Country Music & Style

Country Music & Style Country Music & Rock

26/06/2025

"လွမ်းခြင်းအားဖြင့် ဦးငှက် အချစ်တော်များအတွက်"

1993 ခုနှစ်လောက်က ဦးငှက်ရဲ့တေးစီးရီး
တွေအတွက် လုပ်ဆောင်ခဲ့စဉ်က
ဗွီဒီယို မှတ်တမ်းနှင့် အင်တာဗျူး တစ်ခု

to original video🙏

16/06/2025

နေခြည် ∆ လေးဖြူ🤘
Hands of time ∆ Marty Friedman🤘

to original video

16/05/2025

ဦးငှက်ရဲ့ တစ်ချိန်က Studio တစ်ခုမှာ သီချင်း
အသံသွင်းနေတဲ့ ရှားပါ video တစ်ခု🤘

to original video

27/01/2025

ထူးအိမ်သင်(ဦးငှက်)ရဲ့
Interview လေးတစ်ခုပါ
တွေ့လို့တင်ပေးလိုက်ပါသည်။

to original video

04/08/2024

Lead Guiter တီးနေတဲ့ဘဲကြီးကို တစ်ချက်ရှိုးလိုက်ဦး😍

အဆိုဘဲကြီးကလဲ ဦးခင်မောင်တိုးဆိုနေတဲ့အတိုင်းပဲဗျာ

to original video🎬

14/07/2024

တစ်ယောက်တည်းနှစ်မျိုးတီးပြသွားတာ🎸

Cinderella - HeartbreakStation🤘

နောက်ဆုံးရထား - လေးဖြူ

to original

ကမ္ဘာမှာ တန်ဖိုးအကြီးဆုံးအရာ မေတ္တာ မဟုတ်ဘူးလား မိုးစက်တင်လေ . .👩‍❤️‍👨--------------------------------------------------...
12/07/2024

ကမ္ဘာမှာ တန်ဖိုးအကြီးဆုံးအရာ မေတ္တာ မဟုတ်ဘူးလား မိုးစက်တင်လေ . .👩‍❤️‍👨
--------------------------------------------------------------------------
၂၀၂၄ ဇူလိုင် ၁၀ ရက်က ကိုစိုးစိုး ဆိုတဲ့ ကိုလွှမ်းမိုး ကွယ်လွန်ခဲ့တာ ၂၃ နှစ်တိတိပြည့်ခဲ့ပါပြီ။ သူ့ရဲ့ နှလုံးသားကို မျက်ရည်ညှစ်ထုတ်နိုင်တဲ့ ဘယ်သံ၊ သူ့ရဲ့ တေးဆို တေးရေးဆိုတာထက် ဂီတမှူးဆိုတဲ့ အဆင့်နဲ့ တေးပြုနိုင်ခဲ့တဲ့ ခမ်းနားမှုကြီး။

လောကကြီးအတွက် ချန်ခဲ့တဲ့ မိုးစက်တင်လေ သီချင်းကို ပြန်ဆိုကြသူတွေရှိတာပေါ့။ တေးရေး ဆူးရဲ့ မိုးစက်တင်လေ အဓိပ္ပါယ်ကို ကျွန်တော်တို့ ခေတ်အဆက်ဆက် အနက်အဓိပ္ပါယ်တွေအမျိုးမျိုး ဖွင့်ခဲ့ကြတယ်မဟုတ်ပါလား။ ကိုယ့်အတွေးနဲ့ကိုယ်ပေါ့။

ဘယ်သူတွေ Cover ပြန်ဆိုဆို ဘယ်လိုမှ Heart မထိခဲ့ပါဘူး ကိုလွှမ်းမိုးရေ။ Vocal Tone ကို တင်လိုက်တိုင်း ဆို ပျော် ပြိုင်ပွဲတွေမှာ ဒိုင်တွေ ဝေဖန်သလို Pitch မကောင်းဘူး ယိုင်တယ်ဆိုတဲ့ ဝေဖန်ရဲမှုမျိုးတွေ ဇက်တွေပု ၊ ၁၀ ခါ နားထောင် ၁၀ ခါ ကြက်သီးထရအောင် ဆိုနိုင်တဲ့ ပါရမီရှင်မျိုး၊ ဒါတောင် စတီရီယိုခေတ်ဦး နည်းပညာ အသံဖမ်းစနစ်နဲ့မို့နော်။

အနုပညာသမားအစစ်တွေဆိုတာ ဒီလိုလောကကြီးမှာ အစစ်တွေချည်း ချန်ပေးခဲ့သူတွေပါ။ ကိုလွှမ်းမိုးရဲ့ မိုးစက်တင်လေ သီချင်း ခုလို မိုးရာသီမှာ ပြန်ခံစားရလေ အသဲနှလုံးရဲ့အနက်ရှိုင်းဆုံးနေရာထဲ စိုက်လေဆိုတာ နှစ်တွေ ဘယ်လောက်ကြာကြာ မပြောင်းလဲပါဘူး။

ကိုလွှမ်းမိုး ကွယ်လွန်ခြင်း ၂၃ နှစ်ပြည့်ဂဏန်းနဲ့ တိုက်ဆိုင်စွာပဲ ပြီးခဲ့တဲ့ ဇွန် ၂၃ မိုး‌နေ့ တစ်နေ့က ဂီတမျိုးဆက်ထဲ ပါရမီထူးခဲ့တဲ့ ကြယ်တစ်ပွင့် ကြွေလွင့်တာလည်း ၃ နှစ်ပြည့်ဆိုတော့ ဒီနေ့ဟာ တွတ်ပီ ဆုံးတာ ၃ နှစ်နဲ့ ၁ လ တိတိပြည့်ခဲ့ပြီပေါ့။

ကမ္ဘာမှာ တန်ဖိုးအကြီးဆုံးအရာ မေတ္တာ မဟုတ်ဘူးလား မိုးစက်တင်လေ ရေ ...😪💔

to original writer

05/07/2024

ဦးလေးဖြူစကား...?
ကို့အမျိုးတွေကို ပြန်ဆိုပြတယ်လို့သဘောထားတော့
နေပြည်တော်မှာက စကားသိပ်ပြောလို့မကောင်းဘူး
နဲနဲကြောက်လို့ပါ...........
(ဒီစကားက အများကြီးအဓိပ္ပါရှိ့တယ်)

စကားတစ်ချို့

IC ၁၅နှစ်ပြည့်မှာ ကျန်တဲ့ တစ်ဝက်လောက်က ကျွန်တော့်အမျိုးတွေပါ၊

အမျိုးတွေ
ဆိုတဲ့ စကားဟာ၊ ခုချိန်မှာ အလွယ်တကူအသုံးပြုကြပေမဲ့၊ အဲဒီစကားလုံးကြောင့် လေးဖြူ ထောင်ကျခဲ့ရပါတယ်။

လက်မှတ်မဝယ်ပဲ ပွဲကို အခမဲ့ လာရောက်ကြည့်ရှုသူ အရာရှိတွေကို ပညာသားပါပါ အမျိုးတွေလို့ သုံးနှုန်းခဲ့လို့ အဖမ်းခံခဲ့ရာပါတယ်။

အမျိုးအရင်းတွေ
ကတော့ သစ္စာဖောက်တတ်တယ်။

လေးဖြူဟာ သူ့သီးချင်း သူ့အပြောတွေနဲ့ နိုင်ငံရေးမှာ တကယ်ကိုစိတ်အားထက်သန်စွာပါဝင်လှုပ်ရှားခဲ့ပါတယ်။

အဲလို အပြောတွေနဲ့ သူ့သီချင်းတွေကြောင့် ၂၀၀၈ထိ Stage ဆင်ပေါ်မှာ သီချင်းဆိုခွင့် Live Show လုပ်ခွင့် အပိတ်ခံခဲ့ရပါတယ်။

၂၀၀၈ မှာ Live show ပြန်ဆိုခွင့်ပြန်ရလို့ တစ်နိုင်ငံလုံးပျော်ရွှင်ကြည်နူးခဲ့ကြရပါတယ်။

ခုအခြေအနေ.....

ဖိအားတစ်ခုခုရှိ့နေလို့များလား စကားတစ်ချို့မှာလဲ အဓိပ္ပါယ်တွေနဲ့

သူ့မျှော်လင့်ခဲ့သလို နိုင်ငံရေးက မဖြစ်လာတော့လို့ လက်လျှော့နေသလား?

သူ့အနေနဲ့ အသက်အရွယ်လဲ ရလာပြီ ဖြစ်လို့ အေးအေးချမ်းချမ်းလေးပဲ နေချင်တော့လို့လား?

သူ့အနေနဲ့ ကြိုးပမ်းခဲ့သင့်သလောက် ကြိုးပမ်းခဲ့ပြိးပြီဖြစ်တဲ့အတွက်၊ တန်ပြီလို့ ယူဆနေသလား။

အားလုံးရဲ့ ထင်မြင်ချက်တွေရော ပြောပြကြပါဦး???????????

23/06/2024

ဦးလေးဖြူ Interview လေးပါ
ဦးလေးဖြူ ချစ်တဲ့သူတွေ
Iron Cross ကိုချစ်တဲ့သူတွေအတွက်
ပြန်လည်နားထောင်စေချင်လို့ပါ

Music & Style 🤘

ဗီစီဒီ (VCD) ကို ဝီစကီနဲ့ မှားတဲ့ ခင်ဝမ်းVCD ကာရာအိုကေနဲ့ ပတ်သက်ပြီး လာတော့ ပြောကြတာပဲ။ လုပ်ချင်သူတွေ ရှိရင် လုပ်ပေါ့။ က...
23/04/2024

ဗီစီဒီ (VCD) ကို ဝီစကီနဲ့ မှားတဲ့ ခင်ဝမ်း

VCD ကာရာအိုကေနဲ့ ပတ်သက်ပြီး လာတော့ ပြောကြတာပဲ။ လုပ်ချင်သူတွေ ရှိရင် လုပ်ပေါ့။ ကိုယ်က အဲဒါတွေ သိပ် စိတ်မဝင်စားဘူး။

VCD ကို ဝီစကီ မှတ်လို့ ဝမ်းတောင် သာသေး။ ဆိုင်တစ်ဆိုင် ရောက်တော့ 'အကို တဲ့၊ VCD ရှိတယ် တဲ့'။ သူက ကိုယ့်ကို VCD လိုချင်တယ် ထင်လို့..။

ကိုယ်က " VCD ရှိတယ်၊ ဘယ်လို ရောင်းလဲ၊ တစ်ပက် ဘယ်လောက်လဲ" ဆိုမှ.."ဟာ အကို အဲဒါ သောက်လို့ မရဘူး။ အချပ်လိုက် ရောင်းတာ" ဆိုပြီး ထုတ်ပြတယ်။ ကိုယ် တကယ် မသိတာပါ။

(အလင်္ကာ နှင့် ခင်ဝမ်း အင်တာဗျူးမှ ထုတ်နုတ် ဖော်ပြသည်။)

#ခင်ဝမ်း

ငါတို့ရဲ့ ဘဝတွေပြန်ရဖို့ အရင်လို Show ပွဲတွေလုပ်ပြီး လွတ်လပ်စွာ အော်ဟစ်နိုင်ဖို့ဒီShow ပွဲကိုငါတို့တွေအတူကြည့်ကြမယ်ကြည့်...
07/04/2024

ငါတို့ရဲ့ ဘဝတွေပြန်ရဖို့
အရင်လို Show ပွဲတွေလုပ်ပြီး
လွတ်လပ်စွာ အော်ဟစ်နိုင်ဖို့
ဒီShow ပွဲကိုငါတို့တွေအတူကြည့်ကြမယ်

ကြည့်ကြဖို့လဲအားလုံးကိုတိုက်တွန်းဖိတ်ခေါ်ပါရစေ🙏

ဒီည Showကြည့်ဖို့ Like&Share လုပ်ပြီး
ဆော်အောပေးကြပါအုန်းဗျာ🙏

05/04/2024

Rockerညီအစ်ကိုနှစ်ယောက် တစ်လှည့်စီ ဟစ်ကြသည်
Vocal တွေကတော့ လွန်ခဲ့တဲ့နှစ်၂၀ကအတိုင်း
လတ်ဆက်နေတုန်းပဲဗျာ 🤘

တက်ကြွလန်းဆန်းနေတုန်းပဲ...........😍

to original

Address

Maymyo

Website

Alerts

Be the first to know and let us send you an email when Country Music & Style posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Country Music & Style:

Share