02/06/2026
Unattainable / မမီမကမ်း
တဖြည်းဖြည်းနဲ့ သာမန်အရာလေးတွေ၊
သာမန်ထက်ပိုလျော့တဲ့အရာလေးတွေကအစ
နေနေရင်းနဲ့ပဲ နေ့စဉ်ဘဝမှာ
ကျတော်တို့နဲ့ဝေးကွာလာတယ်။
ပန်းတွေပွင့်တာမြင်ရတယ် ဒါပေမဲ့ခဏတဖြုတ်ပဲ၊
ပန်းရနံ့တွေခံစားဖို့အချိန်မရှိခဲ့။
ချစ်ခြင်းမေတ္တာရှားပါးလာမှုကြုံရတယ်။
ပြူတင်းပေါက်တွေ ပြူတင်းပေါက်တွေမျိုးစုံက
ဝင်လာတဲ့ရှုခင်းတွေကိုလဲ
တမေ့တမောထိုင်မကြည့်နေနိုင်ဘူး။
ခံစားမှု ၊ အချိန် ၊ နေရာ အားလုံးဟာ
တဖြည်းဖြည်း မမီမကမ်း တိုတောင်းရှားပါးလာ……
Sometimes, even the most ordinary things
can able to make us feel out of reach,
out of league these days.
We can’t sense the smells of blossoms.
We can’t feel the love in its fullest form.
We can’t catch the scenery from those windows.
Yes, many else we can’t attain
at the present moment…
ဒါရှင်းရဲ့ ဒုတိယမြောက် တကိုယ်တော်ဓာတ်ပုံပြပွဲဖြစ်ပါတယ်။
မနှစ်ကဒီအချိန်မှာ ငလျင်အပြီးမှာ ပထမဆုံးပြပွဲပြခဲ့တယ်။
ကျိုးပဲ့ကြေပျက်နေခြင်းတွေထဲက အုတ်ပုံတွေ အပျက်အစီးတွေပေါ့၊
ကျနော်ရိုက်ခဲ့တဲ့ အနုအရွပုံစံနဲ့ဆက်စပ်မရတဲ့
အကြောင်းအရာမျိူးပြခဲ့ပါတယ်။
အခုတခေါက်ကကျ ဒီခေါင်းစဉ်အတိုင်းလက်လှမ်းမမီတာတွေ ဝေဝါးခြင်းတွေပေါ့။ ကင်မရာထဲမှာဖမ်းမိပေမဲ့လက်တွေ့မှာဖမ်းမမိတာတွေ အမြင်အာရုံထဲ
ဖျတ်ခနဲဝင်လာပေမဲ့စက္ကန့်ပိုင်းအတွင်းပြန်ပျောက်သွားတာတွေ
ဖမ်းယူဆုပ်ကိုင်မရခြင်းတွေ၊ ကျနော့်ဓာတ်ပုံတွေက တဖြည်းဖြည်းနဲ့ပဲအနုအရွဓာတ်ပုံတွေမဟုတ်တော့ပါဘူး။
Social Media မှာမတင်ဖူးတဲ့ပုံအများအပြား ပြပါမယ်
တချို့ပုံတွေကိုအောက်က Albumမှာတင်ဖူးတယ်။
https://www.facebook.com/share/p/1DuS6TUEoN/?mibextid=wwXIfr
Unattainable / မမီမကမ်း
2nd Solo Exhibition by SHIN Captures
Arranged by ပရိတ္တဝါအနုပညာပြခန်း-မေမြို့
(June 6~10)
မေဆိုတဲ့မြို့လေးရဲ့မိုးရာသီမှာမိဖို့ခက်တာတွေကြားထဲ
မိန်းမောကြတာပေါ့….