12/10/2025
အရွယ်ရောက်လာတာနဲ့အမျှ စိတ်တွေဟာလည်းပြောင်းလဲလာတယ်
ဆူညံသံတွေထက် အေးချမ်းမှုကိုပိုတန်ဖိုးထားလာတယ် နားလည်လက်ခံတတ်လာတယ်
ကိုယ်မထင်ထားလောက်အောင် စိတ်တွေကိုလျှော့ချလာနိုင်ခဲ့တယ်
ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့ Energy တွေ အချိန်တွေ ဂရုစိုက်မှုတွေဟာ လူတိုင်းနဲ့မထိုက်တန်ဘူးဆိုတာသိလာလို့ပါပဲ
ငယ်ရွယ်ချိန်မှာတုန်းကတော့ ကိုယ့်အတွက်မဟုတ်တဲ့ လူတွေ အရာတွေနောက်ကိုလိုက်ခဲ့တာပဲလေ
ကိုယ့်အတွက်မဟုတ်မှန်းသိတောင် အရာရာကိုသက်သေပြချင်တယ် ငြင်းခုံနိုင်တယ် အချိန်တွေရင်းခဲ့ကြတယ်
တကယ်တမ်း အဓိပ္ပါယ်မရှိမှန်းသိလာတဲ့အခါတော့ ကိုယ့်အတွက်အရေးပါတဲ့အရာတွေကိုသာပိုအာရုံစိုက်ဖြစ်တော့တယ်
အရာရာကိုလက်ခံတတ်လာတယ် ကိုယ့်ကိုရွေးချယ်ဖို့လည်းမတိုက်တွန်းဘူး ကိုယ်နဲ့မဆိုင်တဲ့နေရာတွေမှာဝင်ဆန့်ဖို့ မကြိုးစားတော့ဘူး
ဒီအရာတွေအစား စိတ်ရောကိုယ်ပါအေးချမ်းခြင်းတွေအပေါ်ပိုအာရုံစိုက်ဖြစ်တယ် ရိုးရှင်းမှုကိုတန်ဖိုးထားတယ်
ငါကတော့ အသက်ကြီးလာလေ ပိုတိတ်ဆိတ်လာလေပဲထင်ပါရဲ့
ဒါဟာအရွယ်ရောက်ခြင်းက သင်ပေးလိုက်တဲ့ လက်ခံတတ်ခြင်းကြောင့်ပဲပေါ့
💖☘️🦋