နေ့မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အမှားများ ⚠️

မင်္ဂလာဆောင်နေ့ဆိုတာ
ဘဝတစ်လျှောက် မမေ့နိုင်တဲ့ အရေးကြီးဆုံးနေ့တစ်နေ့ပါ။
ဒါပေမယ့် စီစဉ်မှုနည်းနည်းလွဲသွားရင်
မလိုလားအပ်တဲ့ အမှားတွေ ဖြစ်လေ့ရှိပါတယ်။

အောက်မှာတော့ မင်္ဂလာဆောင်နေ့မှာ မကြာခဏတွေ့ရတဲ့ အမှားများ ကို စုစည်းပေးထားပါတယ်👇

⸝

❌ 1️⃣ မင်္ဂလာအချိန်ကို မလိုက်နာနိုင်ခြင်း
• စုလျားရစ်ပတ်၊ လက်စွပ်လဲလှယ် ပန်းကုံးစွတ်ချိန်နောက်ကျ၍ အစီစဉ်ထဲပါသော လူကြီးမိဘများစောင့်နေရတတ်
သတ်မှတ်ထားတဲ့ မင်္ဂလာအချိန်မမီခြင်း

👉 အကြံပြုချက် – Timeline ကို ကြိုတင်ရေးဆွဲပြီး MC နဲ့ သေချာညှိပါ

⸝

❌ 2️⃣ သတို့သား၊ သတို့သမီး အရမ်းပင်ပန်းသွားခြင်း
• မနက်အစောကြီးထ၊ မိတ်ကပ်လိမ်းချိန်ကြာ / ညကအစောမအိပ်ထားပဲ မနက်အစောထရခြင်း
• ဧည့်သည်တွေကို မရပ်မနား တွေ့ဆုံရခြင်း

👉 အပြုံးမပါဘဲ ပင်ပန်းနေတဲ့ ပုံရိပ်တွေ ထွက်တတ်ပါတယ်

👉 အကြံပြုချက် – Rest time (အနားယူချိန်) ကို Timeline ထဲ ထည့်ထားပါ

⸝

❌ 3️⃣ ဝတ်စားဆင်ယင်မှု မသင့်တော်ခြင်း
• Heavy dress အရမ်းကြီးလွန်းခြင်း
• Venue နဲ့ မလိုက်ဖက်တဲ့ outfit ရွေးထားခြင်း
• လမ်းလျှောက်ရ မလွယ်ကူခြင်း

👉 အကြံပြုချက် – Test fitting ကို ကြိုလုပ်ပါ

⸝

❌ 4️⃣ ဧည့်သည်စီမံခန့်ခွဲမှု မကောင်းခြင်း
• Seating plan မရှင်းလင်း
• လူကြီးများနေရာ မပြင်ဆင်ထားခြင်း
• Reception area ရှုပ်ထွေးခြင်း

👉 အကြံပြုချက် – ဧည့်ကြို ထားထားပါ

⸝

❌ 5️⃣ Photographer / Videographer နဲ့ မညှိထားခြင်း
• အရေးကြီး moment တွေ မဖမ်းမိခြင်း
• စုလျားရစ်ပတ်၊ လက်စွပ်လဲလှယ် ခြင်း သေချာ မရိုက်လိုက်ရခြင်း

👉 အကြံပြုချက် – Ceremony flow ကို ကြိုရှင်းပြထားပါ

⸝

❌ 6️⃣ မိုး၊ ရာသီဥတုအတွက် Plan B မရှိခြင်း
• Outdoor wedding မှာ မိုးရွာရင် အခက်အခဲဖြစ်တတ်

👉 အကြံပြုချက် – Backup plan အမြဲထားပါ

⸝

❌ 7️⃣ လူကြီးများအတွက် အချိန်နဲ့ အဆင်ပြေမှု မထည့်စဉ်းစားခြင်း
• အချိန်ကြာစောင့်ရခြင်း
• ထိုင်ခုံ မလုံလောက်ခြင်း

👉 မြန်မာမင်္ဂလာဆောင်မှာ
လူကြီးများကို အလွန်အရေးထားရပါတယ်

⸝

👉 အကြံပြုချက် – Planner အပ်နိုင်ရင်ပိုကောင်းပါတယ်

⸝

✨ အမှားတွေကို ကြိုသိထားရင်
မင်္ဂလာဆောင်နေ့ကို ပိုပြီး ပျော်ရွှင်၊ အမှတ်တရဖြစ်အောင်
ဖန်တီးနိုင်ပါတယ် ✨






နှစ်သစ်နဲ့အတူ Package လေးတွေ Update လုပ်ထားပါတယ် ✨စျေးတက်တာမဟုတ်ဘဲပိုကောင်းတဲ့ Service နဲ့Quality ပိုကောင်းတဲ့ Experienc...
05/01/2026

နှစ်သစ်နဲ့အတူ Package လေးတွေ Update လုပ်ထားပါတယ် ✨
စျေးတက်တာမဟုတ်ဘဲ
ပိုကောင်းတဲ့ Service နဲ့
Quality ပိုကောင်းတဲ့ Experienceကို
Client တိုင်းရရှိစေချင်တဲ့ စိတ်လေးနဲ့ ပြောင်းလဲလိုက်တာပါ 🥰

Package စျေးနှုန်းလေးတွေကို အနည်းငယ်
Re-structure လုပ်ထားပါတယ်🤍

Fly Photography ရဲ့ Signature Luxury Style ကို
နှစ်သစ်မှာ ပိုမိုပြည့်စုံအောင် ခံစားနိုင်ဖို့
Package အသစ်လေးတွေကို မိတ်ဆက်ပေးလိုက်ပါတယ်💎

For moe details about
Fly Photography Wedding Packages ✨

Package အသေးစိတ်အချက်အလက်များကို
📩 Page Messenger
📞 Hotline 09-768451234 : 09-440054625
📲 Viber
မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ် 🤍





Address

38st, 71-72
Mandalay

Telephone

09768451234

Website

Alerts

Be the first to know and let us send you an email when Fly Photography posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share